ရှမ်းအစားအစာ မာလာဟင်း လုပ်နည်း

Yin Nyine NwayAugust 21, 20101min1829

မာလဟင်းသီးရွက်စုံသုပ် ရှူးရှူးရှဲရှဲလုပ်ထားတယ်။

ညနေစာ ထမင်းလွတ် သူတစ်ပန်းကန်၊ ကိုယ်တစ်ပန်းကန် (ရေနွေးကြမ်းနဲ့ လွေးကြမယ်)

ပြုတ်ထားသေား အသီးအရွက်များ

လိုအပ်သော အသီးအရွက်များ

ကျောက်ကျောချောင်း(ခေါ်)ခေါက်ဆွဲ

ချောင်း
ကြာစွယ်
အာလူး
မုန်လာဥနီ(ခေါ်)ဥနီ
ပန်းပွင့်စိမ်း(ခေါ်)ဘလိုကိုလီ
မှိုခြောက်(ခေါ်)ကြွက်နားရွက်မှို
မုန်းညင်းဖြူထုပ်
ဂေါ်ဖီထုပ်
ဘေဘီမုန်းညင်း
ပဲပြား
ပဲကြာဇံ
ပန်းမုန်လာ
ဘေဘီပြောင်းဖူး
ကိုက်လန်
ပဲပင်ပေါက်
ကန်စွန်းရွက်
ကန်စွန်းဥ

(အသီးအရွက်ကတော့ ကိုယ်ကြိုက်တဲ့ အသီးအရွက်ထည့်လိုရပါတယ်)
ကျွန်မကတော့ ကိုယ်ရှိတဲ့ အသီးအရွက်ပဲထည့်လိုက်ပါတယ်။ ဘေဘီပြောင်းဖူး၊ ကိုက်လန်၊ ပဲပင်ပေါက်၊ ကန်စွန်း ရွက်၊ ကန်စွန်းဥ အဲဒါတွေ မရှိလို့မထည့်လိုက်ပါဘူး။

မာလဟင်းအတွက် လိုအပ်သောအရာ

ကြက်သား(သို့)ဝက်သားတောက်တောက်စင်း
မာလဟင်းအနှစ်ထုပ်
မြေပဲဆံထောင်း
စောကောဆီကျက်(ကျွန်မကြိုက်လို့ထည့်တာပါ။ မကြိုက်လဲ မထည့်ရင်ရပါတယ်။)
ငရုတ်သီးကြော်ထောင်း(သို့)ငရုတ်သီးလှော်ထောင်း
ကြက်သွန်နီ ၂ လုံး၊ ကြက်သွန်ဖြူ ၅ တက်၊ ခနောကြက်သားမှုန့် တတုံး

မာလဟင်းအနှစ်ချက်ပြုတ်ပုံ

ကြက်သွန်နီကို လေးခြမ်းစိတ်၊ ကြက်သွန်ဖြူကို အရှည်လိုက်ပါးပါးလှီးထားပါ။ ကြက်သားကို အတုံးသေးသေး တုံးထားပါ။ ဝက်သားကတော့ တောက်တောက်စင်းထားပါ။ (ကျွန်မကတော့ တောက်တောက်စင်းပြီးသားကို တခါတည်း ဝယ်ခဲ့တယ်။ တောက်တောက်စင်းရမှာ ပျင်းလို့ :D) ချက်မယ့်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ ဆီကျက်လာရင် လေခြမ်းစိတ်ထားသော ကြက်သွန်နီ၊ ပါးပါးလှီးထားသော ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ။ တုံးထားသော ကြက်သားနဲ့ ဝက်သားတောက်တောက်စင်းကိုထည့်ပါ။ ခဏလုံးထားပါ။ ပြီး မာလဟင်းအနှစ်ထုပ်ထည့်ပါ။ ခနောကြက်သားမှုန့်ထည့်ပါ။ မာလဟင်းအနှစ်ချက်ပြီးရင် အသီးအရွက်များစတင်ပြုတ်လို့ရပါပြီ။ ကိုယ်ထည့်မယ့် အသီးအရွက်အားလုံးကို တမျိုးစီ ပြုတ်ထားပါ။ ရောပြီးပြုတ်လိုက်ရင် အကျက်မညီမှာစိုးလို့ပါ။

မာလဟင်းသုပ်ပုံ

သုပ်မယ့် ဇလုံထဲသို့ ချက်ထားသော မာလဟင်းအနှစ်ထည့်၊ ပြုတ်ထားသော အသီးအရွက်စုံထည့်၊ မြေပဲဆံထောင်းထည့်၊ စောကောဆီကျက်ထည့်၊ ငရုတ်သီးကြော်ထောင်း(သို့)ငရုတ်သီးလှော်ထောင်းထည့်ပြီး နယ်ပါလေ။ စပ်စပ်လေးကြိုက်လို့ ငရုတ်သီးများများထည့်လိုက်တယ်။ စားချင်စဖွယ်တော့ လုပ်ထားလိုက်၏။ ကောင်းလေအိ မကောင်းလေအိ……………..(ဆား၊ အချိုမုန့်တို့ကိုလိုအပ်မှ ထည့်ပါ။)

မာလာဟင်းချက်တော့မယ်ဆိုရင် တွဲဖက်စားဖို ့အလိုက်ဖက်ဆုံးကတော့ အသားကင်ပဲဖြစ်ပါတယ်။ကျွန်မတို ့မန္တလေးမှာမာလာဟင်း နှင့် အကင်ဆိုင်တွေအရမ်းပေါပါတယ်။(ဘီယာဆိုင်ပေါတယ်ဆိုတဲ့သဘောပေါ့နော်)။ 🙂
ဘီယာဆိုင်ဆိုပေမဲ့ မိသားစု၊သူငယ်ချင်းတွေသွားစားလည်း ကျယ်ဝန်းပြီးအဆင်ပြေတဲ့ဆိုင်တွေအများကြီးရှိပါတယ်။
မာလာဟင်း နှင့် အကင် ၊ ဂဏန်းချက်ကိုတွဲရောင်းကြတယ်။
ထမင်းဆီဆမ်းနဲ ့စားကြတယ်။ညနေဆို (၃၅)လမ်းနှင့်လမ်း(၃၀)အကင်ဆိုင်တွေမှာ အရမ်းစည်တာဘဲ။မယုံမရှိနဲ ့နော်မန ္တလေးကရပ်ကွက်တိုင်းမှာမာလာဟင်းဆိုင်ရှိတယ်။ တကယ်ပြောတာ။ဆိုင်ကြီး၊ဆိုင်လေး၊ရပ်ကွက်လမ်းဘေးဆိုင် ဒါလေးပဲကွာတယ်။
မန ္တလေးကသူတွေ မာလာဟင်းကြိုက်ကြတယ်နဲ ့တူပါတယ်။
အဲဒီမာလာဟင်းကို အိမ်မှာလုပ်စားကြည့်ပါတယ်။ အသီးအရွက်ကိုမိမိနှစ်သက်ရာကို ရွေးချယ်ပြီးထည့်နိုင်ပါတယ်။ စုံလေကောင်းလေဆိုပေမဲ့ တစ်ခါတစ်လေလည်း အစုံမရပါဘူး။ စင်္ကာပူမှာလုပ်စားရင်ဆိုပိုဆိုးပါတယ်။အရွက်စုံရင် ပိုက်ဆံကုန်ပါတယ်။ ပုံမှာလည်းအစုံမပါပါဘူး။မိမိအကြိုက်ဖြစ်သောကြောင့်ဆိုင်မှချက်နည်းများ၊
အခြားနည်းများနဲ ့အနည်းအများကွာနိုင်ပါတယ်ရှင်။

မာလာဟင်းအနှစ်အတွက် လိုအပ်သော ပစ္စည်းများကတော့ လူ(၅)ယောက်စာအတွက်
မာလာဟင်းအနှစ် ready made တစ်ထုတ်၊
မြေပဲဆံ (၅)ကျပ်သားခန် ့၊
နှမ်း(၂) ကျပ်သားခန် ့ ၊
ငရုတ်သီးအကြမ်းမှုန် ့(၅) ကျပ်သားခန် ့၊

(ကျွန်မကတော့အလေးချိန်တွေကို မှန်းပြီးထည့်လိုက်ပါတယ်။နည်းတော့ထပ်ထည့်ပေါ့။အနှစ်များသွားရင် အရွက်ပိုထည့်လိုက်။လွယ်လွယ်လေးပါ။) 🙂
ကြက်သွန်နီအနေတော် (၃)လုံး၊
ကြက်သွန်ဖြူ နှင့် ဂျင်းတို ့ဖြစ်ပါတယ်။
ပါဝင်သော အသီးအရွက်များကတော ့မိမိအကြိုက်ကိုလိုက်ပြီး အဆင်ပြေသလိုထည့်နိုင်ပါတယ်။
များသောအားဖြင့်…
ကန်စွန်းရွက်၊
ကိုက်လန်၊
မုန်ညင်းဖြူ၊
ဘရိုကိုလီ၊
မုန်လာဥနီ၊
ကြာစွယ်၊
ပဲပင်ပေါက်၊
အာလူး၊
ဘေဘီကွန်း၊
ပဲကြာဇံ အနည်းငယ်၊
ကြွက်နားရွက်မှို၊
ကြက်သွန်မြိတ်၊
ကန်စွန်းဥချောင်း(မျှော့ချောင်း ၊ခေါက်ဆွဲ)စသည်ဖြင့်အမျိုးမျိုးခေါ်ကြတယ်။ အညိုရောင် နှင့် အစိမ်းရောင်ရှိပါတယ်။
ပဲပြား(၃)တုံး၊
ဆီ (၂၀)သားခန် ့
နဲ ့ခနောကြက်သားမှုန် ့တို ့ဖြစ်ပါတယ်။
ကြိုတင်ပြီးပြုလုပ်ထားရမည့်အရာများ
မြေပဲဆံ ကိုညက်နေအောင်ထောင်း(သို ့)ကြိတ်ပေးထားပါ။
ကန်စွန်းဥချောင်းကို ကြိုတင်ပြီး ရေစိမ်ပေးထားပါ။ ဥပမာ ။ ။ မနက်စောစောချက်မယ်ဆိုရင် ညအိပ်ရာမဝင်ခင်ကြိုပြီး ရေစိမ်ပေးထားပါ။ တချို ့ကန်စွန်းဥချောင်းတွေက
အရမ်းမာလို ့ပြုတ်ရတာသက်သာအောင်လို ့ပါ။
ကျန်တာတွေကတော့ မာလာဟင်းအနှစ်မလုပ်ခင် စိမ်ရင် ရပါတယ်။
ကြွက်နားရွက်မှို ရေစိမ်ပေးထားပါ။
ပဲကြာဇံ ရေစိမ်ပေးထားပါ။
အသီးအရွက်များကို အနေတော် ဖြတ်တောက်ထားပြီး ရေဆေးပြီး စစ်ထားပေးပါ။
ပဲပြား(၃)တုံး ကိုအနေတော် အတုံးလေးတွေတုံးပေးပါ။

မာလာဟင်းအနှစ်လုပ်ဖို ့အတွက် ကြက်သွန်နီ ဆီသတ်ပါတယ်။

ထို ့နောက် ကြက်သွန်နီနွမ်းသွားရင်
ကြက်သွန်ဖြူ၊ဂျင်း ထောင်းထားတာတို ့ကိုရောပြီးဆီသတ်တဲ့ထဲထည့်ပါတယ်။
ပဲပြား(၃)တုံး ကိုအနေတော် အတုံးလေးတွေတုံးထားတာထည့်ပါမယ်။မြေပဲဆံ ကိုညက်နေအောင်ထောင်းထားတာကို ရောထည့်ပါတယ်။ ငရုတ်ကြမ်းမှုန် ့ထည့်ပါတယ်။ မာလာဟင်းအနှစ်ထုတ်ထည့်ပါမယ်။နှမ်းထည့်ပါတယ်။
အပေါ့အငန်အတွက်ဆားနှင့်ခနောကြက်သားမှုန် ့ထည့်ပါတယ်။ အကုန်ရောပြီး ဆီသတ်ပြီးတဲ့အခါမှာ
အနံ ့မွှေးပြီးတက်လာပါလိမ့်မယ်။ ဒါဆိုရင် စပ်စပ်မွှေးမွှေးလေးနဲ ့မာလာဟင်းအနှစ်ရပါပြီ။
မာလာဟင်းအနှစ်ရပြီဆိုရင် အဝကျယ်ကျယ်ဒန်အိုးတစ်လုံးထဲမှာ ရေနွေးပွက်ပွက်ဆူအောင်တည်ထားပေးပါ။ ရေနွေးပွက်ပွက်ထဲကို ကန်စွန်းဥချောင်းထည့်ပြုတ်ပါ။
ကန်စွန်းဥချောင်းနူးပြီဆိုရင် ရေအေးဆေးပြီး စစ်ထားပေးပါ။ကြွက်နားရွက်မှို နှင့်ပဲကြာဇံ ထည့်ပြုတ်ပါ။
ရေအေးဆေးပြီး စစ်ထားပေးပါ။ အသီးအရွက်များပြုတ်ဖို ့အတွက်ကတော့ အနူးကြာမည့် အမယ်များကိုအရင်ပြုတ်ပေးပါ။ကြာစွယ် တို ့အာလူးတို ့ကနူးဖို ့အချိန်ပေးရပါတယ်။
တစ်မျိုးချင်းစီထည့်ပြုတ်ပြီး ရေအေးအေးဆေးပြီး ဇကာနှင့် စစ်ပေးထားပါ။
အားလုံးပြီးပြီဆိုရင် အသီးအရွက်များနဲ ့ကန်စွန်းဥချောင်း၊ကြွက်နားရွက်မှို၊
ပဲကြာဇံတို ့ကိုမာလာဟင်းအနှစ်နှင့်ရောပြီးတူလေးနှင့်သမအောင်
နယ်ပေးပါ။ ဒါဆို အဆင်သင့် သုံးဆောင်နိုင်ပါပြီရှင်။
အချဉ်ကြိုက်ရင် မကျီးမှည့်ရေနွေးနွေးစိမ်ပြီး ငရုတ်သီးစိမ်းကိုက်ထည့်၊
နံနံပင်ကိုက်ထည့်၊ဆား၊သကြား နဲနဲထည့်ပြီး အချဉ်ရေ လေးလုပ်လိုက်ပါနော်။

မာလာဟင်းနှင့် တွဲဖက်စားသုံးရန် အကင်ကိုတော့နောက်အပတ်မှ ရေးပါတော့မယ်နော်။ ဒီတစ်ပတ်လုပ်စားဖြစ်တဲ့ကြက်ကင်ပေါ့။

9 comments

  • Gong Zhu

    September 17, 2010 at 8:55 am

    အဲ့ မာလာဟင်း ပေါ့ သင်္ကြန်တုန်းက ကောင်းကောင်းမှာသွားစားတာ ပထမဆုံးပဲ . . . ကြိုက်သွားတာနဲ့ . . . သင်္ကြန်ပြီးတော့ တရုတ်တန်းက ဆိုင်တစ်ဆိုင်မှာ သွားစားတာ ခုထိ နာမည်တောင် မကြားချင်တော့ဘူး . . .

    • Yin Nyine Nway

      June 15, 2011 at 4:03 am

      ဟုတ်တယ်….သူက ခဏခဏ စားရင် စားမကောင်းတော့ဘူး

  • ice_cream

    June 14, 2011 at 4:36 pm

    can i know where can i buy မာလာဟင်းအနှစ်ထုတ်??

  • apulay

    June 14, 2011 at 6:01 pm

    မာလာဟင်းအနှစ်ထုပ်က စူပါမားကတ်တွေမှာမေးဝယ်လို့ရပါတယ် ။ ငါးမြစ်ချင်းပုံနဲ့ အနှစ်ထုတ်က ချက်လို့ကောင်း စားလို့လဲကောင်းတယ် ။ ပါးစပ်ပိတ်ထားတဲ့ငါးကိုပြောတာနော် ။ ပါးစပ်ဟနေတဲ့ ငါးရုပ်နဲ့အနှစ်က သိပ်မကောင်းဘူး ။ အပုလေးအကြိုက်ကို ပြောတာနော် ။

  • အာဖျံ ကွီး

    June 15, 2011 at 4:16 am

    မာလာဟင်းချက်ရင် အာဖျံကွီးက ဆရာပဲ … ဟဲဟဲ.. ဒါပေမဲ့ ရယ်ဒီမိတ်ဟင်းအနှစ်နဲ.ပဲချက်တာ .. အနှစ်လုပ်နည်းမသိလို. …
    အခု ရင်ငြိမ်းဆီက အနှစ်လုပ်နည်းကူးသွားတယ် .. ပီးရင် စမ်းချက်ကြည့်မယ် ..

    • Yin Nyine Nway

      June 16, 2011 at 7:09 am

      ဒါချို ယဉ်ငြိမ်းနဲ့ ပေါင်းလို့ ရပီ

  • manawphyulay

    June 15, 2011 at 4:32 am

    မချက်တော့ မချက်ချင်ဘူး။ ချက်ပြီးသားတော့ စားချင်တယ် အဟိ… မေမေ့ကို ချက်ခိုင်းဦးမယ်နော်။

  • နွယ်ပင်

    June 15, 2011 at 5:03 am

    မာလာဟင်းတော့ တစ်ခါအိမ်မှာ လုပ်စားဖူးတယ် ဆိုင်မှာစားရသလောက် အရသာမတွေ့လို့ ထပ်မလုပ်စားဖြစ်ဘူး အခု ရင်ငြိမ်း နည်းနဲ့ထပ်လုပ်စားကြည့်ဦးမှ

  • etone

    June 15, 2011 at 8:35 am

    မာလာဟင်းလုပ်စားရတာ လက်ဝင်တယ်နော်… ။ စိတ်မရှည်ဘူး … ။ ပြီးတော့ ဆိုင်ကလုပ်တာလောက်မကောင်းဘူးဖြစ်နေလို့ ဝယ်စားတာ ပိုအဆင်ပြေတယ် ဟီးဟီး 😛

Leave a Reply