မြန်မာနိုင်ငံရေးဆိုတာ

Ko chogyiMarch 19, 20151min15012

မနေ့ညနေက ကားပေါ်မှာ အသက် ၈ဝ အရွယ်အဘွားတစ်ယောက်နဲ့ စကားပြောဖြစ်တယ် သူကစပြီးလာပြောတာပါ
– သားရယ် ပြောရဦးမယ် ဟိုလက်ပံတန်းကိစ္စလေ သားသိလား
သူတို့ကတော့ ရန်ကုန်လာချင်တာပေါ့နော်
ဒါပေမယ့် သူတို့လာပြီးလမ်းပေါ်ထွက်ရင်
နဂိုက ရန်ကုန်မှာလမ်းကြပ်နေတာနဲ့ အဘွားတို့ လက်လုပ်လက်စားတွေ
ဘယ်လိုလုပ်ကိုင်စားရမလဲ ဒုက္ခရောက်မှာ
– အဘွားရယ်သူတို့ ပညာရေးစနစ်တိုးတက်ကောင်းမွန်အောင်လုပ်နေတာလေ
– သားရယ် တောင်းဆိုတာပဲ ရန်ကုန်လာမှမဟုတ်ပါဘူး လက်ပံတန်းကနေတောင်းလဲ
လိုချင်တာရဖို့ပဲလေ သူတို့တောင်းတဲ့ လူကြီးတွေက ရန်ကုန်မှာနေတာလဲမဟုတ်
လက်ပံတန်းမှာလဲမဟုတ်ဘူးလေ ဘာလို့ရန်ကုန်လာချင်တာလဲ
– အဘွားရယ် အဘွားက နိုင်ငံရေးသိလို့လား
– သိတာပေါ့သားရယ် မြန်မာနိုင်ငံက နိုင်ငံရေးဆိုတာ
ရွှေမန်းတင်မောင်ဇာတ်ကသလိုပဲ
– ရှင်းပြပါဦးအဘွားရယ်
– ဆင်းရဲသားခန်းက ထွက်လာတော့လည်း ဒီမင်းသားပဲ
စစ်သူကြီးထွက်လာတော့လည်း ဒီမင်းသားပဲ
ဝန်ကြီးခန်းကြပြန်တော့လည်း သူပဲဖြစ်နေပြန်
ဘုရင်လည်းသူပဲ ကပြန်ရော
အကတင်မဟုတ် အပြောအဆို အငိုကလည်းကောင်းပြန်
ပရိတ်သတ်အကြိုက်ပေါ့
အခုလည်း သူတို့ကတဲ့ဇာတ် မဖြစ်နိုင်ဘူးလားတဲ့

12 comments

  • ခင်ဇော်

    March 19, 2015 at 10:27 am

    အဲဒီ အဖွားဂျီးကလည်း
    အဲဒီ မင်းသားကြီး ရုပ်ဖျက် သရုပ်ဆောင်တာဖြစ်နေအူးမယ်။
    ဟိ
    :kwi:

    • Ko chogyi

      March 19, 2015 at 10:37 am

      တူပြောသွားတာ အများကြီး တားမမှတ်မိလိုက်တာတွေရှိသေးတယ်
      ပြန်စဉ်းစားလိုက်ဦးမယ်

  • black chaw

    March 19, 2015 at 10:38 am

    အသွင်ယူတယ်ဆိုတဲ့ စကားလုံးလေး
    အရမ်းအရမ်း ခေတ်စားနေသတဲ့ဗျာ…။
    🙂

  • တောင်ပေါ်သား

    March 19, 2015 at 10:56 am

    ကျုပ်တို့ရပ်ကွက်ထဲက ကွန်မြူနစ်ဟောင်းတစ်ယောက်ကတော့
    ကျောင်းသားတွေ ရန်ကုန်ထိရောက်မလာတာ သိပ်နစ်နာတယ်ဆိုပဲ ၊
    ရှေ့မထွက်ပဲ နောက်က မြှောက်ပေးတတ်တဲ့ကောင်စား

  • ဦးကြောင်ကြီး

    March 19, 2015 at 11:21 am

    ဟုတ်တယ်ကွ.. သခင်ဖိုးလှဂျီး ခေါင်းဆောင်တဲ့ ၁၃၀ဝပြည့် ရေနံမြေသပိတ်တပ် ချောက်၊ရေနံချောင်းကနေ ရန်ကုန် ချီလာတာ လုမလို့ဖျစ်မဲ.. အဲလိုစိုချဉ်သလား ငွေသုံးသိ်န်းနဲ့လက်တော့ပ်တလုံးစား ပြီတီတီချ ို ဂျီး..

    • Ko chogyi

      March 20, 2015 at 9:29 am

      ဥကြောင်လို့ခေါ်တာ အခုမှသေချာသိတော့တယ်
      တစ်ကယ်ကြောင်တာပဲ ရေးထားတဲ့အထဲမှာ လုတဲ့အကြောင်းတစ်ခုမှမပါ
      သခင်ဖိုးလှကြီးတို့ အချိန်တုန်းက အုပ်ချုပ်သူလူတန်းစားက ရန်ကုန်မှာလေ
      အခုရန်ကုန်က မတူဘူးလေ
      လွှတ်တော်နဲ့ အစိုးရဆီကိုသွားသင့်တာပဲလေ

  • Alinsett@Maung Thura

    March 19, 2015 at 12:06 pm

    .အင်းးးး အဲဒါ….အဲဒါ…. ဒေါ်ဖွားမေများလား…

    :k:

  • naywoon ni

    March 19, 2015 at 3:04 pm

    သူလဲ ကယ်​လစီယမ်​​သောက်​ပုံရတယ်​ ။

  • Shwe Ei

    March 19, 2015 at 4:10 pm

    -ဟိုလူပြောတာလဲ ဟုတ်သလိုလို..
    -ဒီလူဟော တာလဲဟုတ်သလိုလိုနဲ့..
    -ဟိုမရောက် ဒီမှမရောက်..ဘယ်မှမရောက်ဘဲဖြစ်နေတာ..
    -မြန်မာ့နိုင်ငံရေးခည 🙂

  • min kyansix

    March 21, 2015 at 10:17 am

    စဉ်းစားမိဘူးတယ်
    ကိုယ်သာသူတို့လေးတွေထဲကခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့လေ
    သူတို့လေးတွေအတွက်စဉ်းစားမိပြီး
    အချိန်အခါနဲ့ နေရာဒေသလေးတော့ရွှေးမိမှာအမှန်ဘဲ
    သူတို့လေးတွေအတွက်တစ်ခုဘဲဖြစ်မယ်ဆိုရင်ပေါ့

  • မြစပဲရိုး

    March 21, 2015 at 6:37 pm

    ဗေဒင် ကိန်းခန်း တွေ နဲ့ ခင်းကျင်း တာများရော မရှိနိုင်ဘူးလား ကိုချို။
    တစ်ခြားမြို့ တွေ အများကြီး ထဲ က လက်ပံတန်း နဲ့ လက်ပံတောင် မှာမှ အရေးအခင်း ဖြစ်ရတာ အတော်တိုက်ဆိုင်တာဘဲ။
    အချက်တွေ ချပြီး ကိုက်ကြည့်တာ။
    ကြည့်ရတာ နိုင်ငံခြားသား တွေမျက်စိ လည်အောင်များ ဆင်တူ မြို့ မှာ ဇာတ်ဆင်လိုက်တာလား မသိ။ lol:-)))

Leave a Reply