အမြင်အာရုံ၏လှည့်စားမှု့များ

etoneAugust 23, 20101min634

အမြင်အာရုံ၏ လှည့်စားမှု (၁)
စံပုံစံတစ်ခုကို မြင်နေရမယ်။ စံပုံစံ၏ ထင်ရှားသည့်အရောင်က အနက်ဆိုရင် စံပုံစံပေါ်မှာ အစိပ်အကျဲညီတဲ့ အဖြူရောင်အစက်တွေ ချထားပါစေ..။ မျက်စိက မြင်တဲ့ အဖြူကို အနက်လို့ ဦးဏှောက်က ကြိုးစား ဘာသာပြန်ချင်တယ်။ တကယ်တမ်း အားလုံး အဖြူစက်တွေပါ။


အမြင်အာရုံ၏ လှည့်စားမှု (၂)
အရိပ်ကျနေတယ်လို့ ခံစားရရင် မျက်စိက ကူညီပြီး လင်းကြည့်ပေးချင်တယ်။ ပုံမှာ အရိပ်ထဲက လိမ္မော်ရောင်က ပိုတောက်နေသလိုပဲ။
တကယ်တမ်းမှာ လိမ္မော်ရောင် နှစ်ကွက်စလုံး အရောင်တူညီပါသည်။


အမြင်အာရုံ၏ လှည့်စားမှု (၃)
အရာဝတ္ထုတစ်ခု လည်နေတယ်လို့ မျက်စိကခံစားရရင် တကယ်လည်လည် မလည်လည် ဦးဏှောက်က လိုက်လှည့်ပေးတတ်တယ်။
ပုံကို တည့်တည့်ကြည့်ပြီး ဦးခေါင်းကို ရှေ့တိုးနောက်ဆုတ် လုပ်ကြည့်ပါ။ အဝိုင်းနှစ်ခု လားရာအသီးသီးဆီသို့ လည်နေတာ မြင်ရပါတယ်။
တကယ်တမ်းမှာ ငြိမ်နေသော ပုံသေတစ်ပုံသာ ဖြစ်ပါတယ်။


အမြင်အာရုံ၏ လှည့်စားမှု (၄)
အကြီးအသေးကို ပတ်ဝန်းကျင်အရာဝတ္ထုတွေနဲ့ နှိုင်းယှဉ်ပြီး ခွဲခြားတတ်ပါတယ်။ မျက်စေ့က တင်ပြလာတဲ့ လိမ္မော်ရောင် အစက်နှစ်စက်ကို ဦးဏှောက်က ပတ်ဝန်းကျင်က အရာနဲ့ တိုင်းထွာလိုက်တာ ဘယ်အစက်က ပိုကြီးသွားလဲ သိသာပါတယ်။ တကယ်တမ်းမှာ အစက်၂စက်လုံး အရွယ်တူ ဖြစ်ပါတယ်။


အမြင်အာရုံ၏ လှည့်စားမှု (၅)
ဖြောင့်တန်း၊ ကွေ့ကောက်မှု့ကိုလည်း ပတ်ဝန်းကျင်အရာဝတ္ထုတွေနဲ့ နှိုင်းယှဉ်ပြီး ခွဲခြားတတ်ပါတယ်။ မျက်စေ့က တင်ပြလာတဲ့ ပုံမှာ ဒေါင်လိုက် အတုံးတွေ စီထားတာ မတူပါ။ ဒါကို ဦးဏှောက်က ဆက်ဘာသာပြန်လိုက်တာ ရေပြင်ညီလိုင်းတွေ ဘယ်လို မြင်သွားလဲ သိသာပါတယ်။ တကယ်တမ်းမှာ ရေပြင်ညီလိုင်းတွေ ပြိုင်လျက် အကွောအဝေးတူ ဖြစ်ပါတယ်။


အမြင်အာရုံ၏ လှည့်စားမှု (၆)
ဖြောင့်တန်းသော လိုင်းတွေ နဲ့ ဆက်စပ်နေတယ်ဆိုရင် ဦးဏှောက်က အရှိ အရှိအတိုင်း မမြင်ပဲ ထပ်မံ ပုံဖော်ဘို့ ကြိုးစားပါတယ်။ ဒီအခါမှာ မြင်ကွင်းဟာ ရုပ်လုံးကြွတစ်ခုအဖြစ် မြင်ယောင်လာစေပါတယ်။ တကယ်တမ်းမှာ အကွက်ပါ ကောျက်ပြားများ ခင်းထားသော ကြမ်းပြင်တစ်ခုသာ ဖြစ်ပါတယ်။

4 comments

  • Pyaung Gye

    August 23, 2010 at 12:47 pm

    ကောင်းလိုက်တာ

  • မန်း ရိပ်

    August 23, 2010 at 1:28 pm

    အရောင်တွေကလည်း လှည့်စားထားတက်တယ်နော်

  • divamyo001

    August 26, 2010 at 3:42 am

    တော်တော်ကိုမိုက်တယ်ဗျို ့။ကိုယ့်မျက်လုံးကိုတောင်မယုံနိင်တော့ဘူးဗျာ။post တစ်ခု 500ဆို ရင် အခု တင်ပေးတဲ ့သူကို5000လောက်ကိုပေးချင်တယ်ကောင်းလွန်းလို ့လေ။

  • Gong Zhu

    September 17, 2010 at 8:35 am

    ဟိုအဝိုင်းကြီးက မျက်လုံးထဲမှာ တစ်ကယ်လည်နေတယ်တော့ သိလား . . .

Leave a Reply