​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၃

naywoon niMarch 17, 20151min14411

​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၃

ခရီးစဉ်​ စပြီ

မနက်​အ​စောမနိုးတတ်​တဲ့ ​နေဝန်​းနီ မနက်​အ​စောနိုးဖို့ ကြိုးစားရပြီ ။ ပထမဆုံး အ​တွေ့ အကြုံ အဆင်​မှ​ပြေပါ့မလား ။ စိတ်​ကူးထဲ မှာ အစမ်​းလုပ်​ကြည်​့ရတာအ​မော ။ ပထမဆုံးသွားရမဲ့ အုပ်​စု နံမယ်​က ” လက်​ပန်​” တဲ့ ။ ရုပ်​ရှင်​ဇာတ်​ကား နံမယ်​​တော့ ဟုတ်​ဖူးဗျ ။ မြို့နဲ ့ ဆယ်​့​လေးမိုင်​​လောက်​​ဝေးပါတယ်​ ။ အခုမှ ​မော်​​တော်​ဆိုင်​ကယ်​​တွေ ​ပေါလာလို့ သွား​ရေး လာ​ရေး လွယ်​ကူ​နေ​ပေမဲ့ လွန်​ခဲ့ နှစ်​နှစ်​ဆယ်​ ​လောက်​က ဆယ်​မိုင်​ခရီးကို စက်​ဘီးနဲ့ သွား ​လေးမိုင်​ခရီးက ​ခြေလျင်​ သွားခဲ့ရတာပါ ။ သွားရမှာက ဒုဦးစီး ကိုသိန်​းလွင်​ဦးနဲ့ လက်​​ထောက်​လဝက ဖြိုး​ဇော်​ဦး နဲ့ ​နေဝန်​းနီ ပြီး​တော့ အုပ်​ချုပ်​​ရေးမှူး စာ​ရေးရယ်​ ​လေး​ယောက်​ ။ ချိန်​းထားတဲ့ လက်​ဖက်​​ရည်​ဆိုင်​​ရောကာ​တော့ စာ​ရေးကမ​ရောက်​​သေး ။ ဖုန်​းနဲ့ အတန်​တန်​ လှမ်​း​ခေါ်မှ ​ရောက်​လာတယ်​ ။ ​ထွေအုပ်​ရုံးမှာ တန်​းစီ​နေရ​သေးဆိုပဲ ။ “မင်​းတို့ရုံးကလည်​း စစ်​တပ်​လိုပဲ တန်​းစီရလား”ဆို​တော့ “အဲ့ထက်​ဆိုးတယ်​ အကိုကြီး​ရေ “တဲ့ ။ ​နေဝန်​းနီက အ​ကြောင်​းသိမို့ မသက်​သာတဲ့ အပြုံးနဲ့ပဲ တုန်​့ပြန်​လိုက်​ပါတယ်​ ။ ဗိုက်​နာမှ ​ရေအိမ်​လိုက်​ရှာတတ်​တဲ့ ဝန်​ထမ်​းတို့ထုံးစံ အတိုင်​း ပြူးပြူးပြဲပြဲ ပလပ်​စတစ်​အိတ်​ဝယ်​တာတို့ ဖုန်​းကဒ်​​ဘေလ်​ထည်​့တာတို့ ဘာညာ သာရကာ လုပ်​ပြီးတဲ့​နောက်​ ရှစ်​နာရီ​ကျော်​​ကျော်​​လောက်​မှာ စထွက်​ဖို့ ပြင်​ပါတယ်​ ။

သွားရမှာက ၁၄ မိုင်​ခရီး ။ သွားမှာက ​လေး​ယောက်​ ဆိုင်​ကယ်​က ၂စီး ။ ​ဆောင်​းတွင်​း​ပေမဲ့ မ်​ိုးက အုံ့ပျက်​ပျက်​ ။ လက်​ဖက်​ရည်​ဆိုင်​က မီးပွိုင်​့ ​ရှေ့တင်​ဆို​တော့ မီးနီကို​စောင်​့ပြီး ထွက်​လာရ​သေးတယ်​ ။ ​မြောက်​ဖက်​ သုံး​လေးပြ ​လောက်​ထွက်​လိုက်​တာနဲ့ မြို့ ဧရိယာ ဆုံးပြီး ဓာတ်​ဆီဆိုင်​​တွေ ​တွေ့လာရတယ်​ ။ ခုတစ်​​လော ကျုပ်​တို့ တပ်​ကုန်​းမှာ​ရှောင်​မလွတ်​တာက ဓာတ်​ဆီဆိုင်​ရယ်​ ဘီယာဆိုင်​ရယ်​ ကျူရှင်​​ဘော်​ဒါ ဆိုင်​းဘုတ်​ရယ်​ ဆိုတာလိုပဲ ။ ပန်​့ဆိုင်​တစ်​ခုမှာ ဆီဝင်​ထည်​့ပြီး ဆက်​ထွက်​လာ​တော့ ဘာမှမရှိတဲ့ ကုတင်​တစ်​ရာ ​ဆေးရုံ ။ အဲ့ကမှ စစ်​တပ်​ ။ ​နေဝန်​းနီက ဖြိုး​ဇော်​ဦး ဆိုတဲ့​ကောင်​​လေး​နောက်​က ။ ဆိုင်​ကယ်​က ​လေဆန်​ပြန်​​မောင်​း​နေရတာ ဆို​တော့ ​အော်​​ပြောလဲ သဲသဲကွဲကွဲ မကြား ။ ခမရ ၁၀၉ ​ရှေ့လမ်​းခွဲက​နေ အ​နောက်​ဖက်​ဆင်​းပြီး MRTV တို့ သကြားစက်​ တို့ကိုဖြတ်​ပြီး ဆင်​​သေ ဆည်​လက်​တံ​မြောင်​း​တွေက​နေတစ်​ဆင်​့ ဆင်​့တက်​ကဲ သွားလို့ရတဲ့ လမ်​းရှိတယ်​ ။ ဒါ​ပေမဲ့ အလယ်​ကျွန်​း ဆိုတဲ့ ရွာအထိပဲ လမ်​း​ကောင်​းတယ်​ ။ ၁ဝမိုင်​ ။ ​နောက်​​လေးမိုင်​ခရီးက မ​သေချာဘူး ။ အရင်​ လည်​း အဲ့​လေးမိုင်​က လမ်​း​လျှောက်​သွားရတာ ။ လှည်​းလမ်း​ကြောင်​း အတိုင်​း တစ်​​မျှော်​တစ်​​ခေါ် ။ ​ရှေ့က​ကောင်​ကလည်​း ​ခေါ်မကြား ​အော်​မကြား ​စော​စောက လမ်​းခွဲ​ကျော်​လာတယ်​ ။ ​နောက်​တစ်​လမ်​းက ​ညောင်​လွန်​့ ရွာက​နေ အ​နောက်​ ခုနှစ်​မိုင်​ခရီး ။ အဲ့လမ်​းက ​တောင်​ကုန်​း​တွေကိုဖြတ်​​ဖောက်​ထားတဲ့ လမ်​း ။ ​မြေသားက ​ကျောက်​စရစ်​ ဆန်​လို့ ​လမ်​းက​တော့ မ​ချောပါဘူး ။ အတက်​အဆင်​းများတာ​လေးတစ်​ခုပါပဲ ။ စာ​ရေးက ဒုဦးစီးကိုတင်​ပြီး ယခင်​လမ်​းရိုးကလစ်​ပီ ။ ဆိုင်​ကယ်​ ၂စီး​လေးသွားပါတယ်​ ။ တစ်​လမ်​းစီ ။ ဘာပဲ​ပြော​ပြော လက်​ပန်​ဆိုတဲ့ ရွာ​ရောက်​​တော့ မနက်​ ကိုးနာရီခွဲ ။

ရွာထုံးစံက​တော့ ​ဘယ်​ကဧည်​့သည်​ ​ရောက်​လာလာ လက်​ဖက်​ရည်​ကြမ်​းဝိုင်​းက အဆင်​့သင်​့ ။ ခု​နောက်​ပိုင်​း ရယ်​ဒီမိတ်​ အင်​းစတန်​့​တွေ ​ပေါလာ​တော့ ထပ်​တိုးလာတာက ​ကော်​ဖီမစ်​ ​ကွေကာ ဘတ်​ဒီ ကြိုက်​ရာ ​ဖျော်​​သောက်​လို့ရ​အောင်​ အထုပ်​လိုက်​ ချ​ပေးထားတယ်​ ။ ​နေဝန်​းနီက​တော့ ​ရောက်​​လေရာမှာ စူးစမ်​းတတ်​တဲ့ အကျင်​့အတိုင်​း ​ရေငုတ်​လို့ ​ခေါ်တဲ့ လက်​နဲ့ နှိပ်​ရတဲ့ ​ရေတုံကင်​နား သွားအကဲခပ်​ရင်​း ​ရေအိမ်​ အ​ခြေအ​နေ အကဲကြည်​့လိုက်​ ။ ဓာတ်​​သေ ရိုက်​ဖို့ ရိုက်​ကွင်​းလဲရှာရင်​း​ပေါ့ ။ စိတ်​ကူးထဲကအတိုင်​း ​နောက်​ခံ ပိတ်​စက ပါး​နေ​တော့ နံရံ တစ်​ခုခုမှာချိတ်​ဆွဲမှရမှာ ။ အဲ့ဒိ​နေရာကလည်​း အလင်​း​ရောင်​ ​ကောင်​း​ကောင်​းရဖို့လိုတယ်​ ။ ​နေဝန်​းနီ ရိုက်​ကွင်​းရှာလိုက်​​တော့ နှစ်​​နေရာ ​တွေ့ ​လိုက်​တယ်​ ။ ပထမ​နေရာက အလင်​း​ကောင်​း​ကောင်​းရနိုင်​​ပေမယ်​့ အိမ်​ရဲ့​လှေခါးနဲ့ နီးပြီး ဖြတ်​သွားဖြတ်​လာ လမ်​းဖြစ်​​နေတယ်​ ။ ဒီ​တော့ ဒုတိယဦဂစား​ပေး​နေရာသတ်​မှတ်​လိုက်​ပြီး ​နောက်​တစ်​​နေရာကို​ရွေးလိုက်​တယ်​ ။ အိမ်​​ခေါင်​းရင်​းဘက်​ က​နေရာ တစ်​ခု ။ အိမ်​နံရံကို ​နောက်​ခံပိတ်​စ ချိတ်​ဆွဲလို့ အဆင်​​ပြေတယ်​ ။ မိုးကလည်​း အုံ​ ့​နေတာဆို​တော့ ​နေပူလာမှာလဲ စိုးရိမ်​စရာမရှိဘူး ။ အိမ်​နဲ့ လွတ်​ကင်​း​နေ​တော့ အလင်​း​ရောင်​လဲ ​ကောင်​း​ကောင်​ရတယ်​ ​။ ​မြေ​နေရာကလည်​း ညီတယ်​ ။ အဲ့သဟာနဲ့ အိမ်​နံရံကို ​နောက်​ခံ ပိတ်​စ ချိတ်​လိုက်​ပြီး စားပွဲ တစ်​လုံးနဲ့ ထိုင်​ခုံ ၂လုံး စီစဉ်​ခိုင်​းလိုက်​တယ်​ ။ ရွာလူကြီးက​တော့ လူစု​နေတုန်​း ။ ပြင်​ဆင်​စရာ​တွေ ပြင်​ဆင်​ပြီး​တော့မှ အိ်​မ်​ရှင်​လာချ​ပေးတဲ့ ​ကော်​ဖီ ခွက်​နဲ့ ​ဆေးလိပ်​တိုကို မီးညှိလိုက်​ပြီး ဖုန်​းကို ဖွင်​့ကြည်​့လိုက်​​တော့မှ ဟိုက်​ရှာလပတ်​ရည်​ လို့ ​အော်​လိုက်​မိတယ်​ ။ ဖုန်​းမှာက ​အော်​ရီဒူးနဲ့ တယ်​လီ​နော ၂ ကတ်​ထည်​့ထားတာ ၂ကတ်​လုံး လိုင်​းမရှိ ။ ​မေးကြည်​့​တော့ MPT လည်​း လိုင်​းမတက်​ပါတဲ့ခင်​ဗျာ ။

​နေဝန်​းနီ

11 comments

  • ခင်ဇော်

    March 17, 2015 at 9:17 pm

    ဟယ်
    အာ့မှ ဂွ
    ဓာတ်ပုံရိုက်ဖို့ ဖုန်းးလိုင်းး လိုလို့လားးးး
    :g:

    • naywoon ni

      March 17, 2015 at 9:27 pm

      ဖွဘုတ်​​လေး ဘာ​လေး ညာ​လေး သုံးလို့ ရမလား လို့ပါ​အေ ညည်​းကလဲ လန်​့လိုက်​တာ 🙂

  • Kaung Kin Pyar

    March 18, 2015 at 9:40 am

    တကူးတကကို သွားရတဲ့ခရီးပဲ….။ အဲ့ဒီဘက်ကလူတွေရဲ့ နေထိုင်မှုပုံစံ၊ သက်မွေးဝမ်းကျောင်းအလုပ်တွေကရော ဘာတွေလုပ်ကြလဲ ဆြာနေ…။

    • naywoon ni

      March 19, 2015 at 1:39 am

      ဟုတ်​ အပိုင်​း ၅ မှာ​တော့ ရွာဓ​လေ့ ​လေး​တွေ ချည်​့ဖြစ်​သွားပြီး ဓာတ်​​သေ လည်​း ထည်​့ထားပါတယ်​ ။ အဲ့ပုံ​လေး​တွေက ဖုန်​းနဲ့ရိုက်​ယူလာပြီး FB မှာ တင်​ဖူးတယ်​ ။ ​နောက်​ ဖုန်​းမင်​မိုရီ ပြည်​့သွားလို့ ဖျက်​တဲ့ အထဲပါသွားတာနဲ့ ​ရှော့ကပ်​ယူပြီးတင်​​ပေးလိုက်​တာပါ ။ အဆင်​​ပြေလား​တော့မသိ ဒီမှာ​တော့ ခုမှ တစ်​ပုံပဲ​တွေရ​သေးတယ်​ ။

  • Alinsett@Maung Thura

    March 18, 2015 at 3:40 pm

    အဲ့ဒီဒေသတွေ မဆိုထားနဲ့
    ရန်ကုန် တချို့နေရာတွေတောင် လိုင်းက မမိ
    ဈေးဝယ်ဖို့ စင်တာတွေထဲရောက်လို့ မြေအောက်ထပ် ရောက်သွားရင် ဖုန်းသာ ပိတ်ထားတော့
    ကျိန်ဆဲရပေါင်းလည်းများလို့ အာတောင်ပေါက်နေပြီ
    အိုဘယ့် MPT

  • Kaung Kin Pyar

    March 18, 2015 at 4:16 pm

    ကျားးးးလားးးးးးးး ကျားးးး လားးးးးးး ကျားးးး လားးးးးးး ကျားးးးးရဲ့လားးးး
    :k:

  • Mr. MarGa

    March 19, 2015 at 11:05 am

    ဖုန်းပွတ်နေကျ အကျင့်က ဖျောက်မရဘူးကိုး
    ခုနောက်ပိုင်း ကျနော်တောင် နေရာတကာ ဖုန်းပွတ်တာကို ကြိုးစားဖျောက်နေရတယ်..
    :k:

  • Mike

    March 19, 2015 at 1:08 pm

    .ဘာလိုင်းမှမမိတော့လည်း မနေတတ်မထိုင်တတ်ဖြစ်နေပေမပေါ့နော :k:

    • naywoon ni

      March 19, 2015 at 1:14 pm

      ဟုတ်​ပါ့ မိုက်​ရာ ​စော​စောက ​လေးဆယ်​့ငါးမိနစ်​​လောက်​ ရွာထဲဝင်​​နေရင်​းနဲ့ ချက်​ချင်​းကြီး​ပျောက်​သွားတာ ။ ​ဖေ့စ်​ဘွတ်​မှာ အ​ကောင်​း ။ ရွာထဲကသာ ပ​လော်​ဗလံ ဖြစ်​သွားတာ ဗျ

  • Shwe Ei

    March 19, 2015 at 2:20 pm

    …ဖုန်းလိုင်းလုံးဝမမိ
    ..လျှပ်စစ်မီးလုံးဝမလာ.
    …လမ်းပမ်းဆက်သွယ်ရေးလုံးဝ စုတ်ပြတ်သတ်သော..ဒေသများ ပေါတဲ့..
    ..ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်တျန့်ပြည် 🙂

    • naywoon ni

      March 19, 2015 at 7:51 pm

      ကျန်​​သေးတယ်​ ​ရွှေအိရဲ့
      ခြင်​က​ပေါ
      ဘွက်​ထူဖုန်​ထ
      ​ရေကရှား
      အသံချဲ့စက်​ဆူ
      🙂 🙂

Leave a Reply