ဇွန်သဉ္ဇာ ဂိတ်…။

black chawMarch 19, 20151min42855

ကျွန်တော်တို့ ရွာသူား တွေ ကြားမှာ အမြင်မတူကြပြန်တဲ့ ကိစ္စ တစ်ခုက ပေါ်လာ ပြန်ပါတယ်။

သမ္မတကြီးရဲ့ ပညာတော်သင်ဆု ရွေးချယ်ပွဲမှာ ရေးဖြေအောင်သွားပြီ ဖြစ်တဲ့ ဇွန်သဉ္ဇာ ကိစ္စပါ။

မိတ်ဆွေများ သိပြီးဖြစ်ကြတဲ့အတိုင်း ဇွန်သဉ္ဇာ ဟာ အွန်လိုင်းပေါ်မှာ

ဆက်စီမော်ဒယ်အဖြစ် နာမည်ကြီးပါတယ်။

Facebook မှာလည်း သူမရဲ့ ဝင်းလက်တောက်ပြောင်နေတဲ့ တင်တွေ ရင်တွေ အလှကို

သူမကိုယ်တိုင် တင်ပေးနေလို့ ကျွန်တော်တို့ အားပေးခဲ့ကြဖူးပါပြီ။

1
1

အဲဒီလို အခြေအနေမျိုးမှာ ဇွန်သဉ္ဇာ တစ်ယောက် သမ္မတကြီး ရဲ့ ပညာတော်သင်ဆုရွေးချယ်

ပွဲမှာ ရေးဖြေစာမေးပွဲအောင်သွားပြီဆိုတဲ့ သတင်းက ဗုံးတစ်လုံးလို ဝုန်း ကနဲ ပေါက်ကွဲပါတော့တယ်။

ထုံးစံအတိုင်းပေါ့ ကျွန်တော်တို့ ရွာထဲမှာလည်း အုပ်စု ၂ စု ပေါ်လာပြန်ပါတယ်။

တစ်စုက အဖေါ်အချွတ်ပုံတွေရိုက်တဲ့ ဆက်စီမော်ဒယ်ကို ပညာတော်သင်ဆု မပေးသင့်ဘူး။

တစ်စုက ဆက်စီမော်ဒယ်ဆိုပေမယ့် ပညာတော်ရင်တော့ ပညာတော်သင်ဆု ပေးသင့်တာပေါ့ ဘာဆိုင်လို့လဲ။

ရွာထဲက မိတ်ဆွေလေး တစ်ယောက်က ဦးဘလက် အမြင်က ဘယ်လိုလဲ လို့ မေးလာပါတယ်။

ကျောင်းသားသပိတ် ကိစ္စတုန်းက ကြားနေခဲ့ပေမယ့် ဇွန်သဉ္ဇာ ကိစ္စမှာတော့ ကြားမနေစေချင်တဲ့ သဘော။

ကြားနေတာတွေ သိတ်များလာရင် မကောင်းတော့တာမို့ တစ်ဘက်ဘက်ကို ရွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီ မေးခွန်းကို ဖြေဖို့ ဒီပို့စ်ကို ရေးလိုက်ရခြင်းရယ်ပါ ကျောင်းဒကာ ကျောင်းအစ်မ

ရွာတော်သူ ရွာတော်သား သူတော်ကောင်း အပေါင်းတို့ရေ။

ဘလက်ချော ၏ ထင်မြင်ယူဆချက်

ဇွန်သဉ္ဇာ ဟာ အဖေါ်အချွတ်ပုံတွေ ရိုက်ခဲ့ရုံနဲ့တော့ဖြင့်

သမ္မတကြီးရဲ့ ပညာတော်သင်ဆုနဲ့ မသင့်လျော်ပါဘူးလို့ တစ်ထစ်ချ မပြောလိုပါ။

လတ်တလော မီဒီယာတချို့မှတစ်ဆင့် ဇွန်သဉ္ဇာ အင်တာဗျူးတွေကို ဖတ်ကြည့်ပြီး

ပညာသင်ဆု ပေးသင့် မပေးသင့် စဉ်းစားကြည့်လိုက်တဲ့ အခါမှာတော့ မပေးသင့်ဘူးလို့ တွေးမိလာပါတယ်။

ကျွန်တော့်အမြင်အရ ဇွန်သဉ္ဇာ အခုလို အဖေါ်အချွတ်ပုံတွေ ရိုက်ပြီးတင်နေတာကို မိဘတွေ အနေနဲ့

စိတ်မချမ်းမသာ ဖြစ်ကြမယ် ထင်ပါတယ်။ ပြောမရဆိုမရလို့သာ လွှတ်ထားရပုံရပါတယ်။

သူမမှာ အရည်အချင်း ရှိတာကို သိထားတဲ့ မိဘတွေအနေနဲ့ သမ္မတကြီးရဲ့ ပညာတော်သင်ဆု ရွေးချယ်ပွဲကို

ဝင်ရောက်ဖြေဆိုခိုင်းပြီး အရွေးအချယ်ခံလိုက်ရရင် ဖေါ်ချွတ်ပုံတွေရိုက်တဲ့ လမ်းကြောင်းပြောင်းသွားမလားဆို

တဲ့ မျှော်လင့်ချက်နဲ့ ဝင်ဖြေခိုင်းလိုက်တယ်လို့ ကျွန်တော် ထင်မြင်ယူဆမိပါတယ်။ အထင်မို့

မှားနိုင်ပါတယ်နော်။ အဲဒါကို Tomorrow ဂျာနယ်ထဲက အင်တာဗျူးမှာ ဇွန်သဉ္ဇာ ဖြေသွားတာကို ကြည့်ပြီး

ခန့်မှန်းမိတာပါ။

အမေက ကိုယ့်အရည်အချင်းလည်း သိရတယ် ဆိုလို့ အမေ့ဆန္ဒအလျောက်သာ ဝင်ဖြေခဲ့တာပါ။

အခု အချိန်မှာ စကောလားရှစ်အတွက် အဆင့်တစ်ဆင့် အောင်ပေမယ့် ကျန်ရှိနေတဲ့ နောက်တစ်ဆင့်ကို

ကြိုးစားရဦးမှာ ဖြစ်တဲ့အတွက် လူတွေ့ပါ အောင်သွားခဲ့မှပဲ ဘယ်လမ်းကြောင်းကို လုပ်သင့် မလုပ်သင့်

ဆိုတာမျိုးကို ဆုံးဖြတ်မယ်။

သူမအနေနဲ့ ဒေါက်တာဘွဲ့လည်း လိုချင်သလို အနုပညာလမ်းကြောင်းမှလည်း စွန့်ခွာလိုုခြင်းမရှိကာ ဒွိဟ

ဖြစ်နေမိကြောင်းလည်း ပြောကြားခဲ့သည်။

လို့ ဖတ်လိုက်ရပါတယ်။

ဆိုတော့ ဇွန်သဉ္ဇာ သည် ပညာတော်သင်ဆု အတွက် အရွေးချယ်ခံရသည့်တိုင် လက်ခံရယူမည်

မယူမည်ဆိုသည်ကို ဆုံးဖြတ်ရသေးဟန်မတူပါ။ အမေ ဖြစ်သူ၏ ဆန္ဒ အရသာ ဝင်ရောက်ဖြေဆိုခဲ့ဟန်တူပါ

သည်။

နိုင်ငံခြားမှာ ပညာသွားသင်ခဲ့မယ် ဆိုရင်တော့ အနုပညာ လှုပ်ရှားမှု အနေနဲ့ ကိုယ့်ကို လူမှုကွန်ရက်

ကနေ လူသိများလာတာဆိုတော့ ဟို နိုင်ငံရောက်ရင် ပုံတွေကတော့ အမြဲတင်လို့ ရပေမယ့် ကားရိုက်တာမျိုး

နယ်ရှိုးတွေ မလိုက်ဖြစ်နိုင်တာမျိုး ဖြစ်နေတော့ ပရိသတ်နဲ့ ကင်းကွာသွားမှာလည်း စိုးတယ်။ အနုပညာ အလုပ်

က ရန်ကုန်မှာ ရှိနေရင် ပိုအဆင်ပြေပြီး Facebook ပေါ်မှာပဲ ဆိုရင် သိပ်မထိရောက်ဘူးလို့ ထင်မိလို့ ခုချိန်မှာ

သေချာတော့ မဆုံးဖြတ်ရသေးဘူး

လို့လည်း ပြောသွားခဲ့ပါတယ်။

2
2

စဉ်းစားစရာကောင်းတာက ပညာတော်သင်ဆုရသွားခဲ့ပြီး နိုင်ငံခြားသွားပြီး ပညာဆက်လက်သင်ကြားခဲ့ရင်

တောင် အခုလို ပုံမျိုးတွေ ဆက်တင်နေဦးမယ့် သဘောမျိုး တွေ့ရပါတယ်။

အမေရိကားက ကမ္ဘာကျော်တက္ကသိုလ်ကြီးတစ်ခုမှာ တက်နေတဲ့ မြန်မာမလေးတစ်ယောက်

က အခုလိုပုံတွေ တင်နေရင် နိုင်ငံ သိက္ခာကျသွားမလား။ ကျွန်တော် မဆုံးဖြတ်ဘူးနော်။

ခင်ဗျားတို့ ကိုယ်တိုင် ဆုံးဖြတ်ကြဖို့ပါ။

နောက်အင်တာဗျူးတစ်ခုက ပေါ်ပြူလာ နယူးစ် ထဲမှာပါခဲ့တာပါ။

ဓါတ်ပုံဆရာတွေလည်း တကယ်လို့ မရိုက်ပေးဘူး ပြောလာရင်လည်း ကိုယ့်ဟာကိုယ် ရိုက်ဖို့

စဉ်းစားထားပြီးသား။

ဇွန်သဉ္ဇာ ဟာ ဒီ အဖေါ်အချွတ်ပုံတွေ ရိုက်ပြီး တင်လို့ လူသိများတာကိုပဲ သာယာမှုလွန်ကဲနေပုံရပါတယ်။

3
3

နိဂုဏ်းချုပ်ရရင်…

၁။ သမ္မတကြီးရဲ့ ပညာတော်သင်ဆုကို အမေ့ဆန္ဒအရသာ လျှောက်ခဲ့တာသာ ဖြစ်ပြီး အရွေးချယ်ခံရရင်လည်း

ပညာဆက်လက်သင်ကြားမယ် မသင်ကြားမယ် မဆုံးဖြတ်ရသေးတဲ့အတွက် မရွေးသင့်။

၂။ နိုင်ငံခြားမှာ ပညာသွားသင်ခဲ့ရင်တောင် ဒီလို ပုံတွေ ရိုက်တင်နေဦးမယ် (ဆိုရင်) လုံးဝ မရွေးသင့်။

ဆန့်ကျင်ဘက် အနေနဲ့ ပြန်စဉ်းစားရင်…

သူ့ဟာသူ သူပိုင်တဲ့ တင်တွေရင်တွေ ဖေါ်ပြီးဓါတ်ပုံရိုက်တာ ဘယ်သူ့ကို စော်ကားနေလို့လဲ။

သင့်တော်သူတစ်ယောက်ဖြစ်နေခဲ့ရင် ရွေးကိုရွေးရမှာပဲ ဆိုတဲ့ အချက်ပါ။

အဲသလို ဆိုရင်တော့ ကျွန်တော် မျိုးကြီးလည်း မလျှောက်တတ်တော့ပါဘူးခင်ဗျာ..။

နောက်ဆုံးမေးခွန်းလေးနဲ့ပဲ အဆုံးသတ်ပါရစေ။

ဇွန်သဉ္ဇာကရော အရွေးခံခဲ့ရရင် နိုင်ငံခြားမှာ ပညာဆက်လက်သွားသင်ဖို့ ဆုံးဖြတ်ချက်ချထားပြီးပြီလား???

ချစ်ခင်လေးစားတဲ့

ဘလက်ချော…။

4
4

 

 

55 comments

  • ခင်ဇော်

    March 19, 2015 at 9:37 am

    ပညာရေး အဆင့်မြှင့်ဖို့ တောင်းတဲ့ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းပြီး
    ဂျွန်တင်ဂျာလေးကို စကောလာ ပေးရတာတော့ ဘယ်လွယ်မလဲ။
    ရိုးသားရတာပေါ့။
    ဟိ။
    တို့တမဒဂျီး အတက်ကျော် ရာကျော်ရှည်ပါဇီ!!!!
    :mrgreen:
    ~~~~
    တညား တဘောထားက ဟိုဘက်မှာ ပြောပြီးပြီမို့ ဒီမှာ ပြောတော့ဝူးးး
    ဟိဟိ။
    တစ်ခုပဲ.။

    :mrgreenn:

    အဲဒီ စကော်လာ စားရိတ်က နိုင်ငံတော်လား ??
    ကိုယ်ပိုင်ငွေထဲကလား ?? သေချာသိချင်တယ်။
    နို့မို့ ကျောင်းထားစရိတ်ပါ အကြွေးထဲ တိုးမစိုးလို့။
    ဟိ။

    :k:

  • Mr. MarGa

    March 19, 2015 at 9:42 am

    ပြောပြီးပြီဗျာ
    ကျနော် ကွန်ဆာဗေးတစ် စစ်စစ်ပါ လို့
    အဲ့လောက်ပဲ……………
    အမေ လူထုဒေါ်အမာရေ စာဝတိံသာကနေ ပြန်လာကြည့်လှည့်ပါဦး…………

    • ခင်ဇော်

      March 19, 2015 at 9:48 am

      တမဒဂျီး ပလိတ်သတ်တွေကတော့
      အရင် ကွန်ဆာဘေးတစ်တွေက ဒီ ကိစ္စမှာ လစ်ဗျဲ ဖြစ်ကုန်ကြဘီ။
      ဟိ။
      ထူးဆန်းပါပေ့ကတွတ်ပီ!!
      :kwi:

      နိုင်ငံခြားမှာ နှစ်ရှည်လများနေပြီး မြန်မာ့ ဝတ်စားဆင်ယင် ယဉ်ကျေးမှုကို ခုထိ ထိန်းသိမ်းထားတဲ့
      အမျိုးသမီးတစ်ယောက်ကို စော်ကားမော်ကားပြောတဲ့သူတွေလေ ……
      တမဒဂျီး က ဒါဂျီး ရွေးရင်ကျ ကောင်းသတဲ့ အရပ်ကတို့။
      အဟေးဟေးးး
      ဘာပြောရမှန်းတောင် မသိ။
      :k:

      • Ma Ma

        March 19, 2015 at 10:00 am

        ထောက်ခံပါ၏။
        ဘာပြောရမှန်းတောင် မသိ :k:

        • black chaw

          March 19, 2015 at 6:44 pm

          @ Ma Ma ;
          အွန်…။
          မမက ဘာကို ထောက်ခံတာလဲဟင်…။
          ဇွန်သဉ္ဇာ အရွေးခံရတာကို ထောက်ခံတာလား…။
          ဇွန်သဉ္ဇာ အရွေးခံဖို့ မသင့်ဘူးဆိုတာ ထောက်ခံတာလား…။
          ရှင်းရှင်း ပြောပါလား
          ရှင်းရှင်း ပြောပါလား
          :k:

      • Mr. MarGa

        March 19, 2015 at 12:50 pm

        လူကိုမကြည့်ဘဲ မူနဲ့ပဲရွေးမယ်ဆိုရင်တော့ ကန့်ကွက်စရာမရှိဘူးရယ်
        ဒါပေမယ့် လက်ရှိမှာ အဲ့လို အခြေအနေကို အတော်များများ လက်ခံနိုင်မယ်မထင်
        သဘောတူချင်ရင် နိုင်ငံတကာစံနှုန်း အော်ပြီးတော့ သဘောမတူရင် မြန်မာ့နည်း မြန်မာ့ဟန် လုပ်ကြသောသူများ…………….
        🙁

        • black chaw

          March 19, 2015 at 6:42 pm

          @ Mr. MarGa ;
          စိတ်လျှော့ပါ ကိုကိုရယ်…။
          ဒေါသကြီးပဲ…။
          :k:

        • Courage

          March 29, 2015 at 9:45 am

          ကြိုက်တယ်။ လိုသကာပျား မလိုတမာခါးတွေ

  • ခင်ဇော်

    March 19, 2015 at 9:54 am

    ဦးဘတ်လတ်။
    ပိတ်သတ်ကြီးတွေ ဆုံးဖြတ်နိုင်အောင် ပုံနဲ့တကွ တင်ပါ့လားးး
    ဘာပြောပြော လူစည်တာပေါ့။
    :a:
    တဂျီးလည်း သတင်းစာထဲ ယူသုံးလို့ ရအောင်။
    :p:

    • black chaw

      March 19, 2015 at 6:39 pm

      @ ခင်ဇော် ;
      အေး…အေး…
      ဇွန်သဉ္ဇာ ချစ်သူများအသင်း ကို အကူအညီတောင်းပြီး
      ပုံတွေ ထည့်ခိုင်းလိုက်ပါပြီကွယ်…။
      :k:
      ချစ်ခင်လေးစားတဲ့
      ဦးဘလက်…။

  • အူးစည်

    March 19, 2015 at 9:55 am

    ဘာပဲလုပ်လုပ် ဇွန်ကြီးမှန်တယ်။ ဇွန်ကြီးနိုင်တယ်။
    ဘာလုပ်လုပ် အဘရှိ်တယ်..။

    • black chaw

      March 19, 2015 at 6:32 pm

      @ အူးစည် ;
      အေး…အေး။
      အဘရေ…မောနေပါ့မယ်…။
      ဖြေးဖြေးပြောပါဟ..။
      :k:

  • တောင်ပေါ်သား

    March 19, 2015 at 10:46 am

    အင်းးးးး

    စိတ်အပျက်ကြီးပျက်မိပါရဲ့

    အင်တာဗျူးတစ်ခုထဲမှာ မဖြေချင့်ဖြေချင်သွားဖြေတဲ့ စာမေးပွဲ တဲ့ ၊

    သူ့ပညာအရည်အချင်းကို လေးစားပေမယ့် သူလုပ်နေတာတွေက . . . . ထွီ

    ကျုပ်နှမ တူမ ဒါမှမဟုတ် သမီးဆို ရိုက်သတ်လိုက်တာ ကြာပြီ

    စကားလုံးတွေ ရိုင်းရင် ခွင့်လွှတ်ပါ

    • black chaw

      March 19, 2015 at 6:30 pm

      @ တောင်ပေါ်သား ;
      စိတ်လျှော့ပါ ကိုတောင်ပေါ်သားရယ်…။
      ရိုက်သတ်လို့ ထောင်ကျသွားရင်
      နွယ်လေး နဲ့ ဝေးရမှာလည်း ထည့်တွက်ပါဦးဗျာ…။
      :k:
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • kai

    March 19, 2015 at 11:53 am

    ယူအက်စ်ကို ပညာတော်သင်နဲ့.. တက္ကသိုလ်တခုခုကိုရောက်လာရင်တော့.. အဲလိုပုံတွေရိုက်.. ပေါပေါပဲပဲ.. အလကားလျှောက်တင်မနေတော့ပဲ.. သူ့အလိုလိုပြောင်းသွားမှာပါ…။

    အာမခံ..ကြောင်း..။ :k:

    • black chaw

      March 19, 2015 at 6:27 pm

      @ kai ;
      သူကြီး အာမခံ ရဲတယ်ဆိုရင်
      ကျွန်တော်ရွေးချယ်ခိုင်းလိုက်ပါ့မယ်…။
      အင်တာနက်ပေါ်မတင်ပဲ ပေါပေါ ပဲပဲ အလကား လျှောက်မတင်ပဲ
      သူကြီး တစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားမှာမျိုးလား ဟင် ????
      :k:
      (အပျော်ပါဗျာ)
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      March 19, 2015 at 6:32 pm

      ဘာဗျ
      ​ပေါ​ပေါပဲပဲ ဟုတ်​စ

      ✂ :'(

      • black chaw

        March 19, 2015 at 6:35 pm

        @ စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောက်ျား ;
        ဟော့…။
        ဟိုအမေရိကားနေ တဲ့ တား ကိုကို ပြောတာပါ…။
        တား မပြောရဲပါဘူး…။
        :k:

    • မွသဲ ( 17082011 )

      March 19, 2015 at 9:40 pm

      အလဂါးလျောက်မတင်ဘဲ ပလေးဘွိုင်းကိုရောင်းစားမယ် လို့မြန်းပြောချင်ဒါလားဒဂျီးရယ်

  • Alinsett@Maung Thura

    March 19, 2015 at 11:58 am

    ဦးကြောင် စကား ငှားပြောပါမြီ

    ဆားချဉ်သီ (သို့မဟုတ်) tea like ယ

    :k:

    • black chaw

      March 19, 2015 at 6:23 pm

      @ Alinsett@Maung Thura ;
      :k:

  • ဦးဦးပါလေရာ

    March 19, 2015 at 12:58 pm

    .ဒီပိုစ့်လေးက ကြည့်လို့ကောင်းပါတယ်ဗျာ … အဲလေ.. ဖတ်လို့ကောင်းပါတယ်ဗျာ..
    .သာဓုပါ….
    :mrgreen:
    ……
    ..
    .ကျုပ်အမြင်လေးပြောချင်တာက
    .သမ္မတဲ့ ပညာသင်ဆုဆိုတာ
    .ပညာသင်စားရိတ်သက်သက် မဟုတ်ပါဘူး… ပညာသင်စားရိတ်တန်ဖိုးက အဓိက မဟုတ်ပါဘူး..
    .ဂုဏ်သိက္ခာက အဓိက ပါ…
    .မြန်မာပြည်သား လူငယ်တွေ အင်မတန် လေးစား အားကျ တန်ဖိုးထားမယ့် အရာပါ..
    .အဲဒါကို ရယူနိုင်သူဟာ လူငယ်တွေ အားကျ အတုယူစရာ သင့်တော်ဖို့လိုပါသဗျာ…….
    .ဒီဆုမျိုးဆိုတာ တာဝန်သိရင် တာဝန်ကြီးပါသနော…
    ……………
    .မဆီမဆိုင်ပဲထားပါတော့ – ဥပမာလေး တစ်ခုပြောကြည့်မယ်…
    .ရိုးရိုးလူတစ်ယောက် လုံချည်ချွတ်ပြီး လမ်းလျှောက်ရင် အဲဒါ ဘာမှအရေးမကြီးဘူးဗျ (လိုက်တော့မလုပ်နဲ့နော်…)
    .အလွန်ဆုံး ခွေးဟောင် ရဲဖမ်း ရုံပဲ….
    .တကယ်တော့ လုံချည်ချွတ်ပြီး လမ်းလျှောက်တဲ့ မူးရူးနေသူတွေဟာ နေရာတစ်ကာမှ မမြင်ချင်အဆုံးပဲ….
    .ဒါပေမယ့် ပဲမြစ်ကလေး အဲသလိုလုပ်တာတော့ကျုူပ်လုံးဝ သဘောမကျ လက်မခံနိုင်ဘူး…
    .သူက အထင်ကရ မင်းသား အနုပညာရှင်
    .ခင်ဗျားတို့ ကျုပ်တို့သာ မကြိုက်တာ
    .မြန်မာပြည်အရပ်ရပ် နယ်ကြိုက်တောကြိုက် – ဆယ့်သုံးလေးနှစ်သားလေးတွေရဲ့ ဟီးရိုးဗျ
    ……..
    .အင်း…
    .မဆိုင်ဘူးလား မသိဘူး…
    .မဆိုင်ရင်လဲ နေပါစေတော့ဗျာ…….

    • black chaw

      March 19, 2015 at 6:22 pm

      @ ဦးဦးပါလေရာ ;
      ဆိုင်ပါတယ် ကိုပါကြီးရယ်…။
      တချို့ကိစ္စတွေက သတိထားပြီး ပြောနေဆိုနေရင်
      လိုရာမရောက်ပဲ ဝေ့နေသလိုကြီး ဖြစ်နေရော…။
      ဒဲ့ကြီး ပြောချလိုက်ပြန်ရင်လည်း ရိုင်းသလိုကြီး ဖြစ်ပြန်ရော…။
      အခုကိုပါကြီးပြောသွားတာ
      ဒဲ့ပေမယ့် မရိုင်းပါဘူးဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • manawphyulay

    March 19, 2015 at 1:08 pm

    အင်း… ဘာမှမပြောတတ်တော့ပါဘူး ဦးဘလက်ရယ်… သူ့ကိစ္စပြုပြင်သွားရင်လည်း ကောင်းသားနော်… မြန်မာမိန်းကလေးတွေအတွက်ပါ သိက္ခာကျစရာ အဖြစ်တွေပါပဲ။

    • black chaw

      March 19, 2015 at 6:18 pm

      @ manawphyulay ;
      ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးပါ
      မမ မနောရေ…။

  • naywoon ni

    March 19, 2015 at 1:10 pm

    ကိုဘလက်​​ရေ ခင်​ဗျား မ​ပြောပဲ ချန်​ထားတာများ တစ်​ခုခုရှိ​နေသလားလို့ ။ ဒီပို့စ်​ဖတ်​ရမှ ခင်​ဗျားမှာ စိုးရိမ်​တစ်​ကြီး ​ပြောစရာ တစ်​ခုခု ကျန်​​နေခဲ့သလိုပဲ ။ ကျုပ်​​ စာဖတ်​​နေရင်​း အလိုလို သိ​နေသလိုပဲ​နော်​ ။
    ကွန်​ဇာ​ဗေးတစ်​များ ကျ​နော်​တို့ရဲ့ သမ​ဒကြီးက ပညာ​ရေးဥပ​ဒေ ​ပြောင်​းသင်​့မ​ပြောင်​းသင်​့ တိုင်​းပြည်​ကို ​သွေးတိုးစမ်​းတယ်​လို့ပဲ ​အောက်​့​မေလိုက်​ပါ ။
    အလက်​ဇင်​းဒါးက ​ဖွေ​း​ဖွေး မှ​ဖွေး​ဖွေး ဆိုပြီး ခု​တော့ ​ကွေး​ကွေးကြီးကို သ​ဘောကျ​နေဘီလား ။

    • black chaw

      March 19, 2015 at 6:16 pm

      @ naywoon ni ;
      မချန်ရပါဘူး ကိုနေကြီးရယ်…။
      ကျွန်တော့် ဘက်က တစ်ဘက်သတ် အဖြေတစ်ခုမထုတ်ချင်လို့
      လိုအပ်တဲ့ ထည့်သွင်းစဉ်းစားစရာလေးတွေ စုစည်းပေးလိုက်တဲ့ သဘောပါ…။
      အခုပဲ ဇွန်သဉ္ဇာ ဘက်က အသံ ပြောင်းစပြုလာတာကို တွေ့ရပါပြီဗျာ…။
      ဖတ်ကြည့်ဗျာ…။

      ပညာသင်ဆုအတွက် စည်းမျဉ်းစည်းကမ်းတွေ ထုတ်လိုက်တယ်။
      ကိုယ်ကလည်း ဒါကိုတက်မယ်လို့ တက်မယ်လို့ ရွေးချယ်လိုက်ပြီဆိုရင်တော့
      ပြောင်းရင်လည်း ပြောင်းလဲ သွားမှာပေါ့။
      အခုတော့ ပရိသတ်တွေ တောင်းဆိုတဲ့ အတွက်ကြောင့်
      အမြဲတမ်းတင်ဖြစ်ပါတယ်။ ဒါပေမယ့်
      ပညာသင်ဆုရသွားရင်တော့ မသေချာဘူး။
      အထိန်းအကွပ်လေးတစ်ခုတော့ ဖြစ်သွားမှာပေါ့။

      8 Days ဂျာနယ်မှ…။

  • apolo11

    March 19, 2015 at 2:16 pm

    ဇွန်သင်ဇာ ကိုမရွေးစေချင်ပါ။
    သမတ ပညာသင်ဆုနဲ့ ပညာတော်သင် သွားပြီးပြန်လာရင် အဲ့ဒီပညာနဲ့
    နိုင်ငံတော်နဲ့ပြည်သူကို ပြန်အကျိ ုးပြုမည့်သူကိုပဲ ရွေးသင့်ပါသည်။

    ဇွန်သင်ဇာ သည် အဲ့ဒီပညာနဲ့ နိုင်ငံတော်နဲ့ပြည်သူကို ပြန်အကျိ ုးပြုမည့်သူမဟုတ်ပါ။
    ရွေးချယ်ခံရလျှင်ပင် သွားသင့် မသင့် သူမ ကိုယ်တိုင် မဆုံးဖြတ်ရသေးပါ။
    အကယ်၍ ရွေးချယ်ခံရပြီးမှ မသွားဖြစ်လျင် ကျန်သူများ၏ အခွင့်အရေးကို
    ပိတ်ပင်သလို ဖြစ်နေပါမည်။

    • black chaw

      March 19, 2015 at 6:05 pm

      @ apolo11;
      ဟုတ်ကဲ့ပါ apolo11 ရေ…။
      အခုလို ထင်မြင်ချက်လေး ရေးပေးသွားတာ ကျေးဇူးအထူးပါခင်ဗျာ…။
      ကျန်သူများရဲ့ အခွင့်အရေးကို ပိတ်ပင်သလို ဖြစ်နေပါမည် ဆိုတာလေးကလည်း
      ထည့်သွင်းစဉ်းစားစရာကောင်းလှပါတယ်ခင်ဗျာ…။
      ချစ်ခင်လေးစားတဲ့..
      ဘလက်ချော…။

  • နားလည်ထားသလောက်ကတော့ scholar ဆိုတာ တော်နေရုံနဲ့ မရဘူးထင်တယ်.. လူကောင်းဖြစ်မှရမယ်.. စိတ်ဓာတ်..အဆင့်အတန်း အကုန်လုံးပေါ့.. ဇွန်သင်ဇာကို လူကောင်းလို့ မသတ်မှတ်တဲ့အတွက် မရစေချင်ပါဘူးရှင်… သများကို ဂျေဒိုးနတ်စားတယ်ပြောကြလည်း အပြောခံပါမည်.. :k:

    • black chaw

      March 19, 2015 at 6:01 pm

      @ လုံမလေးမွန်မွန် ;
      ဂျေဒိုးနတ် စားတယ်လို့ မစွတ်စွဲ ပါဘူးဗျာ…။
      ဒီနေရာကနေ ဇွန်သဉ္ဇာ ယူတတ်ရင် ရနိုင်တဲ့
      သင်ခန်းစာတွေ အများကြီးပါ…။
      ယူတတ်ရင်နော်…။
      ဇာဇာထက်တောင် အဖေါ်အချွတ်ပုံတွေ လျှော့ရိုက်တော့မယ်လို့
      ဆုံးဖြတ်လိုက်တာကို အတုယူသင့်ပါတယ်ဗျာ…။
      ဆိုတော့ လုံမလေးရဲ့ ကွန်းမန့်က ဇွန်သဉ္ဇာအတွက်
      တန်ဘိုးရှိတဲ့ ကွန်းမန့် ဖြစ်မှာပါဗျာ…။
      :k:

  • ကထူးဆန်း

    March 19, 2015 at 5:20 pm

    ငိ ငိ …
    ဇွန် သဉ္စာ နိုင်ပါသည် ။ :mrgreen:

    အရင်တုန်းက ဇွန် သဉ္စာ ကိုမသိ သူများပင် ယခု သိကုန်ကြပါပြီ။ယခု မှ အမှန်အကန် နိုင်ငံကျော် ဖြစ်သွားပါပြီ။
    ထို့ကြောင့် ဇွန် သဉ္စာ နိုင်ပါသည် ။

    ရေးဖြေ ဆိုသည် မှာ အမှတ်စဉ် လိုက် ရွေးမည် ဖြစ်သောကြောင့် သူတော်သလို အရွေး ခံ ရမည်သာ ဖြစ်သည် ။ ပြု တ်သွားသူများထက် သူတော် ၍ အရွေးခံ ရ ပါ မည် ။

    နုတ်ဖြေ မှာ အကျင့်စာရိတ္တ ၊ ဘယ်လို နေထိုင်ပြု မှုသည် ၊ အဲ့ဒီပညာနဲ့ နိုင်ငံတော်နဲ့ပြည်သူကို ပြန်အကျိ ုးပြုမည့်သူ ဟုတ်မဟုတ် ၊ ပြီးတော့ VIP သားသမီး ဟုတ် မဟုတ် စသည် တို့ ပါ အကဲ ဖြတ် ရခြင်းကြောင့် သူ အရွေးခံ နိုင် စရာ အကြောင်း မရှိပါ ။

    လွှတ်တော် တွင် လည်း အဖော် အချွတ် ကိစ္စ တင်သွင်း ခဲ့သည် ရှိသောကြောင့် ရွေးချယ်မည့် ပုဂ္ဂိုလ်ကြီးများမှာ ဘယ်လောက် ဇွန်သဉ္စာ ကို တိတ်တိတ်ပုန်း အားပေးသူဖြစ်နေနိုင်သော်လည်း ပေါ်ပေါ်တင်တင်တော့ ရွေး ရဲမည် မထင်ပါ ။

    နုတ်ဖြေ လူတွေ့ စစ်ဆေးပြီး မှ ပေးမည့် အခါတွင် သူ အရွေး ခံ နိုင်ဖွယ် မရှိပါ ။ ထို့ကြောင့် သူ မယုတ်မလွန်

    လူတွေ့ပါ အောင်သွားခဲ့မှပဲ

    ဒီစကား ပြောထားသည် ထင်ပါသည် ။

    ဆိုတော့ ဘဘဘလက်တို့ ဆက်လက် အားပေး နိုင်ပါလိမ့်မည် ။ဆက်လက် အားပေးကြပါစို့ ။

    ဇွန်သဉ္စာ နိုင်ပါသည် ။

    :kwi:

  • black chaw

    March 19, 2015 at 5:42 pm

    @ ကထူးဆန်း ;
    ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးပါ ကိုထူးဆန်းရေ…။
    ဟုတ်ပါတယ်…။
    ဇွန်သဉ္ဇာ နိုင်ပါတယ်…ဆိုတဲ့
    ကိုထူးဆန်း အဆိုကို ထောက်ခံပါတယ်…။
    မယုတ်မလွန် ပြောထားတဲ့ စကားဆိုတာလေး ကတော့
    အမြင်တူနေလို့ ဘီစီ ချီးမြှင့်လိုက်ပါရစေခင်ဗျာ…။
    ပို့စ်လေး ဘာလေး ရေးပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ် ကိုထူးဆန်းရေ…။
    ချစ်ခင်လေးစားတဲ့
    ဘဘ ဘလက်…။

    • naywoon ni

      March 19, 2015 at 8:02 pm

      စျွန်​သင်​ဈာ နိုင်​တယ်​
      ဈွန်​သင်္ဈာ နိုင်​ဒယ်​
      စျွန်​င်္သဈာ နိုင်​ဒယ်​
      ဖွဘုတ်​မှာ ပိုဖိုင်​းတင်​ရင်​ ပို​တောင်​ပွဲဆူသွားအုံးမယ်​ ။

      • black chaw

        March 20, 2015 at 11:44 am

        @ naywoon ni ;
        ကိုနေကြီး တင်လိုက်လေ…။
        ကျွန်တော် Like လုပ်မယ်…။
        :mrgreen:

  • ဗုံဗုံ

    March 19, 2015 at 9:03 pm

    အူးဘလွတ်​ ဒီပို့စ်​ကို အံကြိတ်​တင်​ရမှာ
    ​ပေါ့​နော်​ အူးဘလက်​နိုင်​ပါတယ်​ :mrgreen:

    • black chaw

      March 20, 2015 at 11:48 am

      @ ဗုံဗုံ ;
      ဦးဘလက်တို့က ဝါရင့်နေပါပြီကွယ်…။
      အံကြိတ်စရာမလိုတော့ပါဘူး…။
      တက်လေးတစ်ချက်လောက်ခေါက်ရုံပါပဲ…။
      ဟေးဟေး အပျော်ပါဗျာ…။
      :mrgreen:

  • တောင်ပေါ်သား

    March 20, 2015 at 1:56 pm

    နိုင်ငံတော် သမ္မတ၏ ပညာသင်ဆုရွေးချယ်သည့် စနစ်သည် နိုင်ငံတကာ ပညာသင်ဆု ရွေးချယ်သည့်စနစ်နှင့် ပြောင်းပြန်ဖြစ်နေသည်ဟု Crown Education မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ကျော်ဆန်းက ပြောသည်။

    စင်ကာပူ၊ အမေရိက၊ အင်္ဂလန် စသည့် နိုင်ငံများတွင် ပညာသင်ဆု ရွေးချယ်ရာ၌ တက်ရောက်မည့် ကျောင်းဝင်ခွင့် ရပြီးမှသာ အဆိုပါ ကျောင်းဝင်ခွင့် လျောက်လွှာနှင့်အတူ ပညာသင်ဆုလျှောက်ထားခြင်း ဖြစ်သည်။ သို့သော်လည်း သမ္မတ၏ ပညာသင်ဆုရွေးချယ်ရာတွင် ယင်းကဲ့သို့ မဟုတ်ဘဲ လူရွေးချယ်ခြင်းကို ဦးစွာပြုလုပ်ပြီးနောက်မှ ကျောင်းဝင်ခွင့် လျှောက်ထားရသည့် ပုံစံဖြစ်နေသောကြောင့် ၎င်းက ယင်းသို့ပြောခြင်း ဖြစ်သည်။

    သမ္မတ ပညာတော်သင်ဆု ရွေးချယ်ရာတွင် နိုင်ငံတကာမှ စနစ်အတိုင်းသာ ဆောင်ရွက်မည်ဆိုပါက လျှောက်ထားသည့် ကျောင်းသား၏ အရည်အချင်းအမှန်ကို တက္ကသိုလ်များက ကျွမ်းကျင်ရာနယ်ပယ်အလိုက် စစ်ဆေးပြီးဖြစ်သဖြင့် တိကျမှန်ကန်စွာရွေးချယ်ရန် ပိုမိုအထောက် အကူပြုသည်ဟုလည်း ဦးအောင်ကျော်ဆန်းက ဆိုသည်။

    ၎င်းက ” တက္ကသိုလ်ဝင်ခွင့်တွေ လျောက်ထားပေးဖို့ ကျွန်တော်လက်ရှိ ကူညီနေရတဲ့ ကျောင်းသားတွေမှာ သိသလောက်ဆို သူတို့ကို ချိတ်ဆက်ထားတာ မရှိဘူး”ဟု ပြောသည်။

    လက်ရှိ သမ္မတ ပညာသင်ဆုလျှောက်ထားရာတွင် ဝဇ္ဇာ/သိပ္ပံဘွဲ့ရများက မဟာဘွဲ့အဆင့် လျှောက်ထားခဲ့ပြီး ရွေးချယ်ခံထားရသော်လည်း အချို့ မြန်မာနိုင်ငံမှ ဝဇ္ဇာ/သိပ္ပံဘွဲ့များကို နိုင်ငံတကာ မဟာဘွဲ့အဆင့် မပေးသည်လည်း ရှိသည်။ ယင်းအပြင် ပီအိပ်ချဒီ ဒေါက်တာဘွဲ့တွင်လည်း အစိုးရချင်း မချိတ်ဆက်ပါက အခက်အခဲ ရှိနိုင်သည်ဟုလည်း Crown Education ၏ သမ္မတ ပညာတော်သင်ဆုအတွက် အကြံပြုချက်တွင် ဖော်ပြထားသည်။

    ယင်းသို့ ရွေးချယ်မှုပုံစံနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆရာများသမဂ္ဂမှ အထွေထွေ အတွင်းအရေးမှူး ဒေါက်တာ အာကာမိုးသူက ” ကျောင်းတွေကို သမ္မတပညာသင်ဆု လျှောက်ထားနိုင်တယ်လို့ ပြောတယ်။ ကျောင်းအလိုက် ခေါ်တယ်လို့ သိရတယ်။ ဘယ်နိုင်ငံရဲ့ကျောင်း လျှောက်ထားနိုင် တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူး။ ဒီဘက်ခြမ်းက လွတ်လိုက်ပေမယ့် ဟိုဘက်ခြမ်းက အရည်အချင်း မပြည့်မီရင် မရပြန်ဘူး”ဟု ပြောသည်။

    ဦးအောင်ကျော်ဆန်းကလည်း ” သူတို့ကို ရွေးထားပြီဆိုပြီး စာရွက်နဲ့ လာတဲ့အခါမှာ အဲဒီကျောင်းသားတွေက ဟိုဘက်နိုင်ငံတက္ကသိုလ်က ကျောင်းဝင်ခွင့်နဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ ရှိနေတာ အများကြီး တွေ့ရတယ်” ဟု ပြောသည်။

    ယင်းအပြင် အင်္ဂလိပ် ဘာသာစကားအတွက် စစ်ဆေးရာတွင် နိုင်ငံတကာ တက္ကသိုလ်များက လက်ခံသည့် IELTS Test (သို့ ) TOEFL Test ကို တစ်ခါတည်း စစ်ဆေးရန်လိုသည်ဟုလည်း ၎င်းက အကြံပြုသည်။

    ပညာတော်သင်ဆုအတွက် အရည်အချင်းစစ် စာမေးပွဲဖြေဆိုခဲ့သူများအနက် IELTS အဆင့် 6.5 နှင့်အထက် ညီမျှသော Aptis Test အဆင့် ‘C’ ဖြင့် အမှတ်အများဆုံး ရရှိသူ ၁၄၂ ဦးအား ပထမအသုတ် လူတွေ့ စစ်ဆေးပြီးဖြစ်သည်ဟုလည်း အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)က ထုတ်ပြန်ထားသည်။

    IELTS 5.0 နှင့် 6.5 အကြား အဆင့်နှင့်ညီမျှသော Aptis Test အဆင့် ‘B2’ အတွက် ဖြေဆိုသူ ၇၃၆ ဦးရှိခဲ့ပြီး ၁၇၂ ဦးကို ဒုတိယအသုတ် လူတွေ့စစ်ဆေးရန် စာရင်းထုတ်ပြန်ထားသည်။

    တတိယအသုတ် လူတွေ့ ဖြေဆိုရမည့် စာရင်းလည်း ထွက်လာပြီဖြစ်ကာ ၅၆၄ ဦး ပါဝင်သည်။
    http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/41554-2015-03-20-05-48-01

  • chate chate

    March 20, 2015 at 3:00 pm

    တတိယ Result မှာ ပါလာသည်ဟုကြားပါသည်… ရှေ့စာလုံး z နဲ့ စလို့ နောက်ရောက်တာလား..
    အမှတ်အတိုင်းစီတာလား.. ဘယ်လိုစီလဲတော့မသိ…အကယ်လို့ အမှတ်တိုင်းစီတာဆို လူတွေ့မှာရှေ့ နှစ်သုတ်ထက်အမှတ်များမှရမှာ…လူတွေ့ဆိုတာက ကိုယ်ရည်ကိုယ်သွေး စိတ်နေစိတ်ထား
    အပြုအမူအပြောအဆို အနေအထိုင်တွေကို ဇောင်းပေးစစ်တာများတယ်ဆိုတော့( နောက် psycho test ရောပါလားမသိ..) ရာခိုင်နှုန်းအတော်နည်းမယ်ထင်ပါတယ်။

    • black chaw

      March 20, 2015 at 3:08 pm

      @ chate chate ;
      ဟုတ်ကဲ့ပါ chate chate ရေ…။
      အွန်လိုင်းပေါ်မှာ ရေပန်းစားနေတဲ့ ကိစ္စမို့
      ခေတ်မီသွားအောင် ဆွေးနွေးကြည့်လိုက်တဲ့ သဘောပါဗျာ…။
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါခင်ဗျ…။
      နောက်လည်း အားပေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျ…။
      ချစ်ခင်လေးစားတဲ့
      ဦးဘလက်…။

  • manawphyulay

    March 20, 2015 at 3:10 pm

    စိမ်းခက်စိုးရဲ့ ဝေဖန်ချက်လေးပါ

    ပြီးခဲ့တဲ့ တပတ်က ဇွန်သဉ္ဖာ စကော်လာရတာနဲ့ပတ်သတ်ပြီး အပုတ်ချပြောဆိုတာတွေ၊ ကာတွန်းတွေ ဖတ်ရတယ်။ အလုပ်မအားလို့ ဖုန်းလေးဖွင့် လိုက်ဖတ်ပြီးပဲ စိတ်မကောင်းဖြစ်ရတယ်။
    စိတ်မကောင်းဖြစ်တာက ဒီလိုပါ။ ဇွန်သဉ္ဖာဆိုတဲ့ ဖော်ချွတ်မော်ဒယ်တစ်ယောက်ဟာ ရုပ်ထွက်၊ အသံထွက် ဂုဏ်သိက္ခာအခြေမလှတဲ့ အစိုးရအဖွဲ့က စီစဉ်တဲ့ပညာသင်ဆုသမ္မတစကော်လာရတယ်ဆိုတော့ အားလုံးက အစိုးရကိုကလော်ချင်တာနဲ့ သူမနဲ့နှိုင်း၊ သူမကို ကြားခံထားပြီး အစိုးရကို ဆဲကြ၊ ကလိကြ၊ လှောင်ကြတာပါ။

    အခြေအနေကလည်း ကျောင်းသားအရေးအတွက် စိတ်မကောင်း၊ ဒေါသဖြစ်နေတဲ့
    အချိန်ဆိုတော့ အစိုးရကို မုန်းတဲ့ စိတ်ဟာ အလွတ်တမ်း၊ အားမနပဆဲဆိုလို့ရတဲ့
    သူမ ကနေတဆင့် အစိုးရကို ဝိုင်းလှောင်ခဲ့ကြတော့ ကြားကနေ မိန်းမတစ်ယောက်
    ရဲ့၊ အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားမိသလိုဖြစ်သွားစေတာ
    ကို သတိထားမိလာပါတယ်။(ပြောသူတွေတော့ ဘယ်လိုနေတယ် မသိပါ။ ကျနော်က
    တော့ လိုက်ဖတ်ရင်းကို ရှက်မိပါတယ်။)

    မှန်ပါတယ်။ ဇွန်သဉ္ဖာဟာ အဖော်အချွတ်(တချို့အသုံး ဆက်ဆီမော်ဒယ်ပေါ့)မော်ဒယ်
    တစ်ယောက်ပါ။ နောက် ပညာလိုလားတဲ့ မိန်းကလေးတစ်ယောက်ပါ။ ခေတ်ကြီးက
    မကောင်းလို့သော်လည်းကောင်း၊ ဝါသနာပါလို့သော်လည်းကောင်း၊ အသက်မွေးဝမ်း
    ကြောင်းမှုအရသော်လည်းကောင်း သူ့အသက်မွေးဝမ်းကြောင်းမှုကို ထိုသို့ ရွေးချယ်ခဲ့
    တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် မိန်းမတစ်ယောက်၊ အမျိုးသမီးတစ်ယောက်ဟာ သူဝါသနာပါရာ၊
    သူယုံကြည်ရာ၊ သူ့အသက်ရှင်သန်ရေးအတွက် သူကြိုက်တဲ့ စားဝတ်နေရေးအလုပ်၊
    အတတ်ပညာသင်ကြားခွင့်ကို သူ့မှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ကျနော်တော့ယုံကြည်
    ပါတယ်။ အဲ့ဒီလို လုပ်ဖို့ကိုလည်း အားလည်းပေးပါတယ်။

    သူဟာ ဖော်ချွတ်မော်ဒယ်အဖြစ် ရွေးချယ်ခဲ့မှုဟာ ဘယ်သူ့ဘဝကိုမှ ထိခိုက်ပျက်ဆီးမ
    သွားဘူး။ ဘယ်သူ့ဂုဏ်သိက္ခာကိုမှ မထိခိုက်သွားဘူးဆိုရင်တော့ ကျနော်တို့ သူမရဲ့
    အလုပ်အကိုင်းကို အလွတ်ကြီး စော်ကားခွင့်မရှိသလို၊ သူမရဲ့ ပညာသင်ကြားခွင့်ကို
    လည်း အသိအမှတ်ပြုပေးရမှာပါ။ အားလည်း အားပေးရမှာပါ။

    ၂၀၀၄-၅ ဝန်းကျင်လောက်က ထင်ပါတယ်။ စင်္ကာပူကနေ အမေရိကမှာ ပညာတော်သင်
    သွားတဲ့ အမျိုးသမီးလေးတစ်ဦးဟာ ပလေးဘွိုင်းမဂ္ဂဇင်းလင့်တွေနဲ့ ချိတ်မိပြီး တပြိုင်နက်
    တည်းအကြာကြီးလိင်အဆက်ဆံခံနိုင်ဆုံးပြိုင်ပွဲဝင်ပြိုင်တာမှာ ယောင်္ကျား၁၀ဝကျော်နဲ့ တောက်
    လျောက်လိင်ဆက်ဆံပြီး ဗိုလ်ဆွဲခဲ့ပါတယ်။ နောက်ဆက်တွဲအကျိုးဆက်ကတော့ သူမနေ
    တဲ့အိမ်ကို စင်္ကာပူကလူတွေက တိုင်းပြည်သိက္ခာကျအောင်လုပ်လို့ဆိုပြီး ဝိုင်းခဲနဲ့ထု၊ ဝိုင်းရှုံ့
    ချလို့ တစ်မိသားစုလုံးခြေရာဖျောက်ထွက်ပြေးခဲ့ရပါတယ်။ (ဒါတောင် စင်္ကာပူတိုင်းမ်းသတင်း
    စာက နှစ်စဉ်ထင်ရှားသူများမွေးနေ့တွေမှာ သူမရဲ့ မွေးနေ့ကိုလည်း ထည့်သွင့်ဖော်ပြပေးတာ
    ဖတ်လိုက်ရပါသေးတယ်။)

    ပြောချင်တာက ဇွန်သဉ္ဖာဟာ တကယ်ပညာချွန်တဲ့ အမျိုးသမီးလေးဆိုရင် ဘယ်စကော်
    လာကိုလျှောက်လျှောက်ရမှာပါ။ ရခွင့်လည်းရှိပါတယ်။ သူ့အသက်မွေးမှု၊ သူ့ရွေးချယ်
    ထားတဲ့ အလုပ်ကို ကျောင်းကလက်မခံဘူးဆိုရင် ကျောင်းအုပ်ချုပ်သူ၊ ပညာတော်သင်
    ဆုရွေးချယ်ရေးကော်မတီက ဆုံးဖြတ်ပါလိမ့်မယ်။ နောက်တစ်ခုစဉ်းစားရမှာက သမ္မတ
    ပညာတော်သင်ဆုကိုလက်ခံတဲ့ ကျောင်းတွေ၊ အစိုးရတွေရဲ့ စိတ်ဓာတ်နဲ့ နောက်ကွယ်
    ကရည်ရွယ်ချက်ကရော ဇွန်သဉ္ဖာရဲ့ တင်ပါးလောက် ရှင်းလင်းပြောင်တင်းရဲ့လားလို့
    ကျနော်တို့ မေးလိုက မေးလို့ရပါသေးတယ်။

    ကျနော့်မှာ ကိုးတန်းတုန်းက မိုး(နာမည်အရင်းမဟုတ်ပါ)ဆိုတဲ့ သူငယ်ချင်းမ တစ်
    ယောက်ရှိခဲ့ဘူးပါတယ်။ ဆယ်တန်းရောက်တော့ မိုး ကျောင်းကထွက်သွားပြီး ဆံပင်ညှပ်
    ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်သွားပါတယ်။ တခြားမိန်းကလေးသူငယ်ချင်းတွေနဲ့၊ မိဘ
    တွေက မိုးနဲ့ ပေါင်းတာကို တားမြစ်လာပါတယ်။ ညီအမ နှစ်ယောက်သာရှိတဲ့ မိသားစုဘ
    ဝမှာ စားဝတ်နေရေးဆိုတဲ့ မုန်တိုင်းကို အမကြီးဖြစ်တဲ့ မိုးက ရင်ဆိုင်ရတာပါ။ ဒါနဲ့ မိုးဟာ
    သူငယ်ချင်းတော်တော်များများနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။

    ဘာကြောင့်လဲဆိုတော့ အဲ့ဒီတုန်းက ဆံပင်ညှပ်ဆိုင်မှာလုပ်တဲ့ မိန်းကလေးဆိုတာ
    လူတွေ အထင်သေးစရာ အသက်မွေးမှုအတန်းအစားတစ်ခုလိုဖြစ်ခဲ့တဲ့ ခေတ်လည်း
    ဖြစ်နေတာကြောင့်ရယ်။ သူလုပ်တဲ့ဆိုင်ကလည်း စပွန်ဆာမကင်းတဲ့ ဆိုင်ရှင်အမျိုးသ
    မီးကြီးပိုင်တဲ့ဆိုင်မို့ မိုးလည်း အဲ့ဒီစာရင်းထဲဝင်သွားတယ် ထင်ပါတယ်။

    ဒါပေမယ့် မိုးနဲ့ အဆက်အသွယ်မပျက်ရှိခဲ့တာကတော့ ကျျနော်နဲ့ နောက်သူငယ်ချင်း
    ယောင်္ကျားလေးတစ်ယောက်ပါ။ ကျနော်တို့ကလည်း မိုးကိုခင်တာရော၊ သူဆို့ဆံပင်
    ညှပ်ဆိုင်က မိန်းကလေးတွေနဲ့ ယောင်္ကျားလေးသဘာဝ ပရောပရီလုပ်ရတာကြောင့်
    ရောကြောင့် အခင်အမင်မပျက်ခဲ့ပါ။

    နောက်ပိုင်း ကျနော်နဲ့ သူငယ်ချင်းက စင်္ကာပူနဲ့ မလေးကို နှစ်နှစ်လောက်အလုပ်ထွက်
    လုပ်၊ ပြန်လာတော့လည်း ကိုယ့်ရပ်တည်မှုနဲ့ကိုယ် လုံးပန်းရင်း မိုးကိုလည်း မေ့မေ့ပျောက်
    ပျောက်ပါ။ တစ်နေ့ရပ်ကွက်ထဲက သူငယ်ချင်းတစ်ယောက် အမှုဖြစ်ပြီး အင်းစိန်ဘက်
    မှာ တရားရင်ဆိုင်ရတဲ့အခါမှာ သူ့ဘက်က ရှေ့နေလိုက်ပေးတဲ့သူဟာ မိုးဖြစ်နေပါတယ်။

    အဲ့ဒီတော့မှ မိုးဟာ ဆံပင်ညှပ်ဆိုင်မှာ ဝင်လုပ်ရင်းဆယ်တန်းဖြေ၊ ပြီးတော့ သူဝါသနာ
    ပါတဲ့ ရှေ့နေအလုပ်လုပ်ဖြစ်ခဲ့တာဆိုတာ သူငယ်ချင်းတွေရော၊ ရပ်ကွက်ထဲက လူတွေ
    ပါ သိလိုက်ရတာပါ။ မိုးကတော့ အေးဆေးပါ။ ခုချိန်ထိလည်း ရှေ့နေအလုပ်နဲ့ အသက်
    မွေးနေတုန်းပါ။ (အဲ့ဒီလို ဘဝကို ဖြတ်သန်းရုန်းကန်နေတဲ့ မိန်းခလေးတွေ၊ အမျိုးသမီး
    တွေ အများကြီးပါ။)

    ဇွန်သဉ္ဖာအကြောင်းပြန်သွားရအောင်။ အဲ့တော့ ပညာသင်ဆုရတဲ့ ဇွန်သဉ္ဖာကို ဝိုင်းနှိမ်
    မယ့်အစား ဇွန်သဉ္ဖာကို တခြားပညာသင်ဆုပြောင်းလျှောက်ဖို့ ဝိုင်းတောင်းဆိုသွား၊ ပ
    ညာပေးသွားတာမျိုး မလုပ်သင့်ဘူးလား။ ဒီလိုမှ ပြောလို့မရရင်လည်း သူ့ရွေးချယ်မှုနဲ့သူ
    လူ့လွတ်လပ်ခွင့်အရ သူမ ရွေးချယ်မှုကို ကျနော်တို့အသိအမှတ်မပြုနိုင်ဘူးလားလို့ ကျ
    နော်စဉ်းတော့ စားမိပါတယ်။ အနည်းဆုံး လှစ်လျှူရှုထားလိုက်မယ်။

    ဖော်ချွတ်မိန်းမတစ်ယောက်ဟာ မိန်းမကောင်းတစ်ယောက်မဟုတ်ဘူးဆိုရင်၊ ကျနော်
    တို့လက်ခံထားတဲ့ မိန်းမကောင်းတစ်ယောက်ကို ဘာစံနဲ့တိုင်းသလဲလို့ ပြန်မေးရမှာ
    ဖြစ်သလို၊ အဲ့ဒီစံနဲ့ ညီညွတ်သော မိန်းမကောင်းတစ်ယောက်ယောက်များ ခုခေတ်ကြီးမှာ
    ရှိခဲ့လျှင်လည်း ဆွဲထုတ်ပြခဲ့ကြပါလို့ ထပ်မေးရမှာဖြစ်ပါတယ်။ ဒီလို မိန်းမတွေ ကောင်း
    တယ်၊ မကောင်းဘူးပြောနေတာကိုက ကျနော်တို့ရဲ့ လူသားဆန်မှု၊ လူ့ဂုဏ်သိက္ခာပြည့်
    ဝမှုကို အလေးထားရမှုတွေကို ကျနော်တို့ကိုယ်တိုင် ချိုးဖောက်မိနေပြီဆိုတာလည်း မမေ့ဖို့
    လိုမယ်ထင်ပါတယ်။

    အမျိုးသမီးတွေရဲ့ လွတ်လပ်စွာရှင်သန်ခွင့်၊ အမျိုးသမီးအခွင့်အရေးဆိုတာ အယုတ်အ
    လတ်အမြတ်မရွေးသော မိန်းမတိုင်းမှာ ခံယူခွင့်၊ ရယူခွင့်ရှိရမှာဖြစ်ပါတယ်။ အမျိုးသ
    မီးများနေ့မှာ အနည်းဆုံးစတေးတပ်လေးတစ်ခုလောက်ရှယ်ခဲ့တဲ့သူဟာ အစိုးရကို
    မုန်းတီးစိတ်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ လွတ်လပ်စွာပညာသင်ကြားခွင့်ကို မျက်
    ကွယ်ပြုသလိုဖြစ်နေရင်တော့ ခင်ဗျားသိထားတဲ့ အမျိုးသမီးအခွင့်အရေးဆိုတာကို ပြန်
    မေးခွန်းထုတ်ဖို့ လိုလာပါလိမ့်မယ်။

    ကျနော်တို့ အစိုးရလုပ်ရပ်တွေကို လက်မခံနိုင်ဘူး။ တရားမမျှတဘူးထင်ရင် သူတို့ကို
    တိုက်ရိုက် ရင်ဆိုင်လိုက်စေချင်ပါတယ်။ ပညာရေးဥပဒေကို စည်းကမ်းကျနစွာတောင်းဆို
    ခဲ့တဲ့ ကျောင်းသားတွေလို၊ လစာနဲ့ အလုပ်သမားအခွင့်အရေးအတွက် ရဲရဲရင့်ရင့်တောင်း
    ဆိုခဲ့ကြတဲ့ အလုပ်သမားတွေလို၊ အသက်ပါပေးပြီး တောင်းဆိုသွား လယ်သူမကြီးလို
    ရင်ဆိုင်ကြစေချင်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ အရှက်၊ သိက္ခာ၊ လွတ်လပ်ခွင့်
    ကို နင်းပြီးတော့ (မတော်တဆနင်းမိတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့) တိုက်ပွဲမဝင်
    ကြစေချင်ပါ။

    တကယ်တော့ ကျနော်တို့ လုပ်ရမှာက ဇွန်သဉ္ဖာတင်မကဘူး၊ အဲ့ဒီ့ သမ္မတ စကော်လား
    ရှစ်ရတဲ့ သူတွေအားလုံးက ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နင်းတဲ့အတွက် စကော်
    လာကို လက်မခံပဲ တညီတညွတ်တည်းပြန်အပ်အောင် ဝိုင်းဝိုင်းစည်းရုံးသင့်တာမဟုတ်
    လားလို့ အကြံပြုရင်း…….

    ချစ်ခင်လေးစားစွာဖြင့်…

    စိမ်းခက်စိုး

    • ခင်ဇော်

      March 20, 2015 at 3:23 pm

      @ စိမ်းခက်စိုးးး
      ဟုတ်။
      မပြောတော့ပါဘူးးး၊
      :mrgreenn:

      သူ့ရဲ့ …
      အရှက် 🙄
      သိက္ခာ 🙄
      လွတ်လပ်ခွင့် 🙄 ကို ငဲ့ပြီး မပြောတော့ပါဘူးးး

      :kwi:

    • black chaw

      March 20, 2015 at 3:39 pm

      @ manawphyulay ;
      ဟုတ်ကဲ့ပါ မနောဖြူ ရေ…။
      ဇွန်သဉ္ဇာကို တစ်ဖက်သတ် ရှုတ်ချထားခြင်း မဟုတ်ကြောင်း
      ပို့စ်ကို သေချာဖတ်ကြည့်ရင် သိနိုင်ပါတယ်ဗျာ…။
      အခု စိမ်းခက်စိုး ဆိုတဲ့ ကလေးမ (လို့ထင်ပါတယ်)
      ပြောသွားတာလေးလည်း ကောင်းပါတယ်ဗျ…။
      ဇွန်သဉ္ဇာ အပါအဝင် စကာလားရှစ်ရရှိသူတွေကို လက်မခံအောင် စည်းရုံးဖို့
      ဆိုတာကြီးကတော့ ဟုတ်ကဲ့
      အဲဒါကြီးကတော့ နိုင်ငံရေးပါလာလို့ တားတားတို့လည်း မလျှောက်တတ်ကြောင်းပါဗျား…
      :mrgreen:

    • မြစပဲရိုး

      March 21, 2015 at 6:57 pm

      ဒါက ဘာဆိုင်လို့ လဲ။
      ဆန္ဒပြတဲ့ သူ တွေ ကို ထောက်ခံဖို့အတွက် ကိုယ့် ဘဝ တက်လမ်း ကို ဖျက်ရတော့ မှာလား။
      It is unfair.

  • မြစပဲရိုး

    March 21, 2015 at 6:55 pm

    ဟိုးတစ်ခါ အင်တာဗျူး မှာတုန်းက သူ့ဘဝ ရေရှည် အတွက် မဖြစ်ခင် ပညာရေး ကို လုပ်ဖို့ ဆို။
    အခုတော့ အမေ က တွန်းလို့ တဲ့လား။
    အဲလို မှန်ရင်တော့ အမေ့ ခမျာ သနားပါတယ်။
    သူ့သမီး ကို အဲဒီ ဘဝ က နေ ဆွဲထုတ် ချင်နေတယ် ထင်ပါ့။
    တကယ်တော့ ရပ်သင့်ချင် ရပ်လိုက်တာ ပိုကောင်းပါတယ်။

    ဒါထက် ကထူးဆန်း ရဲ့ အဖြေ ကို ကျွန်မ လဲ အတော် သဘောကျပါတယ်။
    စကာတင် မှာ ပါ တဲ့ သူ တွေ က တကယ်တော် တဲ့ ဒိတ်ဒိတ်ကြဲ ပညာပိုင်း မှာ နာမည်ကောင်း ရထားသူ တွေ ပါ မယ်လို့ လဲ မျှော်မှန်းပါတယ်။
    သူတို့ က ဓာတ်ပုံရိုက်ခြင်း နဲ့ အလုပ်များ နေမဲ့ မော်ဒယ်မလေး ထက် လဲ သာသင့်ပါတယ်။
    တကယ်တော့ ဘာဘဲ ဖြစ်ဖြစ် ကျွန်မ ကတော့ The best man win ကို သဘောကျ ပါတယ်။
    ဒါပေမဲ့ အမေ တွန်း လို့ လုပ်ရတဲ့ သူ ဆိုရင်တော့ မိုးပျံပြီး သူများက လိုက်မမှီ အောင် တော် လဲ မပေးသင့်ပါ။
    ဒါ နဲ့ ဘဲ ပွဲ ပြီး သွားသင့်ပါတယ်။

  • Courage

    March 29, 2015 at 9:44 am

    ဟိုလေ နုမော်ဒယ် တစ်ယောက်က ပညာတတ်ဖြစ်ခွင့်မရှိတော့ဘူးလား ဆိုတာကိုတော့ မေးလဲမေးချင်တယ် မေးလဲမမေးရဲ့ဘူး။
    သူ့ကို မရွေးချယ်သင့်ဘူးဆိုတဲ့စကားတွေနဲ့ ပတ်သက်လို့ကတော့ အရည်အချင်း ပြည့်မှီနေသူ လူတစ်ယောက်ကို ပုဂ္ဂိုလ်ရေး အရ မတရားနိုင်ထက်စီးနင်းပြုချင်းဖြစ်တဲ့အတွက် ဒါဟာ လူအခွင့်အရေးကို ချိုးဖေါက်တာဖြစ်သလို ဒီမိုကရေစီဆိုတာနဲ့ လားလားမှ မဆိုင်တဲ့အတွေး။
    ပြောရရင်တော့ တွဲလျက်ရှိနေတဲ့ သူ့ဂုဏ်ပုဒ်တွေဖြစ်တဲ့ အဖေါ်အချွတ်မယ်နဲ့ ပညာတော်သင်ဆုရ ဆိုတာကို ခွဲပြီး မြင်စေချင်တယ်ဗျာ။

    • Wow

      March 31, 2015 at 3:22 pm

      နာလဲ အာ့ပြောချင်နေတာ မပြောရဲလို့… ဟီးးး
      ပါစင်နယ်နဲ့ ပရော်ဖက်ရှင်နယ်ကို ခွဲမြင်ဂျဇမ်းးးးးဘာာာာာာာ :mrgreen:

  • အောင် မိုးသူ

    March 31, 2015 at 3:41 pm

    သွသူ လုပ်ချင်တာလုပ် လူတွေ့မှာတော့ အောင်မယ်မထင်။
    ပြောကိုမပြောချင်တော့ဘူး ပြောကို မပြောချင်တော့ဘူး။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 31, 2015 at 6:29 pm

    မည်​သို့ပင်​ဆို​စေကာမူ ဇွန်​ကြီးသည်​ ဇွန်​ကြီးဖြစ်​သည်​
    လွယ်​မှတ်​လို့ ဂလို​အောင်​မြင်​ဖို့ဆိုတာ

    • kai

      April 1, 2015 at 2:06 am

      အဲလောက်ကြီးမားထွားကျိုင်းနေတာကြီးနဲ့.. ယူအက်စ်ကောလိပ်ကျောင်းသူဆို.. ဝိုင်းဟားခံရမယ်.. ထင်..။
      ဒါမှမဟုတ်…
      တခြားတနည်းနဲ့.. နာမယ်ကြီးချင်ကြီးသွားမပေါ့… :kwi:

      • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

        April 1, 2015 at 2:44 am

        ဘားမန်​း​တေ တိုင်​ပတ်​​နေတာ အဲ့ကိစ္စပဲ
        ​တော်​တာ နဲ့ ​ဖော်​တာနဲ့ ပညတ်​ ပရမတ်​မကွဲဘူးရယ်​
        ​တော်​တဲ့လူ ​ဖော်​ခွင်​့မရှိသလား
        ​ဖော်​တဲ့လူ ​တော်​ခွင်​့မရှိသလား ​မေးရမလို
        ​တော်​ပီး ​ဖော်​တဲ့လူကျ ဘယ်​အသိုင်​းအဝိုင်​းထဲထည်​့ရမတုန်​း ပြန်​​မေးရမယ်​့အတိုင်​း

        ကျုပ်​အမြင်​​ပြောရရင်​​တော့
        က​လေးမက သူ့အလှ​ကော အုံး​နှောက်​ပါ ခင်​းကျင်​းပြပီး
        မနှစ်​သက်​ရင်​ သ​ဘော အဲ့လိုလူရှားတယ်​ဆိုတာ ပါပဲ
        အင်​မတန်​လှတဲ့​ဒေဝီတဦး မြင်​ဖူးရဲ့ အ​ရေးအ​ကြောင်​းဆို ​မေးခွန်​းနဲ့အ​ဖြေ ​ပေါက်​ပန်​း​လေးဆယ်​​တွေထွက်​လာတာရယ်​
        အာ့မျိုးထက်​​တော့ အပုံယီးသာမယ်​့ငတိမ
        အဲ
        ​နေရာ​ပေါင်​းစုံ​တော့မဟုတ်​ဘူးရယ်​

        • kai

          April 1, 2015 at 2:55 am

          ဟုတ်ပ..
          .. Miss Universe တွေမှာ.. အလှတခုထဲနဲ့မပြီး..
          ပြနိုင်တဲ့ ပညာတွေလည်းလိုတယ်လေ…

          စကားအတင်းစပ်…
          အားရင်.. ကြုံရင်.. မြန်မာ့ဂဇက်အလှပန်းတယောက်ကို.. တလစာ… တာဝန်ယူပေးပါလား…။
          တကယ်တော့.. အခုသင်္ကြန်မှာ.. သင်္ကြန်မယ်လှလှကို.. ပိတောက်ပန်းနဲ့.. လိုချင်တာ…။ :k:

      • ဦးကြောင်ကြီး

        April 1, 2015 at 9:39 am

        အဲလို ထွားတာဂျီးကြတော့ အမည်းနဲ့ပဲတွေ ကြိုက်သဗျ..။

Leave a Reply