လက်ဝါးပြင်နှင့်ကျန်းမာရေး

wunnakokoAugust 21, 20101min621

forward Mail ကရတာပါ။ ကိုယ့်မိတ်ဆွေတွေ ကိုယ့်မိသားစု ကိုယ့်ကျန်းမာရေးကို လက်ဝါးပြင် ကြည့်ပြီး ကျန်းမာရေးကောင်းမကောင်း ဂရုစိုက်နိုင်အောင်ပါ။ ဗဟုသုတရတာပေါ့။ တချို့က ကိုယ့်ကျန်းမာရေးကို မပြောချင်ကြဘူး။ ကြိတ်ပြီးခံကြတယ်။ ကိုယ်က ဒီအချက်တွေလေ့လာပြီး ဂရုစိုက်နိုင်ပါမယ်။

{ လက်ဝါးပြင်နှင့်ကျန်းမာရေး }

ဒီတစ်ခါတော့ မိမိကိုယ်ကိုကျန်းမာရေး အသိရှိကြအောင် လက်ဝါးပြင်ကိုကြည့်ပြီး ရောဂါရှာဖွေ စစ်ဆေးနည်းလေးကို မိတ်ဆွေသူငယ် ချင်းတို့ အသိအမြင်ကြွယ်ဝစေနိုင်ဖို့ “ လက်ဝါးပြင်နှင့်ကျန်းမာရေး” အကြောင်းလေးအနည်း ငယ်ပြန်လည်မျှဝေလိုက်ရပါတယ်။

၁။ လက်ဝါးပြင်နှင့်ထိတွေ့မှုအရသာ
၂။ လက်သည်းခွံအရောင်နှင့်လခြမ်း
၃။ လက်သည်းခွံပေါ်တွင်ပေါ်သောသင်္ကေတ
၄။ လက်တစ်ချောင်းစီ၏ပုံစံ
၅။ လက်ဝါးပြင်၏အရောင်အဆင်း
၆။ ဂြိုလ်ခုံပေါ်တွင်ပေါ်သောအကြောစိမ်း
၇။ လက်သည်းခွံအရွယ်အစား
၈။ လက်ဝါးပြင်ပေါ်မှလက္ခဏာလမ်းကြောင်း

* သတိပြုရန်
ယောက်ျားလေး – အသက် ၁၆ နှစ် အထက်မစှကြည့်ရမယ် – ဘယ်ဘက်လက်
မိန်းခလေး – အသက် ၁၆ နှစ် အထက်မှစကြည့်ရမယ် – ညာဘက်လက်
မကြည့်သင့်သောအချိန် – အရက်သောက်ပြီးချိန်၊ ဒေါသထွက်ချိန်၊ လူတွေအများအပြားရှိချိန်

* လက်ဆွဲနှုတ်ဆက်ချိန်
လက်မနှင့်လက်ညှိုး ၃ဝ ဒီဂရီစောင်းနေရင် – ကိုယ်ခံအားနည်း၊ ကျန်းမာရေးဂရုစိုက်ရန်
လက်မနှင့်လက်ညှိုး ၄၅ ဒီဂရီစောင်းနေရင် – ကျန်းမာရေးကောင်း၊ ဟော်မုန်းပြောင်းလဲနေ
လက်မနှင့်လက်ညှိုး ၉ဝ ဒီဂရီစောင်းနေရင် – သွက်လက်၊ အကောင်းမြင်ဝါဒီရှိ၊ အလုပ်ပေါ့ဆ

၁။ လက်ဝါးပြင်နှင့်ထိတွေ့မှုအရသာ
* လက်ဝါးပြင် အေးစက်နေရင်…..
– သွေးကြောပိတ်ဆို့မှုများ
– သရက်ရွက်နဲ့ ကျောက်ကပ်အားနည်း
– အစာချေလမ်းကြောင်းမကောင်း
– လည်ပင်းမှာရှိတဲ့ ဂလင်းမကောင်း
– ကျောက်ကပ်နဲ့ ဆံပင်ဆက်စပ်နေ
– ဆံပင်ပါးရင်လည်းကျောက်ကပ်မကောင်း

* လက်ဝါးပြင် ပူနေရင်…..
– အသည်းကိုဂရုစိုက်
– သည်းခြေ၊ နှလုံး၊ သရက်ရွက်မကောင်း
– အာသီးရောင်၊ အာခေါင်ခြောက်၊ ပါးစပ်ခါး၊ အိပ်ရေးပျက်

* လက်ဝါးပြင် ချွေးထွက်နေရင် (ရိုးရိုးချွေးထွက်နေရင်)…..
– ကိုယ်ခံအားနည်း
– သရက်ရွက်အားမကောင်း

* လက်ဝါးပြင် စေးကပ်ကပ်နဲ့အဆီပြန်နေရင်…..
– ဆီးချို၊ သွေးချိုဝေဒနာရှိ ၊ မရှိခဲ့ရင်လည်းရှိလာမယ့်အနေအထား
– ဟော်မုန်းဓာတ်မညီမျှ ပြောင်းလဲနေ

* လက်ဝါးပြင် ဖောင်းတင်းနေရင်…..
– အဆီများတဲ့လက်
– စားချင်တာစားတဲ့လက်မျိုး

* လက်ဝါးပြင် ခြောက်ကပ်နေရင်…..
– အဆုတ်ရောဂါ၊ အဆုတ်နဲ့အသားအရေဆက်စပ်နေ
– အဆုတ်-TV ရောဂါသမား

* လက်ဝါးပြင် အပူအအေးမညီမျှရင်….
– သွေးအားနည်း
– ရာသီဥတုဒဏ်ကိုမခံနိုင်

* လက်ဝါးပြင် ပျော့ပြီး အသားထူနေရင်…..
– ဖျတ်လတ်ပြီး ကိုယ်ခံအားကောင်း
– အချို့သောလက်ဖဝါးတွေဟာတော့ ထူပေမယ့် ကိုယ်ခံအားနည်းတက်

* ကိုယ်ခံအားကောင်း ၊ မကောင်းသူက…..
– ကိုယ်ခံအားကောင်းသူ (လက်ချောင်းထိပ်လေးတွေကို လက်နဲ့ဖိလိုက်လို့ ချက်ခြင်းပြန် ဖောင်းတက်လာရင်)
– ကိုယ်ခံအားနည်းသူ ( လက်ချောင်းထပ်လေးတွေကို လက်နဲ့ဖိလိုက်လို့ ပြန်ဖောင်းမလာပဲ ကြာနေရင်)

* လက်ဝါးပြင်ပျော့ပြီးအသားပါးရင် – အားနည်းခြင်း
* လက်ဝါးပြင်မာပြီးအသားပါးရင် – အစာချေမှုအားနည်း
* လက်ဝါးပြင်ပျော့ရင် – သက်သက်သာသာနေရသူ
* လက်ဝါးပြင်မာရင် – အမြဲသွာလာလှုပ်ရှားနေရသူ
* လက်ဝါးပြင်မာ၊ ကြမ်း၊ အသာမာတက်နေရင် – ငြိမ်ငြိမ်မနေရ ၊ အလုပ်အမြဲလုပ်နေရသူ

၂။ လက်သည်းခွံအရောင်နှင့်လခြမ်း
– လက်သည်းခွံအရင်းမှာ လက်ပန်းကုံးလက်ချောင်းတိုင်းမပေါ်ရင် – ကယ်လ်ဆီယမ်ဓာတ်လို
– လက်သည်းခွံ ၅ပုံ၊ ၁ပုံ ခုံးနေရင် – သွေးအဆီများသူ
– လက်ပန်းကုံး – အဖြူရောင်မှကောင်း
– လက်ပန်းကုံး ပန်းရောင် – ဆီးချို၊ သွေးချို ရှိ
– လက်ပန်းကုံး အညိုရောင် – ကျောက်ကပ်မကောင်း
– လက်ပန်းကုံး မီးခိုးရောင်သမ်းနေ – အစာချေလမ်းကြောင်းမကောင်း
– လက်ပန်းကုံး အမဲရောင် – ကင်ဆာ ( အဆိပ်အတောက်များသူ)

၃။ လက်သည်းခွံပေါ်တွင်ပေါ်သောသင်္ကေတ
– လက်သည်းခွံပေါ်တွင် အဖြူစက်ပေါ်နေ – သွေးအားနည်း
– လက်သည်းခွံပေါ်တွင် အမဲစက်ပေါ်နေ – သတိထားရမယ် ( သွေးကြော၊ လေကြောပိတ်ဆို့)
– လက်သည်းခွံပေါ်တွင် အဆင်းကြောင်းထ – နာတာရှည်ရောဂါ၊ အာရုံကြော၊ ခုခံအားကျ
– လက်သည်းခွံပေါ်တွင် အမဲကြောင်းပေါ် – ကျောက်ကပ်အလွန်အမင်းပျက်စီးနေ၊ အသည်းနဲ့ ပတ်သတ်တဲ့ရောဂါ၊ ကင်ဆာ
– လက်သည်းခွံပေါ်တွင် လှိုင်းတွန့်ထနေ (အလျားလိုက်) – အစာအိမ်အချဉ်ပေါက်
– လက်သည်းခွံပေါ်တွင် လှိုင်းတွန့်ထနေ ( ဒေါင်လိုက် ) – ခေါင်းခဏခဏကိုက်တက်
– လက်သည်းခွန် မာလွန်းပျော့လွန်းရင် – ကယ်လ်ဆီယမ်ဓာတ်လို

၄။ လက်တစ်ချောင်းစီ၏ ပုံစံ

* လက်မ
(သရက်ရွက်၊ အဆုပ် ၊ နှလုံးနှင့်ဆိုင်)
– လက်မအရင်းတုတ်ပြီး အဖျားရှုးနေရင် – သွေးအဆီများ၊ အဆီလျော့ဖို့လို၊ အဆီချဖို့ခက်ခဲ
– လက်မအရင်းရူးပြီး အဖျားတုတ်နေရင် – အာဟာရစုပ်ယူမှုအားနည်း၊ ကိုယ်ခံအားနည်းသူ
– လက်မတုတ်တုတ်ခိုင်ခိုင်ရှိရင် – ဒေါသကြီး၊ အပူများသူ
– လက်မအရင်းရူပ်ထွေးပြီး တြိဂံပုံသဏ္ဍာန်ပေါ်နေရင်- နှလုံးရောဂါဖြစ်

*လက်ညှိုး
(အူလမ်းကြောင်း ၊ နှလုံးလမ်းကြောင်းကိုယ်စားပြု )
– လက်ညှိုးအရောင် ဖြူပြီးဖျော့နေရင် – ကိုယ်ခံအားမကောင်း
– လက်ညှိုးအရင်းတုန်ပြီး အဖျားရှုးနေရင် – အစာမချက်
– လက်ညှိုး တတိယအဆစ်ရူပ်ယှက်ခက်နေ – အစာအိမ်၊ လေဖြတ်
– လက်ညှိုးဘေးအကြောစိမ်းပေါ်နေ – ဝမ်းချုပ်၊ အကြောတက်၊ ခေါင်းကိုက်
– အကြောစိမ်းလက်ကောက်ဝတ်မှာပေါ် – နှလုံးရောဂါရှိ

* လက်ခလယ်
( ဦးခေါင်းကိုယ်စားပြု၊ ဦးခေါင်းမျက်လုံးနှာခေါင်းကိုယ်စားပြု )
– ဦးခေါင်း၊ မျက်လုံး၊ နှာခေါင်းနှင့်ဆိုင်

* လက်သူကြွယ်
(သည်းခြေ၊ အသည်းတို့ကို ကိုယ်စားပြု ၊ ဟော်မုန်းကဏ္ဍ)
– ခန္ဓာကိုယ်တစ်ခုလုံး အကြောထိန်းချုပ်
– အသည်း၊ သည်းခြေနှင့်ဆိုင်

* လက်သန်း
( ကျောက်ကပ်ကိုကိုယ်စားပြု၊ အူသိမ်နှလုံးအဖုံး၊ ရင်ပိုင်းအဆစ်လေပြွန်)
– ကျောက်ကပ်ကိုကိုယ်စားပြု ၊ နှလုံးအူသိမ်နဲ့ဆက်စပ်နေ
– လက်သန်းက ရှည်ဖျောင့် ပြီး လက်သူကြွယ် ဒုတိယဆစ်မှီ့နေမှကောင်း
– လက်သန်းက လက်သူကြွယ် ဒုတိယဆစ်ကိုမမှီပဲတိုနေရင် ( သရက်ရွက်မကောင်း၊ မွေးဖွား အင်္ဂါဖွင့်ဖြိုးမှုနည်း)
– လက်သန်း သိမ်လိုက်ရှုးလိုက် (ကျန်းမာရေးမကောင်း၊ ချူချာတဲ့လက်)

၅။ လက်ဝါးပြင်နှင့်အရောင်အဆင်း
လက်ဝါးပြင် ဖြူပြီးအေးစက်နေ – ကျောက်ကပ်၊ အဆုတ်၊ နှလုံး မကောင်း
လက်ဝါးပြင ်အလွန်မင်းနီနေ – အဆီများ၊ သွေးတိုး၊ သွေးလည်ပတ်မှုမကောင်း
လက်ဝါးပြင် အမဲပျောက်များနေ – ဆေးလိပ်သောက်တဲ့သူ၊ သွေးကြောလေကြောပိတ်၊ အဆိပ်အတောက်များသူ
လက်ဝါးပြင် အဖြူမှာအဝါသန်းနေ – အသည်းလုပ်ငန်းပျက်စီး၊ အသည်းရောဂါ(အသားဝါ)၊ အစာချေဖျက်မှုမကောင်း
လက်ဝါးပြင် မဲပြီးဝါနေ – အခြေအနေဆိုး ( သွေး၊ အသည်းနှင့်ပက်သတ်)
လက်ဝါးပြင် စိမ်းပြီးညိုပုတ်ပုတ်ဖြစ် – ဦးနှောက်သွေးကြောပြတ်တက်၊ ခန္ဓာက်ိုယ်တစ်ခုလုံး သွေးလည်ပတ်မှုမကောင်း
အဆစ်တိုင်းမဲ၊ စိမ်း၊ စိမ်းပုတ်ပုတ်၊ ညိုပုတ်ပုတ်ဖြစ် – သွေးကြောပိတ်ဆို့မှုနည်း၊ နှလုံးကြွက် သားအားနည်း
လက်ဝါးပြင် နွေးထွေးပြီးပန်းရောင်သန်းနေ – ကျန်းမာရေးကောင်းသူ

* လူတစ်ယောက်ဟာ…
စိုးရိမ်တက်လွန်းရင် – အဆုတ်ကိုထိခိုက်
ကြောက်လန့်လွန်းရင် – ကျောက်ကပ်ကိုထိခိုက်
ဒေသကြီးလွန်းရင် – အသံကိုထိခိုက်
အပျော်လွန်ရင် – နှလုံးကိုထိခိုက်

သူငယ်ချင်းများအားလုံး ဗဟုသုတ တိုးနိုင်ပါစေ ……။   ။

One comment

  • Gong Zhu

    September 17, 2010 at 9:00 am

    မကြည့်သင့်သောအချိန် – အရက်သောက်ပြီးချိန်၊ ဒေါသထွက်ချိန်၊ လူတွေအများအပြားရှိချိန် . . . အဲ့ဒါ ဘာလို့လဲ . . .

Leave a Reply