အကောင်ကြီး အမြီးရှည် – KZ’s မြီးရှည်ဆိုင်

ဇီဇီMarch 23, 20155min97451

 

 

 

မြီးရှည် ဆိုတာ မန်းလေးမှာ မုန့်တီ နဲ့ ရှမ်းခေါက်ဆွဲပြီးရင် တတိယနေရာလိုက်တဲ့ထိ နာမည်ကြီးပါတယ်။
မန်းလေး မြီးရှည်…
မိုးကုတ်မြီးရှည်…
ကျိုင်းတုံမြီးရှည်…
မိုင်းသာမြီးရှည်.. စသည်ဖြင့် ဒေသအလိုက်မြီးရှည်တွေကလည်းရှိသေးရဲ့။
ဆိုတော့ ကြိုက်တတ်ရင် မြီးရှည်သည်လည်း စိတ်ရှည်လက်ရှည် လုပ်စားပျော်ပါကြောင်းးး…

:sar:

~~~~~~~~~~~~~

ပထမဆုံး တင်ပြ (အဲလေ) ပြောပြချင်တဲ့ မြီးရှည်ကတော့ ကေဇီ အမြီးရှည် ဖြစ်ပါဒီ၊.
ဒီ နည်းကို မနှစ်က လာတဲ့ အမေနဲ့ အဒေါ်ထံမှ လက်ပူးလက်ကြပ် သင်ယူထားတာမို့ စိတ်ချလက်ချ စားနိုင်ပါကြောင်း သဒင်းဂေါင်းပေးလိုက်ပါဒီ။
ဟိဟိ..

:k:

မိုးကုတ်- မန်းလေးဖက်စပ် မြီးရှည်

.
မုန့်ဖတ် – (တစ်မျိုးမဟုတ် တစ်မျိုး)
၁) နန်းလတ်ဖတ်
၂) မြီးရှည်ခြောက်
၃) နိုင်ငံရပ်ခြားဆိုရင်တော့ မလေးခေါက်ဆွဲဖတ်

၂ က ရေနွေးထဲခဏပြုတ်ရမယ်။
၁ နဲ့ ၃ က ရေနွေးထဲစိမ်ပြီးမှ ပြန်ဆယ်ရုံပဲ။

.

အသား- (တစ်မျိုးမျိုး စားတာ ချက်)
၁)ဝက်သား
၂) ကြက်သား
၃) ကြက်မြစ်ကြက်သည်း
ကေဇီ နည်းကတော့ ချက်ပါတယ်။။
ကြက်သွန် နီ/ဖြူ/ ဂျင်း/နာနတ်ပွင့် ညက်အောင်ထောင်း ဆီသတ်
ခရမ်းချဉ်သီး သေးသေးလှီးထားတာတွေကို လိပ်ကြေနေအောင် ဆီသတ်
ပြီးမှ ရေအရင်ထည့်ပြီး အနှစ်ထွက်အောင်လုံးး
အနှစ်ထွက်မှ ဆားနယ်ထားတဲ့ အသားတုံး သေးသေးလေးတွေကို ထည့်ပြီး နူးကာ ဆီ အနှစ်ရည် ရတဲ့ထိ တည်ပါတယ်။
(ကေဇီ ကိုယ့်ဟာကိုယ်လုပ်စားရင် ခရမ်းချဉ်သီးနဲ့ နာနတ်ပွင့်မထည့်ပါဘူး။ ငိငိ)

.

အငန် – ပဲ ငပိ (တစ်မျိုးမဟုတ် တစ်မျိုး)
၁) မြန်မာပြည်မှာ တရုတ်တန်းမှာဝယ်လို့ရတဲ့ ပဲငပိ၊
၂) နိုင်ဂျန်ဂါးမှာဆိုရင်တော့ အောက်မှာပြထားတဲ့ ပဲငပိဘူးးး

.

အစပ် – (တစ်မျိုးမဟုတ် တစ်မျိုး)
၁) ငရုတ်သီးအတောင့်ကြော် ကို ထောင်းပြီး ဆီစိမ်ထား
၂) တရုတ်အဖိုးကြီးပုံး ငရုတ်သီးကြော် ဆီစိမ်ပုလင်းဝယ်လို့ရ (အချိုမှုန့်များ၍ မသုံး)
၃) ဘာမှမရှိလည်း အလှော်မှုန့်ထည့်သုပ် တာပဲ။ (ခိခိခိ)

.

အချဉ် – မုန်ညင်းချဉ် (ရှမ်းချဉ်)

.

ဆီချက် – (တစ်မျိုးမဟုတ် တစ်မျိုး)
– ကြက်သွန်ဖြူဆီချက်
– ကေဇီ ခိုချင်ရင် ဟင်းဆီလည်း ရှိ၊ ငရုတ်ဆီလည်း ရှိလို့ အပါးခို

.

စိမ်းစိမ်းလေး
– နံနံပင်
– ကြက်သွန်မိတ်

.
မပါမဖြစ် –
၁) ကြက်သွန်ဖြူရည်
ကြက်သွန်ဖြူညက်အောင်ထောင်း ရေကြက်အေးလေးထည့် ဆားလေး မဆိုစလောက်နဲ့ မွှေထားပါ။
၂) ကော်ရည်
မွှေး သာကူမှုန့်ကို မီးအေးအေးနဲ့ လိုသလောက် ကြိုပါ။

.

အရောင် – ကြာညို့ (သို့) ပဲငံပြာရည် အပြစ်

အဆာပလာ –
၁) အီကြာကွေးချောင်းကို သေးသေးညှပ်ထား
၂) ဝက်ခေါက်ကြော် အသင့်ပြင်
၃) ဝက်ဆီဖတ်ကြော် အရံထားး
၄) ပဲပင်ပေါက်ပြုတ်

.

ငင်။ 😯
ဟင်းရည် မေ့ခဲ့ပြီ။
ကြက်ရိုးဖြစ်ဖြစ်၊ ဝက်ရိုးဖြစ်ဖြစ်ကို ဂျင်း ကြက်သွန်ဖြူနဲ့ တည်ပြီး ကျောက်ဖရုံသာ ခတ်လိုက်ပါ။
ဟိဟိ….

 

မြီးရှည်
မြီးရှည်

 

ဒါတွေ စားပွဲပေါ် ပြင်ပြီးရင်….
၁) မုန့်ဖတ်ကို ရေနွေးဖြော
၂) မပါမဖြစ်တွေ ချိန်ဆထည့်
၃) အဆာပလာ လိုသလောက်ထည့်
၄) ချဉ်ငန်စပ်ပြင်
၅) ဟင်းထည့်ဆမ်း
၆) ကြာညို့ တစ်တို့ အရောင်ထည့်
၇) စိမ်းစိမ်းလေးတွေပုံပြီး ပန်းကန်ပေါ်ကို တူလေးနဲ့သာပေးလိုက်၊ ကျန်တာ စိတ်ကြိုက်ပြင်စားကြလို့ ပြောလိုက်တယ်။
ညင်းညင်းးး (နို့မို့ နင့် လက်ရာ မကောင်းဘူးပြောနေမှာ ဆိုးလို့)

IMG_1673

 

မန်းလေးမြီးရှည် က လည်း ဒါတွေ အကုန်ပါတယ်။
ဒါပေမဲ့ ဟင်းမချက်ဘူးး
အသားကို ပြုတ်ရုံပြုတ်ပြီး ညှပ်ထည့်ပေးတာပါ။

အချဉ်နေရာမှာ မုန်လာချဉ်ထည့်စားတယ်။
အညာဒီဇိုင်းပဲ။

:mrgreenn:
မန်းလေးမှာ ဆို ဝက်ကလီစာ အကုန်ထည့်တဲ့ မြီးရှည်ပါရှိတယ်။ ၁၉ လမ်းမှာ…

:k:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခု တင် ကတော့ ဆာဆာပြမှာ ဖြစ်ပါတယ်ခင်ညာ။
မိုင်းသာ မြီးရှည် လေးပါ။

(https://myanmargazette.net/197659)
အားပေးကြပါအူးးးး

 

မိုင်းသာမြီးရှည်ပုံ  မနန်းကေသီဆီက ယူသည်
မိုင်းသာမြီးရှည်ပုံ
မနန်းကေသီဆီက ယူသည်

 

 

.
မိုင်းသာ မြီးရှည်
ပထမဆုံး စားပွဲဝိုင်းမှာ ခင်ဗျားတို့ မြင်ရမှာက ဘဲဥပုံပုဂံပြားထဲမှာ နန်းလတ်မြီးရှည်မုန်ဖတ်အလွတ်တွေပါ။
သူ့ဘေးက ကြွေပုဂံလုံးထဲမှာ ဖြူဖြူ ပျစ်ပျစ်အနှစ်တွေနဲ့ အသားဖတ်တွေ ပါတဲ့ ဟင်းပျစ်ပျစ်တစ်ခွက် ။
နောက်ထပ် ဘေးကိုရွှေ့ကြည့်ရင် ကြက်သွန်ဖြုူနဲ့ ငရုပ်သီးစိမ်းကိုထုထောင်းပြီး ဖျော်ထားတဲ့ အချဉ်ရည် ။
နောက်တစ်ခွက်က ပုဂံပြားသေးသေးထဲမှာ ရေနွေးဖျောထားတဲ့ ပဲပင်ပေါက်များ။
ဟုတ်ပြီ …………
နောက်ဆုံးတစ်ခွက်ကတော့ ချောက်ကော နဲ့ဆီသပ်ထားတဲ့ ငရုပ်သီးမှုန့် (ဆီလည်းပါတယ် ) ။

.

ကဲ ……… ဘယ်လိုစားမလဲ ?
ခင်ဗျားတို့ရဲ့ ပုဂံထဲကို မြီးရှည်မုန့်ဖတ် နဲ့ ပဲပင်ပေါက် ကို ထည့်ဗျာ ။
ပြီးရင် ငရုပ်ချဉ်ရည် လိုသလောက်ထည့် ။
ငရုပ်သီးဆီသပ် လည်း ထည့်ချင်ထည့် ၊ မထည့်ချင်လည်းရတယ် ။
အဲ အဓိက ကတော့ ……
စောစောက အသားဖတ်တွေနဲ့ရောနေတဲ့ ဖြူဖြူပျစ်ပျစ် ဟင်းအနှစ်ကို အနေတော်ထည့်ဗျာ။
သုတ်စားလို့ကောင်းတဲ့အနေပေါ့ ။
အဲ့ဒီတစ်ခွက်က လေးယောက်မျှစားရမှာ ။
တယောက်တည်းနဲ့ အကုန်မဆွဲနဲ့ဦး းးး
ဒါနဲ့ … အဲဒီ အနှစ်ကဘာလဲ သိလား းးးးးး

.

ဝက်ဦးနှောက်ကို ဝက်မိုးခိုသားပါးပါးလှီးပြီးချက်ထားတာ ။
မိုင်းသာမြီးရှည်မှာအဓိကနေရာကပါဝင်တဲ့ ဝက်ဦးနှောက်နဲ့အသားလွှာတွေ ချက်တာကတော့ ဒီလိုဗျ .…
ပထမဆုံး ဝက်မိုးခိုသား (ရိုးရိုးလိုင်းသားလည်းရပါတယ်) ၂ဝ ကျပ်သားလောက်ကို ပါးပါးလွှာပြီးလလက်နှစ်သစ်လောက်အချောင်းလေးတွေဖြစ်အောင်လှီးဗျာ ။
ပြီးရင် ပဲငံပြာရည်အကျဲ နဲ့သင့်ရုံထည့်ပြီးနယ်ထားပါ ။
ဂျင်း လက်နှစ်ဆစ်လောက်ကို ဒါးပြားရိုက် နုတ်နုတ်စင်း။
ကြက်သွန်ဖြူ ဆယ်မွှာလောက်ကိုလည်း ဓါးပြားရိုက် နုတ်နုတ်စင်း ။
အဲ ပြီးရင် ဆီ ၅ ကျပ်သားခန့်ထည့် ၊ ဂျင်းကြက်သွန်ဖြူနဲ့ ချောက်ကော ကိုဆီသပ် ။
ချောက်ကောတွေ ပကော တွေမသိလို့ စိတ်ရှုပ်မနေနဲ့ဗျို့ ။
တရုတ်ကုန်စုံဆိုင်က တရုတ်မဆလာနဲနဲထည့်လည်းရသဗျ ။
ဂျင်း ကြက်သွန်တွေ အရောင်ပြောင်းပြီးမွှေးလာရင် စောစောကဝက်သားလှီးပြီးနှပ်ထားတာလေးထဲ့ဗျာ ။
ရှဲရှဲ ရှဲရှဲ လုပ်လိုက် ။ ဝက်သားက ပါးပါးလှီးထားတော့ မီးပြင်းပြင်းမှာ ခဏလေးကျက်ပါတယ် ။
ဝက်သားကျက်ပြီဆိုတာနဲ့ ဝက်ဦးနှောက် ၁၅ ကျပ်သားကိုထည့်ပြီးမွှေပါလေ ။
လိုအပ်သလိုရေနဲနဲထည့်ပါ။ ဆားနဲ့ ဟင်းခတ်မှုန့်သင့်သလိုထည့်ပါ ။
ဝက်ဦးနှောက်များ ကျေပြီး ခတ်ပျစ်ပျစ်ဖြစ်သည်အထိမွှေရပါမယ် ။
အဲ ………
ကျက်ပြီဆိုလျှင် အထက်ကပြောထားသည့်အတိုင်း စိတ်ကြိုက်နယ်ဖတ်ပြီးသုံးဆောင်နိုင်ပါပြီ ။

.
*** ပဲငံပြာရည်အကျဲ သုံးရင် အရောင် မမည်းတဲ့ ခေါင်းစိမ်းငံပြာရည်ကိုသုံးစေချင်ပါတယ် ။
ယိုးဒယားပဲငံပြာရည်အကျဲပါ ။
မူရင်းဘယ်လိုခေါ်တယ်မသိ ဒီကစားသောက်ဆိုင်တွေကတော့ခေါင်းစိမ်းဘဲခေါ်ပါတယ် ။
ဈေးကွက်ထဲမှာလဲခေါင်းစိမ်းဘဲခေါ်ပါတယ် ။အဖုံးလေးက အစိမ်းရောင်ဖြစ်နေလို့ထင်ပါတယ် ။

.
*** ငရုပ်ချဉ်ရည်
တကယ်တော့ အဲဒီအချဉ်ရည်ဟာ ချဉ်စော်ခါးသီးနဲ့လုပ်တဲ့အချဉ်ဖြစ်ပေမယ့်
ကျနော်တို့ဆီမှာလွယ်လွယ်ရဖို့မဖြစ်နိုင်ပါဘူး ။ ဒီတော့ ရှောက်သီးချဉ်ရည်ထဲကို ငရုပ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကိုထောင်းထည့်ပြီး ချဉ်စပ်ရည်လုပ်လို့ရပါတယ် ။

.

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခုတစ်ခါ အလှည့်ကျသူကတော့ တညားရဲ့ အချစ်တော် အီးဇီးကွတ် ဝေဝေ ဖြစ်ပါတယ် ခင်ညာ။

:chit:

နံရိုးကြံမဆိုင် မြီးရှေ easy cook- weiwei
(https://myanmargazette.net/176111)

.
ကျွန်မပြောပြမယ့် အစားအစာကို မြန်မာပြည်ထဲမှာ စားကြတာ မတွေ့မိသေးပါဘူး။

တရုတ်ပြည် မြောက်ပိုင်းကလူတွေ အရမ်းကြိုက်ကြတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

ကျွန်မကတော့ တစ်ချို့ပါဝင်ပစ္စည်းတွေ ဝယ်ရခက်တာမို့လို့ မြန်မာမှုပြုပြီး လုပ်စားလေ့ရှိပါတယ်။

.
ပါဝင်သောပစ္စည်းများ (၄ ယောက်စာအတွက်)
ဝက်နံရိုး …. ၃ဝ ကျပ်သား (ကီလိုဝက်)
ကြံမဆိုင် …. တစ်ထုပ် (၂၀ဝ ဂရမ်)
မြီးရှေအဖတ် …. ၃ဝ ကျပ်သားခန့် (စားနိုင်လျှင် စားနိုင်သလောက်)
ဂျင်း …. တစ်တက်
ကြက်သွန်ဖြူ … တစ်လုံး
ဆား … အနဲငယ်
ပဲပင်ပေါက် …
ငုံးဥပြုတ် ….
ငရုတ်သီးအကြမ်း ..
တရုတ်ငရုတ်ကောင်း (yellow pepper) ..
တရုတ်အမွှေးအမှုန့် (အနံ့ငါးမျိုးပေါင်းစပ်ထားသည့်အမှုန့်တစ်မျိုး)

.

ချက်ပြုတ်ပုံ အဆင့်ဆင့်
ပထမဦးစွာ ဝက်နံရိုးများကို စင်ကြယ်အောင်ဆေးကြောပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ ထည့်ပြုတ်ပါတယ်။ ဂျင်းနဲ့ ကြက်သွန်ဖြူကိုပါ တစ်ခါထဲ ထည့်ပြုတ်ထားလိုက်တယ်။ အနဲဆုံး ၂ နာရီလောက် ပြုတ်ထားလိုက်ရပါမယ်။ မြီးရှေအဖတ်ကို အစိုဝယ်မရလျှင် အခြောက်ကို ဝက်နံရိုးပြုတ်နေစဉ်အချိန်အတွင်း ရေစိမ်ထားရပါမယ်။ ဝက်နံရိုး နူးလောက်တဲ့အချိန်မှာ ကြံမဆိုင်ကို ရေဆေးလှီးဖြတ်ထားပြီး ထည့်ပြုတ်ပါတယ်။ နံရိုးကြံမဆိုင်စွပ်ပြုတ်ချက်သကဲ့သို့ ပြင်ဆင်ထားရပါမယ်။ စားတော့မယ်ဆိုတော့မှ မြီးရှေဖက်ကို သီးသန့်အိုးတစ်အိုးနဲ့ပြုတ်ပြီး နူးပြီးသားအဖတ်တွေကို စွပ်ပြုတ်အိုးထဲ ထည့်လိုက်ရုံပါပဲ။ စားခါနီးမှာ ပဲပင်ပေါက်နဲ့ ငုံးဥပြုတ်လေးတွေ ထပ်ထည့်ပါမယ်။ ပန်းကန်ထဲကို စားနိုင်သလောက်ခပ်ထည့်ပြီး ငရုတ်သီးဆီသတ်ထားတာတွေကို ထည့်စားပါတယ်။

.

ငရုတ်သီး ဆီသတ်ရန်အတွက်
ငရုတ်သီးအကြမ်းဖတ်များကို ငရုတ်ဆုံထဲ ထည့်ထောင်းပါတယ်။ တရုတ်ငရုတ်ကောင်းစေ့တွေကိုလဲ ညက်အောင်ထောင်းပါတယ်။ ဆီအိုးထဲမှာ ဆီပူအောင်တည်ပြီး ငရုတ်သီး၊ တရုတ်ငရုတ်ကောင်းနဲ့ တရုတ်မဆလာကဲ့သို့ အနံ့ရှိတဲ့ မဆလာတစ်မျိုးကိုပါ ထည့်ဆီသတ်ပါတယ်။
အလွန်ပူစပ်တဲ့အရသာရှိတဲ့ ငရုတ်ဆီသတ်ကို မြီးရှေဟင်းထဲ ထည့်စားခြင်းဖြင့် ပူစပ်ပြီး အနံ့မွှေးတဲ့ မြန်မာအရသာနဲ့မတူတဲ့ စားစရာတစ်မျိုးကို အရသာရှိစွာ စားသောက်နိုင်မှာဖြစ်ပါတယ်။

အရမ်းအေးတဲ့ တရုတ်ပြည်မြောက်ပိုင်းကမြို့တွေမှာ ဟော့ပေါ့ကဲ့သို့ စားကြတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ စားပွဲပေါ်မှာ မီးဖိုနဲ့ အိုးတင်ပြီး ဆူပွက်နေတဲ့အတိုင်း ဝိုင်းဖွဲ့ပြီး စားသောက်လေ့ရှိကြပါတယ်။ အပျင်းပြေချက်စားကြည့်လို့ရအောင်နဲ့ မှီငြမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်။

ကဲ …
အဆင်ပြေသလိုသာ ချက်စားကြည့်လိုက်ကြပါနော် …

.

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကဲ။
ခုတစ်ခါ ရွာထဲကို မလာတာ ကြာပြီဖြစ်သော နွေးတီး ရဲ့ မြေအိုး မြီးရှည် လုပ်နည်းလေးပါ။

.
မြေအိုး မြီးရှည် လုပ်နည်း- Yin Nyine Nway
(https://myanmargazette.net/21221)
ဒီနေ ့လုပ်စားတဲ့မြေအိုး မြီးရှည်ကတော့မြေအိုးမရှိလို ့ဒန်အိုးနဲ့ ချက်စားဖြစ်တာပါ။

မန္တလေးမှာတော့မြေအိုးမြီးရှည်ဆိုင်တွေက ညဈေးတန်းတလျှောက်မှာ ပေါမှပေါ ပါဘဲ။မြေအိုးမြီးရှည်ရဲ ့အရသာကိုတော့ ပူပူစပ်စပ်နဲ ့မာလာဟင်းကြိုက်တဲ့သူတိုင်း ကြိုက်ပါလိမ့်မယ်။
ကျွန်မကတော့ မြေအိုးမြီးရှည်ကို ကြေးအိုးထက် ကြိုက်ပါတယ်။
လက်ကိုင် ရိုးတံရှည်လေးနဲ ့မြေအိုးလေးထဲမှာ ထည့်ချက်ပြီး gas မီးဖို ပေါ်ကချချချင်း ပူပူနွေးနွေး စားရတာ တော်တော်ကောင်းပါတယ်။
ကျွန်မကတော ့ဒန်အိုးထဲမှာ ထည့်ချက်ပြီး ရိုးရိုးပန်းကန်ထဲမှာ ထည့်စားပါတယ်။

.
ပြုလုပ်ပုံ အဆင့်ဆင့်ကတော့
ကြက်ရိုးကို ဆား၊ငံပြာရည်၊ဂျင်းရည်တို ့နဲ ့နယ်ပြီး ပြုတ်ထားပါတယ်။
ပြီးရင် အရိုးတွေဖယ်ပြီး အရည်စစ် ယူထားပါတယ်။
ငါးဖယ်လုံး၊ငုံးဥပြုတ်ထားပါတယ်။
မြီးရှည်ဖတ်ကို ရေနွေးဖျောထားပါတယ်။
စားတော့မယ်ဆိုမှ gas မီးဖိုကိုဖွင့်၊ဒန်အိုးထဲကို ကြက်ပြုတ်ရည် တစ်ခါစား စာထည့်ပါ။
မပွက်ခင် မာလာဟင်းအနှစ်ကို ဟင်းစား ဇွန်းနဲ ့တစ်ဇွန်းထည့်၊ ကြက်အူချောင်း ထည့်ပါတယ်။
မြီးရှည်ဖတ်ထည့်ပါတယ်။
ကိုက်လန်၊ ထိုင်ဝမ်မုံညင်း၊ ကို မလှီးဖြတ်ဘဲ ဒီအတိုင်းထည့်ပါတယ်။
brocoli ကြိုက်ရင် ထပ်ထည့်လိုက်ပါ။
အရွက်စိမ်းစိမ်းလေးတွေရတုန်းမှာ မီးဖို ပိတ်ပြီး ပြုတ်ပြီးသားငုံးဥလေးတွေနဲ ့ငါးဖယ်လုံး ထည့် ပြီး အပေါ့အငန်မြည်းကြည့်လိုက်ပါ။
ပြီးရင်ပဲငပိ အနှစ်လေး ဟင်းပေါ်မှာ ပုံလိုက်ပါနော်။
ဒါဆို မြေအိုးမြီးရှည်ရပါပြီနော်။

ကျွန်မနည်းက ဆိုင်တွေနဲ ့ကွာနိုင်ပါတယ်။

ဒါပေမဲ ့မန္တလေး ညဈေးတန်းက ဆိုင်တွေရဲ့ အရသာအတိုင်းပါဘဲ …

🙂

~~~~~~~~~~~~

တလက်စ တည်း ခပ်ဆင်ဆင် ကျိုင်းတုံ မြီးရှည် ကို မှတ်သွားပေးဂျဘာ။

:aa:

မန်းလေးမှာတော့ ကျိုင်းတုံမြီးရှည်ကို မြေအိုးမြီးရှည်လို့ ခေါ်တာမို့ နွေးတီး အောက်မှာ ထားလိုက်ပြီ။
http://chenaddy.blogspot.sg/2011/04/blog-post_28.html

.

ကျိုင်းတုံ မြီးရှည်

ဝက်နံရိုုး ရှယ်နံရိုုး ကိုု လိုုအပ်သလောက်ရေနဲ့ပြုတ်ပါမယ်…

ပြီးတော့ပဲပုုပ် ၂ ချပ်ခွဲကိုု တခါတည်း ထည့်ပြုတ်ပါမယ် ……
နံရိုုး ရယ် ပဲပုုပ် ရယ် ရေ ရယ် ဒါပါပဲ…
ပြီးတော့ ဟင်းရည်ကြည်အောင် အိုုး ကိုု အဖုုံးမဖုုံးပါနဲ့ မဟုုတ်ရင် ဟင်းရည်က မကြည်ဘဲ နောက်သွားပါမယ်…
ပြီးတော့ ဟင်းရည်ချက်ဖိုု့အတွက် ခရမ်းချဉ်သီး ကိုု သေးသေးလေးတွေ လှီးထားပါ…
ကြက်သွန်ဖြူ နီ ကိုု များများလေး ကြိတ်ထားပါ အသင့်ပြင်ထားရမယ့် နောက်တခုုပေါ့…
ဟင်းရည်အိုုး ဆူရင် အဖုုံး ကိုု နည်းနည်းလေး ဟပြီးတော့ ဖုုံးထားလိုုက်ပါ နံရိုုးကျက်သွားပီဆိုရင် ဟင်းရည် ပထမပိုုင်း တပိုုင်းပြီးသွားပါပြီ…
ဝက်သား လေးထောင့် သေးသေးလေးတွေ တုုန်းထားပါ ပြီးရင်တော့ ငရုုတ်သီးမှုန့် ကိုု အရောင်တင်မှုန့် ကော အကြမ်းမှုန့် ကော ထည့်ပါမယ် ပြီးရင်တော့ အချိုမှုန့် ထည့်ပါမယ်…
အရောင်တင်မှုန့်ရယ် ဆား အချိုမှုန့် ရယ် ပြီးရင် နနွင်းနည်းနည်းလေး ထပ်ထည့်ပေးပါ ပြီးရင်တော့ ငံပြာရည် နည်းနည်းထည့်ပြီးတော့ နယ်ပြီး နပ်ထားပေးပါ…
အစစ အရာရာ ပြင်ဆင်ပြီးရင်တော့ ဆီကိုု အရင်ပူအောင်တည်ပါမယ် ကြက်သွန်ဖြူနီ ကိုု ဆီသတ်ပါမယ်…
ကြက်သွန်ဖြူနီ ဆီသတ်လိုု့ ရွှေရောင်သန်းလာပြီဆိုုရင် ခရမ်းချဉ်သီး ထည့်ပါမယ် ခရမ်းချဉ်သီးတွေ ကျေကုုန်တဲ့ အထိ မွှေပေးနေပါ ခရမ်းချဉ်သီးတွေ ကျေကုုန်ပြီဆိုုရင် ခုုနက နယ်ပြီး နပ်ထားတဲ့ ဝက်သား ကိုုထည့်ပါမယ်…
ဝက်သား ကိုု ခဏ ဆီမွှေးလာအောင် ကြော်ပေးပါ ပြီးရင် ရေနည်းနည်း ထည့်ပြီးတော့ ဆက်တည်ပေးပါ
ကြော်ရင်းနဲ့ မွှေမွှေပေးနေပါ …
အောက်က အသားတွေ မတူးကုုန်အောင်ဖြစ်ပါတယ်…
ပြီးရင် ဇွှန်းလေးနဲ့ဆယ်ဆယ်ပြီး ဝက်သား နူးမနူး မြည်းကြည့်ပေးပါ …
ဝက်သားတွေ အိုုကေ ပြီဆိုုရင်တော့ အစကနေ ရေရင် ဟင်းရည်အိုုးထဲကိုု အခုု ချက်ထားတဲ့ ဝက်သားကော ဆီတွေ ကော အကုုန်လောင်းထည့်လိုုက်ပါ…
ဝက်သားအနှစ်တွေ လောင်းထည့်လိုုက်တဲ့ အတွက် ဟင်းရည် ကိုု တခါ ပြန်တည်ပေးရပါမယ်
ပြီးရင် ခုုန ကအတိုုင်း ဟင်းရည် ကိုု ပြန်ဆူပါစေ…
ဒီနေရာမှ နောက်ထပ်ပြင်ထားရမယ့် ကြက် ဘဲ ပဲ ဝက်သွေးကြိုက်ရာ ကိုု အရင်ရေနဲ့ပြုတ်ပြီး ကြိုက်တဲ့ အရွယ် အနေတော် အတုုံးလေးတွေ လုုပ်ထားပါ အကုုန်လောင်းထည့်လိုုက်ပါ…
ဒီမှာက မြီးရှည်ဖတ် အစိုု အလွယ်မရတဲ့အတွက် မြီးရှည်ခြောက် ကိုုညကတည်းက ရေအရင်စိမ်ထားရပါတယ်…
နောက်စားခါနီးကျတော့မှ ပြန်ပြုတ် ပြီးတော့ ရေအေးနဲ့ပြန်ဆေးပြီးမှ ဆယ်ထားပေးပါ…
နောက်လက်ပံပွင့်တွေကို ရေအရင်သေချာဆေး ရွေးပြီးတော့ ရေပြန်စိမ်ထားပါ…
ပြီးရင် နူးမနူးမြည်းပေးပြီးတော့ ပန်းကန်လေးထဲ ဆယ်ထားပေးပါ…
လက်ပံ ကိုု အဲ့လိုု ထည့်ချက်ရင် ဟင်းရည်တွေက ချွဲ သွားတတ်တယ်တဲ့ လက်ပံကြောင့်ပေါ့) အဲ့တာကြောင့် ရေနွေးဖျော်ပြီး သပ်သပ်ထားတာပါ…
နောက် နံနံပင် သံပရာသီး လှီးထားပါဝက်ခေါက်ကြိုက်ရင် ဝက်ခေါက်လေးပါထည့်စားပေါ့…
ရှမ်းခေါက်ဆွဲ ကိုုအောက်ဆုုံးကနေထည့် ပြီးတော့ ဂေါ်ဖီထည့် လက်ပံပွင့်ပြုတ်တွေထည့် ပြီးတော့ နံနံပင်ထည့်ပြီးပြင်ပါမယ်…
ပြီးလိုု့ရှိရင်တော့ ခုုန က ချက်ထားတဲ့ ဟင်းရည် ပူပူလေး ကိုု ဆူနေအောင်တည်ပြီး လောင်ထည့်လိုုက်ရင် အင်မတန်မှ ချက်ပြုတ်ရတာ လွယ်ကောင်း သက်သာ မြန်ဆန် အရသာရှိတဲ့ ကျိုင်းတုုံမြီးရှည် တပွဲ ရပြီပေါ့နော်…
တချို့ ကလဲ ဟင်းရည် မဆမ်းခင် ရေနွေးအိုုးထဲကိုု ဇကာ နဲ့အရင် တရေပြုတ်ပါတယ်…
အရွက်တွေနည်းနည်းလေးနွမ်းအောင်ရယ် ခေါက်ဆွဲ ကိုု ပါပြုတ်လိုုက်တာပေါ့လေ…

.

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟုတ်ကဲ့!!! :mrgreenn:

.
ရှာရင်းနဲ့ မ အစိမ်းရောင်လွင်ပြင် ပြောတဲ့ ကချင်ပြည်နယ်က မြီးရှည်လေး အကြောင်းလည်း လေကြော ရှည်ဗျဇီ။
http://www.missgreenlady.com/2011/10/blog-post_23.html

.
၁) ဝက်နံရိုး မြီးရှည် လုပ်နည်းလေး
ဆီတိုဖူးကို ဆီသတ်ပြီး ရေကျဲကျဲနဲ့ ဖျော်ထားတာပါ။
ကြာညှို့လို့ခေါ်ပါတယ်။
အိမ်မှာ လွယ်လွယ်ကူကူမရှိရင် ထန်းညက်ကို အရည်ဖျော် ဆားထည့်ပြီး ပျစ်လာအောင် ချက်လိုက်ရင် ကြာညှို့ ရပါပြီ။
ဒါကတော့ ကြက်သွန်ဖြူ၊ နံနံတို့ကို နှုတ်နှုတ်စင်းပြီး ရေဖျော်ထားတာပါ။
ကြက်သွန်ဖြူ၊ ဂျင်းထည့်ပြီး ဝက်နံရိုးကို နူးနေအောင် ဟင်းရည်ချက်ထားတာပါ။
ပြုတ်ပြီး မြီးရှည်ထဲကို အပေါ်က အဆာပလာနဲ့ ဆား၊ အရသာမှုန့်တို့ကိုထည့်ပါတယ်။
ဝက်နံရိုးဟင်းရည်ကိုထည့်လိုက်ရင် မြီးရှည်တစ်ပွဲရပါပြီ။
ဒီမြီးရှည်ဟာ အဆာပလာ မများပေမဲ့ ရိုးရိုးရှင်းရှင်းနဲ့ အတော်ကို စားကောင်းပါတယ်။
ဒီနည်းကိုတော့ ကျွန်မ ဗန်းမော်သွားတုန်းက ရလာတဲ့နည်း ဖြစ်ပါတယ်။
ဒါကြောင့် ဗန်းမော်မြီးရှည်လို့လည်း ခေါ်နိုင်ပါတယ်ရှင်။

.

၂) မြစ်ကြီးနား မိုးကောင်းမြီးရှည်
ဝက်သားကို နူးအောင်ပြုတ်ပြီး ချက်ထားတဲ့ မြီးရှည်ပါ။
အဆာပလာတွေကတော့ အပေါ်က အဆာပလာများနဲ့ သိပ်မထူးပါဘူး။
ဝက်သားကို အဆီအသားအခေါက်များပါတဲ့ သုံးထပ်သားကို ညကတည်းက နူးနေအောင်ပြုတ်ထားပါတယ်။
မနက်ရောက်တော့ ပြုတ်ထားတဲ့ ဝက်သားတွေကို ဆယ်ပြီးတောက်တောက်စင်းလိုက်ပါတယ်။
ဝက်သားများကို ဟင်းရည်အနည်းငယ်နဲ့ ရောပါတယ်
အပေါ်က မြီးရှည်လုပ်နည်းအတိုင်းပါဘဲ။
ဆီတိုဖူးကို ဆီသတ်ပြီး အရည်ဖျော်ထားတာပါ။
ဘူးနဲ့လာတဲ့ ဆီတိုဖူးကိုသုံးထားတာပါ။
ကြက်သွန်ဖြူကိုထောင်းပြီး အရည်ဖျော်
ရှောက်ကော၊ ပါးကောနဲ့ နှမ်းရောထားတဲ့ ဆီမွှေး
ငရုပ်သီး ဆီကြော်
မြေပဲဆန်မညက်တညက်ထောင်း
ကြက်သွန်မြိတ်
ဝက်သားပြုတ်ထားတဲ့အရည်ကို ဟင်းရည်လုပ်ထားတာပါ။
အပေါ်က အဆာပလာတွေ အကုန်ထည့်ပါတယ်။
ဟင်းရည်ထည့်လိုက်ပြီး ဆား၊ အရသာမှုန့်တို့ကို မိမိနှစ်သက်သလိုထည့်ပါ။
ဒီမြီးရှည်ကတော့ ကျွန်မတို့ ကချင်ပြည်နယ် မြစ်ကြီးနား မိုးကောင်းတို့က ဆိုင်တွေမှာ ရောင်းလေ့ရှိတဲ့ ချက်နည်း တစ်မျိုးဖြစ်ပါတယ်။
ဒါကြောင့် အထက်ပါ ချက်နည်း ၂မျိုးစလုံး ကချင်ပြည်နယ် မြီးရှည် ချက်နည်းများဘဲ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက် တစ်ခု က စလုံးက အကိုကြီး ကိုမောင်သက်ရဲ့ အိမ်ရှင်ထီး မီးဖိုချောင် ပေ့(ချ) ထဲက ခိုးလာတာပါ။
ဟီးဟီး

:k:
https://www.facebook.com/hubbykitchen?pnref=lhc – အိမ်ရှင်ထီး၏ မီးဖိုချောင် – Hubby Kitchen

.
အလွယ်လုပ် မြီးရှည်

.
နန်းကြီးခေါက်ဆွဲအဖြူ
ရှမ်းချဉ်
ပဲငါးပိ
ဝက်သားနှူတ်နှူတ်စဉ်း
ကြက်သွန်နီကို သေးသေးလေးတွေလှီးပြီး အရောင်တင်မှုန့်နည်းနည်း ပဲငါးပိ နဲ့ ဆီသတ်ပါ။
ဝက်သားအကြေထည့်ပါ။ ရှမ်းချဉ် ထည့်ပါ။
ပဲငံပြာရည်နည်းနည်းထည့်ပါ။
အနံ့မွှေးလာရင်ချလို့ရပါပြီ။
တို့ဖူးနွေးအစား ကော်ရည်ထည့်စားပါတယ်။
ပြောင်းဖူးမှုန့် သို့ ပလောပီနံမူန့်နဲ့ ကော်ရည်ကြိုပါ။
ပြီးရင်တော့ အကုန်သာထည့်ပြီးနယ်
နံနံပင်လေးဖြူး ရှမ်းချဉ် ငရုတ်သီးကြော်လေးနဲ့သာ စားတော့ဗျာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တစ်ရွာတစ်ပုဒ်ဆန်း တဲ့ အကောင်ကြီးအမြီးရှည် အစီအစဉ် ဤတွင်ပြီးဆုံးပါပြီ။

လိုအပ်တာတွေ ညွှန်ကြားပြသပေးသွားပါရန် ပန်ကြားအပ်ပါဒီ ခင်ညာ!!!

~~~~~~~

မွသဲ ရဲ့ ရှမ်းမြီးရှည်ကို မေ့နေတာ။
မေလ တည်းက ပြောထားတာကို ချက်ဘောက်မှာ ပြန်ရှာရတယ်။
ဟီးဟီးးး
ဓာတ်ပုံနဲ့ တကွ ကြည့်ပါတော့။
ဟိ….

 

ရှမ်းမြီးရှည် ~~~~~~~ နန်းလတ်ဖတ်ထဲကို ကြက်သား သို့ ဝက်သားပြုတ်ထားတာထည့် မြေပဲကြော်အခွံမကျွတ်ကိုအလုံးလိုက်ထည့် ပဲပင်ပေါက်ရေဖျောထည့် မုန်ညင်းချဉ်ထည့် အရသာထည့် အရိုးပြုတ်ရည်ဖျောင်ဖျောင်လေးထည့် ကြိုက်တတ်ရင်ငြုတ်သီးကြော်ထောင်းထားတာထည့် ပဲငပိအရည်ထည့်ရမယ် အာ့လေးပြောဖို့ကျန်ခဲ့တယ် နံနံပင်လေးလဲထည့်ရမယ် အဲ့မှာအရည်ညိုညိုလေးကပဲငပိရည် သူကဖြူဖြူ အရည်ရွတ်ရွတ်ကလေးနဲ့ စားကောင်းတယ်။
ရှမ်းမြီးရှည်
~~~~~~~
နန်းလတ်ဖတ်ထဲကို ကြက်သား သို့ ဝက်သားပြုတ်ထားတာထည့်
မြေပဲကြော်အခွံမကျွတ်ကိုအလုံးလိုက်ထည့်
ပဲပင်ပေါက်ရေဖျောထည့် မုန်ညင်းချဉ်ထည့်
အရသာထည့် အရိုးပြုတ်ရည်ဖျောင်ဖျောင်လေးထည့်
ကြိုက်တတ်ရင်ငြုတ်သီးကြော်ထောင်းထားတာထည့်
ပဲငပိအရည်ထည့်ရမယ် အာ့လေးပြောဖို့ကျန်ခဲ့တယ်
နံနံပင်လေးလဲထည့်ရမယ်
အဲ့မှာအရည်ညိုညိုလေးကပဲငပိရည်
သူကဖြူဖြူ အရည်ရွတ်ရွတ်ကလေးနဲ့ စားကောင်းတယ်။

 

 

kyout mal

 

ကျောက်မဲ မြီးရှည် (Credit to Nan Kaythi Hlaing)

တူညားတို့က ချက်စားရင် တရုတ်နညိးလိူဖြစ်နေတယိ

အရင်ဆုံး အရိုး , အသား (ပေါင်သားဆိုပိုကောင်း) ကို ဂျင်း ကြက်သွန်ဖြူရိုက်ပြား , ဆား ဟင်းချိုမှုန့် နဲ့ တရုတ်မဆလာ( စားကောပါကော) နဲနဲထည့် နယ် ပြီးရင် ရေမြှုပ်အောင်ထည့်ပြီး အိုးဖုံးဖွင့် ဟင်းရည်တည်တယ်

ဟင်းရည် ကြည်အောင်လေ မနက်တည်းကတည်ထားလိုက်တာ နူးအိအောင်ပေါ့။

ပုံမှန်ဆို အဲ့ မြီးရှည်ကို ညနေမှ လုပ်စားတယ်။

ဆီတိုဖူး ကို အရည်ဖျော် ဂျင်းနဲနဲ ကြက်သွန်ဖြူ နဲနဲ ကို တောက်တောက်စင်း ရေနဲ့ဖျော် မျစ်တို့ခြောက် သိလာ မျှစ်အမျင်လေးတွေလေ။ မိုးကုတ်ဘက်က လာတာ သူ့လဲ ရေနဲ့ဆိမ်လိုက်တာ။

အရည်က ချဉ်တယ်နဲနဲ ကော်ရည်ဖျော် ပဲပုတ်စေ့ တပန်းကန်ထား။ တရုတ်ပဲပုတ်စေ့လေ

ကြာညို့ နံနံပင် ကြက်သွန်မိတ် ငရုတ်သီးဆီကြော်  ဆီတိုဖူး အရည် , အသားပြုတ် အဲ့တာတွေ အကုန်ထည့်လိုက် တာပဲ။

(ကြာညို့က ကြိုက်ရင်ထည့်)

ဟင်းရည်လေးကို အရည်စပ်စပ်လေးထည့်စား။

ဟင်းရည်ကို ငရုပ်ကောင်းလေးဖြူးလို့သောက်

တချို့က ကြက်သွန်ဖြူဆီချက်ကို ဆားကောပါကောနဲ့ နှမ်းထည့်ကြော်တာ လဲ ထည့်တယ်

အိမ်မှာက ကြက်သွန်ဆီချက် အမြဲလုပ်ထားတော့ ပြောဖို့မေ့နေတာ

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

.

.

.

ဝက်နံရိုး၊လက်ပံပွင့်ြမြီးရှည်၊

ကျောက်စ် မြီးရှည်က မြင်းခြံနည်းဗျ … စလုံးမှာတုန်းက အတူနေသူငယ်ချင်း မြင်းခြံသား ငထွန်းရဲ့နည်း … အဲဒါကို မော်ဒီဖိုင်းလုပ်ထားတာ…
.
ဝက်သား အသားကောင်းကောင်း (သို့) ကြက်ရင်ဘုံသား ၂၅-သားလောက်ကို ဆားနဲ့နာနာနယ် ရေပြန်ဆေးပြီး နံနံပင်အမြစ်နဲ့အတူ ရောပြုတ်လိုက်တယ် ။ နူးအိသွားရင် ပြန်ဆယ် ရေစစ် ဓားပြားလေးဖိပြီး စဉ်းထားလိုက်တယ် ။ ပြုတ်ရည်ကို ဟင်းချိုအတွက် အသားမှုန့်လေးနဲ့ ဆက်တည်ထားပါ ။ အနှစ်အတွက်ကတော့ ရယ်ဒီမိတ် ပဲငပိအစပ်ပုလင်းရယ် ၊ ငရုပ်သီးခွဲကြမ်း + ရှောက်ကောပါကော + နှမ်း + မြေပဲလေးစိတ်ကွဲ + ငရုပ်ကောင်း ဆီသတ်ထားတာကို သုံးပါတယ် ။ နောက်ပြီး ခရမ်းချဉ်သီးကို လိပ်သွားအောင် အနှစ်ချထားတာလေးလည်း ပြင်ထားတာပေါ့ ။ အစပ်အဟပ်အတွက် တရုတ်နံနံကြီးအရိုးကို ရေစင်အောင်ဆေးပြီး အတွင်းသားတွေကို ခြစ်ယူထားတဲ့ အနှစ်ထဲ ကြက်သွန်ဖြူ ကြက်သွန်မြိတ် ဆားသဘောလောက် ထည့်ပြီးသမအောင်ရောထားပါ ။ ပြောင်းဖူးမှုန့် / ကော်မှုန့်ကို ကော်ရည်ပြစ်ပြစ် ကြိုထား ၊ ပဲပင်ပေါက် ၊ လက်ပံခြောက်ကို ပြုတ်ထားပါတယ် ။ အချဉ်အတွက်ကတော့ မုန်ညှင်းချဉ်ကို ရေဆေးပြီး နုတ်နုတ်စဉ်းထားပါ ။
.
စားတော့မယ်ဆိုမှ Udon ခေါက်ဆွဲ နန်းလတ်ကို ၁-မိနစ်လောက်ပြုတ်ပြီး ပန်းကန်ထဲထည့် ၊ အသား ပဲငပိအနှစ် ငရုပ်သီးရောရာဆီသတ် ၊ ခရမ်းချဉ်သီးအနှစ် ၊ တရုတ်နံနံအနှစ် ၊ ကော်တွေကို သင့်ရုံထည့် ၊ ပဲပင်ပေါက်ပြုတ် ၊ လက်ပံခြောက်ပြုတ်ကို ၄-စိတ်ကွဲ လှီးထားတာလေးထည့် ၊ ပဲငံပြာရည်နဲ့ အသားမှုန့်သဘောလောက်ထည့်ပြီး တူ တစ်စုံနဲ့သမအောင်မွှေ အရသာပြင် ၊ ကြက်သွန်မြိတ်ခပ်ထားတဲ့ အသားပြုတ်ဟင်းချိုရည် ဝက်ခေါက်ကြော် မုန်ညှင်းချဉ်လေးနဲ့ ရှလွတ်စ်လိုက်ရင် … အိမ်ကလူတွေနာမည်တောင် မေ့သွားမယ် ။
:k:

 

ဥကျောက်လက်ရာ ဝက်နံရိုး၊လက်ပံပွင့်ြမြီးရှည်၊
ဥကျောက်လက်ရာ ဝက်နံရိုး၊လက်ပံပွင့်ြမြီးရှည်၊

 

ဦးကျောက်လက်ရာ မြေအိုးမြီးရှည်
ဦးကျောက်လက်ရာ မြေအိုးမြီးရှည်

51 comments

  • ဦးကျောက်ခဲ

    March 23, 2015 at 10:08 am

    ကျောက်စ် မြီးရှည်က မြင်းခြံနည်းဗျ … စလုံးမှာတုန်းက အတူနေသူငယ်ချင်း မြင်းခြံသား ငထွန်းရဲ့နည်း … အဲဒါကို မော်ဒီဖိုင်းလုပ်ထားတာ…
    .
    ဝက်သား အသားကောင်းကောင်း (သို့) ကြက်ရင်ဘုံသား ၂၅-သားလောက်ကို ဆားနဲ့နာနာနယ် ရေပြန်ဆေးပြီး နံနံပင်အမြစ်နဲ့အတူ ရောပြုတ်လိုက်တယ် ။ နူးအိသွားရင် ပြန်ဆယ် ရေစစ် ဓားပြားလေးဖိပြီး စဉ်းထားလိုက်တယ် ။ ပြုတ်ရည်ကို ဟင်းချိုအတွက် အသားမှုန့်လေးနဲ့ ဆက်တည်ထားပါ ။ အနှစ်အတွက်ကတော့ ရယ်ဒီမိတ် ပဲငပိအစပ်ပုလင်းရယ် ၊ ငရုပ်သီးခွဲကြမ်း + ရှောက်ကောပါကော + နှမ်း + မြေပဲလေးစိတ်ကွဲ + ငရုပ်ကောင်း ဆီသတ်ထားတာကို သုံးပါတယ် ။ နောက်ပြီး ခရမ်းချဉ်သီးကို လိပ်သွားအောင် အနှစ်ချထားတာလေးလည်း ပြင်ထားတာပေါ့ ။ အစပ်အဟပ်အတွက် တရုတ်နံနံကြီးအရိုးကို ရေစင်အောင်ဆေးပြီး အတွင်းသားတွေကို ခြစ်ယူထားတဲ့ အနှစ်ထဲ ကြက်သွန်ဖြူ ကြက်သွန်မြိတ် ဆားသဘောလောက် ထည့်ပြီးသမအောင်ရောထားပါ ။ ပြောင်းဖူးမှုန့် / ကော်မှုန့်ကို ကော်ရည်ပြစ်ပြစ် ကြိုထား ၊ ပဲပင်ပေါက် ၊ လက်ပံခြောက်ကို ပြုတ်ထားပါတယ် ။ အချဉ်အတွက်ကတော့ မုန်ညှင်းချဉ်ကို ရေဆေးပြီး နုတ်နုတ်စဉ်းထားပါ ။
    .
    စားတော့မယ်ဆိုမှ Udon ခေါက်ဆွဲ နန်းလတ်ကို ၁-မိနစ်လောက်ပြုတ်ပြီး ပန်းကန်ထဲထည့် ၊ အသား ပဲငပိအနှစ် ငရုပ်သီးရောရာဆီသတ် ၊ ခရမ်းချဉ်သီးအနှစ် ၊ တရုတ်နံနံအနှစ် ၊ ကော်တွေကို သင့်ရုံထည့် ၊ ပဲပင်ပေါက်ပြုတ် ၊ လက်ပံခြောက်ပြုတ်ကို ၄-စိတ်ကွဲ လှီးထားတာလေးထည့် ၊ ပဲငံပြာရည်နဲ့ အသားမှုန့်သဘောလောက်ထည့်ပြီး တူ တစ်စုံနဲ့သမအောင်မွှေ အရသာပြင် ၊ ကြက်သွန်မြိတ်ခပ်ထားတဲ့ အသားပြုတ်ဟင်းချိုရည် ဝက်ခေါက်ကြော် မုန်ညှင်းချဉ်လေးနဲ့ ရှလွတ်စ်လိုက်ရင် … အိမ်ကလူတွေနာမည်တောင် မေ့သွားမယ် ။
    :k:

    • ခင်ဇော်

      March 23, 2015 at 10:15 am

      ဖတ်ရုံနဲ့ ဆွေမျိုးးမေ့သွားးးလို့
      ကိုကိုအဝှာကို ကျေးးကျေးးပါလို့…
      :k:

  • မွသဲ ( 17082011 )

    March 23, 2015 at 10:17 am

    ငင့် တများရှမ်းမြီးရှည်ကောဟင်။ သများက အိုက်ရှမ်းမြီးရှည်ရယ် မန်းလေးမြီးရှည်ရယ်ပဲကြိုက်တယ်

    • ခင်ဇော်

      March 23, 2015 at 11:53 am

      ဖြည့်လိုက်ပြီ မွသဲ။
      ဟိ။ ချက်ဘောက်ထဲ ပြန်ရှာရတယ်။

      :k:

      • Mr. MarGa

        March 23, 2015 at 6:47 pm

        မေလကတည်းက ပြောထားတာ ဟလား
        အင်းးးး သိပ်မကြာသေးဘူးပဲ
        :mrgreenn:

  • Yae Myae Tha Ninn

    March 23, 2015 at 10:17 am

    ဒါတွေ စားပွဲပေါ် ပြင်ပြီးရင်….
    ၁) မုန့်ဖတ်ကို ရေနွေးဖြော
    ၂) မပါမဖြစ်တွေ ချိန်ဆထည့်
    ၃) အဆာပလာ လိုသလောက်ထည့်
    ၄) ချဉ်ငန်စပ်ပြင်
    ၅) ဟင်းထည့်ဆမ်း
    ၆) ကြာညို့ တစ်တို့ အရောင်ထည့်
    ၇) စိမ်းစိမ်းလေးတွေပုံပြီး ပန်းကန်ပေါ်ကို တူလေးနဲ့သာပေးလိုက်၊

    အဲချက်နည်းလေး သဘောကျတယ်… 🙂

    • ခင်ဇော်

      March 23, 2015 at 11:54 am

      အတိုင်းအတာက
      လူ တိုင်း အကြိုက်ကို မလိုက်နိုင်တော့ ဂလိုပဲ ဝိနည်းလွတ်ရေးရတာ နင်းနင်းရဲ့..

      :kwi:

  • တောင်ပေါ်သား

    March 23, 2015 at 10:21 am

    ဗိုက်ဆာရတဲ့အထဲ ဒင်းတို့မို့ တင်လျက်တယ်

    သွားစားပစ်ဦးမယ်ကွာ လှည်းတန်းမှာ

    • ခင်ဇော်

      March 23, 2015 at 3:17 pm

      သွားစားဖြစ်ရင် ဓာတ်ပုံရိုက်ခဲ့ပါနော်။
      ပို့(စ) ထဲ ထည့်ဖို့ ဓာတ်ပုံနည်းလို့..

      :k:

      • တောင်ပေါ်သား

        March 23, 2015 at 3:32 pm

        ပြတ်တုန်း လပ်တုန်း ၂၃ တဲ့ ကလေးမရဲ့ 🙂

  • Kaung Kin Pyar

    March 23, 2015 at 10:38 am

    ဟားးးး ဒီပိုစ့်လေး မြင်ရတာ..ဝမ်းသာလိုက်တာ….။ ညကတော့ ဖဘမယ် သူများတင်ထားတဲ့ ရှမ်းစာတွေကြည့်ပြီး ငတ်ကြီးကျနေတာ….။ ကွကိုယ်လုပ်မစားတတ်လို့ အိမ်ကလူတွေကို မျက်နှာချိုသွေးနေရတဲ့ဒုက္ခတော့ ကုန်ပြီ….အဟေးးး ဟေးးးးး။
    ရန်ကုန်ထဲမှာတော့ ရှမ်းစာကောင်းတဲ့ဆိုင် လှည့်ပတ်စားတာပဲ…။
    တရုတ်တန်းမှာတော့ ၁၉လမ်းထိပ်က ရှမ်းဆိုင်ကောင်းတယ်
    မြေနီကုန်းမှာတော့…ရှမ်းလမ်းကွေ့ကဆိုင်ကောင်းတယ်…
    လှည်းတန်းမှာတော့ မောသျှမ်းကောင်းတယ်…
    ဘူတာရုံလမ်းမှာ နန်းဝင်းနုကောင်းတယ်…
    လှိုင်မြင့်မိုရ်မှာတော့ ကြင်ကြင်ကောင်းတယ်..
    ဘုရားလမ်း စိန်ဂေဟာနားမှာတော့ အားမြန်ကောင်းတယ်…
    ဒီပိုစ့် ဖတ်ပြီး မြီးရှည် ချက်စားရမယ်…..။
    :mrgreen:
    :mrgreen:
    :mrgreen:

    • ခင်ဇော်

      March 23, 2015 at 3:24 pm

      ရှမ်းစာ က ရှမ်းစစ်စစ်ချက်မှ စားကောင်းသလိုပဲ။
      ဟီးဟီးးး

      :mrgreenn:

  • အောင် မိုးသူ

    March 23, 2015 at 10:39 am

    မြီးရှည်တော့ အရမ်းကြိုက်တဲ့အထဲမပါဘူး။ မာလာဟင်းတော့ အနည်းငယ်ကြိုက်တယ်။ း)

    • ခင်ဇော်

      March 23, 2015 at 3:24 pm

      ဘယ်ဟာကို အများဂျီး ကြိုက်လဲ

      :kwi:

  • naywoon ni

    March 23, 2015 at 10:45 am

    အ​ကောင်​ကြီးပြီး အမြီးရှည်​တာက ​ဂေါ်ဇီလာ ! 🙂
    လုပ်​မစား​တော့ဘူး ။ နည်​းသိထားရင်​ ​ကောင်​းတဲ့ ဆိုင်​​ရွေးစားတတ်​ဘီ ။

    • ခင်ဇော်

      March 23, 2015 at 3:25 pm

      နောက်ခါ ဥနီ ကို ဂေါ်ဇီလာဟင်းချက်ကျွေးမယ်။

      :k:

  • Wow

    March 23, 2015 at 11:11 am

    မီးရှည်ကို ကြက်/ဝက် အသားပြုတ်နဲ့ပဲကြိုက်တယ်… ဟင်းချက်ရင် ဟင်းနံ့ထွက်ပီး ဟင်းနဲ့ မုန့်ဖတ်နယ်စားနေရသလိုပဲ… မန်းလေးနဲ့ မိုင်းသာမီးရှည် ကြိုက်ဆုံးပဲ :sar:

    • ခင်ဇော်

      March 23, 2015 at 3:26 pm

      ကြိုက်တတ်ရင် ချက်ဟင်းကို ပိုအရသာရှိတာအေ့။
      ဟိဟိ

      :k:

  • Mike

    March 23, 2015 at 11:30 am

    .မန်းလေးသာနေခဲ့ဖူးတာ..မြီးရှည်ကောင်းကောင်းမစားဖူးခဲ့ဘူး
    .ရန်ကုန်မှာလည်း စားဖို့မနီးစပ်..ဘယ်နားကမြီးရှည်ကောင်းမှန်းမသိ
    .မန်းလေးနောက်တစ်ခေါက်သွားဖြစ်မှ ဝါးဖြစ်အောင်ဝါးအုံးမယ် :k:

  • Mike

    March 23, 2015 at 11:35 am

    .ကောင်းကင်ပြာပြောတဲ့ ….
    .လှည်းတန်းမှာတော့ မောသျှမ်းကောင်းတယ်…
    .ဘူတာရုံလမ်းမှာ နန်းဝင်းနုကောင်းတယ်…
    .လှိုင်မြင့်မိုရ်မှာတော့ ကြင်ကြင်ကောင်းတယ်..အဲ့သုံးဆိုင်ကိုယ်နဲ့နီးနေရက်နဲ့မဝယ်စားဖြစ်ဘူး
    .စားဖြစ်အောင်စားအုံးမယ် :sar:

    • ခင်ဇော်

      March 23, 2015 at 3:27 pm

      ရန်ကုန်တော့မသိ။
      မန်းလေး မြီးရှည်ကတော့ ၂ ဆိုင်စားတယ်.။
      ဗထူးကွင်းနားက မြီးရှည်ရယ် ၁၉ လမ်းက ဒေါ်နီ မြီးရှည်ရယ်။

      :sar:

  • ဗုံဗုံ

    March 23, 2015 at 11:46 am

    ဂိုဂိုလေးမွင်းငှါးဘဲကြိုက်ဒယ်ဆိုမှ.. :byee: :mrgreen:

    • ခင်ဇော်

      March 23, 2015 at 3:28 pm

      မွင်းဂါး ပို့(စ) ကပြီးဘီ။
      ဂုမှ တရေးနိုးးးလာဒယ်။
      သွားသွားးး
      ကွမ်းတောင် သွားခိုးချည်။
      အာ့မှပဲ ကိုင်ရတော့မှာ။

      :mrgreen:

  • Kaung Kin Pyar

    March 23, 2015 at 11:49 am

    ဟုတ် အူးမိုက်…။ လှိုင်မြင့်မိုရ် ကြင်ကြင်က ကံလမ်းက ဝင်ရင် ၂လမ်းမြောက်မယ်…။ အိုက်ဆိုင် လူအတော်စည်တယ်….။ ရှမ်းခေါက်ဆွဲထဲမယ်…ကန်စွန်းရွက်ပါ ပြုတ်ပြီး ထည့်ပေးတယ်…။ တခါတလေ တကူးတကတာင် သွားစားဖြစ်တယ်….။
    :sar:

  • Alinsett@Maung Thura

    March 23, 2015 at 12:05 pm

    မှီးရှည်ကို ဖွေးဖွေးလောက် မကြိုက်ဘူး…

    :k:

    • ခင်ဇော်

      March 23, 2015 at 3:29 pm

      နာကတော့ ဖွေးဖွေးကို မြီးရှည်လောက်မကြိုက်ဝူး

      :kwi:

  • pooch

    March 23, 2015 at 12:37 pm

    ကျောက်မဲမြီးရှည်လည်း စားလို့ကောင်းတယ် သူက တို့ဟူးပါတယ်မှတ်တာပဲ ပဲပုပ်နဲ့
    တခါလားပဲ စားဖူးတယ် မန်းလေး မြီးရှည်ကို လက်ရှိတော့ အကြိုက်ဆုံးပဲ ကျိုင်းတုံမြီးရှည်ကိုတော့ အရည်တွေနဲ့မို့ သိပ်မစားတတ်ဖူး

    • ခင်ဇော်

      March 23, 2015 at 3:30 pm

      ကျောက်မဲ မြီးရှည်က မွသဲ နည်းထဲကို ပဲပုတ်လှော်မှုန့်လိုမျိုးရယ် တို့ဟူးကြော်ရယ်ထည့်စားတယ် ထင်တယ်။
      ရှာမရဘူးးး
      ချက်နည်းကို။

      :a:

      • pooch

        March 23, 2015 at 4:13 pm

        တို့ဟူးကြော်မဟုတ်ဖူး တို့ဟူး အစို
        ပဲပုပ်က အလှော်မဟုတ် အစိုပဲ တမျိုးပဲ သိပ်မပြောတတ်ဖူး

        • Wow

          March 23, 2015 at 4:30 pm

          တို့ဟူးနွေးအရည်နဲ့ ပဲပုတ်မီးကင်ပီး၊ ထောင်းပြီး ဆီသတ်ထားတာမိုးလား..

        • pooch

          March 24, 2015 at 10:40 am

          wow ပြောသလိုလဲ မဟုတ်ပြန်ဘူး တို့ဟူး အစို အတုံးပျော့လေးတွေ
          ပဲပုပ်ကလည်း အစိုကို အရည်ကြည်လေးတွေ
          အနှစ်ချက်ထားတာမျိုး မဟုတ်ဖူးလေ

          ကဲလာခဲ့ ကျောက်မဲသွား စားကြတာပေါ့ :mrgreenn:

  • Crystalline

    March 23, 2015 at 12:51 pm

    ပုချ်ပြောတဲ့ကျောက်မဲမြီးရှည်စားဖူးတယ်…. ကောင်းတယ်…. မြီးရှည်ကြိုက်တဲ့အပြင်… ဆိုင်ရှင်မိသားစုနေ့လည်စာ ပူပူနွေးနွေးကြော်လှော်ချက်နေတာတောင်..ခုထိမျကိစိထဲကမထွက်… သရေကျတာ.. :mrgreenn: :sarr:
    ချက်နည်:တွေထက်…. ချက်ပြီး ခွက်နဲ့ရှေ့အရောက်ပို့ပေးတာပဲလိုချင်တယ်….ငှဲ…ငှဲ…. :mrgreenn:
    အခုလောလောဆယ်စားချင်နေတာ ဗီယက်နမ်အပြုတ်တွေ…ခေါက်ဆွဲနဲ့အသီးအရွက်ပြုတ်တွေ…အမဲပြုတ်တွေ… ရန်ကုန်မှာဆိုင်မရှိ.. :cryy:
    အရမ်းကြိုက်… ပြောရင်းသရေကျ… :sarr:

    • ခင်ဇော်

      March 23, 2015 at 3:51 pm

      ဒီလာခဲ့ ရင် လိုက် ကျွေးမယ်။

      :mrgreenn:

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 23, 2015 at 5:10 pm

    အန်​တီစား​နေဂျ လိပ်​​ဂေါင်​းအစိမ်​းသုတ်​​လေး နည်​း​ပေးပါအုံး​ညော်​
    မွတဲလိပ်​ကို မမ​ဝေါင်​ကိုဖြတ်​​ကျွေးချင်​လို့ရယ်​
    🙂

    • ခင်ဇော်

      March 23, 2015 at 6:15 pm

      မနေ့ကပဲ
      နာ့ မောင် ဂျာပွန်ပြန် စားးချင်တယ် ဆိုလို့ ကျွေးးလိုက်ရသေးးရော..
      :mrgreen:

  • black chaw

    March 23, 2015 at 5:27 pm

    ပြီးခဲ့တဲ့ ၂၀၀၆ လောက်က
    ဘူတာရုံလမ်း…၊ ခေတ်မြန်မာ မုန့်ဆိုင်မျက်စောင်းထိုးလေးမှာ ညနေပိုင်းဖွင့်တဲ့
    ရှမ်းဆိုင်လေးတစ်ဆိုင်က မြီးရှည်ကို အကြိုက်ကြီး ကြိုက်ခဲ့ဖူးတယ်…။
    တစ်ပွဲမှ ငါးရာပဲ…။
    တစ်ခါစား ၂ ပွဲ…။ ညနေပိုင်း ထမင်းလွတ်ကြိတ်တာ…။
    ဘယ်လောက်ကြိုက်သလဲဆို…။
    အဲဒီအချိန်က လုပ်တဲ့ အလုပ်မှာ…
    ဘလက်ချောကြီးမွေးနေ့အတွက် အဲ့မြီးရှည်ကို အော်ဒါမှာကျွေးတဲ့အထိ
    ြိကိုက်ခဲ့တာပါ…။
    အခု…အဲဒီ ရှမ်းဆိုင်…ဖွင့်ထားပါသေးတယ်…။
    လူလည်း အရမ်းစည်တုန်းပါပဲ…။
    ဒါပေမယ့် ကျွန်တော် မြီးရှည် မစားတော့ပါဘူး…။
    ရိုးသွားလို့ပါ…။
    အမြဲတမ်းစားရင် ရိုးသွားတတ်ပါတယ်…။
    တစ်ခါတစ်လေပဲ စားကြပါ…လို့ သတိပေးလိုက်ရပါကြောင်း…။
    အော်…မအားတဲ့ကြားက ဝင်ပေးရတဲ့ ကွန်းမန့်ပါဗျာ…။

    • ခင်ဇော်

      March 23, 2015 at 6:12 pm

      ဒါပေါ့လေ…
      တစ်ခုတည်းးစားးးရတာ ရိုးးးလွယ်တော့လည်းးး
      ပြောင်းးကြတာပေါ့…
      ဪ ယောကျင်္ား ဟူသည့် ထို ပုရိ..
      :byee:

      • Wow

        March 24, 2015 at 9:43 am

        နိကျတော့ ကောင်းပြည့်ကနေ အလင်းရောင်ဖြစ်သွားဒါရော ထဲ့ပေါအူးလေ :mrgreen:

        • ခင်ဇော်

          March 24, 2015 at 10:26 am

          ဒါဂဒေါ့ ….
          ရေမလောင်းတာကြာရင် ဒင်းတို့က အဟွာပုပုသွားတာကိုးးး

          :mrgreenn:

  • Mr. MarGa

    March 23, 2015 at 6:53 pm

    ခုတလော ကျောင်းတွေပိတ်ထားတော့
    မောင်မာဃရဲ့ မနက်စာဟာ ဈေးထဲက မြီးရှည်ပါခင်ဗျာ….
    မြီးရှည်ဆို ဘာကြီးဖြစ်နေနေ လာထားပဲ :mrgreenn:

    • ခင်ဇော်

      March 24, 2015 at 6:12 am

      စားးဖြစ်တဲ့နေ့
      ဓာတ်ပုံလေးးရိုက်ခဲ့ပေးးပါ ဂျားးးရေ
      :k:

  • Swal Taw Ywet

    March 24, 2015 at 2:58 am

    ရန်ကုန်မှာ မုန့်တီသုတ် ဘဲ စားဖြစ်တယ်။
    ဆင်ရေတွင်း ဦးတက်ယဉ် ဘေးနားကပ်လျက် လမ်းအတိုင်းဝင်သွားရသဗျ။
    ဓါတ်တိုင် ၆တိုင်လောက်သွားမိရင် ဘယ်ကိုခွဲတဲ့ လမ်းလေး အကျော် ညာဘက်မှာ အဖီလေးချပြီးရောင်းတဲ့ ဆိုင်။
    နာမည်တော့ အမှတ်တမဲ့ ခင်ဗျ။ ရှိမရှိတောင်မသေချာ ကိုယ်က မုန့်စားဘို့
    အဓိက ကိုး။ မုန့်တီသုပ် တပွဲ မုန့်ဟင်းခါးတပွဲ ဆက်တိုက်ဆွဲပြီး
    Premier 3 in 1 လေးနဲ့ဆို ထမင်း ၂နပ်လွတ်ဗျို့။
    With respect.
    Swal Taw Ywet.

  • Ma Ei

    March 24, 2015 at 11:54 am

    Feel မှာ အထမ်းမြီးရှည် ကောင်းတယ်…
    ခုတော့ နည်းနာတွေမှတ်ပြီးပြီ…
    မုန့်ဖတ်ခြောက် ရှမ်းချဉ် ဝယ်ထားတယ်…
    ဆန်းဒေး လုပ်စားမို့…

    • ခင်ဇော်

      March 24, 2015 at 12:26 pm

      လုပ်ပြီးရင် ပို့(စ) တင်ပေးနော် မွအိ

      :chit:

  • ခင်ဇော်

    May 11, 2015 at 2:03 pm

    မနန်းကေသီ ဆိုတဲ့ အမတစ်ယောက် ပြောလို့ ကျောက်မဲ မြီးရှည်ကို ဖြည့်လိုက်တယ်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကျောက်မဲ မြီးရှည်

    တူညားတို့က ချက်စားရင် တရုတ်နညိးလိူဖြစ်နေတယိ
    အရင်ဆုံး အရိုး , အသား (ပေါင်သားဆိုပိုကောင်း) ကို ဂျင်း ကြက်သွန်ဖြူရိုက်ပြား , ဆား ဟင်းချိုမှုန့် နဲ့ တရုတ်မဆလာ( စားကောပါကော) နဲနဲထည့် နယ်
    ပြီးရင် ရေမြှုပ်အောင်ထည့်ပြီး အိုးဖုံးဖွင့် ဟင်းရည်တည်တယ်
    ဟင်းရည် ကြည်အောင်လေ
    မနက်တည်းကတည်ထားလိုက်တာ နူးအိအောင်ပေါ့။
    ပုံမှန်ဆို အဲ့ မြီးရှည်ကို ညနေမှ လုပ်စားတယ်။
    ဆီတိုဖူး ကို အရည်ဖျော်
    ဂျင်းနဲနဲ ကြက်သွန်ဖြူ နဲနဲ ကို တောက်တောက်စင်း ရေနဲ့ဖျော်
    မျစ်တို့ခြောက် သိလာ မျှစ်အမျင်လေးတွေလေ။ မိုးကုတ်ဘက်က လာတာ
    သူ့လဲ ရေနဲ့ဆိမ်လိုက်တာ။ အရည်က ချဉ်တယ်နဲနဲ
    ကော်ရည်ဖျော်
    ပဲပုတ်စေ့ တပန်းကန်ထား။ တရုတ်ပဲပုတ်စေ့လေ
    ကြာညို့ နံနံပင် ကြက်သွန်မိတ်
    ငရုတ်သီးဆီကြော်
    အဲ့တာတွေ အကုန်ထည့်လိုက် တာပဲ။
    ဟင်းရည်လေးကို အရည်စပ်စပ်လေးထည့်စား။ ဟင်းရည်ကို ငရုပ်ကောင်းလေးဖြူးလို့သောက်
    တချို့က ကြက်သွန်ဖြူဆီချက်ကို ဆားကောပါကောနဲ့ နှမ်းထည့်ကြော်တာ လဲ ထည့်တယ်
    အိမ်မှာက ကြက်သွန်ဆီချက် အမြဲလုပ်ထားတော့ ပြောဖို့မေ့နေတာ

  • kai

    May 11, 2015 at 3:58 pm

    ဘာတွေအကြွေးကျန်နေသလည်းတော့မသိ..။
    ဒီလ(ဇွန် ၂၀၁၅)ထုတ်ထဲ… အမြီးတွေရှည်တဲ့.. မြီးရှည်ထည့်ချင်လို့…။
    ဒေသတွေနဲ့ဆိုင်နေတာမို့လေ…။

    ဟိုတနေ့ကတင်.. ဖဘထဲ.. နန်းကြီးနဲ့နန်းလတ်ဆိုပြီးဓာတ်ပုံတွေပြ… အငြင်းပွားနေတာတွေ့လိုက်လို့..
    နန်းနဲ့..မြှီးဘာကွာသလည်း..မန်းသူကိုမေးချင်..။ :k:

    • ခင်ဇော်

      May 11, 2015 at 4:06 pm

      အဖတ်ကတော့ တူတူပဲလေ။
      ဆန် နဲ့ လုပ်တဲ့ မုန့်ဖတ်တွေပါပဲ။
      ဆန် အဖွယ် နဲ့ လုပ်တဲ့ မုန့်ဖတ်။
      လက်ညှိုးလုံး နီးပါးကို နန်းကြီးဖတ်လို့ ခေါ်တယ်။
      မုန့်ဟင်းခါးက နန်းသေးဖတ်။
      အဲ။ မြီးရှည်ဖတ်က နန်းကြီးထက်သေးတဲ့ နန်းလတ် ဖတ် (တနည်း မုန့်တီဖတ် ခေါ်တာပေါ့)

      ဆန်ခေါက်ဆွဲ ဖတ်က ဆန် အစီးနဲ့ လုပ်တဲ့ ခေါက်ဆွဲ။

      :k:

    • ခင်ဇော်

      May 11, 2015 at 4:13 pm

      ရတယ်။ ယူချင်တာ အရင် ယူထားလိုက်။
      မရှိတော့မှ အီးမဲ ထဲ ပြန်ရှာလိုက်တော့မယ်။
      ဟီးဟီး

      :k:

  • ဇီဇီခင်ဇော်

    July 8, 2015 at 4:42 pm

    Credit to မီးစက်ကြီ
    ——
    “မန္တလေးမြီရှည် ”
    ****************
    မြီးရှည် ဟုဆိုလျှင်
    မန္တလေးနှင့်ခွဲမရသော နံနက်စာဖြစ်သည်။
    မန္တလေး သို ့လာရောက်လည်ပတ်သူများ အနေနှင့် မန္တလေးမုံတီ နှင့် မန္တလေးမြီးရှည် ကို နှစ်သက်ခုံမင်စွာ စားသောက်ကြလေသည်။
    သိမှီရသလောက် ရေးသားရသော် မန္တလေးမြီးရှည် ရောင်းချသူအများစုသည် လမ်း၈၀’.၃၆-၃ရ ကြားရှိ တိုဟူးဝင်း အတွင်းနေထိုင်ကြပြီး …ယခင်က မြီးရှည်ကို အထမ်းများဖြင့် တစ်လမ်းဝင် တစ်လမ်းထွက်ရောင်းချကြလေသည်။
    သမိုင်းတစ်ခု အရပြောရသော တိုဟူးဝင်း ဖြစ်ပေါ်လာရခြင်း ၏ အစကိုပြောရပေမည်။
    မာကြူရီ ပဲငပိ လုပ်ငန်း ပိုင်ရှင်သည် မုံရွာ ကျောက္ကာ နယ်ဘက်ရှိ ရွာတစ်ရွာမှ ရွာသူ/သားများ အားခေါ်ဆောင်လာပြီး အရင်းအနှီး စတင်ထုတ်ပေးပြီး (အစပထမ) က တိုဟူးသုပ် စတင်ရောင်းချခိုင်းသည်။
    ထိုမှ တဆင့် ယောကျာ်းများသည် မြီးရှည်ရောင်းပြီး မိန်းမများသည် တိုဟူးသုပ် ရောင်းချရာမှ တိုဟူးဝင်း ဖြစ်လာလေသည်။
    မန္တလေးတွင် သူနေရာဒေသအလိုက် နာမည်ကြီးမြီးရှည်သည်များရှိသော်ညား
    လူသိများသော ဆိုင်များမှာ
    ၁။၁၆ လမ်း ကိုအောင်မြင့်ကြည် မြီးရှည်
    ၂။ဗထူးမြီးရှည်
    ၃။ မန်ကျည်ရိပ် ကိုမြင့်ဝင်း
    ၄။ ကိုစိန်မြင့် မြီးရှည် (ဆိုင်ခွဲများစွာခွဲသွားပြီး’)
    ၅။ မောင်စိန်ဝင်း မြီးရှည် ၃၃ လမ်း
    ၆။၁၉ လမ်း မြီးရှည်
    ၇။ ၂၉ လမ်း မေချို မြီးရှည် ဟု လူသိများလေသည်။
    ကဲ…
    မြီးရှည် ကို ဘယ်လို လုပ်သလဲ။
    မြီးရှည် မုန် ့ဖတ်နှင့် မုန်တီ မုန့်ဖတ်သည် အတူတူပင်ဖြစ်သည်။
    မြီးရှည်၏ အထူးပြုချက်မှာ ဝက်ပြုတ်ရည် ဟုဆိုရပေမည်။
    ပထမဦးစွာ သင်နှစ်သက်သော ဝက်နှင့်ပတ်သတ်သော အသား/အခေါက်/အူ/ဌက်ပျောဖူး/လျှာ/ခေါင်း/အရိုး များဝယ်ပါ။
    ရေဖြင့်သန့်စင်အောင်ဆေးပြီးနောက်..
    ရေနွေးပွက်ပွက်ဆူအတွင်း ရှောက်ခေါပွင့်…ပေါက်ခေါသီး…နာနတ်ပွင့် အချိုမှုန် ့,ဆား များ သင့်ရုံ ထည့်၍ အသားများနူးအိသည် အထိပြုတ်ပါ။
    ((ပြုတ်ရည် အဖြစ် မြေအိုးဖြင့် ပြုတ်မှသာ ပို၍ အရသာထူးသည်။))
    မြီးရှည် တစ်ပွဲတွင် အဓိက
    ၁။ကော်ရည်
    ၂။ ပဲပုပ်စိ ငံပြာရည်
    ၃။ကြက်သွန်ဖြူ ဆီကျက်မွှေး ၄။ကြက်သွန်ဖြူထောင်းနှင့်နံနံပင်ထောင်း
    ၅။ပဲပင်ပေါက်
    ၆။ဂျုံကျော်
    ၇။နှစ်သက်သောဝက်အသား
    ၈။အရောင်တင်ဆီချက်
    အစာပလာများပါဝင်သည်။
    ၁။ကော်ရည်
    ဆန်မှုန် ့၏ အနှစ်အား အရည်ဖျော်၍ ရေနွေးပွက်ပွက်ဆူဖြင့် မပစ်မကျဲ ဖျော်ပါ။
    (မွှေနှောက်ပေးနေရပါသည်)
    ၂။ပဲပုပ်စေ့ငံပြာရည်
    ပဲပုပ်စေ့ ငံပြာရည် မှာ ပဲငံပြာရည်ဖြင့်တူသောညား လည်း မြီးရှည်အတွက် သီးသန် ့ပဲပုပ်စေ့ပါသော အထုတ်များ အသုံးပြုရပါသည်။
    ၃။ကြက်သွန်ဖြူဆီချက်မွှေး
    သာမန် ကြက်သွန်ဖြူအားဆီချက် ကြော်သည့်အထဲတွင် ရှောက်ခေါ ပေါက်ခေါ ထဲကြော်ပါ
    ‘((သိသာစွာ အနံမွှေးသည်))
    ၄။ကြက်သွန်ဖြူထောင်း နံနံပင်
    တရုတ်နံနံ အား လိုအပ်သည့် ပမာဏအထိ ကိုက်ဖြတ်ပါ။ကြက်သွန်ဖြူ အား ကျေညက်အောင် ထောင်းပါ။ ထိုနောက် ရေကျက်အေးဖြင့် နှစ်မျိုးပေါင်း မွှေနှောက်ပေးပါ။
    ၅။ ပဲပင်ပေါက်
    ပဲပင်ပေါက်များအားရေစင်အောင်ဆေးပါ။
    ၆။ဂျုံကျော်
    ကုလားပဲမှုန် ့အနည်းငယ်နှင့် ဆန်မှုန် ့ကိုရောမွှေပြီး ကြော်ပေးပါ။
    ၇။ ဝက်သား
    ပြုတ်ထားသော နှစ်သက်ရာ အပိုင်း။
    ၈။အရောင်တင်ဆီချက်
    အရောင်တင်မှုန် ့နှင့် ငရုတ်သီးမှုန် ့အား ရော၍ ဆီပွက်ပွက်ဆူတွင် ချက်ပါ။
    အထက်ပါ အစာများပြုလုပ်ပြီးပါက။
    မုန် ့ဖတ် အား ဝတ်ပြုတ်ရည်ဖြင့် ဖျောပြီးနောက် ရေစစ်ပါ။(ရေမကျန်ပါစေနှင့်) ထိုနောက် အထက်ပါ အစာပလာများထည့်၍ လိုအပ်သလို အသုံးပြုပါ။
    ပြီးပြည့်စုံသော မန္တလေးမြီးရှည် တစ်ပွဲ ရပါမည်။
    ကဲ…
    မြီးရှည် တစ်ပွဲရပြီဆိုတော့ သင်ခင်မင်သော အပေါင်းအသင်းကို ကျွေးဖို ့တော့မမေ့နဲ့ပေါ့။
    ယခု ခေတ်ကာလ ပြောင်းလည်းလာသည်နှင့်အမျှ မြီးရှည်အတွင်း ဝက်ဆီဖတ်ကျော်များ ထည့်သွင်းလာခြင်းသည် လည်း ဆိုင်အတော်များများတွင် အသုံးပြုလာကြသည်။
    နည်းပညာအတွက် စိတ်ရှည်စွာပြောပြပေးသော မန်ကျည်းရိပ် ကိုမြင့်ဝင်း မြီးရှည်အား ကျေးဇူးအထူးတင်ပါသည်။
    ဆိုင်တစ်ဆိုင်နှငိ့ တစ်ဆိုင် ပြုလုပ်ပုံ ဖော်မြူလာ အပြောင်းအလဲ ရှိနိုင်ပါသည်။

  • ဇီဇီခင်ဇော်

    October 4, 2015 at 10:58 am

    Credit ဟင်းချက်နည်းးများ

    မိုးကုတ်မြီးရှည်
    •••••••••••••••

    (၅)ယောက်စာ

    မြီးရှည်ဖတ်………….(၅၀)ကျပ်သား(သို့)
    မြီးရှည်ခြောက်………၁ထုပ်
    သုံးထပ်သား………..၃ဝကျပ်သား
    ရှမ်းပဲငပိ…………….၁ဝကျပ်သား
    ကြက်သွန်နီကြော်…..အနည်းငယ်
    နံနံပင်+ကြက်သွန်မြိတ်..လိုအပ်သလို
    ကော်ရည်…………ဟင်းခတ်ဇွန်းကြီး၅ဇွန်းစာ

    မြီးရှည်ဖတ်က..လက်ညှစ်ဖတ်ဆိုရင်တော့အရံသင့်စားရုံပါ။လတ်လတ်ဆတ်ဆတ်မရနိူင်လို့အခြောက်ကိုအသုံးပြုမယ်ဆိုရင်တစ်နာရီခန့်ကြိုတင်ရေအေးစိမ်ထားပါ။

    ဝက်သားသုံးထပ်သားကိုခပ်နုပ်နုပ်လေးစဉ်းပြီးချင်း၊ကြက်သွန်ဖြူထောင်းတို့ဖြင့်ဆီသတ်ပါ။ကျက်သွားတယ်ဆိုရုံဖြစ်ပါစေ။အချိန်အရမ်းကြာသွားရင်မာသွားတတ်ပါတယ်။

    ရှမ်းပဲငါးပိမှာ..ပဲဖတ်တွေသိပ်ကြီးနေရင် blander လေးနဲ့ကြိတ်ချေထားပေးပါ။

    ကြက်သွန်နီ ကိုရွှေအိုရောင်လေးအကြွပ်ကြော်ပြီးဆယ်ယူထားပါ။

    ကော်ရည်ကြိုရန်
    ရေ…………….၁လီတာခန့်
    ပဲငံပြာရည်…. .. ၃ဇွန်း
    ရှလကာရည်…..၂ဇွန်း
    ငရုတ်ဆီနှစ်……၁ဇွန်း
    သကြား……….၁ဇွန်း
    ဟင်းခတ်မှုန့်…..အနည်းငယ်

    အိုးတစ်လုံးမှာ..ရေ၊သကြား၊ငရုတ်ဆီ၊ရှလကာရည်၊ဟင်းခတ်မှုန့်၊ပဲငံပြာရည်တို့ကိုဦးစွာပျော်ဝင်အောင်ဖျော်ပြီးအပူပေးပါ။

    တစ်ပွက်ဆူအနေအထားရောက်ပြီဆိုရင်..ရေနှင့်ဖျော်ထားသောကော်မှုန့်ကိုတဖြည်းဖြည်းချင်းစီလောင်းချပေးပြီးအဆက်မပြတ်မွှေပေးပါ။

    ပြင်ဆင်မယ်ဆိုရင်..မြီးရှည်ဖတ်၁ပွဲစာကိုရေနွေးဆူဆူမှာဖျောပါ။

    လိုအပ်သောအရသာအနည်းငယ်ထပ်မံဖြည့်စွက်ပါ။

    ကော်ရည်ဟင်းခတ်ဇွန်းတစ်ဇွန်းခန့်လောင်းထည့်ပါ။ပဲငါးပိရည်အနည်းငယ်နှင့်ဝက်သားကိုထမင်းစားဇွန်း၁ဇွန်းထည့်ကာ..ကြက်သွန်နီကြော်၊ကြက်သွန်မြိတ်၊နံနံပင်နှင့်ငရုတ်ကောင်းမှုန့်လေးဖြူးပြီးသုံးဆောင်ပါ။

Leave a Reply