ယောက်ျား မာယာ…။

black chawMarch 18, 20151min59865

 

မိန်းမတွေက မာယာများသတဲ့…။

အဲဒီ များလှပါတယ်ဆိုတဲ့ မိန်းမတွေ လိုက်လို့မမီတဲ့ ယောက်ျားတွေရဲ့ မာယာ အကြောင်း

ပြောပြမလို့ပါ…။

တချို့ကိစ္စတွေက ပြန်ပြောပြဖို့ တော်တော် ခက်ပါတယ်…။

အိမ်ထောင်ရှင်ယောက်ျားတွေ ညဘက်အပြင်ထွက်တဲ့အခါ သူတို့မိန်းမကို အကြောင်းတစ်ခုခု

ပြကြရမှာပါပဲ…။

ဥပမာ ပေ့ါဗျာ…။

ညဘက် ဘလက်ကြီး အပြင်ထွက်မယ်ဆို မဒမ်ဘလက် ကို အကြောင်းတစ်ခုခု ပြရတာပါပဲ…။

ဆိုကြပါစို့…။

နိုဇိုးမိကြီး ဖုန်းဆက်သွားတယ်ကွာ…။

ဘီယာလေး ဘာလေး သောက်ရင်း တွေ့ကြရအောင် လို့ ပြောသွားတယ်…။

ဆိုတာမျိုး…။

ဟိုလဒလေး အင်ဇာဂီ ဖုန်းဆက်သွားပြန်တယ်ကွာ…။

အသည်းကွဲနေလို့တဲ့…။ သူရင်ဖွင့်ချင်လို့တဲ့…။ အဲဒါ သွားနားထောင်ပေးရဦးမယ်ကွာ…။

ဆိုတာမျိုးပေါ့…။

အဲသလို မာယာမျိုးဆို မဒမ်ဘလက်က ဘယ်တော့မှ တားလေ့မရှိ..။ အားဟိ…။

သွားပေးလိုက်ပါ…ကိုနိုဇိုးမိက ရှင့်ကို တော်တော်ခင်တာ…ဘာညာပေါ့…။

အော်…အင်ဇာဂီ က အသည်း ခဏခဏ ကွဲတယ်နော်…သွားနားထောင်ပေးလိုက်ပါ…ဘာညာပေါ့…။

အဲဒီလို ခွင့်ပြုချက်ရပြီဆိုမှ ဘယ်သွားမလဲ…သွားချင်ရာသွားလိုက်စမ်း…။

ကဲချင်ရာ ကဲလိုက်စမ်း…။ မာဆတ်လား…။ ကေတီဗီလား…။

အဲဒါ…ယောက်ျား မာယာ အဆင့် တစ်ပဲ ရှိသေးတယ်…။

ရှိသေးတယ် နောက်ထပ် မာယာတွေ ဖေါက်သည်ချလိုက်ရဦးမယ်…။

ကိုဆွေ့ ဖားသားကြီး တော်တော် ဖြစ်နေတယ်ကွာ…။ (ဘာဖြစ်တာလဲ ထည့် ပြောစရာမလို)

အဲဒါ အာရှတော်ဝင်မှာ တင်ထားရသတဲ့…။

ကိုဆွေလည်း တစ်ယောက်တည်း ဒေါင်ချာစိုင်းနေတာပေါ့…။

အဲဒါ ဒီည သွားကြည့်ပြီး အားပေးလိုက်ဦးမယ်…။ ဘာညာပေါ့…။

ရွှေတိုက်စိုး အဖေ ဆုံးသွားတယ်ကွာ…။ (ရွှေတိုက်အဖေက ဆုံးတာ ကြာလှပြီ…။ ဒီလိုပဲ အသုံးချရတာပါပဲ…။)

အဲဒါ သွားအားပေးရဦးမှာ ဆိုတော့ ဒီည နည်းနည်း နောက်ကျမယ်ကွာ…။

သွားကြည့်ပေးလိုက်ပါ…။ ကိုဆွေ တစ်ယောက်တည်း ဒေါင်ချာစိုင်းနေမှာပေါ့…။

ရွှေတိုက် အဖေ နာရေးကိစ္စဆိုတော့ သွားရမှာပေါ့…။

အဲဒီလို ခွင့်ပြုချက်ရပြီဆိုမှ သန်းနိုင်သီချင်းကို ဆိုပါဗျာ…။

ဘယ်သွားမလဲ…ဘယ်ကိုလဲ…။

ဟေးဟေး…။

ဒါက ယောက်ျားမာယာ အဆင့် နှစ်ပေါ့…။

နာရေးကိစ္စလေးတွေ ထည့်ထည့် သုံးရတာမျိုးပေါ့…။

ဆိုတော့ မုသားမပါ လင်္ကာမချောဆိုတဲ့ စကားလိုပါပဲ…။

လိမ်ချင်လို့ လိမ်ရတာ မဟုတ်ရပါဘူး ဗျာ…။

လိမ်မှ အဆင်ပြေမယ့် ဘဝမို့ လိမ်ရတယ်လို့ပဲ မှတ်ပေးကြပါ…။

နိုဇိုးမိကြီးလည်း သူ့ မိန်းမ ကို ဒီလို မာယာတွေ သုံးခဲ့ဖူးမှာပါပဲ…။

ရွှေတိုက်လည်း သူ့ မိန်းမ ကို ဒီလို မာယာတွေ သုံးခဲ့ဖူးမှာပါပဲ…။

ရွာထဲက အိမ်ထောင်ရှင်ယောက်ျားတွေလည်း ဒီလို မာယာတွေ သုံးခဲ့ဖူးမှာပါပဲ…။

တချို့က ကုမ္ပဏီမှာ အလုပ်လုပ်တယ်…။

ဒီည ကွန်တိန်နာ ထုတ်ရမယ်ကွာ ဆိုပြီး မိန်းမကို ဘတ်တတ်တဲ့ ယောက်ျားတွေလည်း ရှိပါတယ်…။

ချင့်ယုံကြပေါ့ ညီမတို့ရေ…။

အဲဒီလို များပြားလှတဲ့ ယောက်ျားမာယာတွေကြားထဲမှာ ငိုအားထက် ရယ်အားသန် ရမယ့်

ယောက်ျားမာယာ တစ်ခုကို တင်ပြချင်လို့ ဒီပို့စ်ကို ရေးသားလိုက်ရခြင်းပါဗျာ…။

အငှားကားမောင်းတဲ့ အမျိုးသားတစ်ဦးက တဲ့…။

ဖေဖေါ်ဝါရီ (၂၆) ည ၉ နာရီ လောက်မှာ တဲ့…။

သူ့မိန်းမ နဲ့ သူ့ကားအုံနာ တို့ထံကို ဖုန်းဆက်ပြီးတော့ ပြောတယ်တဲ့…။

သူ ပေါ်တာ အဆွဲခံလိုက်ရပါပြီ ကားကို ပြည်ထောင်စု လမ်းမပေါ်မှာရပ်ထားခဲ့တယ် လို့

ပြောပါတယ် တဲ့။

အဲဒါနဲ့ မိန်းမလုပ်သူက လည်း စိတ်တွေပူပြီး ဟိုလျှောက်ပြော ဒီလျှောက်ပြောပေါ့လေ…။

အဲ…နောက်နေ့ မနက် ၁ဝ နာရီလောက်ကျတော့ ကိုယ်တော်ချောက အိမ်ပြန်ရောက်လာပါလေရောတဲ့…။

ဇနီးဖြစ်သူနဲ့ ရာအိမ်မှူးတို့က ဝိုင်းမေးကြတော့မှ ပေါ်တာဆွဲတယ်ဆိုတာ လိမ်ပြောတာသာဖြစ်ပြီး

သူငယ်ချင်း နဲ့ လျှောက်လည်နေတာသာ ဖြစ်ကြောင်း ဝန်ခံခဲ့ရပါတယ်တဲ့။

အဲဒီ ပုဂ္ဂိုလ်ကို ဒဂုံတောင် ရဲစခန်းက ခြေချုပ် နဲ့ ဥပဒေအရ အရေးယူထားပါတယ်တဲ့…။

ကောင်းရော…။

တော်တော်ဆိုးတဲ့လူ…။

ဟေးဟေး…။

ရွာထဲက အိမ်ထောင်ရှင် ကိုကိုတို့ ရေ…။

မိန်းမကို မာယာများတာလည်း များကြပါ…။

ပေါ်တာအဆွဲခံရတယ် ဆိုတဲ့ နည်းနဲ့တော့ မာယာမများကြဖို့ သတိပေးလိုက်ရပါတယ်ဗျာ…။

အော်…ယောက်ျားမာယာ သဲ တစ်ဆယ့်ရှစ်ဖြာ…။

ချစ်ခင်လေးစားတဲ့

ဘလက်ချော…။

65 comments

  • Kaung Kin Pyar

    March 18, 2015 at 10:20 am

    တချို့ကိစ္စတွေများကျတော့လဲ မိန်းမတွေက သိပေမယ့် မသိချင်ယောင်ဆောင်လိုက်တာတွေ ရှိပါတယ် ဦးဘက်ရယ်…။
    🙂
    ဖုန်းတွေ တဂွမ်ဂွမ်ဆက်ပြီး ဘေးနားကရှိတဲ့လူနဲ့ပါ ပြောချင်တယ်လို့ ကျစ်ချင်ရသား…။ ဒါမှမဟုတ် ကျမပါ သတင်းလိုက်မေးသင့်တာပေါ့ဆိုတာလိုမျိုး….။
    တင်းလွန်းတော့လဲ ပြတ်တတ်တယ်ဆိုကိုးးးး
    ုပြောချင်တာက….တချို့ကိစ္စတွေက မသိတာမဟုတ်၊ မသိချင်ယောင်ဆောင်လိုက်ခြင်းသာ ဖြစ်ပါကြောင်း…..။

    • Wow

      March 18, 2015 at 10:29 am

      အချိန်တန် လက်ခံမဲ့သူမရှိရင် ချည်တိုင်ပဲပြန်လာမယ်ဆိုတာသိပီး လွှတ်ပေးထားတာမိုးလားး :mrgreen:

      • Kaung Kin Pyar

        March 18, 2015 at 10:31 am

        ချည်တိုင် ပြန်လာတာတော့ ဟုတ်ပါတယ်…။ ပိုက်ဆံ ပါသွားပြီး ရောဂါပြန်ပါမလာဖို့ပဲ လိုတာ…။
        :k:

        • Kaung Kin Pyar

          March 18, 2015 at 10:33 am

          ဘီပိုး..စီပိုး…ပြောပါတယ်…
          :k:

        • Wow

          March 18, 2015 at 10:53 am

          အိမ်ဝမှာ Xray တပ်ထားလိုက်… ရောဂါမရှိသေချာမှ အိမ်ထဲအဝင်ခံ :mrgreen:

      • black chaw

        March 18, 2015 at 11:00 am

        @ Wow ;
        ဖြစ်နိုင်တယ်…။
        ယောက်ျား ယူပြီးရင် အဲ့လိုပဲ လွှတ်ပေးထား လိုက်…။
        ချည်တိုင်ကြီးရေ…။
        :k:

    • black chaw

      March 18, 2015 at 10:51 am

      @ Kaung Kin Pyar ;
      အေး…အေး…။
      ယောက်ျား အရင်ယူပါဦးအေ…။
      ယောက်ျားယူပြီးမှပဲ
      ယောက်ျား မာဆတ်သွားတာ ကေတီဗီသွားတာ သိလျက်နဲ့
      မသိချင်ယောင်ဆောင် ပြလိုက်စမ်းပါ အေ…။
      တကယ် မသိတာကို မသိချင်ယောင် ဆောင်သလို ဟန်ဆောင်တာကလည်း
      မာယာတစ်ခုပါပဲဗျာ…။
      :k:

      • Kaung Kin Pyar

        March 18, 2015 at 11:10 am

        ဟင့်အင်းးးး သများက အတူလိုက်မှာ…
        :mrgreen:

  • တောင်ပေါ်သား

    March 18, 2015 at 10:27 am

    ဒီကားဆရာ အတော်ညံ့

    ကျုပ်တို့ကတော့

    အမေ ဒီည ချန်ပီယံလိဂ် ရှိလိုု့ ဘာလို့ဆို ပြီးပြီ

    ကိုးကုန်းကိုးကျင်း သွားချင်ရာ သွားပေတော့ပဲ ဟဲ ဟဲ ဟဲ

    • black chaw

      March 18, 2015 at 10:54 am

      @ တောင်ပေါ်သား ;
      ကျွန်တော်ပြောတာက မိန်းမတွေကို
      သူတို့ယောက်ျားတွေ လိမ်ကြညာကြတဲ့
      မာယာတွေပါ ဆရာမျိုးရယ်…။
      ဘယ့်နှယ့် အမေ ကို လိမ်တာတွေ လာပြောနေရတာလဲဗျာ…။
      အမေကိုလိမ်တာက ငရဲကြီးတယ်ဗျ…။
      :k:

      • အိမ်​မှာစကိုင်​းပျက်​ကြီးအလကားရထားပြီး ဘယ်​နားချန်​ပံသွားလိဂ်​ဦးမှာလဲဆိုပြီး ထမရိုက်​ဘူးလား
        🙂

        • black chaw

          March 18, 2015 at 4:29 pm

          @ နန်းတော်ရာသူ ;
          အေးလေ…။ အဲ့လူကြီးလိမ်တာတွေက မပိရိလိုက်တာ…။
          ဟေးဟေး…။
          ချန်ပီယံလိဂ် ဆိုမှ ဝင်လာတော့တယ် မမ နန်းတော်ရာသူရယ်…။
          :mrgreen:

        • တောင်ပေါ်သား

          March 18, 2015 at 4:44 pm

          ကျုပ်က အော်ဟစ်အားပေးတတ်တော့ သန်းခေါင်ကျော်ပွဲတွေ အိမ်မှာမကြည့်ရ ဟွန်း သိလည်းး သိပဲနဲ့ 🙂

        • ဝါသနာကမ​နေဘူးအူးဘလက်​
          :mrgreen:
          သူများလို လက်​မလက်​သည်​း​လေးနှစ်​ဘက်​တီးပြီးအား​ပေး​လေအူးမျိုး

  • Kaung Kin Pyar

    March 18, 2015 at 10:32 am

    အူးမျိုးကတော့လေ….အမေတစ်ယောက်ကိုတောင် ပတ်ပြီး သွားလာနေရတာ…နောက်ထပ် ပတ်ရမယ့်လူရှာနေသေးတယ်…။

    • တောင်ပေါ်သား

      March 18, 2015 at 12:05 pm

      အဲဒီအခါ အိမ်ကခွာတော့ဝူး 🙂

  • Mr. MarGa

    March 18, 2015 at 10:49 am

    မုသားမပါ လင်္ကာမချော ဆိုတဲ့ စကားပုံကို ဘယ်ပညာရှိ ထွင်သွားတယ်မသိ
    လောလောဆယ်မှာတော့
    ဒီစာကို မမအိမ်စိုးမေ ဖတ်မိပါစေဗျားးးးးးးးးးးးး
    :mrgreenn: :mrgreenn:

    • Kaung Kin Pyar

      March 18, 2015 at 10:52 am

      ဟိုက ကလော်လွှတ်လိမ့်မယ်…
      :k:

    • black chaw

      March 18, 2015 at 10:57 am

      @ Mr. MarGa ;
      သိတ်ဖတ်မိတာပေါ့ သကြားရယ်…။
      ဟာသ ကို ဟာသ လို ဖတ်တတ်တဲ့
      စာဖတ်နာမှု မဒမ်ဘလက်မှာ ရှိပြီးသားပါ ခင်ဗျာ…။
      :k:

      • Mr. MarGa

        March 18, 2015 at 11:30 am

        အိမ်းးးး
        သူလည်း တန်ပြန်မာယာများနဲ့ ပြန်ချုပ်ထားတယ်ထင်ပ
        ဟီဟိ

  • ခင်ဇော်

    March 18, 2015 at 10:51 am

    မသိချင်ယောင်လည်း ဘယ်တော့မှ မဆောင်ဘူးး
    အ တယ် ထင်မှာဆိုးလို့။
    အာ့ကြောင့် ဘယ်ဒူမှ လည်း နာ့ နား ကြာကြာမနေချင်ဂျဝူးးး
    အေးဒါပဲ။

    :k:

  • ဗုံဗုံ

    March 18, 2015 at 11:04 am

    သများက​တော့ သများချစ်​တူအ​ကြောင်​းကို
    ထမင်​းစားတာအစ အီးအီးပါတာ အဆုံးအကုန်​
    သိချင်​ဒါ :mrgreen:
    သများဆက်​လို့ဖုန်​းမကိုင်​ရင်​ပွဲကြမ်​းတာ
    သူက​တော့​ပြောရှာသား တခါတ​လေလည်​းနား​အေး
    ပါး​အေး​နေဗျ​စေ တဲ့ :mrgreen:

    • black chaw

      March 18, 2015 at 11:08 am

      @ ဗုံဗုံ ;
      အဲဒီလို ရိုးသားတာ ကောင်းပါတယ်ဗျာ…။
      ထမင်းအတူစား…၊ အီးအတူပါ ပေါ့ သမီးရယ်…။
      ကြမ်းပလိုက်…။
      ဖုန်းမကိုင် ပဲ ဘာတွေ မရိုးမသား လုပ်နေသလဲမှ မသိတာ…။
      နားအေးပါးအေး နေချင် ရည်းစားမထားနဲ့လို့ ပြောပလိုက်…။
      :k:

      • ဗုံဗုံ

        March 18, 2015 at 11:15 am

        ​ပြောပစ်​လိုက်​ပြီ ဖုန်​းဆက်​​တော့ တူအီးပါ​နေဒယ်​
        ခု အူးဘလက်​ကို လိုက်​ရှာ​နေဒယ်​တဲ့ :mrgreen:

      • အူးစည်

        March 18, 2015 at 12:30 pm

        နားအေးပါးအေးနေချင်တဲ့ ယောက်ျားတွေက ပိုကြောက်ဖို့ကောင်းလား..လို့.. အဘ တစ်ယောက်ပြောခဲ့တယ်ဆိုးလားပဲ..။
        ကျော့်နားအေးပါးအေးနေတုန်းကဆို အဲယားကွန်းခန်းထဲကကို ထွက်တော့ဝူး..။ သင်္ဘောပေါ်မှာတုန်းက ပြောပါရယ်.. 😥

        • black chaw

          March 18, 2015 at 4:33 pm

          @ အူးစည် ;
          ဟို စာဖတ်နေတဲ့ အဘ ပြောသွားတာလား…ဟင်…။
          :mrgreen:

  • black chaw

    March 18, 2015 at 11:04 am

    @ ခင်ဇော် ;
    ဟုတ်လား…။ မှတ်တောင်ထားရဦးမယ်…။
    ဟေးဟေး…။
    :k:

  • naywoon ni

    March 18, 2015 at 11:09 am

    ဟီး အ​နော်​လဲ တစ်​ခါတစ်​​လေ ဂျီ​တော့ ချက်​တင်​မှာ အဲ့လို မာယာဖူးတယ်​ဗျ ။ အ​ပျော်​​ပေါ့ ။ ( အဲ့သလို မ​ပြောလို့​ကောရမလား ခု​တော့ တစ်​​ယောက်​မှ မရှိ​တော့ဘဲကိုး ) ပိုက်​ဆံလဲ ​တော်​​တော်​ကုန်​ဗျို့ ။ အဲ့အ​ကြောင်​းနဲ့ စာဖွဲ့ရင်​ ​ပြောမကုန်​ပါပဲ ။
    ညီမ​လေး​ရေ
    ငါးရာတန်​တစ်​ရွက်​နဲ့
    အင်​တာနက်​ဆိုင်​ထိုင်​တယ်​ ဆိုတာ
    ရင်​ခုန်​စရာ မ​ကောင်​းလှပါဘူးကွယ်​ ။
    လို့စ​တေးတပ်​ထားရင်​ ……. ဟဲဟဲ
    မူရင်​းကဗျာ ​ရေးတဲ့သူ​တွေ့ရင်​​တော့ ဘယ်​လိုများ​ပြောမလဲမသိ ။
    မူရင်​းကဗျာက ” ၃၅ ​အေ လမ်​း​ပေါ်က ​ကောင်​းတစ်​​ယောက်​အ​ကြောင်​း ” ကဗျာရှည်​​ရေးခဲ့တဲ့ မန်​​လေးက သူငယ်​ချင်​း ဆရာ​အောင်​ဂျမ်​း ရဲ့ ကဗျာကို စာလုံး​တွေ​ပြောင်​းချလိုက်​တာ​လေ

    • black chaw

      March 18, 2015 at 11:16 am

      @ naywoon ni ;
      လုပ်စမ်းပါ ကိုနေကြီးရာ…။
      ကိုနေကြီးရဲ့ မာယာတွေ ဘယ်လိုဆိုတာ လေ့လာချင်စမ်းပါဘိ…။
      :k:

  • ဦးကျောက်ခဲ

    March 18, 2015 at 11:24 am

    ကျောက်စ်ကတော့ ကာရာအိုကေ စင်တင် မာဆတ်… ဘာမှဝါသနာမပါလို့…
    သဲ တစ်ဆယ့်ရှစ်ဖြာတွေ မန်ကျည်းကိုးပင်တွေ သုံးစရာမလို… ညနေစောင်းမှသာ…
    “မိန်းမရေ အမှိုက် အောက်ဆင်းပစ်ရင်း ဖွာတော်ဆက်လိုက်ဦးမယ်” ဆိုပြီး…
    711 ကနေ ဘီဘီလေးဝယ်ပြီး လောကစည်းစိမ်ကို ခံစားသဗျ … ဟီ ဟိ
    :k:

    • black chaw

      March 18, 2015 at 11:50 am

      @ ဦးကျောက်ခဲ ;
      အဲဒီ ဝါသနာမပါ ဘူး ဆိုတာကြီးကပဲ
      မာယာ ဖြစ်နေနိုင်သေးတာနော်…။
      :k:

  • ခင်ဇော်

    March 18, 2015 at 12:44 pm

    ငြိမ် တယ် အေးတယ် ဆိုတဲ့ ဘဲ (ဂိုင်း) များကို
    ရေကူးနေတဲ့ ဘဲတို့ ငန်းတို့ နဲ့ နှိုင်းပါတယ်တဲ့။

    ကြည့်ရင်သာ ရေပေါ်မှာ တည်တည်ငြိမ်ငြိမ်ပဲ။
    ရေအောက်ထဲမှာ ခြေက ယက်ကန်ယက်ကန် လုပ်နေတာကို ဘယ်သူ့မှ မမြင်နိုင်သလိုပေါ့။

    စိတ်ထဲ ဘယ်လောက် ဂယက်ထမလည်း အပြင်လူ မသိနိုင်လောက်။

    အဟေးဟေးးး
    ကြားဖူးတာ ပြောတာပါ။

    :mrgreen:

    • Nyo Win

      March 18, 2015 at 1:36 pm

      တိန်………….တည့်တည့်စောင်းပြောနေသလိုပဲ (သူများတွေအပြောခံရပေါင်းများပီ)…:)

      • black chaw

        March 18, 2015 at 4:25 pm

        @ Nyo Win ;
        ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးအထူးပါ ကိုညိုဝင်းရေ…။
        :mrgreen:

  • ကူမားရ်

    March 18, 2015 at 1:05 pm

    အေးနော် ယောက်ျားဒေ များ အတော် မာယာများတာကလား
    နာတို့ လူဂျီးဒေ ကျတော့လည်း ဘာမတတ် ညာမတတ်နဲ့ စဟေ့ဆိုတာနဲ့ခံလိုက်ရတာကြီးပဲ
    သများတို့တော့ ” သဲလည်းမရော မန်ကျည်း မနှောတဲ့ သစ္စာ ဒိုင်းနမိုက်နဲ့ပဲ မေတ္တာ သိုက်ကို ဖောက် တယ်” ခိခိ အကုန်တစ်စစီဖစ်ကုန် လို့ မနည်း လိုက် ကောက်ပြီးပြန်စုနေရတယ် ခုတော့ အာချား အာချား

  • pooch

    March 18, 2015 at 1:05 pm

    ယောက်ျားမယာ သဲကနာ္တရ တဲ့ :mrgreenn:

  • black chaw

    March 18, 2015 at 1:20 pm

    @ ကူမားရ် ;
    ဟာသ ကို ဟာသလိုသာ ဖတ်စေချင်ပါတယ် ဗျာ…။
    မရောထွေးစေချင်ပါဘူး…။
    ပေါ့ပေါ့ပါးပါး ပဲ ဖတ်စေချင်တာပါ…။
    :mrgreenn:

    @ pooch ;
    ဟုတ်မှာ…။
    :mrgreenn:

  • Alinsett@Maung Thura

    March 18, 2015 at 1:37 pm

    မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်ရမယ် ဆိုပြီး
    ဘာသာရေးအရ စည်းကမ်းတင်းကျပ်ထားတာလဲ ကျုပ်တို့ပဲ…

    မုသားမပါ လင်္ကာမချော ဆိုပြီး … မုသားလေးတွေ (ကိုယ့်ဘာသာတော့ သုံးသင့်တယ်ယူဆပြီး) သုံးနေကြတာလည်း ကျုပ်တို့ပဲ… ။

    မိတ်ဆွေတယောက်က.
    . တွေ့ရအောင်လို့ လှမ်းခေါ်တဲ့အခါ…
    ငါမင်းနဲ့ တွေ့ဖို့ အချိန်မရှိလို့ပါ…တို့..
    ငါ မင်းကို အခု မတွေ့ချင်သေးဘူးတို့ ….
    အရှိ အရှိအတိုင်း… ပြောဖို့ အားနာသလိုလို ဘာလိုလိုနဲ့..

    ငါ မအားလို့ပါ…ဆိုပြီး မုသားဆို အကြောင်းရှာပြကြတာလည်း ကျုပ်တို့ပဲ..

    အဲ… မုသားမပါ လင်္ကာမချောဆိုတဲ့စကားကလည်း
    ဒီလူတွေ ဒီလူတွေကြားတော့ မှန်နေတာပဲ…

    မင်း ဒါလေး လုပ်ပေးပါလို့ ပြောလာတဲ့သူကို
    မုသားမပါပဲ..

    ဟင့်အင်း.. ကျနော် ဒါကို လုပ်ဖို့ အချိန်မရှိလို ့ မလုပ်နိုင်ပါဘူးလို့ ပြောမိရင်…

    မုသားမပါတဲ့စကားမို့….

    ဟိုတဖက်က ခါးခါးသီးသီး နာကျည်းပြန်ရော…

    ဆိုတော့….

    မုသားပြောခြင်းမှ ရှောင်ကြဉ်ပါ၏ဆိုတာကြီး ငါးပါးသီလထဲက ဖြုတ် ဖြုတ်…

    • kai

      March 19, 2015 at 5:01 am

      ငါးပါးသီလက.. ဂေါတမဗုဒ္ဓကဟောခဲ့တာလည်းမဟုတ်…။ ရှေးဂျူးသမ္မာဟောင်းကျမ်းမှာလည်းပါတဲ့.. လူ့ကိုယ်ကျင့်တရားတွေပါ..။
      အဲဒါကလူသားအားလုံးနဲ့ဆိုင်တဲ့သီလပါ…။

      ဆိုတော့..
      သီလက မမှန်စရာအကြောင်းမရှိ..။ လိုက်နာခက်စရာအကြောင်းလည်းမရှိ..။
      ထေရာဝါဒသမားတွေပြဿနာက.. အဲဒီသီလတွေကို.. အဖွင့်မှားနေကြတာလို့ပြောရမယ်..။
      မုသာဝါဒ. လိမ်မပြောရဆိုတာမယ်… သူသူ/ကိုယ်ကိုယ်.. လူထိခိုက်နစ်နာမှုမရှိစေတဲ့လိမ်တာမျိုးက အိုကေတယ်မှတ်ရမယ်..။

      • မြစပဲရိုး

        March 19, 2015 at 5:10 am

        white lie
        a harmless or trivial lie, especially one told to avoid hurting someone’s feelings.
        White lie is a lie that is told to be polite to someone or not to upset him or her.
        :))

        • Alinsett@Maung Thura

          March 19, 2015 at 8:50 am

          အဖြူရောင် မုသားပေါ့နော်..
          ဟို ဆံပင်ညှပ်ဆရာကြီးကို လိမ်သွားတဲ့ အမွှာညီအစ်ကိုရဲ့ လိမ်ညာမှုလေး…
          ချစ်စရာတော့ ကောင်းသား…

          :k:

      • black chaw

        March 19, 2015 at 9:55 am

        @ kai ;
        ကွန်းမန့်လေး ဝင်ရေးပေးသွားတာအတွက်
        ကျေးဇူးတင်ပါတယ်ဗျာ…။
        :mrgreen:

  • ကူမားရ်

    March 18, 2015 at 1:37 pm

    မယ်ပုချ်
    ကန္တာ ရဆိုတာ နေ့ပူပေမယ့် ညကျ အတော် အေးတာ အဲ့ဒါလေးတော့မှတ်ထားပါကွ
    ကောင်းတဲ့ဘက်ဆိုးတဲ့ဘက်ကလေး မျှတွေးပါကွယ် ပြီးတော့ ကန္တာ ရတွေမှာ အိုအေစစ် ကလေးေ ရှိဒယ်ဆိုတာလည်း မေ့မထားနဲ့ဦး ခစ် ခစ်

  • Ma Ma

    March 18, 2015 at 3:25 pm

    ယောကျင်္ားမာယာဆိုပြီး မိန်းကလေးတွေကို အသိပေးသလိုလိုနဲ့…..
    ကိုယ့်ချင်းကိုယ့်ချင်းတွေကို ဒီလိုမာယာတော့ဖြင့် မသုံးလေနဲ့….. လို့
    စေတနာတွေ ပိုနေသလိုပဲ။ :kwi:

    • black chaw

      March 18, 2015 at 4:01 pm

      @ Ma Ma ;
      မှုခင်းသတင်း ထဲက သတင်းတစ်ပုဒ် ရယ်…။
      မောင်ဂီ ကျွန်တော့်ကို စကားနာထိုးတတ်တာလေး တစ်ခုရယ်…။
      ပေါင်းပြီး ဒီပို့စ်လေး ဖြစ်လာတာပါ မမရေ…။
      အပျော်ပါဗျာ…။

  • Crystalline

    March 18, 2015 at 3:44 pm

    အူးဘက်ပို့စ်ဖတ်ပြီး ကျမအစ်ကိုက တော်တော်လိမ်မာတာပဲ..မိသားစုစားပွဲသွားတာ..အလုပ်ကိစအပြင်ထွက်တာ.. ကျမပူဆာလို့အပြင်ဆိုင်တွေလိုက်စား..လိုက်ပို့ပေးတာကလွဲအပြင်ကိုမသွားတတ်တာ.. ကျမသိတတ်က
    တည်းက လက်ဖက်ရည်ဆိုင်..ဘီယာဆိုင်ထိုင်တာမမြင်ဘူး အူးဘက်တို့နဲ့ကွာပါ့ :mrgreenn:

    • black chaw

      March 18, 2015 at 4:22 pm

      @ Crystalline ;
      အွန်…။ ဦးဘက် က လူလိမ္မာကြီးပါလို့ တစ်ခါမှ မရေးဘူးပါဘူးကွယ်…။
      ယာမကာလုလင် မှန်း တစ်ရွာလုံးသိကြပါတယ်အေ…။
      စကားမစပ်..
      ညီးအစ်ကိုက အိမ်ထောင်ရှိလား…??????
      :mrgreen:

  • မြစပဲရိုး

    March 19, 2015 at 4:29 am

    “လက်မခံ လဲ နေ၊ တစ်ခြားသူကိုယူ ရင်တော့ ဘုန်းကြီးဝတ်လိုက်မယ်”
    ဆိုတဲ့ မာယာ စကား ကို ယုံ ခဲ့ပြီးမို့ …..
    အခုလဲ ည ဘက် နောက်ကျရင် ဘုန်းကြီးကျောင်း သွား တယ် လို့ ဘဲ ဆက်ပြီး မှတ်ထားပါတော့ တယ်။
    😉
    :))

    • black chaw

      March 19, 2015 at 9:30 am

      @ မြစပဲရိုး ;
      အပျော်ပါ အစ်မရယ်…။
      :mrgreen:

  • မွသဲ ( 17082011 )

    March 19, 2015 at 9:06 am

    ပြောမနိုင်လို့မသိခြင်ထောင်ထောင်လွှတ်ထားလိုက်တာမြန်း ယောက်ကျားမာယာဒဲ့အေ ဟိဟိ။ ရှင်ပါးစပ်ဟလိုက်တာနဲ့ရှင့်ဗိုက်ထဲအူဘယ်နှစ်ခွေရှိလဲကျုပ်သိဒယ်ဒဲ့ စိတ်ထဲကပေါနေဒါ အဲ့ပြေးဘီ

    • black chaw

      March 19, 2015 at 9:33 am

      @ မွသဲ ;
      အေး…အေး
      ညီးကတော့ သင်္ဘောမောင်းသူကြီးကို
      မိန်းမမာယာတွေ ထုတ်သုံနေရ မဟုတ်လားအေ…။
      :mrgreen:

  • Shwe Ei

    March 19, 2015 at 10:49 am

    -အူးဘလက်ကလဲ…ပညာတွေ သိပ်ရှိုတာဘဲ..
    -ဒီလောက်လေးကို ယောက်ကျား မာယာတဲ့.. 🙂
    -ဒီထက်လန်းတာတွေ ထုတ်ပြရင်…သူများယူသုံးမှာ ကြောက်တယ်လား..ဟမ် 😛

  • black chaw

    March 19, 2015 at 10:54 am

    @ Shwe Ei ;
    အဟေး..ဟေး…။
    အသာလုပ်ပါ အေ…။
    ဦးဘလက်က မိန်းမကြောက်ရသူရယ်ပါကွယ်…။
    🙂

  • Mike

    March 19, 2015 at 11:52 am

    .ကျုပ်ကတော့ မာယာမများပါဘူး..ဗြောင်ပြောသွားတာပဲ 😉
    :))

    • black chaw

      March 19, 2015 at 6:48 pm

      @ Mike ;
      အိမ်ပိုင်လို့ ဂေါ်လီထွက် ရိုက်တဲ့ ကိုကိုပေါ့…။
      :k:

  • Novy

    March 19, 2015 at 12:46 pm

    ဒီမယ် မောင်မဲ
    တို့များမိန်းမတွေကို အတယ်လို့မထင်လိုက်လေနဲ့ အချင်ယောင်ဆောင်နေတာ

    ရှင်တို့ကေတီပီ တို မဆက်လောက်ကတော့ ပျင်းသေးတယ်
    တို့တွေ ဗျူ တီစလွန်းသွားတာတို့ ရှေ့ာပင်ထွက်တာတို့ကို ရှငိတို့မသိအောင် အချင်ယောင်ဆောင်နေတာ

    • black chaw

      March 19, 2015 at 6:52 pm

      @ Novy ;
      အေးပါ ရီရီဝင်းရယ်…။
      မပြောရဲပါဘူးအေ…။
      ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပါဟယ်…။
      :k:

  • manawphyulay

    March 19, 2015 at 1:13 pm

    တစ်ခါတလေကျတော့လည်း သူတို့ဘာလုပ်လုပ် မမြင်ချင်ယောင် မသိချင်ယောင် ဆောင်ရတဲ့နေရာတွေလည်း ရှိတယ်။ ဒီလိုကျတော့လည်း သူတို့လုပ်တာ မိန်းမမသိဘူးလို့ သူတို့မာယာတွေနဲ့ လှည့်ချင်သေးတယ်ရှင်။

    • black chaw

      March 19, 2015 at 6:54 pm

      @ manawphyulay ;
      အခုတော့ အပျိုကြီးတစ်ယောက် ဒီလို စကားဝိုင်းမှာ
      ဝင်ဆွေးနွေးလို့ ရသွားပြီ ပေါ့…။
      မသိချင်ယောင်ဆောင်တာလည်း သတိထားပြီးဆောင်ပါ အပျိုဟောင်းကြီးရေ…။
      ဆောင်ရင်းဆောင်ရင်း တကယ်မသိတဲ့ ဘဝ ရောက်သွားမှာကို
      စိုးရိမ်ပါတယ်ဗျာ…။
      :k:

  • နေပါဦး.. အိုက် ကေတီဗီတွေ.. မာဆတ်တွေ.. ဘီယာဆိုင်တွေက သများသွားချင်တယ်ဆိုရင်ရော.. အိုက်လို မာယာသုံးလို့ရလားဟင်င်..

  • black chaw

    March 19, 2015 at 6:57 pm

    @ လုံမလေးမွန်မွန် ;
    အံစာကြီး က မသိချင် ယောင်ဆောင်ပေးရင် ရတာပေါ့အေ…။
    :k:

  • lu lu

    March 23, 2015 at 10:15 pm

    အိမ်ထောင်ရှင်တွေပဲ မာယာ များတာ မဟုတ်ဘူး
    သမီးရည်းစားဘွတည်းက မာယာ အတတ်ပညာတွေတတ်ပြီးသား
    ကိုယ့်ချစ်သူအထင်ကြီးအားကိုးချင်လာအောင် လေကြီးမိုးကြီးနဲ ့
    ကြွားလုံးတွေထုတ် နေကြတာ

    • black chaw

      March 24, 2015 at 8:28 am

      @ lu lu ;
      မာယာတွေ ရိုးဟိုးဟိုး နေပြီ…ပေါ့…နော်…။
      :k:

  • uncle gyi

    March 23, 2015 at 10:41 pm

    အဆိုတော်အေးအေးအောင်က
    ဟိုးလွန်ခဲ့တဲ့အနှစ်၄ဝကျော်လောက်ကတည်းက
    သီချင်းလုပ်ဆိုပြီး
    သတိပေးဖူးပါတယ်ကိုဘလက်ရယ်
    သနားတယ်တဲ့
    တော်တို့ယောကျာ်းတွေမာယာ

    • black chaw

      March 24, 2015 at 8:30 am

      @ uncle gyi ;
      လွန်ခဲ့တဲ့ နှစ် ၄ဝ လောက်ကတည်းက
      မာယာများတဲ့ ယောက်ျားတွေ ပေါ့နော်…။
      :k:

Leave a Reply