ကလေးကလား အလွဲများ

ဇီဇီMarch 17, 20151min33351

 

ခင်ဇော် တို့များ ကြိုက်လိုက်ရင်……..

အရောင်တောက်တောက်တို့ အလက်လက်ထနေတဲ့ အဝတ်အစားတို့….

ဘောလိဝုဒ်ရုပ်ရှင်ကလည်း ကြိုက်သေး….

အစားအသောက်ဆိုလည်းမလွတ်……

နောက်ပြီး လက်ကောက်ထင်းထင်း နားဆွဲထင်းထင်းတွေ အင်မတန်ကြိုက်…..

အင်ဒီးယားသွားမဲ့သူတိုင်းကို ဆာရီ စ မှာရတာ အမော…….

ဆိုတော့ အကြောင်းသိရင် စစ်အတွင်းက အင်ဒီးယားကို မပြန်နိုင်တဲ့ ကုလားမ ဝင်စားသလား မှတ်ရတယ်။

လက်မှာ ဒါန်း ဆိုးတာတို့၊ အသားမှာ ကျောက် လေးတွေ ကပ်ပြီး အလှဆင်တာတို့လည်း ဖက်ရှင်လုပ်ဖူးသေးသပေါ့။

:k:

 

အဲ။ နောက်ပိုင်း အထိကရုန်း ကိစ္စနဲ့ ငြိမ်နေရတာ။

:f:

~~~~~~~~~

စလုံးရောက်တော့ တွေ့ပါပြီ။

သူဌေးတွေကလွဲရင် ကျန်တဲ့ ဆူပါဗိုက်စာ မှန်သမျှ…

အင်ဒီးယားကရယ်…
ဘင်ဂလားဒေ့(ချ) ကရယ်….
မလေးရှားကရယ်….

ခုထိလည်း ဘာလူမျိုးဘယ်နိုင်ငံရယ်လို့ အရည်မလည်သေးပါဘူးး တွေ့တာတော့ အမျိုးကို စုံရော။

 

မင်းသားကြီး ဆီမှာ အလုပ်စဝင်တော့ Site Safety  အတွက် သင်တန်းတက်ခိုင်းတာ သင်တန်းမှာ မိန်းမဆိုလို့ ကိုယ် တစ်ယောက်တည်းး၊

အယောက် ၄ဝ ကျော်က အနယ်နယ်အရပ်ရပ်က အမျိုးကောင်းသားများပေါ့။

အရင်တည်းက ကိုယ့်မှာ ဘာခွဲခြားမှုမှ မရှိခဲ့တော့ သူတို့နဲ့ မျက်နှာမပျက်တန်း ပြောဆို ဆက်ဆံလို့ ရပါတယ်။

အဲဒီ သင်တန်းကို လိုက်ပို့တဲ့ ဒရိုင်ဘာရယ်၊ အတူသွားတဲ့ ဆူပါဗိုက်စာရယ် က ခုထိ ကိုယ့် အချစ်တော်တွေလို့ ပြောရမယ်။

ပထမဆုံး စသိခဲ့လို့ ထင်ပါရဲ့။

 

ကျန်တဲ့ စလုံးမ တွေကျ “နံလို့” တို့ “အနားမကပ်နဲ့” တို့ အော်ထုတ်တာ ဆိုတော့ ကြောက်ပြီး မချစ်ကြဘူးးး။

 

နောက်တော့ ဆိုဒ်ထဲ သွားရတော့ တခြားသူတွေနဲ့ပါ ရင်းနှီးလာရော။

အလုပ်က Progress  ကို သူတို့ ဆီကမှ အကုန်သိနိုင်တာဆိုတော့ ပြောဆိုချင်အောင် ပေါင်းထားရတယ်။

မင်းသားကြီး ကိုယ်တိုင်က မကြီးကျယ်ပဲ တသားတည်း ပေါင်းတော့ ကိုယ်လည်း ကြီးကျယ်လို့ မရ…

အလုပ်ထဲသွားလိုက်ရင် မုန့်ထုတ်လေးနဲ့ သွားဖြစ်တယ်။

အဲဒါကြောင့် ကိုယ်ခိုင်းရင် ငြင်းရိုးထုံးစံမရှိ၊ လိုချင်တဲ့ ဒေတာတွေ ချက်ချင်းရတယ်။

:mrgreenn:

 

ထားပါ။

ဒါက ကြိုခင်းထားတာ။

~~~~~~~~~~~

 

၁) မနှစ်က ဗေတားရဲ့ ထမင်းဆိုင် မှာ သီချင်းဆိုပြီး ချက်သွားတာ မှတ်မိဦးမှာပေါ့။

အဲဒီ သီချင်းထဲက တပုဒ်လားပဲ သိပြီး ကျန်တာမသိ။

🙄

တစ်ရက် ဆိုဒ်ထဲ ဘိုးတော်နဲ့ သွားပြီး အပြန်မှာ ကွန်တိန်နာ ဘေးမှာ သူ့ကို စောင့်ခိုင်းလို့ စောင့်နေရတယ်။

အဲဒီ အချိန် ထမင်းစားပြန်လာတဲ့ ဆူပါဘိုက်ဆာ တွေကလည်း မြင်တော့ လာနှုတ်ဆက်ရင်း စကားပြော ဘာညာပေါ့။

တစ်ယောက်စ ၂ ယောက်စ လာလာပြောနေတုန်း ကိုယ် ကလည်း စောင့်နေမဲ့ တူတူ မထူးဘူးဆိုပြီး ဖုန်း နဲ့ ပို့(စ) ကို သွားးး

 

ဗမာလို ရေးထားတဲ့ ကုလားသီချင်းကို အသံထွက်ပြီး ရွတ်ပြ၊ အဲဒီ သီချင်း တွေ သိလားပေါ့??

အဲဒီမှာ မောင်မင်းကြီးသားတို့ မျက်လုံးလေးတွေ အရောင်တလက်လက်နဲ့ နားထောင်ပြီး လုယက် ပြောကြတာ။

ကိုယ်က ဖတ်ပြလိုက်၊ သူတို့က……

“စစ်စတာ၊ အိုင် နိုး ဒတ် ဆောင်း”၊ ” အိုင်နိုးဒတ် မူးဘီး” စသည်ဖြင့် ပြောပြီး သီချင်းတွေ ဆို ပြလိုက် အတော် ဟုတ်နေကြတာ။

ဟမ်မလေးး!!!!!

တစ်ချို့ အက လေးများပါလိုက်သေးးး၊ ခါးလေး နွဲ့ပြီးးး…

:mrgreen:

အဲဒီကျမှ သတိထားမိတော့ ကိုယ့်နား ဝိုင်းနေတာ ၁၅ ယောက်လောက်ရှိတယ်။

ဟင်!!! ဒါအလုပ်ချိန်ကြီးပဲ။

😯

သတိရလို့ သူတို့ကို တွန်းဖယ်ပြီး ရှာတော့ …

.

.

.

မင်းသားကြီးရယ်…

ရီချင် တစ်ဝက်၊ စိတ်ညစ်တစ်ဝက် မျက်နှာကြီး နဲ့ “ဟို ကိုးရီးယား Safety Officer က ဓာတ်ပုံရိုက်သွားတယ်” ဆိုပဲ။

ပြီးရင် သင်ပုန်းမှာ ကပ်ပြီး ဒဏ်ရိုက်တာတို့ ၊ တားမြစ်တာတို့ လုပ်တာပါ။

ဂစ်၊ ဂစ်။

:chee:

ကိုယ့် ကြောင့် ဒဏ်ရိုက်ခံရတာ ဒုတိယ အကြိမ်ပေါ့။

မဆူတော့ မဆူပေမဲ့ ကိုယ့် မလဲ ကုပ်ကုပ်လေး ပြန်လိုက်ခဲ့ရတာပေါ့။

:p:

 

ဟမ်မလေးး၊ နောက်နေ့ ရုံးရောက်ရော၊ အဲဒီ ဟာက “ဟာသ” ဖြစ်ပြီး ပြောနေကြပြီ။

ခွီးးးးးး

:j:

 

၂) ၂၀၁၃ ထင်ပါရဲ့၊ မိတ္ထိလာတို့ လားရှိုးတို့ အရေးအခင်းဖြစ်တော့……

စလုံး သီတင်းစာ၊ မလေး သီတင်းစာတွေမှာ ပါပါလာတတ်တာ။

 

အဲ ဒီ အချိန်တုန်းက ကိုယ့်ရုံးက Industrial Park ထဲမှာ၊

ပတ်ဝန်းကျင်မှာကလည်း အလုပ်သမား တန်းလျားတွေ အများကြီးရှိတဲ့ နေရာပေါ့။

အဲဒါကြောင့် မင်းသားကြီးက အချိန်ပိုဆင်းရင်တောင် ရ နာရီ ကျော် အထိ မနေခိုင်းဘူးးး

အဲဒီ အချိန်ဆို အဲဒီ နေရာတွေက အင်ဒီးယားလား စင်္ကာပူလား မသိရတော့လို့။

:dd:

ရုံး အောက်မှာ စတိုမန်းက ဘင်ဂလားက….

တစ်ရက် မနက်ပိုင်း ရုံးလာတဲ့ အချိန်မှာ သူက သတင်းစာကိုင်ပြီး “စစ်စတာ တို့ နိုင်ငံက ဘင်ဂါလီတွေ ကို သတ်နေတာဆို??” တဲ့။

လာမေးတာ။

ဟိုက်!!! ရှာလပွတ်!!

:n:

ရုတ်တရက် ဘာဖြေရမှန်းမသိ!!

သူက ရုပ်တည်ကြီးနဲ့ ကိုးးးး။

:re:

အဲဒါနဲ့ ရီမောပြီး “အခြေအနေမှန်ကို အပြင်ကလူတွေ အတိအကျမသိနိုင်ဘူးလို့”

“ငါတို့ နိုင်ငံက လူတွေ အဲလောက် မရက်စက်၊ မရိုင်းပြပါဘူး” လို့ ပဲ ပြောပြီး အပေါ်တက်ခဲ့ရတယ်။

ကိုယ့်စကားက အလုံးစုံ မမှန်တာလည်း ကိုယ့်ဟာကိုယ် သိနေတယ်။

စိတ်ထဲမလဲ တထင့်ထင့်။

:g:

တွေးမိတာကလည်း ဆိုးဆိုးရွားရွားတွေသာ သတင်းထဲပါလို့ကတော့ လက်စားချေစရာ မြန်မာမ ဆိုလို့ ကိုယ်တစ်ယောက်တည်းး

စလုံး ဥပဒေက နောက်မှ။

သေရင် ကိုယ် အရင် သေမှာ။

တွေးပြီး ကြောက်ချက်ကတော့ ပြောမနေနဲ့တော့။

😥

 

နေ့ခင်းကျ ဆိုဒ်ထဲသွားရင်း ဟို ဒရိုင်ဘာလေး (ရာဂျာ) ကို ပြောပြဖြစ်တော့ …

သူကတောင် စတိုမန်းကို အဲလို မေးရပါ့မလား လို့ စိတ်ဆိုးနေသေးးး…

:op:

ညနေကျတော့ ကြောက်ပါတယ် ဆိုမှ အလုပ်မပြီးလို့ ရုံးပြန် က နောက်ကျသေးးး

ထွက်လာတဲ့ အချိန် ရာဂျာ နဲ့ ရာဆင်း ၂ ယောက်က အလုပ်ပြီးလို့ ရေမိုးချိုးပြီး ရုံးအောက်မှာ စကားပြောနေတာနဲ့ တိုးရော။

အဲဒါနဲ့ ဘတ်စကားဂိတ်ထိ လိုက်ပို့ မယ် ဆိုပြီး လိုက်လာကြရင်း ဟိုနားက ဒီနားက သူတွေကလည်း လိုက်လာတော့

ဘေးအမြင်ကတော့ သူတို့ တစ်သိုက်နဲ့ ကိုယ် ပေါ့လေ။

ဘတ်စကား အတူစီးနေကျ သူငယ်ချင်းရှမ်းမလေး  က မြင်တော့ မျက်လုံးကြီး ပြူးနေလို့ ကားပေါ်ရောက်မှ ရှင်းပြရတယ်။

😯

အဟိ။

“ကိုယ့် ကို သတ်မဆိုးလို့ပါ” ပေါ့။ ငိုပြမလို့ စ ကာ ရှိသေးးး

:a:

သူ က တုတ်ထိုးအိုးပေါက် ပြောပလိုက်မှ ရီရ အခက်၊ ငိုရအခက်။

 

“အေးးဟယ်၊ စလုံးမှာ တော့ ကုလားသတ်မှာ စိုးလို့ ကုလားတွေ စောင့်ရှောက်ပြီး သွားတာ ဘာမှ မဖြစ်ဘူးး”

“ငါတို့ ဆီမှာတော့ နင့် ဒီ အချိုးနဲ့ နင့်ကို သတ်မှာ ဗမာ တွေဖြစ်သွားမယ်” တဲ့။

သေဗျဇီ!!!

:byee:

51 comments

  • Kaung Kin Pyar

    March 17, 2015 at 3:48 pm

    အလွဲဆိုကတည်းက စိတ်ဝင်စားတာ….
    လူချစ်လူခင်များတာ အပြစ်လား နော့…။ ကောင်းကင်ပြာနဲ့တော့ ကွာပ…..
    🙁
    ဒီနေ့ နေ့လည်ပိုင်းအချိန်တင် ဖိုက်တင်ပလေးနေရသေး…..။ နှောင့်ဂျိန်…နှောင့်ဂျိန်…။
    ဒါနဲ့ မင်းသားကြီးရဲ့ စိတ်ညစ်တစ်ဝက်၊ ရီချင်တစ်ဝက် မျက်နှာကြီးက ရီရလား..? ကောင်းကင်ပြာလဲ တစ်ခါတစ်ခါ စိတ်ညစ်တစ်ဝက် ရီချင်တစ်ဝက် ဖြစ်ဖူးလို့…အဲ့ချိန် ကိုယ့်မျက်နှာ ဘယ်လိုပုံပေါက်နေမယ် မသိ…။
    :k:

    • ခင်ဇော်

      March 17, 2015 at 3:57 pm

      အမှန်တော့
      အမက
      သာမာန်အားဖြင့် သူများ ရဲ့ အပြစ်တို့ အားနည်းချက်တို့ကို
      ၁) မကဲ့ရဲ့ဘူး
      ၂) မလှောင်ဘူးး
      ၃) အရင် နားလည်ဖို့ ကြိုးစားတယ်။
      ၄) နူးညံ့တဲ့ နည်းနဲ့ ပြင်ပေးဖို့လုပ်တယ်။ မရလည်း ဘာမှ မဖြစ်ပါဘူးးး
      လူတိုင်း ကိုယ့်ပြစ်ချက် သူ့ပြစ်ချက်ရှိတာပဲ.။
      ၅) စိတ် အနှောက်အရှက်ရှိတောင် မျက်နှာမှာ မပေါ်ဘူးး
      ကိုယ့်ကိုလည်း အဲလို ဆက်ဆံတဲ့ သူကို အရမ်းတန်ဖိုးထားတယ်။
      ကိုယ့်အားနည်းချက် ကိုယ့် အထာသိပြီး ဆက်ဆံတတ်တဲ့ လူမျိုးဆို ဘယ်သူတွေက မကောင်းဘူး ပြောပြော ကိုယ့်နားမှာ ထားဖြစ်တယ်။
      :mrgreenn:

      အဲ။
      အဲလို ပါးနပ်မှုမျိုးကို ကောင်းကင်ပြာမှာ မြင်ဖူးတယ်။
      :chit:

      မကောင်းတာ တစ်ချက်က
      အမ က ကိုယ့် အပေါ်မကောင်းလို့ မုန်းပြီ ဆိုမှ ခုန ကနဲ့ ပြောင်းပြန် ပြောမထွက်တာတွေ ပြောရက်သွားတယ်။
      :a:
      ~~~~~~~~~~~~~~~~~

      ရီချင် တဝက် စိတ်ညစ်တဝက်ဟာ မချိုမချဉ် မက်နာမိုးပေါ့ကွီ
      :k:

  • ကူမားရ်

    March 17, 2015 at 3:51 pm

    ဟားရေး ဗေတားနော် တားမီး ခင်းဇော အတွက် အတားလွတ်ဂုဏ်ယူးပါဒယ်း
    ကန်းမ ဂလေးနော် နာ့ခြေရာ ဂို နင်းနိုင်ဘီ
    ဗေတားနော် အဲဒီကုလားတချင်း ဒေနဲ့လုပ်စားလာဒါ
    အား ခု ဇီးဇိ နော် အဲဒီပညား ဂို တတ်မောက်တွားဘီ
    တွေ့ဒယ် နော် တာမွီး ဖါးခင်ရဲ့ တာချင်းဒါးပုဒ်နဲ့နော် လူးဂျစ်လူးခင် ပေါတွားဒယ်
    နောက်တစ်ခါ နော် အားက ပါ တင်းပွေးလိုက်မယ် တာမီးနော် တစ်ခါးတည်း ကုလားစားဖစ်တွားဇေရ မဲး
    တာမွီးရဲ့ ဖါး ခင် ဗေတားကူမားရ်

    • ခင်ဇော်

      March 17, 2015 at 3:59 pm

      အတော်ဖတ်လိုက်ရတယ် ဒက် ရယ်။
      နောက်ဆို တရုတ်သီချင်းလေးတွေ ပါ သင်ပေးပါနော်။
      :k:

    • မွသဲ ( 17082011 )

      March 17, 2015 at 9:40 pm

      ဟမလေးဗေတားရယ် ခင်ဇော့်အလွဲထက်ပိုရီရတယ် မျက်ရည်ကိုထွက်ကော။ ဗေတားမျက်နှာဂျီးနဲ့ခေါင်းလေးခါခါပြောဒါ ဟီးဟီး

    • ခင်ဇော်

      March 17, 2015 at 4:00 pm

      အဟီးဟီးးး
      အဲဒီတုန်းကတော့ အသတ်ခံရမှာစိုးလို့ ကြောက်ဒူးကို တုန်ရော။
      ~~
      မလေးရှားမှာလား မသိ မြန်မာတွေ အသတ်ခံရတဲ့ သတင်းတွေကလည်းဆက်တိုက်လေ။

      😥

    • Mr. MarGa

      March 18, 2015 at 10:46 am

      အဲ့မှာ ကုလားတစ်သိုက်နဲ့ ဝိုင်းနေတယ်
      သဘာဝရိပ်သာမှာ ကလေးတစ်သိုက်နဲ့ ဝိုင်းပြန်တယ်
      :mrgreenn:

  • Mr. MarGa

    March 17, 2015 at 4:14 pm

    အယ်ကွယ်…
    ကလေးမဟုတ် ကလားမဟုတ်
    ကလန်ကလားလည်းမဟုတ်
    လွဲလိုက်ရင် အကြီးကြီးတွေ…
    လူနဲ့ကို မလိုက်
    :a:

    • ခင်ဇော်

      March 17, 2015 at 4:31 pm

      ဒါရှို လူက တေးးတေးးလှလှ ချောချော နုနုလေးး လို့
      ပြောဒါပေါ့နော်.
      ခုခိခုခိ
      :mrgreenn:

      • Mr. MarGa

        March 17, 2015 at 4:44 pm

        ကိုယ့်အတွေးနဲ့ကိုယ်သာ နေပါလေ :mrgreenn:

  • ဗုံဗုံ

    March 17, 2015 at 4:19 pm

    နာသာကီလားဆိုလို့ကတော့
    ဖမ်းချုပ်ပြီးဘာကာကြီးတွေ
    ထိုင်ညှစ်ပစ်မှာ…. :mrgreen:

    • ခင်ဇော်

      March 17, 2015 at 4:33 pm

      ဘုရားးး
      ဘုရားးး
      ဘာဂါ ကယ်ဘာာ!!!
      :mrgreen:

  • Ma Ei

    March 17, 2015 at 4:21 pm

    အိုက်လိုဒေ လွဲမစိုးလို့ ကလေးထဲက ကလားတွေဆို အပေါင်းသင်းမလုပ်ခဲ့တာ…

    • ခင်ဇော်

      March 17, 2015 at 4:34 pm

      အလုပ်မှာတော့ ရှောင်လို့ မရတော့ဘူးး
      ဟီးးးး
      :k:

  • တောင်ပေါ်သား

    March 17, 2015 at 4:28 pm

    မချောမိုက်မိုက် ကုလားတစ်သိုက်ပုံစံလေး မြင်ယောင်မိသေး 🙂

    • ခင်ဇော်

      March 17, 2015 at 4:36 pm

      ဓာတ်ပုံတွေတောင် ရှိသေးး
      အွန်လိုင်းး မျိုးးချစ်တွေ ယူပြီးး လျောက်ဖွ ဆဲ မစိုးးလို့ မတင်တော့တာာ
      :mrgreenn:

  • တဦးက​စေတနာ တဦးက​မေတ္တာ
    ​ပေးကမ်​းစွန်​့ကျဲ​နေမှ အနားကပ်​တဲ့လူမျိုးကျ မ​ပေးကမ်​း​တော့ရင်​ခွာကြတယ်​။
    ညီမက အပြင်​မှာ လူတကာနဲ့​ဖော်​​ဖော်​​ရွေ​ရွေမ​နေတတ်​ဘူး။
    မသိတာသင်​​ပေး မရှိရင်​​ပေး​ကျွေးရုံမှတပါး မခင်​ရင်​ရီ​တောင်​မပြတတ်​။မိတ်​​ဆွေသစ်​မရှာတတ်​ အဲဗားစမိုင်​းမဖြစ်​ဘူး။
    ဒီ​တော့ ကိုယ်​့နားကပ်​တဲ့လူကနည်​းတယ်​။

    သူငယ်​ချင်​းတ​ရုတ်​မတ​ယောက်​ကျ ဘယ်​သူ့မှ အပိုကုန်​ခံမ​ပေး မ​ကျွေး​နေဘူး။ဒါ​ပေမယ်​့ ​တွေ့သမျှလူ ​ဖော်​​ဖော်​​ရွေ​ရွေ​နေတတ်​​တော့ သူ့ကိုခင်​တဲ့လူများတယ်​။
    ကိုယိ့အကျင်​့နဲ့ကိုယ်​လည်​းဖြစ်​ သီးသန်​့လည်​း​နေတတ်​​တော့ အဆင်​​တော့​ပြေတယ်​။
    သူများကကြည်​့ရင်​​တော့ အထီးကျန်​သလျုလို ကိုယ်​လုပ်​ချင်​ရာလုပ်​​နေရရင်​ကို ​ကျေနပ်​​နေတတ်​တာမျိုး
    🙂

    • ခင်ဇော်

      March 17, 2015 at 5:18 pm

      တစ်မျိုးးစီပေါ့ ညီမလေးးရဲ့
      ကိုယ့် အမူအကျင့်နဲ့ ကိုယ် သဟဇာတ ဖြစ်ရင်ကောင်းးတာပဲ..
      အမကတော့ ကိုယ် အလကားးပေးးနိုင်တာ
      ချစ်ခြင်းးမေတ္တာနဲ့ စစ်မှန်တဲ့ အပြုံးး ၂ ခု ပဲ ရှိတယ်လို့ သတ်မှတ်တယ်..
      ကိုယ့် အချိန်နဲ့ စိတ်ကြည်လင်မှု ကို နှောက်မယ့်သူ ဆိုတာသေချာရင်တော့
      အဲဒီ နားး က မြန်မြန်ခွာ ဖို့ ကြိုးးစားးတယ်..
      🙂

  • Nyo Win

    March 17, 2015 at 5:02 pm

    ကလားတွေတော့ဟုတ်ပါပီ…….
    ကလေးတွေလဲမတွေ ့ပါလား……. 🙂

    • ခင်ဇော်

      March 17, 2015 at 5:20 pm

      အဲဒီ လို သီးးသန့် ခေါင်းးစဉ် ဆို
      ရိုင်းးသလို ဖြစ်မှာ စိုးးလို့ ကလေးးတွေပါ ထည့်လိုက်တာ..
      :mrgreenn:

  • black chaw

    March 17, 2015 at 6:49 pm

    ဖတ်လို့ ကောင်းတယ်…လို့…ပြောရင် နောက်တယ်ထင်ဦးမယ်…။
    အစားအသောက်ပို့စ်တွေကို ကွန်းမန့်သာ ရေးတာ မဖတ်ဖြစ်ဘူးလို့ ပြောရင်
    စိတ်ဆိုးဦးမယ်…။
    နိဒါဏ်လေးရေးထားတာ လည်း ကောင်းတယ်…။
    ဒါက ကြိုခင်းထားတာအထိ ဖတ်ရတာ အိုကေ နေရောပဲ…။
    အခန်း ၁…၊ ကုလားတွေ ဝိုင်းနေတဲ့ အခန်းလေးကလည်း
    ဖတ်ရတာ အိုကေပါတယ်…။
    အခန်း ၂…သို့မဟုတ် နိဂုဏ်း အပိုင်းလေးကိုတော့ အကြိုက်ဆုံးပဲ…။
    နောက်ဆုံးပိတ်
    “အေးးဟယ်၊ စလုံးမှာ တော့ ကုလားသတ်မှာ စိုးလို့
    ကုလားတွေ စောင့်ရှောက်ပြီး သွားတာ ဘာမှ မဖြစ်ဘူးး”
    “ငါတို့ ဆီမှာတော့ နင့် ဒီ အချိုးနဲ့
    နင့်ကို သတ်မှာ ဗမာ တွေဖြစ်သွားမယ်”
    ဆိုတာလေးနဲ့ ပို့စ်ကို အဆုံးသတ်ချလိုက်တာ အတော်လှပါတယ်…။
    သတ်မယ်ဆိုလည်း သတ်ချင်စရာ ဖြစ်နေတာကိုးနော့…။
    ဒီပို့စ်မှာ နည်းနည်း မကြိုက်တာလေးတွေ ရှိတယ်…။
    နောက်ပိုင်း အထိကရုန်း ကိစ္စနဲ့ ငြိမ်နေရတာ
    ဆိုတဲ့ အသုံးအနှုန်း…။
    အထိကရုန်း ကို သတ်ပုံတမင်မှားရေးထားတာက
    ဟာသ ရသ မမြောက်ဘူးလို့ ခံစားရပါတယ်…။
    နောက်ဆုံးအပိတ်ကို
    သေဗျဇီ
    ဆိုတဲ့ စကားလုံးမပါလည်း ဟာသက မြောက်ပြီးသားလို့ ထင်ပါတယ်…။
    ကဲ…ကွန်းမန့်က အတော်ရှည်နေပြီ…အဆုံးသတ်ကြစို့…။
    အစားအသောက်ပို့စ်တွေလည်းရေးပါ…။
    အခုလို မျိုး ပို့စ်လေးတွေလည်း ဖတ်ချင်ပါတယ်လို့
    ပရိသတ်တစ်ယောက်အနေနဲ့ တောင်းဆိုလိုက်ပါတယ် ခင်ဗျ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • ခင်ဇော်

      March 17, 2015 at 7:37 pm

      ဒီလူဂျီးး ဆီက ဒါမျိုးး ကော်မန့် လိုချင်တယ်ပြောလည်းး
      စိတ်ဆိုးးနဲ့ဦးးး
      :k:

  • naywoon ni

    March 17, 2015 at 7:38 pm

    ​ရောမ ​ရောက်​​တော့လည်​း ​ရောမလိုကျင်​့နိုင်​ရမှာ​ပေါ့ ။ ​နေဝန်​းနီ ရဲ့ ​မွေးသမိခင်​ အား​ပေး​နေကြ စကား တစ်​ခု ရှိရဲ့ ” နင်​့က ​ချေးကျရာ ​ပျော်​တဲ့ ​ကောင်​ ” တဲ့ ။ ဘာပဲဖြစ်​ဖြစ်​ ​ရောက်​တဲ့ ​နေရာ ​ပျော်​​အောင်​​နေတတ်​​တော့ စိတ်​ညစ်​စရာ မရှိ​တော့ဘူး ​ပေါ့​လေ

    • ခင်ဇော်

      March 17, 2015 at 8:04 pm

      ရောက်ရာအရပ် ပျော်အောင်နေ…
      တွေ့တဲ့လူနဲ့ တည့်အောင်ပေါင်းးး
      ရှိတဲ့ မုန့်ကို ဝအောင်စားးး
      :k:

  • မွသဲ ( 17082011 )

    March 17, 2015 at 9:42 pm

    ကလား ၁၅ ယောက်နဲ့ ဆိုလိုက်ကလိုက်နဲ့ မျက်စိထဲမြင်မြငိပီးရီလိုက်ရတာဟယ်

    • ခင်ဇော်

      March 18, 2015 at 7:50 am

      မွသဲနော်။
      အထင်မလွဲနဲ့နော်။
      ကတဲ့ထဲ သများပါဘု။
      ဆိုတဲ့ထဲလည်းပါဘု။
      စာပဲဖတ်ပြတာ။

      :k:

  • Swal Taw Ywet

    March 18, 2015 at 2:47 am

    Yesterday. You come. I come. We open this. Full water. Right. OK?
    This morning They Open. Par Ni NaHeel.Khalash.
    မနေ့က မင်းရယ်ငါရယ်သွားကြည့် တယ်။ တို့ ဖွင့်တော့ ရေ အပြည့်။ ဟုတ်တယ်နော်။ အိုကေ။
    ဒီမနက် သူတို့ ဖွင့်တယ်။ ရေ လုံးဝ မရှိ။ သေပြီဆရာ။
    With respect,
    Swal Taw Ywet.

    • ခင်ဇော်

      March 18, 2015 at 7:56 am

      အဲ့စကားတွေတတ်ရင် ရွှတ်ခန်း နဲ့ နီးမှာလားဟမ်??
      :mrgreenn:

  • kai

    March 18, 2015 at 5:33 am

    ရန်ကုန်က.. တချိန်ကကုလားတွေတော်တော်များပြီး.. ကုလားမြို့လိုတောင်ဖြစ်ခဲ့တာ…
    အဲဒါ.. ရှေးဓာတ်ပုံလေးပုံတွေတွေ့သမို့ကြည့်တော့လည်း.. ဓါတ်ပုံထဲ.. ကုလားဝတ်စုံ.. ဒိုတီနဲ့သူတွေချည်း…။

    ဆူးလှေ

    စထရမ်းဟော်တယ်(ကမ်းနားလမ်း)

    အဲဒါလိုနှစ် ရာထောင်ချီ အတူတူနေလာပြီးမှ.. အခုခေတ်မှာကုလားမုန်းဝါဒီတွေပိုများလာတာဟာ.. ဘကကျောင်းတွေလက်ချက်လို့သာ… ဆိုချင်မိ..။
    အဲဒီကျောင်းတွေစထွန်းကားလာတာဟာ… နဝတခေတ်ကဆိုတော့.. အခုဆို.. နှစ်အစိတ်ကျော်ပြီလေ…။
    ကျောင်းစတက်တဲ့ကလေးတွေ(အသက် ၄-၅နှစ်ကစလို့).. အခုဆို.. အကြီးဆုံး.. ၃ဝကျော်တန်း..။
    အမျိုးဘာသာသာသနာဟစ်အော်နေတဲ့.. ကုလားမုန်းဝါဒီအများစုဟာ.. အသက်၅နှစ်ကနေ.. ၃၅အတွင်းက.. ယောက်ျား.. အများစု.. ဖြစ်ကိုဖြစ်နေလိမ့်မယ်..။

    မှတ်ချက်။ ။ အမျိုးသားကျောင်းနဲ့.. ဘကကျောင်းမရောကြလင့်…။

    ဒါက.. အချက်အလက်နဲ့စစ်တာ…

    • ခင်ဇော်

      March 18, 2015 at 8:01 am

      အဲ။
      ကျောင်းကိစ္စတော့ သိပ်မပြောတတ်ဘူးးး
      မုန်းတီးရေးဝါဒ တွေရဲ့ အသက်ပိုင်းကတော့ ဟုတ်တယ်။ (၃၅-၄ဝ ဝန်းကျင်တွေ)
      :a:

      မိဘတွေ ဆရာတွေကို ဘာကျေးဇူးတင်ခဲ့လဲ ဆိုရင် လူအချင်းချင်း မုန်းတီးရေးမသင်ပေးခဲ့တာပဲ။။
      သင်တာတွေထဲက ကိုယ့် အသိစိတ်နဲ့ကိုယ် ရှောင်ခဲ့တာပါပဲ။
      ဥပမာ။ အိမ်ထောင်ပြုမယ်ဆို….ရှောင်ရမှာတွေက….
      ၁) သူများယောက်ကျား
      ၂) ဘုန်းကြီး
      ၃) ဘာသာခြား စသည်ဖြင့်ပေါ့လေ။
      အဲတော့ စိတ်ထဲမှာ အဲဒါမျိုးကို …
      ကိုယ်နဲ့ အဲဒီ ကိစ္စ …
      ပတ်သက်စရာလို့ကို မမြင်တော့တာပေါ့။

      :a:

  • ဦးကျောက်ခဲ

    March 18, 2015 at 9:01 am

    ရခိုင်ကိစ္စဖြစ်တော့ အလုပ်ထဲက ပါကစ္စတန် ကုသလတစ်ကောင် ဒေါကြီးမောကြီးနဲ့…
    “ဘာရာတို့ မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေကို အကြောင်းမဲ့သတ်တယ်” ဆိုပြီး လာပွါးလို့…
    ဇာတ်ရည်လည်အောင် ရှင်းပြလိုက်ရသေး … ဒါပေသည့် သူတို့က တဘက်ပိတ်တွေ…
    ပြီးမှ … အလုပ်ထဲမှာ ဘာသာရေး ၊ လူမျိုးရေးဆွေးနွေးရင် အလုပ်ထုတ်မည့်အကြောင်း…
    ဝမ်နင် လက်တာလေးပါ လက်ဆောင်ပေးလိုက်ရသေးတယ်…
    ဒွတ်ခ … 911 က CIA လက်ချက် ၊ ဘင်လာဒင်မသေလို့ လက်ခံထားတဲ့သူတွေလည်းရှိသေး…
    :k:

    • ခင်ဇော်

      March 18, 2015 at 10:52 am

      ဟိ။
      အေးတာပဲ။
      နို့မို့ ပြည်တွင်းမှာ နိုင်သမျှ ပြည်ပမှာ အသတ်ခံရတာတွေ ကြားပြီး ကျောချမ်းလွန်းလို့။

      :a:

  • Wow

    March 18, 2015 at 11:02 am

    ရုံးမလဲ သီရိလင်္ကာ ကုလား(၃)ယောက်ရှိသအေ့၊ ကိုယ်ကလဲ ကျား/မ/လူမျိုး/ဘာသာမခွဲ ဆက်ဆံတော့ တော်တော်ခင်ကြပါတယ်.. ဒါပေသိ သူတို့ကို အတော်သီးခံရတာက စကားအရမ်းများတာရယ် (လူကြီးတွေကတော့ ကျား ၁၀၊ မ ၅၊ ကုလား ၂ တဲ့.. စကားများတာကိုပြောတာ)၊ အမွေးအကြိုင်တွေ မွန်နေအောင်သုံးတာရယ် …

    • ခင်ဇော်

      March 18, 2015 at 11:08 am

      ချစ်ဝါး ဓာတ်ပုံတိုင်းမှာ ပါတဲ့ ဇာတ်လိုက်တွေမလားးး
      ဒါတ်
      တော
      အန်
      ဟန်းဆက် တို့ ဘာတို့။

      :k:

      • Wow

        March 18, 2015 at 11:19 am

        ချစ်စနိုးနာမယ်ဒွေက အရှည်ရယ်၊ ဗိုက်ပူရယ်၊ မျက်ပျူ းရယ်… ရုံးကလူတွေကလဲ နာမယ်တွေ ခက်တော့ မခေါ်တတ်ကျဘူးလေ :mrgreen:

  • chate chate

    March 18, 2015 at 11:38 am

    အင်းး ဘာသာတူ လူမျိုးတူဖြစ်ဖြစ် ဘာသာကွဲ လူမျိုးကွဲဖြစ်ဖြစ် လုပ်ရပ်ကောင်းမကောင်းပဲ အခြေခံပါတယ်
    အဲဒီ ကိစအဟော့ဆုံးဖြစ်နေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် မိဘတွေရဲ့ နယ်အိမ်ကိုရောက်နေချိန် အိမ်ကပ်လျက်က အိမ်ဖျက်ခံရတော့မယ် နာမည်ကြီး သူတို့တန်ဖိုးထားရာလေးတွေ လာအပ်စဉ် စောင့်ရှောက်ပေးဖူးတယ်.. ကျောင်းပိတ်တုန်း ကလေးတွေစာသင်ပေးတုန်းကလည်း စကားနားထောင်တဲ့ အဲဒီကလေးကို ပိုမိုခင်မင်ခဲ့ဖူးတယ်…
    အဲဒီ Taxi တွေကို ရှောင်စီးနေကြတုန်းကလည်း မရှောင်မလွှဲ စီးဖူးတယ်..
    အဲလိုအစီးကောင်းလို့ တခါပေါ့ ဟွန်းတွေအဆက်မပြတ်တီး မိုင်ကုန်မောင်း ကွေ့တွေ ဘီးတဖက်မြောက်အောင် အရှိန်နဲ့ကွေ့ slow down တွေ အရှိန်နဲ့မောင်း အရှိန်လျှော့ဖို့ပြောမလို့ နောက်ကြည့်မှန်ကို အကြည့် မထီတထီမျက်နှာပေးနဲ့ ပညာပေးတယ်ဆိုတဲ့ အကြည့်နဲ့ တိုးတယ်..နောက်များတော့ risk မယူရဲတော့ဘူး…တွေးမိတာက ကိုယ်တွေဘက်မှာတူးတူးခါးခါးတွေလည်းရှိ.. စာနာတတ်တဲ့သူတွေကလည်း စာနာတတ်ဖို့ အသိဖြန့်ဝေ..
    ဟိုဘက်ကရော… ထိန်းကြရဲ့လားပေါ့… ဆုတ်ပြဲသွားတဲ့ စာရွက်ကတော့ ဘယ်လောက်ကောင်းအောင်
    ဆက်ထားထား ဆက်ရာတော့ ကျန်နေမြဲပဲဖြစ်မယ်ထင်ပါတယ်..
    အဟီး 😛 comment ရှည်သွားရင် စိုးစောရီးပါနော်…

    • ခင်ဇော်

      March 18, 2015 at 11:45 am

      မဖြစ်ပါဘူးဗျာ။
      စိတ်ရှည်လက်ရှည်ရေးသွားတာကို ကျေးဇူးပါ။
      လူမျိုးနဲ့ ဘာသာနဲ့ သိမ်းကျုံး မပြောပဲ တစ်ယောက်ချင်းစီရဲ့ ကောင်းတာလည်းရှိ ဆိုးတာလည်းရှိတာကို သိပါရဲ့။
      မကျေနပ်ရင် နိုင်ရာ ဖိထောင်းတဲ့ သဘာဝတွေကိုက လူ့သဘာဝ ထင်ပါရဲ့။

      🙂

  • Alinsett@Maung Thura

    March 18, 2015 at 12:26 pm

    မမဂျီးရေးတာ ဖတ်လိုက်ရင်… လူက ရီရီမောမော ပြန်ဖြစ်သွားတယ်..
    ဟာသရသမြောက်အောင် ရေးတတ်တယ်လို့…ဆိုရမယ်.. ။

    ကျနော်ကတော့ …
    အိနိ္ဒယနဲ့ ပတ်သက်တာဆိုရင်… ဒံပေါက်အစားအစာတမျိုးပဲ…စားလို့ဝင်.. ကြိုက်နှစ်သက်ပြီး..
    ကျန်တာ ဘာမှ မနှစ်သက်…
    ငယ်ငယ်က အမေသိပ်ကြိုက်တဲ့ ကုလားကားတွေ အမေနဲ့ လိုက်ကြည့်ရရင်..
    ရုပ်ရှင်ရုံထဲ….. ရောက်ကတည်းက အိပ်တာပဲ…
    လူတွေအများကြီး..စိတ်ညစ်လည်း က…စိတ်ညစ်လည်းဆို…
    ငိုလည်းက…ရီလည်းက… နဲ့..
    မျက်စိနောက်လို့…

    ကြီးတော့…. အမေက ကုလားကားကြည့်မယ်ခေါ်ရင်… အကြောင်းအမျိုးမျိုးပြပြီး..မလိုက်တော့ဘူး

    :k:

    • ခင်ဇော်

      March 18, 2015 at 12:37 pm

      အဟီးဟီးးးး
      လူကလည်း ခုတလော စိတ်နောက်နေလို့လေ။
      မရီရင်တောင် ပြုံးလိုက်ရရင်ကို မဆိုးဘူးဆိုပြီးးး

      :k:

  • Crystalline

    March 18, 2015 at 3:54 pm

    အမီနာခင်းဂျော်ဆီသွား
    .
    .
    .
    .
    .
    .
    ဂျပ်ကစ်စားဖူးသလီးလို့မေး
    .
    .
    .
    .
    .
    ပြီးရင်ပြေး
    :loll: :mrgreenn:

    • ခင်ဇော်

      March 18, 2015 at 3:56 pm

      ဟိတ်!!!!
      .
      .

      မပြေးနဲ့။
      .
      .
      .
      မစားဖူးလား စားဖူးသလား မသေချာလို့ ဝယ်ကျွေးရမယ်…

      :mrgreen:

  • pooch

    March 18, 2015 at 4:47 pm

    အိနိ္ဒယမင်းသားတွေ ထဲ ရှရွတ်ခန်းကို အရမ်းကြိုက်တယ်
    အသက်ကြီးတာတောင် မပျက်စီးလို့ :mrgreenn:

    ခုထိလည်း အိမ်က အမေတို့ရဲ့ တိုးတိုးဖော် တိုင်ပင်ဖော် အပျိုကြီး ညီအစ်မတတွေကလည်း အစ္စလာမ်တွေပါပဲ ကိုယ်မွေးကင်းစထဲက မိတ်ဆွေကောင်းဖြစ်လာတာ ခုထိ

    ကုလားအစာတွေထဲ ဂျလေဘီမုန့်လုံး ဝါဝါလေးတွေ အကြိုက်ဆုံးပဲ အရမ်း ချိုရင်တော့ မစားနိုင်ဘူး

    ရေခြားမြေခြားရောက်နေသူချင်းအတူတူ အားလုံးက တသားထဲ ရုန်းကန်လှုပ်ရှားနေကြရတာပဲကို
    ဆွိ ဒီလောက် လူချစ်လူခင်များတာ သူများ လုပ်ကြံမှာတော့ မပူရပါဘူး

    မသာကာ အစားမှား အစားများရင်သာ ဒုက္ခဖြစ်နိုင်တာ :mrgreenn:

    • ခင်ဇော်

      March 18, 2015 at 4:59 pm

      သူ့ ကားး happy new yearကြည့်ပြီးးးပြီလားးး
      အားးဂျီးး ချစ်ဖို့ကောင်းးး
      မလိုင်မုန့် ကို အရမ်းးးစားးတာ
      ဂျာနေဂျို တို့ ဂျလေဘီ တို့ လည်းး သိပ်ကြိုက်…
      :k:

  • မြစပဲရိုး

    March 19, 2015 at 4:37 am

    ဖတ်ပြီး မျက်စိထဲ ဓာတ်ရှင်ကြည့်ရသလို မြင်လာပြီး ရီလိုက်ရတာ တော်။
    ဒါဏ်တပ် တာ ဘယ်သူ့ ကိုလဲ။
    သနားပါတယ်။
    နောက်တစ်ခါ အဲချွန်တွန်း လုပ် တဲ့ ကိုရီးယား ဆီ သွားပြီး ကိုရီးကား ကား တွေ အကြောင်း ပြောကြည့်လိုက်ပါလား။
    ကျုပ် တူမ ကတော့ ချစ်မွေး ကို ပါတာပါ။

    ပြောရရင် လူ ဆိုတာ မေတ္တာ ပေးရင် တော်ရုံ မရိုင်းကြပါဘူး။
    ရိုင်းတာ က သူတို့ ကို လဲ အရိုင်းခံ နေရလို့ ပါ။ (အများစု ပေါ့၊ ဂေါက် တွေ တော့ တစ်ချို့ ရှိသပေါ့)

    • ခင်ဇော်

      March 19, 2015 at 8:31 am

      ဒဏ်တတ်တာက အုံနာ ဆီက Safety Officer တို့ မိန်းကန်ထရက်တာက Safety Coordinator တို့ က သူတို့ ပိုင်နက် ဆိုဒ်ထဲမှာ
      လုံခြုံရေး အရ၊ အလုပ်အရ၊ ကျန်းမာရေး အရ အမြင်မတော်တာမျိုးမြင်ရင် ဓာတ်ပုံရိုက်ပြီး သက်သေနဲ့တကွ စာပို့ပြီး ဒဏ်ရိုက်လေ့ရှိပါတယ် အရီးရေ။
      သူတို့က ဝန်း တစ်ခုလုံးလှည့်နေတာပါ။
      ပြီးတော့ ကျနော်တို့ ဆိုဒ်ထဲမှာ ဝတ်တဲ့ ယူနီဖောင်းက အနီရဲရဲလေ။
      ဟိ။

      :k:

  • Mike

    March 19, 2015 at 1:46 pm

    .ခိခိ..ဘာမန့်ရမှန်းမသိ
    .Safety အလေးထားတာတော့ တော်တော်သဘောကျမိတယ်..အလုပ်သမားကမလိုက်နာရင် သူ့ဆူပါ ပါ
    .အရေးယူဆိုလားလို့… :n:

    • ခင်ဇော်

      March 19, 2015 at 2:07 pm

      အဲဒီ ဆေးဖတီး နဲ့ သွားသွားညိလို့ သများကောင်းမှု အကြောင်းပြုပြီး မင်းသားကြီးကို ဒဏ်ရိုက်ခံရတာ ၂ ခါ ရှိပြီ။

      :k:

  • အောင် မိုးသူ

    April 29, 2015 at 11:45 am

    တစ်ခုခုစိတ်မျောသွားရင် ပတ်ဝန်းကျင်ကိုမေ့သွားတတ်တာလည်း ကျတော့်အကျင့်တစ်ခုပဲ။

  • အောင် မိုးသူ

    April 29, 2015 at 11:47 am

    ကုလားအစားအစာဆို တေ်ာတော်များများလည်းကြိုက်ပြန်ရော တိုရှည် ၊ ချာပါတီ ၊ ဒန်ပေါက် ပြီးတော့ ဒီပဝါလီမှာလုပ်တဲ့ မုန့်အချိုတွေလည်းကြိုက်တယ်။ 🙂

    • ခင်ဇော်

      April 29, 2015 at 2:02 pm

      ဟေးဟေးးး
      နာ တို့ မောင်၂ မ တော် လို့ ရပါဘီလို့ ပြောနေ!!!!
      😆

Leave a Reply