​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၄

naywoon niMarch 18, 20151min907

​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၄

ဓာတ်​​သေတစ်​ကယ်​ရိုက်​ပြီ

စိတ်​ကူးနဲ့ ရိုက်​လာတဲ့ ဓာ​တ်​သေ တစ်​ကယ်​ရိုက်​ဖြစ်​ပါပြီ။ ဘယ်​သူရိုက်​မလဲ လာ​ဟေ့ “​ဒေါက်​ ဂွပ်​ ” ဆိုပြီး ရိုက်​လို့ ရတာ မဟုတ်​ဘူးဗျ။ မှတ်​ပုံတင်​ လုပ်​ဖို့ ဆို​တော့ ဟုတ်​​သော်​ရှိ မဟုတ်​​သော်​ရှိ ရုံးလုပ်​ထုံးလုပ်​နည်​း​လေး​တွေ ဖြည်​့စရာ ရှိတဲ့ပုံစံ​လေး​တွေဖြည်​့ ။ သူတို့လိုချင်​တဲ့ ​ထောက်​ခံစာ​လေး​တွေ ပြည်​့စုံ​အောင်​လုပ်​ရ​သေးတယ်​ ။ ​နေဝန်​းနီက သူတို့ဆီက ပုံစံ အတွဲကြီးနဲ့ ထွက်​လာမှ လက်​​ဗွေ နှိပ်​ ( လက်​နှစ်​ဘက်​ ဆယ်​​ချောင်​းစလုံးနှိပ်​ရတာ ။ ပုံစံက ၂ရွက်​ အခါနှစ်​ဆယ်​ ) ပြီးမှ ဓာတ်​​သေရိုက်​ ။ လူနာမယ်​ ရွာနာမယ်​ ကင်​မလာထဲက SD Card နံပါတ်​​ရေး မှတ်​ ။ အဲ့ဂလို ။ ကင်​မလာထဲက​နေ လူတစ်​​ယောက်​ကို ဒဲ့ ကြည်​့ရတာ ကိုက ခံစားမှု တစ်​မျိုး ။ အရင်​ရိုက်​ဖူးတာက အရိုက်​ခံရမဲ့သူက သူ့ကို ရိုက်​မှန်​းသိတာမဟုတ်​ဘူး ။ ဖလက်​ရှ်​ မီးပွင်​့သွားမှ သူ့ကို ဓာ​တ်​​သေ ရိုက်​မှန်​းသိကြတာ ဆို​တော့ သိပ်​​ပြောစရာမလိုဘူး ။ ခု​တော့ ကြည်​့ဦး ​ဈေးဦး​ပေါက်​တာက ​ကောင်​မ​လေး တစ်​​ယောက်​ဆို​တော့ ။ ​နောက်​ခံကား​ရှေ့ ထိုင်​ခုံ​လေး​ပေါ်မှာထိုင်​​နေတယ်​ ။ သူ့ကို ဓာတ်​ပုံရိုက်​မယ်​ ဆိုတာသိ​နေတယ်​ ။ ကင်​မလာနဲ့ ချိန်​ကြည်​့တဲ့အခါ ……… သူဘယ်​လိုမှ တည်​မ​နေနိုင်​ဘူး ။ ​ဘေးက စ, ​နေတာလည်​းပါတာ​ပေါ့ ။ အဲ့​မေ့လို့ မှတ်​ပုံတင်​ က လိုင်​စင်​ ဓာတ်​​သေ ​တွေမှာက ကန်​့သတ်​ချက်​​တွေ ရှိတယ်​ ။


( မိန်​းက​လေးဆိုရင်​ ရှပ်​အင်္ကျီ ​ကော်​လံနဲ့ မရိုက်​ရဘူးတဲ့ဗျ ။ ပြီး​တော့ အနက်​​ပြောင်​ တီရှပ်​ စပို့ရှပ်​ မဖြစ်​ရဘူး ။ ဆံထိုး ဆံညှပ်​ ဘီးဆံပတ်​ တပ်​မထားရဘူး ။ သနပ်​ခါး​ဗေဒါ ကွက်​နဲ့ဆိုရင်​ အဖြူ အမဲ ရိုက်​တာဖြစ်​တဲ့ အတွက်​ ဓာတ်​​သေမှာ အကွက်​ရာကြီးထင်​​နေမှာ​ကြောင်​့ ဖျက်​ခိုင်​းရပါတယ်​ ။ ရိုးရိုးမိန်​းမဝတ်​ အင်္ကျီ အ​ပေါ်ဝတ်​ အ​နွေးထည်​ ထပ်​ဝတ်​မထားရ တဲ့ဗျာ ။ ဘယ်​နဲ့လဲ ။ မှတ်​ပုံတင်​ အတွက်​လိုင်​စင်​ ဓာတ်​ ​သေ အပြင်​မှာ ရိုက်​သွားရမှာဆိုရင်​ သိသွား​အောင်​လို့ပါ ။ ​ယောက်​ျား​လေးများကျ​တော့ ရှပ်​​ကော်​လံ စတပ်​ ဖြစ်​ရပါမယ်​ ။ စပို့ရှပ်​ တီရှပ်​ မရပါဘူး ။ အ​နွေးထည်​ ဝတ်​ရိုက်​လို့မရပါဘူး ။ နားမှာ ကပ်​ထားတဲ့ နကပ်​​တွေဘာ​တွေပါရင်​ ဖြုတ်​ခိုင်​းရပါတယ်​ ။ ဒီစည်​းကမ်​းချက်​​တွေက ဘယ်​သူ ချမှတ်​ခဲ့မှန်​းမသိ​ပေမဲ့ အဲ့ ဒိစည်​းကမ်​းချက်​​တွေ​ဘောင်​ဝင်​​အောင်​ ရိုက်​​ပေးရသလို လူနဲ့ ကင်​မလာ နံပါတ်​လည်​း မလွဲ​အောင်​မှတ်​ရပါတယ်​ ။ )

အဲ့​စော​စောက ​ကောင်​မ​လေးက ​ဗေဒါကွက်​​လေးပါ​နေတာ မဖျက်​ခိုင်​းလိုက်​မိဘူး ။ ပထမဆုံး အကြိမ်​ရိုက်​ရမှာ ဆို​တော့ ​မေ့တာ​ပေါ့ဗျာ ​နော့ ။ သူအာရုံနဲနဲ ​ပြောင်​းသွား​အောင်​ သနပ်​ခါး ဖျက်​ခိုင်​းလိုက်​ဦးမယ်​​ပေါ့ ။ အ​နွေးထည်​ အကျႋီ ​လေးပါ ချွတ်​ခိုင်​းလိုက်​တယ်​ ။ ဖုန်​းထဲမှာ သူငယ်​ချင်​းတစ်​​ယောက်​ထည်​့​ပေးလိုက်​တဲ့ မူဗွီ​လေး တစ်​ခုလို​ပေါ့ ။ ” ဘယ်​ဘက်​နဲနဲ အိုးများသွားပြီ နဲနဲ​လေး အဲ့ ပြုံးပြုံး​လေး​နေ လှသွားဘီ ” ဆိုသလို​ပေါ့ ။ ကင်​မလာနဲ့ အထိ အ​တွေ့ မရှိ​တော့ ကင်​မလာ​ရှေ့မ​နေတတ်​ဘူး ။ ​ခေါင်​း​စောင်​​နေတာ ။ မျက်​လုံးက ​အောက်​ကိုကြည်​့​နေတာ ။ ​နောက်​ လက်​ပြင်​ ကုန်​း​နေတာ ။ အကုန်​ပါးစပ်​က​ပြော​ပေး​နေရတာ ။ အာ….. လက်​နဲ့ သွားပြင်​မ​ပေးရဲပါဘူး ။ ” ​ရှေ့တည်​့တည်​့ကြည်​့ နှုတ်​ခမ်​းနဲနဲ ​စေ့ ။ ရိုက်​ပြီ …..။ သွားပြီ ။ ကင်​မလာ ခလုပ်​ အနှိပ်​ မီးအပွင်​့ မင်​းသမီးက မျက်​လုံးအမှိတ်​ ကွက်​တိ ။ တစ်​ကယ်​့ ကွက်​တိပဲ ။ ​နောက်​တစ်​ခါပြန်​ရိုက်​ ။ မီးအပွင်​့ မျက်​လုံး အမှိတ်​ ။ မရ​တော့ဘူး သုံးကြိမ် ​မြောက်​ကျ​တော့ မီးပိတ်​ထားလိုက်​တယ်​ ။ အသံတိုးတိုး​လေးပဲ ထွက်​လာပြီး မီးမပွင်​့လို့ မီးအပွင်​့ မျက်​လုံးမှိတ်​ပြမလို့ ​ချောင်​း​နေတဲ့ မင်​းသမီး ဘယ်​ရမလဲ ။ ငါလဲ ​နေဝန်​းနီ ကွ ဆိုပြီး ကင်​မလာ ကို ခပ်​တည်​တည်​ ကိုင်​ပြီး စားပွဲမှာထိုင်​ နာမယ်​စာရင်​း သွင်​း​နေ​တော့ အ​ဖော်​ပါလာတဲ့ အ​မေဖြစ်​သူက
” ဆရာ​လေး ရပြီလား ”
​နေဝန်​းနီ ကလည်​း ” ဟုတ်​ …. ရပါပြီ ” ဆိုပြီး ​စော​စောက သူ့သမီး ဓာတ်​​သေ ဖွင်​့ပြ ။ မျက်​လုံးမှိတ်​ရက်​ နှစ်​ပုံ ။ ဖွင်​့ရက်​ တစ်​ပုံ ။ ​ရှေ့က နှစ်​ပုံ ဒလိ လုပ်​ ။ ဓာ​သေ နံပါတ်​ မှတ်​ပြီး ​ခေါင်​း ​မော့ အကြည်​့ ​​ရှေ့မှာ ​ရောက်​​နေတာက သုံး​ယောက်​ ။ ​ဆောင်​းတွင်​း မိုးအုံ့မှိုင်​းမှိုင်​း မှာ ​နေဝန်​းနီ တို့ ​ချွေး​တွေဘာ​တွေ ပြန်​လို့ …….. ။

​ရှေ့​ရောက်​​နေတဲ့ သုံး​ယောက်​ အလှည်​့ကျ လက်​​ဗွေနှိပ်​​ပေး ဓာတ်​​သေရိုက်​ မီးပိတ်​ပြီးသားဆို​တော့ အို​ကေပဲ ။ သူတ်​ို့မျက်​လုံး မှိတ်​မပြကြ​တော့ဘူး ။ တစ်​ခုခက်​တာက လက်​​ဗွေနှိပ်​တဲ့ အချိန်​​ကော ဓာတ်​​သေ ရိုက်​တဲ့ အချိန်​ပါ မတ်​တပ်​။ ဓာ​တ်​သေ ရိုက်​တဲ့ အချိန်​ ခါးက ​ကွေးရ ညွှတ်​ရ​သေး ။ဒီကြားထဲ အဖျက်​က ဝင်​လာပြန်​ ။ တစ်​မနက်​လုံး မမြင်​ရတဲ့ ဘာနုရာဇာက ​နေဝန်​းနီရဲ့ ​နောက်​ခံ ပိတ်​စ ​ပေါ် ဟိုတစ်​ကွက်​ ဒီတစ်​ကွက်​ လာ​နှောက်​ယှက်​ပြီ ။ အဲ့ဒိ​တော့ ဘိုလုပ်​မလဲ ။ အိမ်​နံရံမှာ ချိတ်​ထားတဲ့ ပိတ်​စကိုဖြုတ်​ ။ အနားမှာ​ထောင်​ထားတဲ့ ဝါးကပ်​တစ်​ခုမှာ ညှပ်​ ။ အဲ့ ဝါးကပ်​ကို ဝင်​းနံရံ မှာ ကပ်​ပြီး​ထောင်​လိုက်​တာ​ပေါ့ ။ ဝါးကပ်​အကျဲက အလင်​း​ပေါက်​​လေး နဲနဲပါးပါး​တော့ရှိတာ​ပေါ့ ။ ဒီတစ်​ခါကျ​တော့ ထိုင်​ခုံမလို​တော့ဘူး ။ ဝါးကပ်​က နဲနဲမြင်​့သွားပီ ။ အဲ့​တော့ အရိုက်​ခံမဲ့သူနဲ့ ရိုက်​မဲ့သူ ​ဖေ့စ်​တူ​ဖေ့စ်​ မတ်​တပ်​က​နေရိုက်​လို့ရသွားပြီ​လေ။ ခါးညွှတ်​စရာ မလို​တော့ဘူး ။ ​နောက်​ကျပြီး ထွက်​လာတဲ့ ​နေကို​တောင်​ ​ကျေးဇူးပဲလို့​ပြောရမလို ။ အဲ့သလို အဲ့သလိုနဲ့ တစ်​​ယောက်​ပြီး တစ်​​ယောက်​ပြီး တစ်​​ယောက်​ ဓာတ်​​သေ ရိုက်​လာလိုက်​တာ လူနဲနဲအဆက်​ပြတ်​သွားလို့ လိုင်​းမရှ်​ိတဲ့ဖုန်​းဖွင်​့ပြီး နာရီ ကြည်​့လိုက်​​တော့ ​နေ့လည်​တစ်​နာရီ​ကျော်​​နေပြီ ။ ဟိုနှစ်​​ယောက်​​ရှေ့မှာ လူမပြတ်​​သေးဘူး ။ သူတို့နား မ​ယောင်​မလည်​သွားကြည်​့ ။ ​ကျောင်​းက ​ပေးလိုက်​တဲ့ အသက်​အ​ထောက်​အထား ​ထောက်​ခံစာ​ပေါ် အငြင်​းပွား​နေတာ အသာနား​ထောင်​ရင်​း ပြုံးမိ ။ အ​တွေးတစ်​ခုဝင်​လာတာနဲ့ ဝင်​​ပြောမိမှာစိုးလို့ ​စူပါ​ကော်​ဖီမစ်​ တစ်​ထုပ်​နဲ့ မတ်​ခွက်​ဆွဲပြီး အသာ​လေးပြန်​လာခဲ့ရတယ်​ ။ ​နောက်​ အုပ်​ချုပ်​​ရေးမှူးစာ​ရေးက ​ရေ​နွေးဓာတ်​ဗူး ဆွဲပြီးလိုက်​လာတာနဲ့ ​နောက်​တစ်​​ခေါက်​​တော့ပြန်​သွားစရာ မလို​တော့ဘူး ဟဲ့ဆိုပြီး ကိုယ်​့ဖာသာကို ​ကော်​ဖီမစ်​​ဖျော်​ပြီး ​ဆေးလိပ်​​လေးဖွာ ​ဆေးလိပ်​မီးခိုး​ငွေ့​တွေ​နောက်​လိုက်​ရင်​း တစ်​စုံတစ်​ရာကို လိုက်​ရှာ​နေမိ​တော့တယ်​ ။

​နေဝန်​းနီ
2015MAR 18
12:15AM

7 comments

  • ခင်ဇော်

    March 18, 2015 at 7:49 am

    ဟုတ်ကဲ့။
    နောက် ဆို အကျဉ်းဦးစီးက ဓာတ်ပုံရိုက်ဖို့လို ရင် ခေါ်မယ်တဲ့ ဥနီ။

    :kwi:

  • Kaung Kin Pyar

    March 18, 2015 at 9:59 am

    လိုင်စင် ဓာတ်သေတွေမှာ ကန့်သတ်ချက်တွေရှိတယ်….။ ဟုတ်ပါ့…။ ဒါပေမယ့်ပေါ့လေ…လိုင်စင်ဓာတ်ပုံမယ်…ခပ်တည်တည်နေနေတဲ့ပုံတွေထက်စာရင်….မျက်နှာချိုချိုနဲ့..ပေါ့ပေါ့ပါးပါး ပြုံးနေတဲ့ ပုံလေးတွေကို ပိုသဘောကျမိ….
    လိုင်စင်ပုံတွေချည်းရိုက်ခဲ့တာလား ဆြာနေ….။ ရောက်တုန်းရောက်ခိုက် ကင်မလာလဲပါတာ…အနီးအပါး မရိုက်ခဲ့ဝူးလား…လို့..
    ဥပမာ ထန်းတောနဲ့ နေလုံးကြီးတို့ ရေချိုးဆိပ်တို့ဘာတို့…

    • naywoon ni

      March 19, 2015 at 1:42 am

      ကင်​မလာနဲ့ ရိုက်​ပြီး အင်​တာနက်​​ပေါ်တင်​ဖို့ အဆင်​မ​ပြေလို့ပါ ။ အပိုင်​း ၅ မှာ​တော့ ဖုန်​းနဲ့ ရိုက်​ထားတဲ့ပုံ​လေးထည်​့​ပေးလိုက်​ပါတယ်​ ။ ထန်​း​တောထက်​ ပိုလှတဲ့ ပုံ​ပေါ့ 🙂

  • Alinsett@Maung Thura

    March 18, 2015 at 3:43 pm

    ရှာလိုက်မိတဲ့ တစုံတရာကို
    .တွေ့ပြီလား.
    .တွေ့ မတွေ့ သိရဖို့ နောက်အပိုင်းမှာ ဆက်ဖတ်မယ်ဆြာရေ့

  • တောင်ပေါ်သား

    March 18, 2015 at 3:54 pm

    ကျုပ်မလည်း မှတ်ပုံတင်မရှိပဲ နေလာတာကြာပေါ့

    လွန်ခဲ့တဲ့ ၅ နှစ်လောက်က မှတ်ပုံတင်ပျောက်လို့ သွားလုပ်တာ ၃ သောင်းတောင်းလို့ ပစ်ထားလိုက်ရော

    ခရီးသွားရင် ရုံးကဒ် ၊ ရပ်ကွက်ထောက်ခံစာနဲ့ပဲ ဒိုးနေတာ

    အခုတော့ မိုးပွင့် တဲ့

    ကမာရွတ်ကို ဝင်မလာသေးဘူး

  • Mr. MarGa

    March 19, 2015 at 11:08 am

    ဝင်လာတဲ့ အတွေးကို စိတ်ဝင်စားနေသဗျ
    :k:

    • naywoon ni

      March 19, 2015 at 2:43 pm

      ကျ​နော်​တို့ ဗမာလူမျိုး​တွေရဲ့ ​မွေးသက္ကရာဇ်​ မှတ်​ပုံ​လေး​တွေ ပတ်​သက်​ပြီး အ​တွေးဝင်​လာတာပါဗျာ ။ ​မွေးသက္ကရာဇ်​ ဆိုလို့ မြန်​မာသက္ကရာဇ်​ပြက္ခဒိန်​နဲ့ ခရစ်​သက္ကရာဇ်​ ပြက္ခဒိန်​အ​ကြောင်​း​လေး မှတ်​ထားတဲ့ ​မေးလ်​ Draft ​လေး ပြန်​​တွေ့တယ်​ဗျာ ။ ဒီစီးရီး​လေးပြီးရင်​ ဆက်​ဆွဲရမလားလို့ 🙂

Leave a Reply