လွမ်​း​စေ​သော နှင်​းရယ်​

ကာရံMarch 17, 20151min1578

လွမ်​း​စေ​သောနှင်​းရယ်​

အ​အေးရတက်​ ​ထွေးဖက်​ကာထား​ပေမယ်​့
တစက်​စက်​ကယ်​ ​ကြေ ွသူမို့ ​မေရယ်​​အ​ဝေးရပ်​က​မျှော်​လင်​့ပြီ

ပုလဲမျက်​ရည်​ လွမ်​းရက်​ကယ်​ရှည်​ကြာ​ညောင်​း
​မေ့​မေတ္တာ​ပြောင်​းမသွား​​ပေဘူး သိပ်​ချစ်​တာ သူသိပါ​စေ

​ည​လေ​ဖွေး​ဖွေး မြူ လည်​း​ဝေပြီ
​အနမ်​းလည်​း​ပျယ်​ လွမ်​းလျှက်​ကွယ်​​မျှော်​သူမို့
အချမ်​းရယ်​အ​ဖော်​ပြု​ရင်​း
မှန်​းဆကာ တမ်​းတမိတယ်​
လွမ်​း​စေ​သောနှင်​းရယ်​ ​

ကာရံ ၁ရ ့၃ ့၂၀၁၄

8 comments

  • Alinsett@Maung Thura

    March 18, 2015 at 12:57 am

    ဟယ် မိရံရံ ညည်း ပျောက်နေလိုက်တာ
    .နေနိုင်လိုက်တာအေ
    ညည်းလိုပါပဲ ကျုပ်လည်း အမ်တီနှင်းတယောက်ကို သတိရတာပဲ
    သူဂ ဖေ့ဘုတ်ပေါ်မှာပဲ ရှိနေပြီး ရွာထဲ မလာဖြစ်ဘူးကိုးအေ့
    ညည်းနှယ်အေ
    သုလော်ဒဂင်ဂျီး အုကျောက်စ်ကျတော့ မလွမ်းဘူး
    လုပ်စမ်းဘာအေ ”လွမ်းဇေသော ကျောက်စ်”တို့ ဘာတို့

    :k:

  • kai

    March 18, 2015 at 5:19 am

    နှင်းပိုလွမ်းပြီး.. နစ်သွားအောင်.. အောက်ကနေရာ.. ဘော့စတွန်ပို့လိုက်မှနဲ့တူတယ်..။

  • black chaw

    March 18, 2015 at 8:32 am

    ​ည​လေ​ဖွေး​ဖွေး မြူ လည်​း​ဝေပြီ

    ဆိုတဲ့ နေရာမှာ
    ညလေ ဖွေးဖွေး မြူလည်းဝေးပြီ လို့ ရေးထားတယ်မှတ်ပါတယ်…။
    အဲဒါမှ ကာရန်သင့်သွားမယ် မဟုတ်လား…။
    သတ်ပုံမှားပြီး ဝေ မှာ ဝစ်စနှစ်လုံး ကျန်ခဲ့တာလား…။
    ဒါမှမဟုတ် ညလေဖွေးဖွေး မြူလည်းဝေပြီ က အမှန်ပဲလား…။
    အဲဒါလေး သိချင်လို့ ဝင်မေးဝင်ရေးသွားပါတယ်ခင်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • ကာရံ

    March 18, 2015 at 11:37 am

    ​ဝေဆာတာကိုဆိုလိုချင်​တာပါ အ​ဝေး​ရောက်​တယ်​လို့မဟုတ်​ပါဘူး
    မြူ များသက်​ဆင်​းလာတယ်​လို့​ပြောချင်​တာ တစ်​ခုခုလွဲများ​နေသလား ​ထောက်​ပြလို့ဝမ်​းသာပါတယ်​ ​ကျေးဇူး

  • black chaw

    March 18, 2015 at 11:46 am

    ထောက်ပြတာ မဟုတ်ရပါဘူးခင်ဗျ…။
    တစ်ပုဒ်လုံး ကာရန်ညီအောင် ရေးခဲ့ပြီးမှ
    အဲဒီနေရာလေးက မညီတော့
    အရမ်းသိသာနေလို့ မေးမိတာပါခင်ဗျာ…။
    ကဗျာလေး ခံစား ဖတ်ရှုသွားပါတယ်ခင်ဗျ…။

  • Kaung Kin Pyar

    March 18, 2015 at 4:41 pm

    ဝင်ရောက် ဖတ်ရှုအားပေးသွားပါတယ် ကာရံရေ….
    နောက်လဲ ခုလို ကဗျာကောင်းလေးတွေ အများကြီး ရေးနိုင်ပါစေ…လို့…

  • ကာရံ

    March 19, 2015 at 5:02 pm

    ခုလိုအား​ပေးတာ​ကျေးဇူးတင်​ပါတယ်​​နောက်​သတိထားပြီး​ရေးလိုက်​မယ်​​နော်​ ခုလို​ပြောပြတဲ့အတွက်​ ကြိုဆိုပါတယ်​ ပြန်​မပြင်​ချင်​​တော့လို့ ဒီတိုင်​း​လေးထားလိုက်​တာပါ

Leave a Reply