​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၅

naywoon niMarch 19, 20151min23010

​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၅

သူတို့ကလည်​း သူတို့ပါပဲ

သူတို့ကလည်​း သူတိုပါပဲ ဆိုတာက ​စော​စောက အငြင်​းပွား​နေတဲ့ ​ထောက်​ခံစာကိစ္စ ကို​ပြောတာပါ။ မှတ်​ပုံတင်​လုပ်​ဖို့ အသက်​​ထောက်​ခံစာ ကို ​ကျောင်​းက ယူရတယ်​ ဆိုတာက အလုပ်​​လျှောက်​တဲ့ အချိန်​မှာ ​မွေးသက္ကရာဇ်​ အငြင်​းပွားမှုကို ​ဖြေရှင်​းလိုက်​တဲ့ ​ဆေးမြီးတိုပါ ။ ​အောင်​လက်​မှတ်​ ဘွဲ့လက်​မှတ်​​တွေက အသက်​တစ်​မျိုး မှတ်​ပုံတင်​က အသက်​တစ်​မျိုးဆိုတာက မဖြစ်​သင်​့ပါဘူး ။ တစ်​ချို့များ ​မွေးသက္ကရာဇ်​​တွေ နှစ်​မျိုးသုံးမျိုးနဲ့ ဘယ်​ဟာ အမှန်​ဆိုတာ ကာယကံရှင်​ကိုယ်​တိုင်​မသိ တာ​တွေလည်​း ရှိပါတယ်​ ။ ခုကိစ္စက​တော့ မှတ်​ပုံတင်​ လုပ်​မဲ့သူရယ်​ ​ထောက်​ခံချက်​​ပေးလိုက်​တဲ့ တာဝန်​ခံရယ်​ ရုံးရယ်​ သုံးပွင်​့ဆိုင်​ မလယ်​ရှုပ်​တဲ့ကိစ္စမို့ပါ ။ ​ကျောင်​း​တွေရဲ့ ထုံးစံက ​မွေး​နေ့သက္ကရာဇ်​ကို ခရစ်​နှစ်​နဲ့မှတ်​ပါတယ်​ ။ ( အမျိုးဘာသာ ​စောင်​့​ရှောက်​လိုသူများ မြန်​မာသက္ကရာဇ်​ အသုံးပြုဖို့ ကန်​ကွက်​ဆန္ဒပြသင်​့ပါတယ်​ )
ခု ​ထောက်​ခံစာမှာက မြန်​မာသက္ကရာဇ်​နဲ့ ​ထောက်​ခံထားတာပါ ။ အဲ့ဒါ ရုံးကလက်​မခံလို့ တစ်​ဖက်​က ​ကျောင်​း​ထောက်​ခံစာ​ပေးထားပြီပဲ ဒီဟာ နဲ့ပဲ မှတ်​ပုံတင်​လုပ်​​ပေါ့ ဘာညာ ပြန်​​ပြော​နေတာပါ ။ တစ်​ကယ်​​တော့ ​ကျောင်​းကလည်​း နား​အေးပြီး​ရော ပြီးသလွယ်​ လက်​မှတ်​ထိုး​ပေးလိုက်​တာပါ ။ ​ထောက်​ခံစာ တစ်​​စောင်​ ဘယ်​​လောက်​ ရလဲ​တော့မသိဘူး ။ လာသမျှ လူ ​ပေးလိုက်​တာပဲ ။ ​ကျောင်​း​နေဖူးသူ​ကော မ​နေဖူးသူပါ ​ကျောင်​းက မှတ်​တမ်​းမှတ်​ရာ ( ရှိ​ကောရှိ​သေးရဲ့လားမသ်​ိ – ရွာက လူ​တွေအ​ခေါ်က​တော့
ငယ်​စာရင်​း
တဲ့ ) ပြန်​မကြည်​့ ပဲ အဆင်​​ပြေပြီး​ရော လုပ်​​ပေးလိုက်​တာ ။ ရုံးကလည်​း သူ့ လုပ်​ထုံးလုပ်​နည်​း ( လုပ်​​နေကျ ) အရ ​ကျောင်​းတံဆိပ်​ဝိုင်​းနဲ့ ​ကျောင်​းအုပ်​လက်​မှတ်​ပါ တဲ့ ခရစ်​နှစ်​ကိုပဲလိုချင်​တာ ။ အဲ့​တော့ အငြင်​းအခုန်​ အငယ်​စား​လေး​တွေဖြစ်​​ပေါ့ ။ ​နေဝန်​းနီ အသိ ​ကျောင်​းဆရာမကြီးက ​ပြောဖူးတယ်​ ။ ငါတို့က ဒီက​လေး​တွေ ​မွေး​ပေးတာမဟုတ်​ပဲနဲ့ ဘာလို့ ငါတို့လာ​ထောက်​ခံ ခိုင်​း​နေရတာလဲ ဟုတ်​ ။ သူတို့အ​နေနဲ့ ​ပြောသင်​့တဲ့စကား​ပေပဲ ။ ခက်​တာက မြန်​မာ ( အဲ့ အသလို​ပြောရင်​ ကျန်​တဲ့ တိုင်​းရင်​းသား​တွေပါပါ​နေအုံးမယ်​ ​ပြောချင်​တာက တစ်​မျိုးထဲ ) အဲ့ ဗမာလူမျိုး​တွေက က​လေး​မွေးရင်​ အရပ်​လက်​သည်​နဲ့ ​မွေးလိုက်​တာကများပါတယ်​ ။ ​ဆေးရုံ ​ဆေးခန်​း ဆိုတာက ခု ​လေးငါးနှစ်​ပိုင်​း​လောက်​မှ အဲ့မှာတက်​​မွေးပြီး ​မွေးဖွားလက်​မှတ်​ ​မွေးစာရင်​း ထုတ်​​ပေးလို့ ရှိကြတာ ။ တစ်​ချို့များဆို ​ဆေးရုံသာတက်​​မွေးလိုက်​တယ်​ ​မွေးစာရင်​း​တောင်​းရမှန်​းမသိလို့ ​ကျောင်​းထားမဲ့ အရွယ်​​ရောက်​မှ ပြန်​​တောင်​းရတာ​တောင်​ရှိ​သေးရဲ့ ။ လွန်​ခဲ့တဲ့ နှစ်​ဆယ်​ ​လောက်​ကဆိုပိုဆိုး ။ ​နေဝန်​းနီ စလင်​းဘက်​မှာ တာဝန်​ကျတုန်​းက ဖြစ်​ပုံ​လေး ​ပြောရဦးမယ်​ ။ က​လေး ​ကျောင်​းစ အပ်​ဖို့ ​ကျောင်​းက ​မွေးစာရင်​း​တောင်​း​တော့ အိမ်​ပြန်​ပြီး ဘာယူလာတယ်​ မှတ်​သလဲ ။ ရွာဦ​း​ကျောင်​း ဘုန်​ကြီးက ထန်​းဖူး​လေးနဲ့ လုပ်​​ပေးထားတဲ့ ရက်​ချုပ်​ ဆိုတာ​လေးယူလာသဗျာ ။ ခက်​ဖူးလား။

မိုးရွာလာပြီ

​ဟော ​ကော်​ဖီခွက်​​လေးနဲ့ ​တွေး​ကောင်​း​ကောင်​း ​တွေး​နေလိုက်​တာ တစ်​​ဖြော​ဖြော ကျလာတဲ့ မိုးဖွဲ​ကြောင်​့ ​ကောက်​ခါငင်​ကာ စားပွဲ​ပေါ်က ကင်​မလာရယ်​ ဖုန်​းရယ်​ စာအုပ်​ရယ်​ အမြန်​သိမ်​းပြီး အိမ်​​အောက်​ထဲ ပြန်​ဝင်​လိုက်​ရတယ်​ ။ ပြီးမှ ​နောက်​ခံ ပိတ်​စဖြုတ်​ မှန်​ချပ်​နဲ့ လက်​​ဗွေ ​ဆေးဘူးသိမ်​း ။ ​စော​စောကတည်​းက ​မြေပြင်​အ​ခြေအ​နေ ကြည်​့ထားတဲ့ အတိုင်​း ​ရေအိမ်​ဘက်​ မိုးဖွဲဖွဲကြား​လျှောက်​လာခဲ့တဲ့ ။ အချိန်​ကာလ တစ်​ခုကြာ​အောင်​ ရပ်​​နေတဲ့ ​ခြေ​ထောက်​​တွေလည်​း အ​ညောင်​း​ပြေတာ​ပေါ့ ။ အဲ့ ​ရေအိမ်​လို့ ​ခေါ်လိုက်​တာ​တောင်​အားနာသွားတယ်​ ။ က​လေး​တွေ သင်္ကြန်​​ရေကစားတဲ့ ပလပ်​စလစ်​ပုံး​လေးနဲ့ ​ရေ​နွေးကြမ်​းခွက်​သာသာ ကိုင်​း(ဂိုင်​း ) တပ်​ သံခွက်​က​လေးနဲ့ ။ တံခါးက ထရံ ကျိုးတို့ကျဲတဲ ​လေး ။ အကာကလည်​း ထို့အတူပဲ ။ ​ဇလားနဲ့ ​ရေ​လောင်​း အိမ်​သာဆို​တော့ အင်​း နဲနဲ​တော့ အဆင်​့မြင်​့လာတာပါပဲ ။ အရင်​က ဒီရွာ​တွေ ဒီလို ဘယ်​ဟုတ်​အုံးမလဲ ။ မနက်​မိုးမလင်​းခင်​ ရွာ့ပြင်​ထွက်​ ချုံတိုး ​ခွေးတစ်​စီစီနဲ့ ။ အိမ်​သာဆိုလို့ သုံး​လေးလုံးထက်​မပိုဘူး ။ အဲ့ဒိထဲမှာမှ ဂုံနီစ နဲ့ ပတ်​ချာလယ်​ ကာထားတဲ့ အိမ်​သာတို့ ။ ထရံ​ပေါက်​​တွေများလွန်​းလို့ ပြက္ခဒိန်​က မင်​းသမီးပုံ​တွေ ကပ်​ထားတဲ့ အိမ်​သာတို့ ရှိ​သေး ။ ​ပြောသာ​ပြောရတယ်​ ။ ​အထဲ​ရောက်​​ရောက်​ချင်​း ​နေဝန်​းနီ အရပ်​နဲ့ အမိုးမလွတ်​လို့ ကမန်​းကတန်​း ထိုင်​ချလိုက်​ရတယ်​ ။ အဲ့​ဂျောက်​ကျ တာက ကန်​လန်​့ မရှိဘူးဗျာ ။ တံခါးမှာ သံငုတ်​​လေး ရိုက်​လို့ ပလပ်​စတစ်​ကြိုး​လေးက တန်​းလန်​း ။ သ​ဘောက​တော့ ကိစ္စ မပြီးမချင်​း မင်​း ဒီကြိုး​လေး ကိုင်​ထား​ပေါ့​လေ ။ အင်​း ကိစ္စပြီးလို့ သန်​့ရှင်​း​ရေးလုပ်​ရင်​ ဘယ်​သူ့တာဝန်​လွှဲရပါ့ ။ ပြက္ခဒိန်​ မင်​းသမီးပုံ​တွေ ကပ်​ထားရင်​လည်​း​တော်​​သေး။ “ကိုယ်​ လက်​မအားလို့ ဒီကြိုး​လေး ကိုင်​​ပေးထားပါကွာ ” လို့​ပြောရ​အောင်​ကလည်​း မင်​းသမီးပုံ တစ်​ပုံမှကပ်​မထား ။ ​စဉ်​းစားရ​တော်​​တော်​ ကြပ်​တာပဲ ​နော်​ ။ အဲ့ အ​တွေး​တွေနဲ့ပဲ ဧည်​့သည်​က ​တော်​​တော်​နဲ့ မပြန်​လို့ အိမ်​ရှင်​က အီလည်​လည်​ဖြစ်​​နေသလို ခံစားမှု နဲ့ စွန်​့စားခန်​းတစ်​ခု ရဲရဲ ဝံ့ဝံ့ လုပ်​လိုက်​ရတာပါပဲ ။ ဆွဲထားတဲ့ ကြိုးစ​လေးကို အသာလွှတ်​ ကိုယ်​့ဖာသာကိုယ်​ သန်​့ရှင်​း​ရေးလုပ်​ ပြီးပြအထ ​ခေါင်​းမိုးနဲ့ ​ခေါင်​း တိုက်​မိပါ​လေ​ရော ။” ငါ့ဘယ်​သူမှလည်​း မ​မြှောက်​ပါပဲနဲ့ ​ခေါင်​မိုးနဲ့ ​ခေါင်​း တိုက်​မိရတယ်​လို့ ” ကိုယ်​့ဖာသာကိုယ်​​တွေးမိပြီး ခပ်​ရှက်​ရှက်​နဲ့ ပြန်​ထွက်​လာခဲ့ရတယ်​ ။

အလုပ်​လုပ်​မဲ့​နေရာ ​ရောက်​​တော့ ဓာတ်​​သေ ရိုက်​မဲ့သူ​တွေက​စောင်​့​နေပြီ​လေ ။ ​နေဝန်​းနီက အသာလက်​ကာပြပြီး ​စော​စောက ကြည်​့ထားခဲ့တဲ့ လက်​နှိပ်​တုံကင်​​လေးရှိရာ ထွက်​လာတယ်​ ။ မဆိုးဘူးပဲ အနီးက အုန်​းပင်​မှာ သစ်​သားတန်​း​လေးရိုက်​လို့ ဆပ်​ပြာခဲ ​လေးရယ်​ ဆပ်​ပြာမှုန်​့ထုပ်​​လေးရယ်​ တင်​ထားတယ်​ ။ ရွာထုံးစံ အတိုင်​း ဖျင်​းအိုး လို့​ခေါ်တဲ့ ထူထူပိန်​း ပိန်​း အိုကြီး​တွေချထားတယ်​ ။ ​နေဝန်​းနီလည်​း ပြီးစလွယ်​ ဆပ်​ပြာမှုန်​့​လေး နဲနဲ လက်​ဖဝါး​ပေါ်အသာသွန်​းပြီး အသင်​့​တွေ့ရတဲ့ ပလပ်​စတစ်​ခွက်​နဲ့ပဲ လက်​နှစ်​ဘက်​လုံး​သေချာ​ဆေးပြီး သကာလ ။ ရွာသားထဲက တစ်​​ယောက်​​ ထွက်​လာပြီး ​ရေလဲ ပုဆိုး တစ်​ထည်​ လက်​ထဲလာထည်​့​ပေးလို့ အဲ့ဒါနဲ့ပဲ လက်​သုတ်​လိုက်​ရတယ်​ ။ နို့မို့ဆိုဘယ်​ရမလဲ ။ လုပ်​​နေကျ အတိုင်​း လက်​​လေး နှစ်​ဖက်​ ​နောက်​ပစ်​ပြီး ပုဆိုးနဲ့ ​နောက်​ပြန်​ သုတ်လိုက်​ဖို့ရယ်​ ။ စိတ်​ကူးက ရှိပြီးသား။ ဟင်​း ကိုရွာသား ထွက်​လာတာမြန်​သွားလို့ ။

မိုးက ဖွဲဖွဲ​လေးကျ​နေတုန်​း ။ သည်​းလို့လည်​းမလာ ။ ဒါနဲ့ ​နေရာပြန်​ယူဖို့ ရာက ​စော​စောက​နေရာက လူ​တွေပြည်​့​နေပြီ ။ မိုးမရွာခင်​တုန်​းက​တော့ အပြင်​မှာ​ကော လူ​တွေ ဖြန်​့ခွဲထိုင်​ထားရာက အခု အိမ်​​အောက်​ထဲမှာ လာစုကုန်​ပြီ​လေ ။ ဒါနဲ့ သူတို့ ကြက်​ဆူသီး ဖြန်​့ထားတဲ့ ​နေရာ နဲနဲကျုံ့ခိုင်​းလိုက်​ပြီး ​စော​စောက ဝါးကပ်​ ပြန်​ယူပြီး ပိတ်​ကား​ထောင်​ လိုက်​ရတာ​ပေါ့ ။ ကြက်​ဆူဆိုလို့ ​နေဝန်​းနီ တို့ မြို့​ပေါ်မှာစိုက်​ဖူးတဲ့ ကြက်​ဆူ မဟုတ်​ဖူး​နော်​ ။ ဆီစားကြက်​ဆူဆိုတာ တစိမျိုး ရှိ​သေးတယ်​ ။ ဟိုကြက်​ဆူက ခြံစည်​းရိုးကြက်​ဆူ ။ ရွာ​တွေမှာ ဝင်​းထရံ မခတ်​ပဲ အဲ့ကြက်​ဆူက်​ို ပတ်​ပတ်​လည်​ ခပ်​စိပ်​စိပ်​​လေး စိတ်​ထားကြတာ ​တွေ့ဖူးတယ်​ ။ ​တောကြက်​ဆူအရိုင်​း ။ ဒါက ဆီကြိတ်​ပြီး ဝမ်​းနှုတ်​​ဆေး​တွေဘာ​တွေ​ဖော်​တာ ။ ​နောက်​ပြီး ဆပ်​ပြာထဲမှာလဲ ထည်​့သုံးတယ်​ကြားဖူးတယ်​ ။ အပင်​က သ​င်္ဘောပင်​လို တစ်​​ဖြောင်​့ထဲသွားတာ ။ ကိုင်​းတက်​တက်​​တွေမဖြာဘူး။ အသီးပတ်​ပတ်​လည်​မှာ ဆူး​လေး​တွေပါတယ်​ ။ ဟိုးအရင်​ ပ​ဝေသဏီတည်​းက ​ဈေးကွက်​ရှိပြီးသား ။ အဲ့ကြက်​ဆူ။
ကြက်​ဆူခင်​း

Screenshot_2015-03-19-01-15-23-1
ကြက်​ဆူသီး
Screenshot_2015-03-19-01-15-01-1

​နေဝန်​းနီ
1:09AM
2015MAR 19

10 comments

  • Alinsett@Maung Thura

    March 19, 2015 at 2:02 am

    ကြက်ဆူပင်ကို သေသေချာချာ မသိ မမြင်ဖူးသေးဘူး
    ဟိုတလောနှစ်တွေဆီက နိုင်ငံထဲ အစိုးရဆန္ဒနဲ့ စိုက်ကြ ပျိုးကြ
    တရုန်းရုန်းဖြစ်ကြချိန်
    ကိုယ်က ရခိုင်ပြည်နယ်ထဲက ပင်လယ်မှာ
    ဘာမသိ ညာမသိ
    ဘာမှ မသိခဲ့တာာာာ

    ဓါတ်သေဆရာဖြစ်ချင်ချိန်များဆို
    ကိုယ့်ဒေသ ကျွန်းကလေးပေါ် ပြန်ပြီး ရိုက်ယူပြချင်တဲ့ မြင်ကွင်းတွေရှိပါ့
    သတိရပါ့
    ဆယ်နှစ်လောက်အတွင်း တခေါက်တောင် မပြန်ဖြစ်လောက်အောင် ဝေးလွန်းလို့သာ

  • မြစပဲရိုး

    March 19, 2015 at 3:47 am

    အဘနီ ရှင်းပြတော့မှဘဲ ကြက်ဆူပင် ကွဲပြား တာ ကို သိတော့ တယ်။
    ကျွန်မ က ရန်ကုန် မှာ စိုက်တဲ့ အပင် တွေ ကိုလဲ အဲလို အသုံးဝင်တဲ့ အပင်လို့ ထင်နေတာ။
    အခုတော့ အဲဒီ အပင်တွေလဲ သေကုန် ပြီလား မသိ။

    ဓာတ်ပုံဇာတ်ကြောင်း ကို နောက်ကြောင်းပြန်ဖတ်လိုက်ဦးမယ်။
    အဘနီ က စာရေးလဲ အတော်ကောင်းတာဘဲ။
    ကျွန်မ က ကဗျာ တွေဘဲ အများစု ဖတ်ဖူးတာကိုး။
    ဒီလို ဖွဲ့နွဲ့ ရေးထားတာ တကဲ့ ပရို အဆင့်ပါဘဲ။
    :))

  • ခင်ဇော်

    March 19, 2015 at 10:03 am

    အဲဒီလို နယ်တွေ ရောက်ဖူးရင်လေ ……
    နိုင်ငံတော် စီမံကိန်း ဆိုတာတွေ မရောက်နိုင်တဲ့ နေရာတွေ ကျနော်တို့ နယ်မှာ အများကြီးရှိမှန်းသိသိလာတယ်။
    ယင်လုံအိမ်သာဆိုရင်လေ ဆရာဝန်တွေ သူနာပြုတွေ မိသားစုတွေက အစ ဝိုင်းဆောက်လုပ်ပေးရတာတို့၊
    ကျောင်းဆောင် ခနော်နီ ခနော်နဲ့ ကို ဆရာဆရာမ ရွာသူရွာသားတွေ ကမကထ လုပ်ရတာတို့ ကိုယ်တိုင်မြင်ဖူးခဲ့တာ။
    အေးလေ။
    ပြောသာပြောတာ။
    အဲဒီ စီမံကိန်းဆိုတာလည်း တကယ်လုပ်ဖြစ်တာမှ မဟုတ်ပဲ။
    ဇီးသီးဗန်းမှောက်တဲ့ ကိစ္စတွေ ဆိုတော့လည်းးးးးးး
    :a:

    • naywoon ni

      March 19, 2015 at 1:23 pm

      ခုထိကို ယင်​မလုံတဲ့ အိမ်​သာ​တွေနဲ့ ရွာ​တွေရှိ​သေးဗျ မယုံရင်​ လာကျိ ပျမယ်​ ။

  • black chaw

    March 19, 2015 at 11:00 am

    ဖတ်သွားပါတယ် ကိုနေကြီးရေ…။
    🙂

  • Mr. MarGa

    March 19, 2015 at 11:13 am

    ကြက်ဆူကိုမြင်ရင်
    နေရာတကာ ရောက်နေတဲ့ ကြက်ဆူပင်တွေ သတိရ
    အကိုင်းခပ်များများ အရွက်ဖားဖားကြီးတွေဗျားးးးးးးးးး
    :k:

    • naywoon ni

      March 19, 2015 at 1:21 pm

      အနှစ်​မရှိတဲ့ ကြက်​ဆူချင်​းအတူတူ ​ဈေးကွက်​ဝင်​တဲ့ ကြက်​ဆူနဲ့ လူမုန်​းတဲ့ ကြက်​ဆူ ကွာ​သေးတာဗျ ။

  • Mike

    March 19, 2015 at 1:22 pm

    .အိမ်သာ အကြောင်းရေးထားတာလေးတွေ့တော့ ကျုပ်ရောက်ဖူးတဲ့ရွာတွေသတိရသွားတယ်
    .အရေးအသားကိုလည်းသဘောကျသဗျာ :k:

  • Shwe Ei

    March 19, 2015 at 2:38 pm

    -အသက်ကိတ်စ ငြင်းကြတာ … ဘလိုအဆုံးသတ်သွားလဲ သိချင်တယ်..
    -အစိုးရရုံးတော်တော် များများ..ပဆံပေးလိုက်ရင်..ဘာစာရွက်လာလာ ..
    -လက်မှတ်ထိုး တုန်းထုတဲ့ အကျင့်မဖျောက်ကျသေးလို့…ရှေ့ရှောက်လဲ..
    -မိဘပြည်သူတွေဘဲ အငြင်းပွားနေကြရအုံးမှာဘဲ 😛

    • naywoon ni

      March 19, 2015 at 7:56 pm

      ခုကိစ္စ က​တော့ ရွာသား​တွေနဲ့ ​ကျောင်​းနဲ့ ​ပေါင်​းပြီး အင်​ထုတာပါ ။ ခရစ်​နှစ်​နဲ့​ပြောင်​းပြီး ​ကျောင်​းက ပြန်​​ရေး​ပေးလိုက်​လို့ အဆင်​​ပြေသွားပါတယ်​ ။

Leave a Reply