အော် ပ ရေ တာ ဘလက် (၄)…။

black chawMarch 17, 20151min48639

ကလင်…ကလင်…ကလင်

အမိန့်ရှိပါ…မြန်မာဂဇက်က ပြောနေပါတယ်ခင်ဗျာ…။

အော်…ကိုတောင်ပေါ်သား လားခင်ဗျာ…။

ဘယ်လိုအကြောင်းထူးများရှိလို့ ပါလဲ…။

အော်…ဇွန်သဉ္ဇာ တစ်ယောက် သမ္မတရဲ့ ပညာသင်ဆု ရသွားတဲ့ သတင်းလားခင်ဗျ…။

ရေးဖြေအောင်သွားတယ်လို့ သိရပါတယ်ခင်ဗျာ…။

လူတွေ့ဖြေ ဖို့ လိုသေးတယ်လို့လည်း သိရတယ်ခင်ဗျ…။

အော်…အဖေါ်အချွတ်ပုံတွေရိုက်တဲ့ မော်ဒယ်တစ်ယောက်ကို သမ္မတ ပညာသင်ဆုပေးသင့်မသင့်

ဆိုတဲ့ ကိစ္စလားခင်ဗျ…။

ဟေးဟေး…။ တပည့်တော်တို့လည်း မလျှောက်တတ်ပါဘူး ကိုကိုရယ်…။

ခင်ဗျာ…။

လူတွေ့စစ်ဆေးမယ့် ပုဂ္ဂိုလ်ကြီးတွေက ဇွန်သဉ္ဇာ့ အွန်လိုင်း ပရိသတ်တွေ ဖြစ်နေရင်

ဘယ်လိုလုပ်မလဲ …။

အော်…ကိုကိုရယ်…ကြံကြံဖန်ဖန်တွေ မတွေးပါနဲ့ခင်ဗျာ…။

လူတွေ့ စစ်ဆေးမယ့် ပုဂ္ဂိုလ်ကြီးတွေ အနေနဲ့ အဲ့ဒါမျိုးတွေ ဝါသနာ မပါလောက်ပါဘူးခင်ဗျာ…။

တော်လို့ အရည်အချင်းရှိလို့ ထိုက်တန်လို့ ဇွန်သဉ္ဇာ တစ်ယောက် သမ္မတရဲ့ ပညာသင်ဆုရခဲ့ရင်

ကိုတောင်ပေါ်သား တို့လို ဇွန်သဉ္ဇာ့ ပရိသတ်တွေအနေနဲ့ လက်ခုတ်တီးပြီး အားပေးသင့်ပါတယ်ဗျာ…။

မုဒိတာ ပွားသင့်ပါတယ်ဗျာ…။

ခင်ဗျာ ကိုတောင်ပေါ်သား အနေနဲ့ ဇွန်သဉ္ဇာ အရွေးခံရမှာစိုးရိမ်နေတယ်ပေါ့နော်…။

ဘယ်လိုဖြစ်လို့လဲ ခင်ဗျ…။

အော်…အရွေးခံရပြီး ပညာရေးဘက် စိတ်ပါသွားရင် ဇွန်သဉ္ဇာ့ပုံတွေ မကြည့်ရတော့မှာ စိုးရိမ်တယ်ပေ့ါနော်…။

အော်…အဲဒါလေး ရင်ဖွင့်ချင်လို့ ဖုန်းဆက်တာပေါ့နော်…။

အခုလို ပွင့်လင်းစွာဆွေးနွေးသွားတာ လေးစားပါတယ်ခင်ဗျာ…။

ဟုတ်ကဲ့..။ ဟုတ်ကဲ့..။

ကျေးဇူးပါခင်ဗျာ…။

ကလင်…ကလင်…ကလင်

ဟုတ်ကဲ့…။ မြန်မာဂဇက်ကပါခင်ဗျာ…။

အော်…ကျိုက်လတ်က မနန်းတော်ရာသူ လားခင်ဗျာ…။

ဟုတ်ကဲ့…။ ပြောပါခင်ဗျာ…။

အော်…အခုခေတ် မော်ဒယ်မလေးတွေ မင်းသမီးလေးတွေ အနေနဲ့

ရည်းစားထားရင် တရားဝင်ကြော်ငြာပြီးထားတာ မဖြစ်သင့်ဘူးပေါ့နော်…။

ဟုတ်တာပေါ့ခင်ဗျာ…။ တကယ်မညားကြပဲ လမ်းခွဲသွားတဲ့အခါကျတော့

သိက္ခာကျတာက မိန်းကလေးတွေပဲပေါ့ခင်ဗျာ…။

အော်…နမူနာလေးတွေနဲ့ ပြောချင်တယ်ပေါ့နော်…။

ဟုတ်ကဲ့ အမိန့်ရှိပါ ခင်ဗျာ….နားထောင်နေပါတယ်…။

မော်ဒယ်မလေး ယွန်းမီမီကျော် နဲ့ အဆိုတော် လေး ကိုနိုင်းဝမ်း…။

ပြီးတော့…မင်းသမီးလေး စံရတီမိုးမြင့်နဲ့ အဆိုတော်လေး ကို           ။

အော်…သူတို့ လမ်းခွဲကြပြီးတဲ့နောက် ကလေးမလေးတွေဘက်က

ဖြေရှင်းချက်တွေ ထုတ်နေရတယ်ပေါ့နော်…။

အော်…မမနန်းတော်ရာသူက မိန်းကလေးချင်း ကိုယ်ချင်းစာစိတ်ဝင်မိတယ်ပေါ့နော်…။

အော်…အခုလောလောဆယ်မှာတောင် ကိုနိုင်းဝမ်း နဲ့ ယွန်းမီမီကျော် တို့ ကားအက်ဆီးဒင့်ကိစ္စတစ်ခု

နဲ့ အငြင်းပွားနေကြတယ်ပေါ့နော်…။

ဟုတ်ပါတယ်ဗျာ…။

မနန်းတော်ရာသူပြောသလိုပါပဲ…။

မော်ဒယ်မလေးတွေ မင်းသမီးငယ်လေးတွေ အနေနဲ့ ရီးစားထားတာကို တရားဝင်ကြေညာပြီး

မထားသင့်ဘူးဆိုတာ ကျွန်တော်လည်း လက်ခံပါတယ်ခင်ဗျ…။

ဟုတ်ကဲ့…။ ဟုတ်ကဲ့…။ အခုလို အကြံပေးသွားတာ ကျေးဇူးပါ ခင်ဗျ…။

ကလင်…ကလင်…ကလင်…

ဟုတ်ကဲ့ပါ…ဘလက်ချောပြောနေတာပါခင်ဗျာ…။

အော်…မန္တလေးက ဗုံဗုံ ပေါ့နော်…။

ဘာများ ရင်ဖွင့်ချင်လို့ပါလဲ ခင်ဗျာ…။

အော်…နီနီခင်ဇော်ရဲ့ ဂယ်ဘဲဂယ်ဘဲ အကြောင်းပြောချင်လို့လား…။

ဟုတ်ကဲ့…။ ပြောပါဗျာ…နားတော့ထောင်ရသေးဘူး ခင်ဗျ…။

အော်…အရမ်း…အရမ်းမိုက်တယ်ပေါ့နော်…။

လူငယ်တွေကြားမှာ အရမ်းအရမ်း ရေပန်းစားနေတယ်ပေါ့နော်…။

ဦးဘလက် ဆို အရမ်းအရမ်း ကြိုက်မှာ သေချာတယ်ပေါ့နော်…။

အော်…သမီးလေးရယ်…။

အရမ်းအရမ်းတွေ သိတ်ဖေါင်းပွနေပါပြီကွယ်…။

ဘယ့်နှယ့်ပြောလိုက်ပါလိမ့်…။

ဦးဘလက်က နီနီခင်ဇော် ဘာလုပ်လုပ် အရမ်းအရမ်း ကြိုက်ပြီးသားဗျ…။

အဟေး…အဟေး…။

အရမ်း အရမ်း ရှက်ဖို့ကောင်းနေပြီလား မသိ…။

အော်…MTV အနေနဲ့ ဖြန့်တာပေါ့နော်…။

သရုပ်ဆောင်တဲ့ အာကာဟိန်းလေးက အရမ်းအရမ်း မိုက်တယ်ပေ့ါနော်…။

ဟုတ်ကဲ့ပါ ဗုံဗုံ ရေ…။

နီနီခင်ဇော် အတွက်ရော သရုပ်ဆောင်ပေးတဲ့ အာကာဟိန်းအတွက်ရော

ဝမ်းသာဂုဏ်ယူရပါတယ်ခင်ဗျာ…။

ဟုတ်ကဲ့ပါ ခင်ဗျာ…။ မူရင်းအခွေ ဝယ်ပြီး အားပေးလိုက်ပါ့မယ်…။

မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ကြော်ငြာပေးလိုက်ပါ့မယ်ဗျာ…။

အရမ်းအရမ်း…ကျေးဇူးပါခင်ဗျာ…။

ကလင်…ကလင်…ကလင်…

ဟုတ်ကဲ့ အမိန့်ရှိပါ…မြန်မာဂဇက် က ပြောနေပါတယ်ခင်ဗျာ…။

အော် တပ်ကုန်းမြို့ရဲ့ ကဗျာဆရာကြီး ကိုနေဝန်းနီ လားခင်ဗျာ…။

ဟုတ်ကဲ့…။

အော်…ရပါတယ်ခင်ဗျာ…။

နိုင်ငံရေးအကြောင်း ထူးခြားတာရှိရင်လည်း ထည့်ပြောလို့ရပါတယ်ခင်ဗျ…။

ဟုတ်ပါတယ်ခင်ဗျာ…။

ကိုနေကြီးတို့လို ရှေ့မီနောက်မီ ကိုကိုတွေရဲ့ နိုင်ငံရေးအမြင်တွေက

လူငယ်တွေအတွက် အားကိုးစရာ လမ်းညွှန်တစ်ခု ဖြစ်စေပါတယ်ခင်ဗျ…။

အော် လောက်ကိုင် ဒေသမှာ စစ်ဆင်ရေးလုပ်နေတဲ့ တပ်မမှူး သုံးဦးကို

လက်ရှိရာထူးတွေက ဖယ်ရှားလိုက်တဲ့ သတင်းလားခင်ဗျ…။

ပြောပါဦးခင်ဗျာ…။

တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးချုပ် လှမြင့်စိုး၊

တပ် ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် ခင်မောင်သန်း၊

တပ်မ ၇ရ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သိန်းဦး တို့ သုံးယောက်ပေါ့နော်…။

အော် လူစားဝင်လာတဲ့ တပ်မမှူးတွေကိုပါ ထည့်ပြောပြမယ်ပေါ့နော်…။

တပ်မ ၁၁ တပ်မမှူးအဖြစ် ဗိုလ်မှူးကြီးအောင်ရဲဝင်း၊

တပ်မ ၄၄ တပ်မမှူးအဖြစ် ဗိုလ်မှူးကြီးသန့်ဇင်၊

တပ်မ ၇ရ တပ်မမှူး အဖြစ် ဗိုလ်မှူးကြီးမိုးကျော် တို့ကို ခန့်ထားလိုက်တယ်ပေါ့နော်…။

အော်…အဲဒီလို တပ်မမှူးတွေ ပြောင်းရွှေ့ခန့်ထားလိုက်တာက သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကို

မကြိုက်တဲ့ သဘောပေါ့နော်…။

ဟုတ်ကဲ့ပါ ကိုနေကြီးရေ…။

ဗဟုသုတအနေနဲ့ မှတ်သားထားလိုက်ပါ့မယ်ခင်ဗျာ…။

နေ့စဉ်နီးပါး တပ်မတော်ဘက်က အထိအခိုက် အကျအဆုံးတွေ ရှိနေလို့ပေါ့နော်…။

ဟုတ်ကဲ့ပါခင်ဗျာ…။

ကျွန်တော်တို့ကတော့ စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်စေချင်တာပါပဲခင်ဗျာ…။

ဟုတ်ကဲ့ ဟုတ်ကဲ့ အခုလို ဖုန်းဆက်ပြီး သတင်းလေး ပေးသွားတာ ကျေးဇူးပါ ကိုနေကြီးရေ…။

ကလင်…ကလင်…ကလင်

ဟုတ်ကဲ့…ပြောပါခင်ဗျာ…။

ဟုတ်ပါတယ် ဘလက်ချော ပြောနေပါတယ်ခင်ဗျာ…။

အော်…ကိုရွှေတိုက်စိုး လားခင်ဗျ…။

အောင်တံခွန် ၃ သင်္ဘောနစ်တဲ့ အချိန်မှာ သင်္ဘောဝန်ထမ်းတွေကပေါ့နော်

ခရီးသည်တွေကို ပြစ်ထားခဲ့ပြီး ကိုယ်လွတ်ရုန်းသွားခဲ့တယ်ပေါ့နော်…။

အော်…စုံစမ်းစစ်ဆေးသင့်တယ်ပေါ့နော်…။

အသက်ကယ် ဝတ်စုံတွေကို သင်္ဘောဝန်ထမ်းတွေကပဲ ဝတ်ပြီး သင်္ဘောကနေ

စွန့်ခွာသွားခဲ့တယ်ပေါ့နော်…။

ခရီးသည်တွေ ရဲ့ အသက်ကို လုံးဝ မငဲ့ကွက်ခဲ့ဘူးပေါ့နော်…။

အော်…မဖြစ်သင့်ပါဘူးခင်ဗျာ…။

တကယ်တမ်းသာ အဲဒီလို ဖြစ်ခဲ့ရင် ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်ခင်ဗျာ…။

ခင်ဗျာ…။

အောင်တံခွန် ၃ သင်္ဘောက ကမ်းမှာ ရပ်ထားရက်နဲ့ တောင် တစ်ဖက်ကို စောင်းနေတဲ့

အခြေအနေပေါ့နော်…။

အော်…ဟုတ်ပါတယ်ခင်ဗျာ…။

အဲဒီလို အနေအထားကြီးနဲ့တော့ သင်္ဘောကို စွန့်စားမသုံးစွဲသင့်ပါဘူးခင်ဗျာ…။

ဟုတ်ပါတယ်ခင်ဗျာ…။

ဒီကိစ္စဟာ အစိုးရ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ ဖြစ်ရတယ်ဆိုတာ ထောက်ခံပါတယ်ခင်ဗျာ…။

တာဝန်ရှိတဲ့လူတွေ နှုတ်ထွက်ကြဖို့ ဆိုတာကတော့

ကျွန်တော်မျိုးကြီးတို့လည်း မလျှောက်တတ်ပါဘူးခင်ဗျာ..။

အော်…တာဝန်ရှိမှန်းသိလို့ တာဝန်ခံတတ်တဲ့ လူတွေဆိုရင်

အဲဒီတာဝန်ကို ယူကိုယူကြမှာပါ ခင်ဗျာ…။

အခုတော့ ကိုရွှေတိုက်စိုး ပြောသလို တာဝန်ရှောင်နေကြသူတွေ ရဲ့ အစိုးရဖြစ်နေ

တာပေါ့ခင်ဗျာ…။

ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ…။

 

ကလင်…ကလင်…ကလင်

ဟုတ်ကဲ့…မြန်မာဂဇက်ကပါ…။

အော်…လုံမလေး မွန်မွန် လားခင်ဗျ…။

ဟုတ်ကဲ့…ဘာများအမိန့်ရှိချင်လို့ပါလဲ ခင်ဗျာ…။

အော်…ဒါရိုက်တာ ဝင်းထွန်းထွန်းက ပြောတယ်ပေါ့နော်…။

ဧပြီလ ၂၆ ရက်နေ့မှာပေါ့နော်…။

လူမှုရေးနဲ့ ပတ်သက်ပြီး အရမ်းတန်ဘိုးထားရတဲ့ အရာတစ်ခုကို စွန့်လွှတ်တော့မယ်ပေါ့နော်…။

ဟုတ်ကဲ့…။ မကြားမိသေးပါဘူးခင်ဗျာ…။

အော်…သူ့ဇနီး ဖြစ်သူ က သစ်သစ်မြင့်ဆိုင်ပေါ့နော်…။

Facebook မှာ နာမည်ကြီးပေါ့နော်…။

အော်…သူတို့ကိုကြည့်ရတာ အိမ်ထောင်ရေးအဆင်မပြေသလိုပဲပေါ့နော်…။

အခုလည်း ဒါရိုက်တာ ဝင်းထွန်းထွန်းက ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား

ချတော့မယ့် သဘောပေါ့နော်…။

အော်…မွန်မွန်ရယ်…။

ဦးဘလက်တို့က ပရိသတ်ရယ်ပါအေ…။

ဆုံးဖြတ်ရမှာက သူတို့ အပိုင်းမို့ တစ်ခုခု မဖြစ်ပါစေနဲ့လို့ပဲ

ဆုတောင်းပေးရုံသာ တတ်နိုင်ကြတာပါအေ…။

ဟုတ်ကဲ့ပါ…။

အခုလို ဖုန်းဆက်ပေးတာ ကျေးဇူးပါခင်ဗျာ…။

 

 

ကလင်…ကလင်…ကလင်

ဟုတ်ကဲ့…အမိန့်ရှိပါ ခင်ဗျာ…။

အော်…မမဝေါင်း လား…။

စောဘွဲ့မှူး အလွမ်းပြေ စတိတ်ရှိုးသတင်းလေး ပြောပြချင်လို့ပေါ့နော်…။

ဟုတ်ကဲ့ ပြောပါခင်ဗျ…။

မတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီမှာ ကျင်းပမှာပေါ့နော်…။

ဘယ်နေရာမှာကျင်းပမှာလဲခင်ဗျ…။

အော် Myanmar Event Park မှာပေါ့နော်…။

ပါဝင်သီဆိုမယ့် အဆိုတော်တွေက ဘယ်သူတွေတဲ့လဲ ခင်ဗျ…။

ကိုင်ဇာ၊ စိုးသူ၊ ဇော်ဝင်းထွဋ်၊ ချစ်ကောင်း၊ ရင်ဂို၊ ရဲသွင်၊ နောနော်၊ ဒီဖြိုး၊

ဝေလ၊ ကောင်းကောင်း၊ ကော်နီ၊ ကဗျာဘွဲ့မှူး၊ မီးမီးခဲ၊ စင်ဒီ၊ ကြိုးကြာ၊

အိမ့်ချစ်၊ အယ်လ်ဆိုင်းဇီ၊ လိမ္မော်သီး၊ အိုင်းရင်းဇင်မာမြင့်တို့ပေါ့နော်…။

လက်မှတ်ဈေးနှုန်းတွေက ငါးသောင်း၊ သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်း

လို့ သတ်မှတ်ထားတယ်ပေါ့နော်…။

ဟုတ်ကဲ့ပါ ဝေါင်းမမရေ…။

စောဘွဲ့မှူး အလွမ်းပြေ ရှိုးပွဲကြီးကို သွားကြည့်ကြဖို့

ကြော်ငြာပေးလိုက်ပါ့မယ်ခင်ဗျ…။

ဟုတ်ကဲ့…ဟုတ်ကဲ့…။

ချစ်ခင်လေးစားတဲ့

အော်ပရေတာ ဘလက်…။

 

 

 

 

39 comments

  • ကူမားရ်

    March 17, 2015 at 7:06 pm

    နာ့အကို ရေးတာတွေဖတ်ပြီး သတင်းစာ face book ဘာမှကြည့်စမလိုအောင် ပြည့်စုံတယ်
    ချိုပေါ့ကျ ကို new version နဲ့ လူလယ်လုပ်ပြီးတင်တာ နာသိတယ်ဆိုတာဘူ့မှပြောဘူးနော်ကို ဘက်
    ဗေတားကို လဘက်ရည်တိုက် …အဲအဲ .. ဗမာလို ပဲတိုက်နော် ပြီးမှ ရခိုင်လိုမှတ်လို့တို့ဘာတို့ ဆိုပြီးဉာဏ်မများနဲ့ သများကစိတ် ခိုင်ဝူး

    • black chaw

      March 18, 2015 at 11:27 am

      @ ကူမားရ် ;
      ပထမဆုံး ရေးတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါ ဗျာ…။
      ချိုပေါ့ကျ ကို New Version နဲ့ လူလယ်လုပ်ပြီးတင်တယ်ဆိုရင်တော့
      ကုလားလေး ကူမားရ် လွဲပါပြီကွယ်…။
      ချိုပေါ့ကျ က သတင်းပါပေမယ့်
      ကာတွန်း၊ ကဗျာ၊ ဓါတ်ပုံ၊ သီချင်း၊ စာတိုပေစ၊ အင်တာဗျူး၊
      အနုပညာသတင်း၊ နိုင်ငံရေးသတင်း အစုံပါအောင်ကြိုးစားထားတဲ့
      အားထုတ်မှုတစ်ခုပါ ကိုကိုရယ်…။
      ဒီ အော်ပရေတာ ဘလက်ဆိုတဲ့ Version က
      ဆရာမြတ်ခိုင် ရဲ့ လွှမ်းမိုးမှုတွေ ပါတယ်ဆိုတာ ဝန်ခံပါတယ်…။
      သတင်း သီးသန့်နဲ့ အနုပညာ အတင်းအဖျင်းတွေ ကို
      စိတ်အညောင်းအညာပြေပြီး ပေါ့ပါးသွားစေချင်တဲ့ စေတနာ နဲ့ ရေးတာပါ…။
      အဲ့ဒီတော့ ချိုပေါ့ကျ ကို Version ပြောင်းလိုက်တာ ဆိုတဲ့
      ကုလားလေး ကူမားရ် ရဲ့ စွတ်စွဲချက်ကို မဟုတ်ရပါကြောင်း
      ငြင်းဆိုလိုက်ပါတယ်ဗျာ…။
      :k:

  • ယွန်​းမီမီ​ကျော်​နဲ့နိုင်​းဝမ်​းက ဘာ​ဒေတုန်​း အ​ဆော်​တိုလားမင်​းသမီးလား
    :mrgreen:
    တုံးတယ်​​ပြော​ပြော ရုပ်​ရှင်​ဂီတဂျာနယ်​​တွေမူ​တော့​အော်​ပ​ရေတာအားကိုး​နေရတာ။
    ဖဘ ​ပေ့ချ်​​တွေကလည်​း နိုင်​ဂန်​​ရေးတမျိုးပဲ​ရေး​နေကြ​တော့ မျက်​​ခြေပြတ်​​နေတယ်​။
    😀
    စံရတီမိုးမြင်​့က​တော့ အဘွိုင်​းရဲဇားမို့လား
    တခါဟိုးဟိုး​ကျော်​ဖူးလို့
    ​အော်​ပ​ရေတာ ဆက်​အားကိုးပါတယ်​
    mrgreen:

    • black chaw

      March 18, 2015 at 11:38 am

      @ နန်းတော်ရာသူ ;
      နိုင်းဝမ်းက အဆိုတော်…၊ ယွန်းမီမီကျော်က မော်ဒယ်…။
      သူတို့ ၂ ယောက် က အရင်က ချစ်သူတွေ…။
      အခု ပြတ်သွားကြပြီ…။
      စံရတီမိုးမြင့်က အဘွိုင်း နဲ့ ချစ်သူတွေပါ..။
      သူတို့လည်း ပြတ်သွားကြပါပြီ…။
      :k:

  • ခင်ဇော်

    March 17, 2015 at 7:47 pm

    နိုင်းး ဝမ်းး နဲ့ ယွန်းးမီ ပေ့ချ် ကို ညလုံးးပေါက်လည်လိုက်တာ
    ရုံးးနောက်ကျပါလေရော..
    ခု ဘေဘီမောင့် သတင်းးရော သိပြီးးပလားးး
    :k:

    • မွသဲ ( 17082011 )

      March 17, 2015 at 9:46 pm

      ဟယ်ဘာဒေလဲပြောပါအုံး

      • ခင်ဇော်

        March 18, 2015 at 11:05 am

        ဂလိုလေ။
        နိုင်းဝမ်းနဲ့ ယွန်းမီက ရဲဇားတွေ
        ကောင်မလေးက မစ် ယူနီဘာ ၁ဝ မှာ ဖတ် ရန်းနအပ် ဆိုလား ဘာလားးး
        အဲဒီ မဲတွေက နိုင်းဝမ်း ဖန် တွေဆီက နိုင်းဝမ်း မက်နာနဲ့ ရထားတာ။
        ကွဲပြီးနောက် ၉၁ မန်းလေးသွားတုန်းး ၉၁ ကားကို
        သူတို့ သူငယ်ချင်းတွေနဲ့ ညှပ်တိုက်တာဆိုလားးး
        အဲဒီနောက် စတေးတပ်တိုက်ပွဲ တွေဖြစ်ပြီးးး

        ဟိုဘက်ဖန် ဒီဘက်ဖန်တွေ သတ်ကြတာ ဟိုးလေးတစ်ကြော်ပဲ။

        အာ့။
        သများလေ စုံအောင် ဖတ်ပြီး ဇာတ်ရည်လည်သော်လည်း အိမ်က ကိုယ့်ညီမ လင်နောက်လိုက်တာ မသိ ဆိုသလိုပါပဲ။

        :mrgreenn:

    • black chaw

      March 18, 2015 at 11:52 am

      @ ခင်ဇော် ;
      ဘေဘီမောင့် သတင်း…။
      သီလရှင် ဝတ်တာတော့ ကြားလိုက်တယ်…။
      သတင်းထူးလေးများရှိရင် ဖေါက်သည်ပြန်ချပါဦးအေ့…။
      :k:

      • ခင်ဇော်

        March 18, 2015 at 11:56 am

        အင်းဆို။
        အာ့ လေ သူကြိုက်တာ က ခပ်ပွေပွေ နေတိုး နဲ့ ဆင်တဲ့ တစ်ယောက်တဲ့။
        သူများနဲ့ ကြိုက်နေတာကို ဖြတ်ယူတာဆိုလားးး
        အာ့ အရင် ကောင်မလေး တစ်ယောက်က ပေ့(ချ) ထောင်ပြီး သမ တာ အဲကောင် ပလိုဖိုင်းပစ်ချာကို ဖြုတ်ထားရတယ်တဲ့ ညော်။

        အာ့ ဘီဘီမောင်ကို အပြစ်ပြောနေကျ လူတွေကလည်း သိလရှင် ဝတ်ပြလိုက်တော့ သာဓု ခေါ်ပြီး ပါးစပ်ပိတ်သွားတယ် ဆိုလားးးး
        :k:

  • Mr. MarGa

    March 17, 2015 at 7:49 pm

    ရေရေရာရာမဟုတ်ဘဲ ရိုးတိုးရိပ်တိပ်ပဲ သိတာတွေ အတော်များနေပြီ
    ဟူး………..

    • black chaw

      March 18, 2015 at 11:55 am

      @ Mr. Marga ;
      တချို့ကိစ္စတွေက ရေရေရာရာ သိစရာမလိုဘူးကွယ့်…။
      အဲဒီ ရိုးတိုးရိပ်တိပ် လောက်နဲ့ ခံစားလို့ ရနေတာပဲကွယ်…။
      :k:

  • naywoon ni

    March 17, 2015 at 8:33 pm

    ​ဟေ့ လူဂျီးဘက်​ နိုင်​ငံ​ရေး အ​ကြောင်​း​တွေ သိပ်​မသိချင်​ဘူးဗျ။ ခု​လော​လောဆယ်​ ကျုပ်​ စဉ်​းစား​နေတာက “အမျိုးသား ပညာ​ရေး ဥပ​ဒေ” ပြီးရင်​ အမျိုးသား ကျန်​းမာ​ရေး ဥပ​ဒေ ” လာဦးမလားလို့ ။ ​နောက်​ပြီး ခုတစ်​​လော ဆူညံသံ​တွေ သိပ်​များ ​နေတယ်​ဗျ ။ ကား​တွေက ဟွန်​းရှည်​တီးတာတို့ ညနက်​သန်​း​ခေါင်​ မီးရထား ဥဩ ဆွဲတာတို့ ။ အလှူမင်္ဂလာ​ဆောင်​​တွေမှာ အသံချဲ့စက်​ ညလုံး​ပေါက်​ နီးပါးဖွင်​့တာတို့ ။ ” ပတ်​ဝန်​းကျင်​ ဆူညံသံ ထိမ်​းချုပ်​​ရေး ” ဥပ​ဒေ ဆွဲပြီး လွှတ်​​တော်​တင်​ရင်​​ကောင်​းမလားလို့ 🙂

    • kai

      March 18, 2015 at 11:19 am

      Hate မလိုတမာမုန်းတီးမှုကိုတားမြစ်တဲ့ဥပဒေမျိုး..ကတော့.. မြန်မာပြည်မယ်အရေးပေါ်ကို.. ထုတ်ဖို့လိုနေပြီလို့ထင်တယ်..။
      ဆိုတော့….
      တလေဒီမှာပေါ့နော..၊သရုပ်ဆောင်တဲ့မမပေါ့နော်..
      =
      …တော်ပါပြီ. ပြောကာမှပိုမလိုတမာလုပ်နေမှ… :i:

    • black chaw

      March 18, 2015 at 11:59 am

      @ naywoon ni ;
      အော်…ကိုကိုရယ်…။
      အဲဒီ ပညာရေးဥပဒေဆိုတာကြီးကရော နိုင်ငံရေးမဟုတ်လို့
      ဘာအရေးလဲ ဗျာ…။
      ပတ်ဝန်းကျင် ဆူညံသံ ကိစ္စကတော့
      အော်တဲ့လူတွေများလွန်းလို့ ဟောင်းနေပါပြီဗျာ…။
      ဥပဒေ ထုတ်စေချင်ရင်တော့
      လမ်းပေါ်ထွက် ဆန္ဒပြကြရင် ပိုမြန်မယ် ထင်မိတယ်…။
      :k:

  • မွသဲ ( 17082011 )

    March 17, 2015 at 9:47 pm

    နန်းတော်ရာသူဖုန်းသဒင်းလေး အကျယ်ချဲ့ပေးပါ အော်ပလေတာရီးချင့်

    • black chaw

      March 18, 2015 at 12:00 pm

      @ မွသဲ ;
      အကျယ်ချဲ့ပြီးကြောင်းပါဗျာ…။
      :k:

  • တောင်ပေါ်သား

    March 18, 2015 at 9:19 am

    ဟိုက်ရှားစ်လဘား

    အနော် တောင်ပေါ်သား ဇွန်သဉ္ဇာ နဲ့ မပတ်သက်ရကြောင်းပါ

    အဲဒီ သဉ္ဇာ ဆိုတဲ့နာမည်ကို ဆက်တိုင်းဘဝ မကြားရလိုသူပါ 🙁

    ကျုပ် သိချင်တာက ဒီမနက် နွယ် ဘာလို့ ရုံးမတက်တာလဲ ဟင် ?

    • black chaw

      March 18, 2015 at 12:06 pm

      @ တောင်ပေါ်သား ;
      စကားမစပ် အဲဒီ နွယ်ရဲ့ ဖုန်းနံပတ်လေးများ လက်ခံရရှိပြီးပါပြီလား…။
      မရသေးရင်တော့ အတော် လိုသေးတယ်လို့ပဲ
      မှတ်ချက်ပေးရတော့မှာပဲ ဗျာ…။
      :k:

      • တောင်ပေါ်သား

        March 18, 2015 at 1:31 pm

        ဘယ်ရမတုန်းဗျ
        ယူထားတာပေါ့
        မနက် ၁ဝ း ၃ဝမှာ သူက စဆက်တာ
        နေမကောင်းလို့ပါ တဲ့ ၊ ညနေသွားရဦးမယ် 🙂

  • ဗုံဗုံ

    March 18, 2015 at 10:43 am

    အက်​ဘလူး နီနီခွင်​​ဇော်​ဆိုတာ
    စလုံးခွင်​​ဇော်​လို ပိန်​ပိန်​​သေး​သေး​လေးလား
    စလုံးခွင်​​ဇော်​နဲ့ ​ကျော်​​ကျော်​ပိုင်​မှူးအ​ကြောင်​းလည်​း
    တင်​ဆက်​​ပေးဖို့ ​တောင်​းဆိုပါဒယ်​ 😛 😛

    • ခင်ဇော်

      March 18, 2015 at 10:58 am

      အဲ့ ကျော်ကျော်ပိုင်မှူး ခုမကြိုက်တော့ဝူးးး

      ကျောင်းသားသပိတ်ကို ပြောင်လို့။

      နောက်တောက်ရှာပြီးမှ သီတင်းထုတ်ပြန်မယ်။

      ခိ
      :mrgreenn:

      • ဗုံဗုံ

        March 18, 2015 at 11:07 am

        ဟွန်​း ပြင်​းထန်​ချက်​က​တော့
        ​ဖောင်​ပြင်​ရင်​​ရော ကြိုက်​မာလား :mrgreen:

        • ခင်ဇော်

          March 18, 2015 at 11:10 am

          ပြောင်တာဆိုရင်…….

          နဖောင်ပြူး လဲရတယ် တမဒဂျီးက လွဲရင်…
          ဖောင်ပြင် လဲရတယ် ဂျွန်တင်ဂျာကလွဲရင်….

          :mrgreen:

      • black chaw

        March 18, 2015 at 12:16 pm

        @ ခင်ဇော် ;
        ခင်ဇော် နော် … စိတ်သိတ်ကြီးတယ်…။
        ကျော်ကျော်ပိုင်မှူးနော်…ကျောင်းသားသပိတ်ကို နောက်တယ်…။
        အခုလုံးဝ…မကြိုက်တော့ဘူး…။
        နောက်တစ်ယောက်ထပ်ရှာမယ်နော်…။
        နွဲ့တဲ့တဲ့လေးတွေ ရှောင်ပါလို့ အကြံပေးချင်ပါတယ်ဗျာ…
        :k:

    • black chaw

      March 18, 2015 at 12:10 pm

      @ ဗုံဗုံ ;
      ကျော်ကျော်ပိုင်မှူးက သီချင်းတစ်ခွေ ထွက်မယ်…။
      သရုပ်ဆောင်တဲ့ဘက်မှာတော့ မအောင်မြင်သေးပေမယ့်
      အဆိုတော် လုပ် ရင်တော့ အောင်မြင်နိုင်ကောင်းပါရဲ့လေ…။
      :k:

  • Wow

    March 18, 2015 at 11:53 am

    ငင်… နာဆက်ပီးသဒင်းပေးလိုက်မိတာဂိုးးးး
    သွားတော့ကျိချင်သား စောဘွဲ့မှူးအလွမ်းပြေက အိုင်စီမပါဝူးလား

    • black chaw

      March 18, 2015 at 12:18 pm

      @ Wow ;
      ကိုယ်ပေးတဲ့ သတင်း ကိုယ်ပြန်မေးနေတယ်…။
      အိုင်စီ က အဲဒီရက်မှာ ပွဲတစ်ခုလက်ခံထားပြီးဖြစ်နေလို့ မပါဖြစ်တာပါ…။
      :k:

  • pooch

    March 18, 2015 at 11:57 am

    စုံပလုံကို စိနေတာပဲ
    စောဘွဲ့မှူ း အလွမ်းပြေလေး ခွေထုတ်ရင်ကောင်းမယ် လူစုံဆိုကြမှာဆိုတော့
    ကိုဘလက်သွားကြည့်ပါလား မဒမ်ဘလက်နဲ့
    ကဗျာဘွဲ့မှူ း ဆိုထားတဲ့ ရေခဲချောင်းရောင်းပြီးကျောင်းထားပေးတဲ့ ဖခင်မေတ္တာဘွဲ့ သီချင်းကို ငယ်ငယ်စနားထောင်ခါစ မျက်ရည်တောင် ကျတယ်
    ဧည့်သည်သီချင်းလည်း ပြန်ဆိုရင် ကောင်းမယ်

    • black chaw

      March 18, 2015 at 12:21 pm

      @ pooch ;
      စောဘွဲ့မှူး အလွမ်းပြေ က ခွေထုတ်လိမ့်မယ်ထင်ပါတယ်…။
      သွားမကြည့်နိုင်ပါဘူးပုချ်ရယ်…။
      မဒမ်ဘလက်က ရုပ်ရှင်တောင် မနည်း ခေါ်ရတာ…။
      သူ့ ကိုရီးယားကား နဲ့ သူပျော်နေတာဗျ…။
      :k:

  • Alinsett@Maung Thura

    March 18, 2015 at 2:00 pm

    အောင်တံခွန် ၃ သင်္ဘောနစ်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး.. နောက် တက်လာတဲ့ သတင်းထဲ…စိတ်ထဲ ခုလုခုလု ဖြစ်သွားစေတာလေးက… ဒီမှာ…

    ———
    ရေယာဉ်နစ်မြုပ်မှု စုံစမ်းရေးကော်မရှင်ဖွဲ့ရေးအဆို လွှတ်တော်ပယ်ချ
    2015-03-17
    http://www.rfa.org/burmese/news/parliament-rejects-investigate-boat-sink-03172015103055.html

    ရခိုင်ပြည်နယ်က အောင်တံခွန် အမှတ်(၃)ရေယာဉ် နစ်မြုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးဖို့ အတွက် ပြည်သူ့လွှတ်တော်ထံ အရေးကြီးအဆို တင်သွင်းဖို့ကြိုးစားရာမှာ ပယ်ချခံလိုက်ရပါတယ်။

    ပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အယုံအကြည်မရှိ တာကြောင့် ပြည်ထောင်စုအဆင့် ကော်မရှင်တစ်ခု ဖွဲ့စည်းပေးဖို့ အဆိုတင်သွင်းဖို့ ကြိုးစားခဲ့တာဖြစ် တယ်လို့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောပါတယ်။

    “သူတို့မှာ ဒီကိစ္စတွေကို ဆောင်ရွက်နိုင်တဲ့ အခွင့်အာဏာလည်း ဥပဒေအရမရှိဘူးလေ၊ သူတို့ရဲ့လုပ်ရည်ကိုင်ရည်ကလည်း ဒီကိစ္စကို မှန်မှန်ကန်ကန် သူတို့ဖော်ဆောင်နိုင်စွမ်း ဘယ်လိုမှရှိမှာမဟုတ်ဘူး၊ ဒီကိစ္စကို မနက်ဖြန်အစီရင်ခံစာတင်ရမယ်၊ အခုဟာက သေတဲ့သူက ဘယ်နှစ်ယောက် သေမှန်းတောင်မသိသေး ဘူး၊ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို ဥက္ကဌဆီကိုပို့ထားလိုက်တယ်၊ ဥက္ကဌဆီကပြန်လာတာ က ပြည်နယ်မှာဆောင်ရွက်နေကြပြီဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်မှာဆွေးနွေးစရာမလိုဘူးဆိုပြီးတော့ အဲဒီ့ဆွေးနွေးခွင့်ကို လက်မခံလိုက်ဘူးပေါ့”

    အဲဒီအရေးကြီးအဆိုကို ကိုယ်စားလှယ် ဦးဘရှိန်က အမျိုးသားလွှတ်တော်မှာ ထပ်မံတင်သွင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

    အောင်တံခွန် အမှတ် (၃) ရေယာဉ်ဟာ မတ်လ ၁၃ ရက်နေ့က ငပသုန်ကျွန်းနဲ့ မြောက်ကြိမ်ကျွန်းအနီးမှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူအလောင်း ၆၄ လောင်းကို ရှာဖွေတွေ့ရှိထားပါတယ်။

    ရေယာဉ်နစ်မြုပ်မှုကို စုံစမ်းစစ်ဆေးတဲ့ ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ပြည်နယ်အစိုးရထံ မနက်ဖြန်မှာ အစီရင်ခံစာတင်သွင်းရမှာဖြစ်ပါတယ်။

    ရခိုင်ရေယာဉ်နစ်မြုပ်မှု စုံစမ်းရေးအဖွဲ့ ဥက္ကဌ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင် ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

    ===============

    https://www.youtube.com/watch?v=Cy4AhfmKtUU

  • ခင်ဇော်

    March 18, 2015 at 3:20 pm

    ဇွန်သင်ဇာ ကိစ္စကတော့ ထုံးစံ အတိုင်း ၂ ဖွဲ့ ကွဲပြန်ပြီဗျာ။
    ကျနော်ကိုယ်တိုင် ကြားနေ ချင် လစ်ဗျဲကျချင်သော်လည်း ဒီကိစ္စမတော့ အမြင်မကြည်။
    ပြောင်စိန် နောက်လိုက်တွေကတော့ အပြစ်မမြင်ပဲ ပြောတဲ့သူတွေကပဲ မနာလို ဖြစ်သယောင် ပြောကြသေးးး
    ဟေးဟေးဟေးးး
    :mrgreen:
    ပြောရရင် သူ့ အဟွာပြောင်တာ ကိုယ့်ဟာပြောင်တာမဟုတ်လို့ ပြောင်တာ မရှက်သလို
    ဒီ ပညာရေး စံနစ်မှာ သမဒပေးတဲ့ စကောဖြစ်ဖြစ် ဇကာဖြစ်ဖြစ် စိတ်ဝင်စားစရာမကောင်းပါဘူးး။
    ပြောင်စိန် အမြင်မကြည်ဘူး မှတ်လိုက မှတ်ကြ။
    သူတို့ ဘာလုပ်လုပ် အကောင်းကို မမှတ်တာခက်တယ်။
    :mrgreenn:

    ကိုယ့်မတော့ Perfect Image ဖြစ်စေချင်တာလေး ပဲ ရှိတယ်။
    ပါသွားလည်း ခါးခါးသီးသီးမဖြစ်ပေမဲ့ ရီချင်တာတော့ရှိတာပေါ့။
    :k:

    ပါသွားရင် တင်ရမဲ့ ဟာသတွေအောင် စုထားသေးတယ်။
    :mrgreen:
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    .
    .
    .
    သိုးရဲ
    Credit-Thoe Yae”

    .
    .
    ဟိုတစ်နေ့ကမိတ်ဆွေတစ်ယောက်မလုံ့တလုံ့ဓါတ်ပုံတွေရိုက်တဲ့ကောင်မလေးသမ္မတရဲ့ပညာသင်စရိတ်ရဖို့ဝင်ဖြေတဲ့ကိစ္စဘယ်လိုထင်သလဲလို့လာမေးပါတယ်..
    ကျွန်တော်ထင်မြင်ချက်ကတော့ဒီအတိုင်းပါဘဲဗျာ..

    “ဇွန်သင်ဇာ ကို ပညာသင်တော်ဆုပေးတာဟာ
    …………………………
    တချို့က … ဇွန်သင်ဇာ ဟာ ဖော်ချွတ်ပုံတွေ
    ရိုက်လို့…. စာမတော်ရတော့ဘူးလား…ဆိုပြိ်း
    ခွဲမြင်ကြဖို့ ပြောနေတာမျိုးလည်းရှိသလို….

    တချို့က လည်း… ဇွန်သင်ဇာ ကပဲ ဒေါက်တာဘွဲ့ ရခဲ့ရင်…. ဖော်ချွတ်ပုံတွေ မကြည့်ရမှာစိုးလို့လား..
    ဆိုပြီး ပြောနေကြတာလည်း ရှိတယ်။

    လွဲနေတယ်.. …အဲ့ဒီကိစ္စကို ချဉ်လွန်းလို့ ဘာမှဝင်မပြောပေမယ့်။ .
    ကျွန်တော် အမြင် …က…တော့….
    ဇွန်သင်ဇာ ကို ပညာတော်သင် ဆုပေးတာဟာလုံးဝ
    မဖြစ်သင့်ဘူး လို့မြင်တယ်။ ဒါက မနာလိုလို့ပြောတာမဟူတ်ဘူး။
    သူညဏ်ရည် အစစ်မှန်နဲ့ သူရခဲ့တာ ဆိုရင် တောင်
    ပေးဖို့ မသင့်ဘူး။

    ဘာလို့လဲ မေးစရာတွေရှိပါလိမ့်မယ်….

    ၁။သူပညာတော်သင် သွားရင်….
    သူဟာ မြန်မာပြည်က လွတ်လိုက်တာ…
    သူဟာ ဘယ်လို လူမျိုးလဲ…..
    ကျွန်တော် တို့ဟာ ဖာသည်ကို ပညာတော်သင် လွတ်လိုက်ရသလိုပဲ။
    ဘယ်နိုင်ငံမှ sex မော်ဒယ်တွေကို ပညာသင်ဆုမပေးပါဘူး။ နိုင်ငံ Image ကျဆင်းလို့ပါပဲ။

    ဇွန်သင်ဇာ က sexy မော်ဒယ်မဟုတ်ဘူး
    အပြာမော်ဒယ်လို့ တောင်ပြောလို့ရပါတယ်။
    ဒီလိုလူကို ပညာတော်သင်လွတ်တာ …
    နိုင်ငံ Image ကျပါတယ်။

    ၂အချက်က.. မြန်မာပြည်မှာ.ပိုက်ဆံ.ချို့တဲ့ပြီး
    ထက်မြက် တဲ့ လူတွေ အများကြီးပါ…။
    ပညာတော်သင် လွတ်တယ်ဆိုတာကလည်း
    တကယ်တော်ပြီး…. မတက်နိုင်တဲ့ လူတွေကို လွတ်တာမျိုးလဲ ရှိပါတယ်။

    ၃ အချက်က
    လေးစာ:မူ ဘယ်လောက် strong ဖြစ်မှာလဲ?
    ဟုတ်ပြီ… သူဒေါက်တာ ဖြစ်ခဲ့ရင်….
    သူ့အမဲစက်..က လိုက်နေမှာပါ…..
    ဂရုမပြုပဲ ကောင်းတာတွေ ပဲလုပ်လာတယ်ဆိုဦးတော့
    အနည်းနဲ့ အများကတော့ … ဒီဒေါက်တာ ကအလကားပါ… အရင်က ဘာကြီး ဖာကြီး
    သူ့ရဲ့…. လုပ်ဆောင်မူတွေကို….
    ဘယ်သူကမှ… အတည်ပြု လေးစားမှာမဟုတ်ဘူး။

    ဘာလို့လဲ သူ့ကိုယ်သူ ပဲဖျက်စီးခဲ့ပြီး.
    အမဲစက်ကို ကြာရှည်စွာ အစွန်းခံခဲ့လို့ပဲ။

    အမှားတွေ ကို သိရင်ပြင်လို့မရဘူးလာမဟုတ်ဘူး ပြင်လို့ရပါတယ်။ ဘယ်အပိုင်းကိုပြင်မှာလဲ… လူဟာ သူ့ဗီဇနဲ့သူလာတာမျိုး…သူပြင်မယ်လို့မထင်ဘူး။
    သူ့မိဘက ဖြေဆိုလို့ ဝင်ဖြေတာ လို့ သူပြောခဲ့တယ်လေ။

    ပညာမတက်တဲ့ ချို့တဲ့ တဲ့ ဖာသည် က စားဝတ်နေရေးကြောင့်
    လို့ထည့်တွေးလို့ရပေမယ့်
    ပညာတက်ပြီး ..ပြည့်စုံပြီး…. မိမိဟာ အကုန်ချွတ်ပြနေတာက .အပြာ အလုပ်လုပ်နေတာက…. ပိုပြီး..
    အရှက်ကင်းမဲ့သူလို့ပြောလို်ရပါတယ်။
    ကိုယ့်ကိုယ်ကို တန်ဖိုး မထားတက်တာပါ။

    ..ကိုယ့်ကိုယ်ကိုတောင် တန်ဖိုး မထားတက်တဲ့သူက .. ဘာကိုမှလဲ တန်ဖိုး ထားတက်မှာမဟုတ်ဘူး။
    အဲ့လို စိတ်ဓာတ် ရှိသူ
    ပြန်အကျိုးပြုမှာက…..
    သူပြောနေကြစကားလေးတိုင်းပဲ…
    Sexy ပါတီ မြန်မာပြည် ဆိုလား…
    Sexy မြန်မာပြည် လွှမ်းရမည်ဆိုလား…

    အဲ့မှာ ဖာတွေ ဖြစ်ကုန်ရော….။

    ကျွန်တော်.သူ့ပုံကို မသုံးပါဘူး….။
    တော်ကြာ ပညာသင်ဆု အကြောင်းပြပြီး
    ကျက်သရေ မရှိတဲ့ ပုံတင်တယ် ဖြစ်မှာစိုးလို့ပါ။

    အကောင်းမြင်ပေး ချင်ပါတယ် အကောင်းတိုင်းပဲမြင်ချင်ပါတယ်……..။ ဒါပေမယ့်.. . တိုင်းပြည်ရဲ့ Image အတွက်နဲ့ လိုအပ်ချက်ကို ပဲ ထောက်ပြတာပါ။ အကောင်းမြင် တယ်ဆိုတဲ့ အဓိပ္ပါယ် က အကောင်းကိုမြင်လို့ အကောင်းဘက်ကို ပြင်မယ် လိုအပ်တာကို ဖြည့်မယ်ဆိုတဲ့သဘော။ ဖြစ်သမျှ အကြောင်း အကောင်းပဲဆိုရင်….. ကုန်သွားမှာပေါ့ဗျာ..။ သူတော်ကောင်းကို ကြည့်တဲ့ အမြင်ဟာ ကောင်းပြီး.။.. မကောင်းတဲ့ သူအတွက်ကြည့်တဲ့ အမြင်ဟာ မကောင်းတာ… သဘာဝပဲ… ဗျ။
    အကောင်မြင်စေချင် ကောင်းတဲ့အပြုမူတွေနဲ့ နေထိုင်ပေါ့ဗျာ..

    သိုးရဲ
    Credit-Thoe Yae”

    • မွသဲ ( 17082011 )

      March 19, 2015 at 9:15 am

      ပီထောင်စုညန်မာနိုင်ဂွဒေါ်သန်းမဂျီးမှ နိုင်ဂံဒဂါအဆင့်မှီ ဖင်ပြောင်များအားစကော်လာပေးနေတီဆို ဒန်ဒန့်ဒန်

      • ခင်ဇော်

        March 19, 2015 at 9:30 am

        ပြောင်တာချင်း တူလို့ ပေးတယ် ဆိုရင်
        တညား ဒက် ကို စကောလား လျှောက်ခိုင်းမို့ တမဒဂျီး ဆီကို။

        :k:

  • black chaw

    March 19, 2015 at 10:42 am

    @ မွသဲ ၊ ခင်ဇော် ;
    အဟမ်း…အဟမ်း…အဟမ်း…။
    🙂

  • Mike

    March 19, 2015 at 1:52 pm

    . လောက်ကိုင် ဒေသမှာ စစ်ဆင်ရေးလုပ်နေတဲ့ တပ်မမှူး သုံးဦးကို
    .လက်ရှိရာထူးတွေက ဖယ်ရှားလိုက်တဲ့ သတင်း ကြားရတော့ အဲ့သုံးဦးစလုံး ပျော်နေကြမှာမြင်ယောင်ပါရဲ့ :k:

  • Mike

    March 19, 2015 at 2:10 pm

    .နောက်..တရုတ်ကြီး ကျေနပ်အောင်အရေးယူပြတာနေမှာဗျ

    • black chaw

      March 19, 2015 at 7:05 pm

      @ Mike ;
      စစ်မြေပြင်မှာ
      မြန်မာဘက်က အကျအဆုံး သိတ်များနေတယ် ဆိုလား…။
      ဖဘ မှာ တက်နေတဲ့ ပုံတွေ ကလည်း မြင်မကောင်းဘူးဗျာ…။
      တပ်မမှုူးတွေ လုပ်ရည်ကိုင်ရည် ညံ့ဖျင်းလို့ လဲလိုက်တာလို့ ယူဆရပါတယ် ဗျာ…။
      ဒါမှမဟုတ်လည်း သေလမ်းနည်းလို့ ကိုယ့်လူကိုယ် ပြန်ဆွဲထုတ်တယ်လို့လည်း
      ယူဆရပါတယ် ကိုမိုက်ရေ…။
      :k:

  • မသစ်က ပြောထားတယ်.. သူက ပွဲတက်ဝတ်စုံပါတဲ့.. အကျီင်္တွေအမျိုးမျိုးရှိတယ်တဲ့.. အိမ်နေရင်းဝတ်စုံ..ညအိပ်ဝတ်စုံ.. အဲဒီထဲကမှ ပွဲတက်ဝတ်စုံဆိုတာ အမြတ်တနိုးထားပြီး ပွဲရှိမှ ထုတ်ဝတ်တာတဲ့.. သူကတော့ ပွဲတက်ဝတ်စုံပါတဲ့.. မိန်းမတစ်ယောက် သိပ်တော်နေရင် အိမ်ထောင်ကွဲလည်း ဘာမှမဖြစ်ဘူး ထင်ပါကြောင်း.. :k:

  • black chaw

    March 19, 2015 at 7:09 pm

    @ လုံမလေး မွန်မွန် ;
    အဲဒီ အယူအဆကြီးကိုတော့ မထောက်ခံချင်ပါဘူးအေ…။
    ဖင်ပိတ်ငြင်းသလိုကြီး ဖြစ်နေသလားလို့…။
    အိမ်ထောင်ကွဲပြီဆိုမှတော့ အနည်းနဲ့အများ
    မကောင်းဘူးလို့ ထင်ပါကြောင်း…။
    ညီးက သစ်သစ်မြင့်ဆိုင် ရဲ့ ပရိသတ် ထင်တယ်…။
    :k:

Leave a Reply