( ဇာတ်လမ်း ) ၂

( ဇာတ်လမ်း ) ၂

( ဟော  ဦး ၊ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ ? )

ဟုတ်ပ ၊ ကျနော်က ဆင်ရေတွင်း မှတ်တိုင်မှာ ၊ သူ့ကို မတွေ့တာကြာလို့ အိမ်ကစောစောထွက် ၊

ဒီမှတ်တိုင်နားက လဘက်ရည်ဆိုင်ကနေလာစောင့်နေတာ ၊ သူ ကားလမ်းကူးလာတာမြင်မှ ထလာတာလေ ၊

( ဪ ဟုတ်တယ်နွယ် ၊ ဟို မြကန်သာလမ်းထဲက အသိအိမ်မှာ အလှုလုပ်လို့ )

( ဪ မသိပါဘူး ၊ တစ်ယောက်ယောက်ကိုများ လာစောင့်နေသလားလို့ )

သေစမ်း ၊ ငါ့ဗျူဟာက အတော်ခေတ်နောက်ကျသွားပြီထင်တယ် ၊

သူက ပြုံးစိစိနဲ့ ကျမသိပါတယ် ဆိုတဲ့ ပုံစံ ၊ ဒီလိုနဲ့ ကားစီးလာ လှိုင်မင်းမှာထိုင်ပေါ့ ၊

( နွယ်နဲ့ မဆုံတာ ကြာပြီနော် ၊ ဘယ်သွားနေတာလဲ ? )

( ရှိပါတယ် ဦးရယ် နေ့တိုင်းလာနေတာပဲ )

( ဟင်  အဲဒါဆို ဘာလို့ မတွေ့မိရတာတုန်း )

( ဪ ဦးရယ်  ချိန်းထားတာမှ မဟုတ်တာ ၊ လွဲနိူင်တာပေါ့ )

( ဦးက ဘာများဖြစ်သလဲလို့စိတ်ပူနေတာ )

( နွယ်ကလည်း ဦးကို မတွေ့လို့ ခရီးတွေဘာတွေ သွားနေတယ်ထင်တာ )

အဲ  မဆိုးဘူးဗျ ၊ သတိရတယ်ဆိုပဲ

( အဖေကြီး မုန့်ဘိုး )

ဟဲ့ သောက်ခွေး ၊ အမယ်လေး ဒီမယ် ဖီလင်ဝင်နေတုန်းဟ ငါ့သားရ ၊

ဒီလိုဗျ  ဘောလုံးဝါသနာပါတဲ့သားက ဘောလုံးအဖွဲ့ချုပ် နဲ့ ရန်ကုန်ယူနိုက်တက်တို့ ပေါင်းဖွင့်တဲ့ ဘောလုံးသင်တန်းတက်နေတာ ၊

လှိုင်မင်းက ရန်ကုန်ယူနိုက်တက် အဝင်လမ်းမှာ ၊

အေးပါကွာဆိုပြီး ငါးရာတန်ထုတ်တော့ အဖေကြီး သားး သွားစရာရှိတယ် ၊ အဖွားကြီးဆဆီက မတောင်းခဲ့ရလို့ ၊ သုံးထောင်ပေး တဲ့

၊ သောက်ဘဲ လူလည်ကျတာ ၊ ဒီလိုအနေအထားက သူ့အတွက် အကွက်လေ ၊ ပိုက်ဆံမြန်မြန်ပေးပြီး သူ့ကို ရှင်းထုတ်ရမှာလေ ၊

အမယ်  သူက  မြန်မြန်သာပေးလိုက်စမ်းပါ အဖေကြီးရယ်ဆိုတဲ့ မျက်နှာပေးနဲ့ဗျ ၊ ပေးလိုက်ရတော့တာပေါ့ဗျာ ၊

အဖေကြီး ဟိုနောက်စားပွဲမှာ သား ကိုလာ သာက်ထားသေးတယ် အဲဒါလည်း ရှင်းလိုက်နော် တဲ့

ဘယ်အချိန်ထဲက ရောက်နေလည်း မသိတော့ပါဘူး၊

(  ဦး သားက လူချောပဲ ၊ အဖေနဲ့ ဘာမှမဆိုင်ဘူး )

( ဒီမှာနွယ် ၊ ဒီအဖေကြောင့် ဒီသားဖြစ်လာတာဗျ )

( ဟုတ်ပါတယ် ဒါပေမယ့် အမေနဲ့များ တူသလားလို့ )

( ဒီမိန်းမအကြောင်း လာမပြောနဲ့နော် ၊ လှချင်လှ မလှချင်နေ ဦးခေါင်းထဲမှာ မရှိဘူး )

( ဦးရယ် ဆောရီးပါ ၊ ဒေါသမကြီးပါနဲ့ ၊ နွယ်က စကားအဖြစ်ပြောတာပါ )

( လာမပြောနဲ့ ၊ အဲသလို လာပြောသူတိုင်းဟာ မုန်းသူပဲ )

( အမယ်လေး ၊ နွယ့်ကိုတော့ မမုန်းလိုက်ပါနဲ့နော် ၊ မုန်းသူလည်း မဖြစ်ချင်ပါဘူး )

( ဒါဖြင့် ချစ်သူပေါ့ )

( ရှင်  . . . . .   )

ထိုနေ့မနက်က ရန်ကုန်တွင် နှင်းတို့ဝေခဲ့ပါသည် ၊

ညဘက်တွင်လည်း လေနူအေးလေးများ တိုက်ခတ်မည်ဟု မျှော်လင့်ပါသည် ၊

စားနေကျ ထမင်းဆိုင်တွင် ထမင်းလိုက်ပွဲမှာစားမိ၍ ဆိုင်ရှင်က ထူးထူးဆန်းဆန်း လိုက်ပွဲတွေ ဘာတွေ မှာလို့ပါလားဟု

အပြောခံရပါသည် ၊ ကျနော်က ပုံမှန် ထမင်းတစ်ပန်းကန်သာ စားခဲ့သူဖြစ်ပါသည် ၊

သို့သော် နောက်နောင်တွင် လိုက်ပွဲများ မှာစားလေ့ရှိသူ ဖြစ်လာမည်ဟု ယုံကြည်နေမိလျက်  . . . . . . .

31 comments

  • Kaung Kin Pyar

    March 17, 2015 at 3:56 pm

    အဲ့…အူးမျိုး….
    တိုက်စစ် စ နေပြီပေါ့….။ သားနဲ့ တိုးသွားတော့လဲ တစ်မျိုးကောင်းတာပါပဲ…။
    အပေါ်ကစာအတိုင်းဆို အခြေအနေမဆိုးဘူးပဲ…..
    ဟိုဘက်ကလဲ အတော်လေးကို ရိပ်မိနေပုံရှိတယ်….
    ဒူး….ဒူးးးး ဆက်ဒူးပါ….
    နောက်ထပ် ဇာတ်လမ်းကို စောင့်နေပါတယ်…..

    • တောင်ပေါ်သား

      March 17, 2015 at 4:47 pm

      အင်းးးးး လမ်းတော့မှန်သလိုရှိနေပေမယ့် ညှိစရာတွေက အများသား

  • ခင်ဇော်

    March 17, 2015 at 4:02 pm

    အာ။
    အပီပဲ။
    ဦးဦးမျိုးးးဒုန်းဒုန်းဒုန်းးးး
    ဦးဦးမျိုးးးဒုန်းဒုန်းဒုန်းးးး
    ဦးဦးမျိုးးးဒုန်းဒုန်းဒုန်းးးး
    ဦးဦးမျိုးးးဒုန်းဒုန်းဒုန်းးးး

    :mrgreen:

    • တောင်ပေါ်သား

      March 17, 2015 at 4:49 pm

      ဒုန်းဒုန်းဒုန်း ကနေ ဒိုင်းကနဲ အပစ်မခံရဖို့ သတိထားရဦးမယ်

  • Mr. MarGa

    March 17, 2015 at 4:11 pm

    “အင်”
    .
    .
    .
    .
    .
    ရဲဘော် ဆက်လုပ်!!!!!

  • တောင်ပေါ်သား

    March 17, 2015 at 4:49 pm

    YES SIR 🙂

  • sorrow

    March 17, 2015 at 4:53 pm

    ..လက်ကိုင်ပါဆိုဗျာ ..

    • တောင်ပေါ်သား

      March 17, 2015 at 5:01 pm

      ဟဲ့ နုထွားရဲ့

      အခုမှ အစလေကွာ

      လဘက်ရည်ဆိုင်ထဲ အရိုက်ခံနေရပါဦးမယ်ကွယ်

      ဒါနဲ့ သူ့အသားက အတော်အေးသဟ

      🙂

  • သွက်​ထာ​နော်​
    :mrgreen:
    ဒါနဲ့ဦးမျိုး အိမ်​ကအိမ်​ကသား​တော်​​မောင်​လည်​း အဲ့လိုပဲ လူ​ရှေ့သူ​ရှေ့ဆို လိုချင်​တာ​တွေ​တောင်​းဆိုတာ ဘယ်​​လောက်​ဆူထားထား အခွင်​့အ​ရေးအပြည်​့အဝအသုံးချတာ။သန်​့​ကောင်​းစံတို့ကပိုဂွင်​တည်​့တာ​ပေါ့
    🙂

    • တောင်ပေါ်သား

      March 17, 2015 at 5:03 pm

      ဟုတ်ပ သော်သော်ရေ

  • naywoon ni

    March 17, 2015 at 7:20 pm

    ဟာဂျာ ​တော်​​တော်​ဆိုးတဲ့သူပဲ ။ ကိုရီးယား ဇာတ်​လမ်​းတွဲလား​အောက်​​မေ့ရ ။ စိတ်​ဝင်​းစားစရာ ဖြစ်​ရင်​ ရပ်​လိုက်​ဘီ ။ 🙂

    • တောင်ပေါ်သား

      March 18, 2015 at 9:02 am

      အပိုင်း ၃ လာမှာပေါ့ ဆရာနီရယ်

  • black chaw

    March 17, 2015 at 7:52 pm

    ဆရာမျိုးရေ…။
    တစ်ပွင့်ကြွေတစ်ပွင့်သစ်
    ပန်းဖြစ်လျှင်လည်း အကောင်းသား နော်…။

    • တောင်ပေါ်သား

      March 18, 2015 at 9:04 am

      ပန်းဆို ဘယ်လိုလုပ် လက်ကလေးကိုင်လို့ ရပါ့မလည်းဂျာ 🙂

  • ဦးကျောက်ခဲ

    March 18, 2015 at 8:50 am

    ♫ ♪ ဂီတာအိုတောင် ပျိုရွယ်နေဆဲ… တေးသံနဲ့.. သီချင်းအသစ်ဖြစ်သေးရင်…
    အကြင်နာဆိုတာ … ဒီတစ်ယောက်နဲ့ပဲ … ပြီးသင့်သလား… ♫ ♪
    ဆွဲထား ကိုဂျီးမြိုး … လက်ဖွဲ့ဖို့ ပြင်ထားတယ်… ခွိ ခွိ
    :k:

    • တောင်ပေါ်သား

      March 18, 2015 at 9:07 am

      ဆရာကျောက်စ်ရယ်
      အခုမှ စလုံးရေစ တာဗျ
      ကြိုးစားရဦးမှာတွေ အများကြီး

  • Alinsett@Maung Thura

    March 18, 2015 at 3:27 pm

    ကိုရီးယား အချစ်ဇာတ်လမ်းလေးလိုရေးဗျာာာ

    😆

    • တောင်ပေါ်သား

      March 18, 2015 at 3:35 pm

      အိုပါးကလည်း 🙂

  • Wow

    March 18, 2015 at 4:50 pm

    ခိုးပြေးဗျာ.. ကားတင်ဗျာ.. ကြာဒယ်.. :mrgreen:

    • တောင်ပေါ်သား

      March 18, 2015 at 4:57 pm

      ခိုးပြေးစရာ မလိုအောင် ကြံစည်နေပါကြောင်း

  • sorrow

    March 18, 2015 at 5:56 pm

    ဟာဗျာ..ဒါလေးမေးတာကို ..ကတ်ကတ်လန်ရသလားဗျာ… သူပြောတာလေး ပြုံးပြီးနားထောင်ရမှာ ..ဘယ့်နှယ့်ဗျာ …လက်ဖမ်းကိုင်ပစ်ပါဆို …ရန်သွားလုပ်ရတယ်လို့ … နောက်တစ်ခါ မြင်တာနဲ့ ..လက်ဖမ်းကိုင်ပစ်… ဒီအခြေအနေရောက်နေတာကိုဗျာ…လက်နှေးပါ့ ….

    • တောင်ပေါ်သား

      March 19, 2015 at 10:27 am

      နီက အဝေးကနေ မြှောက်နေ

      နာက ရမ်းမလုပ်ရဲဘူးဟ 🙂

  • မြစပဲရိုး

    March 19, 2015 at 4:47 am

    အလိုလေး။
    တယ်ဟုတ် နေပါတော့လား။
    သားလေး နဲ့ တိုး လိုက်တာ သူက အိမ်မှာ ပြန် မဖွ ဘူးလား။
    သမီးလေး တွေ ရော သိသွားပြီလား။
    သူတို့ က သဘောတူလား။
    ကျွန်မ သာ သမီးလေး တွေ နေရာ ဆို အဖေ့ ကို ဘယ်သူ့ ကို မှ မပေးဘူး။
    ဇာတ်လမ်း ကို ဖျက်တာ မဟုတ်၊ ဆက်ပါလေ။
    ဟို မင်းသား မောင်စော ကြားရင် ဒွပေါ နေဦးမယ်။
    ဒင်းက ပါး နမ်းခံရအောင် အဆင်းဘီး အတင်းကိုတွန်း နေတာကော။ lol:-))))

    • တောင်ပေါ်သား

      March 19, 2015 at 10:35 am

      အရီးရေ
      သားက လူလည်ဗျ ၊
      ကျနော့်ကို ဘာပြောလဲသိလား
      အဖွားကြီးနဲ့ မမကြီးတို့ကို ပြောလိုက်ရမလားး တဲ့ ၊
      မပြောစေချင်ရင် တစ်ရက် တစ်ထောင်ပေးတဲ့ ၊ အဖေကြီးတို့ ရုုံးက မိန်းကလေးလည်း မဟုတ်ဘူး တဲ့
      ( ယူနီဖောင်း မတူလို့လေ )
      မင်းဟာမင်း ပြောချင်ပြော မပြောချင်နေ တစ်ထောင်တော့ တတ်နိူင်ဘူးဆိုတော့

      နောက်ဆုံး ငါးရာနဲ့ ဈေးတည့်သွားတယ် ၊ ဒီကောင် လူလည် 🙂

    • sorrow

      March 19, 2015 at 12:49 pm

      သားသမီးတွေ…သဘောတူသည်ဖြစ်စေ သဘောမတူသည်ဖြစ်စေ …မြစ်ဆိုတာအထက်ကိုစီးရိုးမရှိသည့်အတိုင်း…
      သားသမီးများဆန္ဒကို တစိမှ အဖက်လုပ်ရန်အကြောင်းမရှိ….လူတိုင်းကိုယ့်ဘဝနဲ့ကိုယ်…အဟိဟိ
      နောက်တစ်ခုက အကြင်နာတွေ ပန်းခင်းကြီးအဖြစ်ဖူးပွင့်ဖို့ …အစတော့ အနာခံထွန်ယက်ရသဗျ…. အစ်ကို သိသလား …

      အရီးလေးစကားနားထောင်မပြောဘူးနော်… ကွကိုယ် forever alone ဖြစ်ချင်လဲ ..ကျော်မသိဘူး ..အဟိဟိဟိ ..တကယ်က အချစ်မရှိပဲနေရတဲ့ ဘဝက .. သစ်ခြောက်ပင်ကြီးလိုပဲ..ငရဲဗျ …မစိမ်းလန်းဘူး……ကျော်များကြီးအကြံပေးပြီးပြီ…အဟိဟိ

      who , Brave are loved ပဲ ..

      • တောင်ပေါ်သား

        March 19, 2015 at 1:01 pm

        အေးပါ နုထွားကြီးရာ

        ဒါပေမယ့် အသာလုပ်ပါ

        ငါက ၂၀၁၅ မော်ဒယ် မာစီးဒီး ဟုတ်ဘူးလေကွယ်

        ထော်လာဂျီသာသာ အင်ဂျင်ဆိုတော့ သိပ်မလောနဲ့ ဟ 🙂

  • Mike

    March 19, 2015 at 1:57 pm

    .တကယ်ဂျီးလားအူးမျိုး…တယ်စွံပါလား…ဆက်ဆွဲပေတော့ 🙂

    • တောင်ပေါ်သား

      March 20, 2015 at 3:25 pm

      အားပေးတဲ့သူတွေက ဒီလောက်အားပေးနေမှာတော့

      အို . . . . . ဘာတဲ့တုန်း 🙂

  • Ma Ei

    March 20, 2015 at 3:37 pm

    အမေ၊ သမီး၊ သား မိသားစုနဲ့ အေးအေးမနေချင်ဘူးထင်ပ ကိုမျိုးသန့်ရေ…
    အမ တော့ အားမပေးဘူးနော်… နောက်မှ အမအိ ပြောတာမှန်ပါလားဖြစ်နေဦးမယ်…
    အေးအေးနေပါဟယ်…

    • တောင်ပေါ်သား

      March 20, 2015 at 3:53 pm

      အမအိရေ

      အမစေတနာကို ကျနော်သိပါတယ်

      ကျနော် ဘယ်လို စခန်းသွားမယ်ဆိုတာ စောင့်ကြည့်ပေးပါနော့

  • sorrow

    May 17, 2015 at 4:31 pm

    အစ်ကို .. ဇတ်လမ်းနှစ်က နေမတက်တော့ဘူးလားဗျ…. ကြိုးစားအားထုတ်မှုနည်းလေခြင်းဗျာ…

Leave a Reply