ရသစုံပဟေဠိ(အတွဲ-၁) ဖြေကြည့်ကြစို့လား

ဂဇက်ထဲ စိတ်အမော ပြေ ပဟေဠိအစီအစဉ်လေး လုပ်ကြည့်တာပါ။

တယ်လီနောလေးက ပိုက်ပိုက်သိပ်မဖြတ်တာရယ်။လိုင်းလေးမဆိုးတာရယ်။နည်းနည်းအားနေတာရယ်ကြောင့်

ရွာထဲ လမ်းသလားနိုင်တုန်းလေးပေါ့။

:kwi:

 

စပြီ :mrgreenn: 

အတွဲ(၁) မှာတော့ စာပေ ပဟေဠိနဲ့စလိုက်ရအောင်။

 

၁- ပေါင်းတလည်မြို့ကို နောက်ခံထားတဲ့ ဆိုက်ကိုဆန်ဆန် ၊အနုပညာဆန်ဆန် နာမည်ကြီး စာရေးဆရာကြီးတစ်ဦးရဲ့ ဝတ္ထု။

မန္တလေးသိန်းဇော်နဲ့မေဆွိက ဗွီဒီယိုပြန်ရိုက်ထားခဲ့ဖူးတယ်။

 

-ယေရှုခရစ်တော်ကို ကားစင်ဖို့ တာဝန်ပေးခြင်းခံရတဲ့ ဗိုလ်မှူးတစ်ဦးရဲ့အကြောင်း။ယေရှုရဲ့ဝတ်ရုံတော်ကိုယုံကြည်ပြီးနောက် ခရိယာန်ဖြစ်လာပုံတွေကို မျက်စိထဲမြင်လာအောင်ကျကျနနဖော်ကျူးရေးသားထားတဲ့ “မြတ်ဝတ်ရုံ” ဆိုတဲ့ ဝတ္ထုကို ရေးတဲ့ စာရေးဆရာရဲ့အမည်။မြို့တစ်ခုနာမည်ရှေ့ကပါတယ်။

 

၃-နာမည်ကြီး စာရေးဆရာမကြီးတစ်ဦး။သူ့ရဲ့ ဝတ္ထုတစ်အုပ်က ခေါင်းစဉ်နဲ့ သူ့သမီးကိုနာမည်ပေးထားတယ်။အဲဒီသမီးကလည်း နာမည်ကြီးစာရေးဆရာမဖြစ်လာတယ်။အမေစာရေးဆရာမကြီးနဲ့ သူ့သမီးနာမည်နဲ့ဝတ္ထုခေါင်းစဉ်။

 

၄-စာအုပ်ခေါင်းစဉ်တွေကို အပြန်အလှန်တွေးခေါ်ခြင်းနဲ့ အမည်တပ်လေ့ရှိတဲ့ ပြည်ပရောက် စာရေးဆရာကြီးတစ်ဦးရဲ့အမည်။

ဥပမာ-ရှိလို့လှူတာ လှူလို့ရှိတာ (ဆိုတာမျိုး)

 

၅-တာရာမာဇော့ညီအစ်ကိုများ ဝတ္ထုကိုဘာသာပြန်တဲ့ စာရေးဆရာအမည်။

 

 

 

ဖြေပေးကြည့်ကြပါနော်။

🙄

 

အဆင်ပြေရင် ဆက်ပါဦးမယ်။

🙂

 

 

 

 

28 comments

  • ခင်ဇော်

    March 17, 2015 at 6:30 am

    ၁/ မိုးးညအိပ်မက်မြူ
    တက္ကသိုလ် ဘုန်းနိုင်

  • ခင်ဇော်

    March 17, 2015 at 6:33 am

    ၃,
    နေနွယ်ဇင်မြင့်
    ပုဏ္ဏမီ
    (အထင်)

  • kai

    March 17, 2015 at 7:51 am

    ၃။ နေနွယ်ဇင်မြင့်
    လမင်းမိုမို၊ ပုဏ္ဏမီ၊

    ၄။ မောင်သာရ..
    “ထမိန်ကျွတ်၍ လွှတ်လိုက်သည်။”

  • Alinsett@Maung Thura

    March 17, 2015 at 8:57 am

    သူတို့ ဖြေသလိုပဲ

    :k:

    ၄ က အဲ့လို ခေါင်းစဉ်မျိုးတွေ သူကြီးပြောတဲ့ ဆရာ မောင်သာရအပြင် ဆရာနေဇင်လတ်လည်း ရှိသေးတယ်
    ဆရာနေဇင်လတ် ပြည်ပရောက်နေ မနေတော့မသိ

    -ပညာမတတ်သော ပညာရှိနဲ့ ပညာမရှိသော ပညာတတ်

  • Mr. MarGa

    March 17, 2015 at 9:58 am

    ၂ – သန်လျင်ဖေသွင်
    ၄ – မောင်သာရ
    ကျန်တာမသိ(သေး)

  • မင်း ခန့် ကျော်

    March 17, 2015 at 10:00 am

    အတွဲ ၂ ကို စောင့်နေမည်။
    အတွဲ ၁ ကျရှုံးးး :mrgreen:

  • ဦးကြောင်ကြီး

    March 17, 2015 at 10:55 am

    လုတ်ဆမ်းဗာအုန်း.. ကျောင်းသား မကောင်းဂျောင်းလေး…
    ပုံ
    ကွင်သဗုံအတု ကြောင်ကြီး

    • အားလို့ယား​နေရင်​ ကြည်​့​နေကျကားထိုင်​ကြည်​့​နေ
      ကြည်​​နေတဲ့အာရုံကိုလာမ​နှောက်​နဲ့

      • ဦးကြောင်ကြီး

        March 17, 2015 at 11:16 am

        အောင်မာ အောင်မာ… ကော်သူးလေ တော်လှံရေးကို ပါမစ်နဲ့ရောင်းစား လဲစားတဲ့ နယ်ခြားစောင့် ဘီဂျီအက်ဖ် ကွင်သဗုံအတုမကများ..။ တေရဲဒါကျောင်းတား တက်ရဲဒါကျောင်းဓါးကွ..

  • တောင်ပေါ်သား

    March 17, 2015 at 2:21 pm

    မဖြေရင် မကျလို့ မဖြေဘူးနော် 🙂

  • black chaw

    March 17, 2015 at 6:57 pm

    အဆင်ပြေတယ်ဗျာ…။
    ဆက်ဖြစ်အောင်ဆက်လိုက်စမ်းပါ…။
    အခုတစ်ပတ်ပဟေဌိ ကိုတော့ စိတ်လည်းမအား
    လူလည်းမအားလို့ မဖြေတော့ဘူး…။
    အဖြေမှန်သူကို ငါးထောင်တန် ဖုန်းကဒ်လေးတစ်ခုလောက်
    လက်ဆောင်ပေးမယ်ဆိုရင် ပိုအားရှိသွားမယ်
    ထင်ပါတယ်…။
    :k:

    • naywoon ni

      March 17, 2015 at 9:24 pm

      ငါး​ထောင်​တန်​မဟုတ်​လဲ သုံးတန်​​ထောင်​တန်​​လောက်​ဆို အဆင်​​ပြေပါတယ်​ အုဘလက်​ရဲ့

      • အရင်​လကတင်​ ဘာစီလိုနာကိုက်​လို့ အ​ကြော​ဆေး၁လုံး ပုလင်​းကြီး၃လုံးချိတ်​ထားရတာ အပ်​​ပေါက်​​တွေချည်​့ဖြစ်​​နေပြီ။
        ​ဆေးထပ်​မထိုးကြပါနဲ့ဦး​လေးတို့ရယ်​
        :mrgreen:

        • naywoon ni

          March 18, 2015 at 12:37 am

          ​တော်​ပါ​အေ အဲ့ ဘာစီ စ်​တ်​နာလွန်​းလို့ နာ့ ဓာတ်​​သေ ရိုက်​ပြီး လျှာထားတဲ့ ပိုက်​ပိုက်​​လေး​တွေ ကုန်​ပါ​ရောလား ။ ညည်​းက ​ဆေးထိုးလို့ရ​သေး နာ့ ထိုးစရာ ​ဆေး​တောင်​မရှိလို့ ။

        • ချန်​ပံလိဂ်​ဖလား​ကော လာလီဂါဖလားပါသယ်​မယ်​့ဘာကာကို ပုံအပ်​လိုက်​စမ်​းပါ ဘနီရ
          :kwi:

  • padonmar

    March 17, 2015 at 9:59 pm

    ၁၊မိုးညအိပ်မက်မြူ၊တက္ကသိုလ်ဘုန်းနိုင်
    ၃၊ယုဝတီခင်စိန်လှိုင်၊သမီးနွယ်နီလှိုင်
    တက္ကသိုလ်တင်မြင့်+ခင်မာသစ်-သမီးလေးလေးမြင့်
    (ဝတ္ထုခေါင်းစဉ်တော့ သုံးမသုံးမသိ၊ဇာတ်ကောင်လုပ်ရေးဖူးတယ်။)
    နေနွယ်ဇင်မြင့်အစပိုင်းတွေဖတ်မိသလောက် လမင်းမိုမို၊ပုဏ္ဏမီနာမည် မသုံးဘူးထင်တယ်။သူ့သား ကိုမှိုးနာမည်နဲ့ ယုန်ကလေးရဲ့ ဇာတ်လိုက် ဆိုပြီးရေးဖူးတယ်။
    ၄၊မောင်သာရ-ပြန်မပြောရင် ပြောချင်တယ်။
    ၅၊မသိ-(ဂျာပွန်နာမည်ဆိုတော့ ရဲမြလွင်လို့ ဖြီးမယ်)

  • padonmar

    March 17, 2015 at 10:10 pm

    ဟိဟိ၊ရှွှီးတာတောင် လွဲတယ်။
    အဖြေပေးပါတော့ ဗျို့။

  • kai

    March 18, 2015 at 12:50 pm

    ကြုံလို့ပြောရရင်.. ဆရာမောင်သာရ.. သွေခုန်နှုန်းတဝက်ပဲရှိနေလို့.. ဆေးရုံတက်လိုက်ဆင်းလိုက်ဖြစ်နေလေရဲ့..။
    တော်တော်နေမကောင်း..။ အသက်ကလည်း.. ၈ဝတန်းလေ..။
    နောက်လထဲတော့.. သွားကြည့်ဦးမယ်လို့.. မှန်းထား..။

    ယုဝတီခင်စိန်လှိုင်ရဲ့. မြေးတော့.. နယူးယောက်လည်လည်သွားတုံးတွေ့ဖူးပါရဲ့..။
    ကြည့်ရတာ..အမေကိုခေါ်လိုက်တာထင်တယ်..။

    • Alinsett@Maung Thura

      March 18, 2015 at 3:30 pm

      ဆရာကြီး အမြန် နေကောင်းပါစေလို့ ဆန္ဒပြုပါတယ်
      ကျနော့်အပေါ်လည်း သူ့ကျေးဇူးတွေ မကင်းဘူး။
      သူ့ကို ဆုံးရှုံးလက်လွှက်လိုက်ရဖို့ဆိုတာ တွေးတောင် မတွေးဝံ့သေးဘူး

      • Mr. MarGa

        March 18, 2015 at 6:38 pm

        ပြောရမယ်ဆိုရင် ကရာမာဇော့တော့ ဖတ်ချင်တယ်ဗျ တကယ်

Leave a Reply