မြေအိုး မြီးရှည် လုပ်နည်း

Yin Nyine NwayAugust 22, 20101min1718

ဒီနေ ့လုပ်စားတဲ့မြေအိုး မြီးရှည်ကတော့မြေအိုးမရှိလို ့ဒန်အိုးနဲ့ ချက်စားဖြစ်တာပါ။မန္တလေးမှာတော့ေ

မြအိုးမြီးရှည်ဆိုင်တွေက ညဈေးတန်းတလျှောက်မှာ
ပေါမှပေါ ပါဘဲ။မြေအိုးမြီးရှည်ရဲ ့အရသာကိုတော့ ပူပူစပ်စပ်နဲ ့မာလာဟင်းကြိုက်တဲ့သူတိုင်း
ကြိုက်ပါလိမ့်မယ်။ ကျွန်မကတော့ မြေအိုးမြီးရှည်ကို ကြေးအိုးထက် ကြိုက်ပါတယ်။
လက်ကိုင် ရိုးတံရှည်လေးနဲ ့မြေအိုးလေးထဲမှာ ထည့်ချက်ပြီး
gas မီးဖို ပေါ်ကချချချင်း ပူပူနွေးနွေး စားရတာ တော်တော်ကောင်းပါတယ်။
ကျွန်မကတော ့ဒန်အိုးထဲမှာ ထည့်ချက်ပြီး ရိုးရိုးပန်းကန်ထဲမှာ ထည့်စားပါတယ်။
ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ ကြက်ရိုးကို ဆား၊ငံပြာရည်၊ဂျင်းရည်တို ့နဲ ့နယ်ပြီး
ပြုတ်ထားပါတယ်။ ပြီးရင် အရိုးတွေဖယ်ပြီး အရည်စစ် ယူထားပါတယ်။
ငါးဖယ်လုံး၊ငုံးဥပြုတ်ထားပါတယ်။ မြီးရှည်ဖတ်ကို ရေနွေးဖျောထားပါတယ်။
စားတော့မယ်ဆိုမှ gas မီးဖိုကိုဖွင့်၊ဒန်အိုးထဲကို
ကြက်ပြုတ်ရည် တစ်ခါစား စာထည့်ပါ။ မပွက်ခင် မာလာဟင်းအနှစ်ကို ဟင်းစား
ဇွန်းနဲ ့တစ်ဇွန်းထည့်၊ ကြက်အူချောင်း ထည့်ပါတယ်။မြီးရှည်ဖတ်ထည့်ပါတယ်။ကိုက်လန်၊ ထိုင်ဝမ်မုံညင်း၊ ကို မလှီးဖြတ်ဘဲ ဒီအတိုင်းထည့်ပါတယ်။ brocoli ကြိုက်ရင် ထပ်ထည့်လိုက်ပါ။ အရွက်စိမ်းစိမ်းလေးတွေရတုန်းမှာ မီးဖို ပိတ်ပြီး ပြုတ်ပြီးသားငုံးဥလေးတွေနဲ ့ငါးဖယ်လုံး ထည့် ပြီး အပေါ့အငန်မြည်းကြည့်လိုက်ပါ။ ပြီးရင်ပဲငပိ အနှစ်လေး ဟင်းပေါ်မှာ ပုံလိုက်ပါနော်။ ဒါဆို မြေအိုးမြီးရှည်ရပါပြီနော်။ ကျွန်မနည်းက ဆိုင်တွေနဲ ့ကွာနိုင်ပါတယ်။ဒါပေမဲ ့
မန္တလေး ညဈေးတန်းက ဆိုင်တွေရဲ့ အရသာအတိုင်းပါဘဲ …:)

8 comments

  • etone

    August 23, 2010 at 8:40 am

    မြေးအိုးဆိုကြိုက်မှကြိုက်ပဲ … ဗိုက်ဆာလာပြီနော် ။

  • kai

    August 23, 2010 at 8:44 am

    လောလောဆယ် ရှမ်းချဉ်ဖတ် ဘယ်လိုလုပ်သလည်း သိချင်မိပါတယ်။ ရှမ်းခေါက်ဆွဲမိတ်ဆွေတယောက်အိမ်သွားစားရင်း ရှမ်းချဉ်ဖတ်မပါလို့ သတိရမိလို့ပါ။ အဲဒီမှာ ကြွသကာလညား ထညက်လား ထည့်တယ်မှတ်မိပေမဲ့ မရှိရင် သကြားနဲ့လုပ်လို့ရမရလေးပါ အစစ်သိချင်ကြောင်း…။ 🙂

    • Grace

      July 27, 2011 at 7:30 pm

      ကြွသကာ = ကြံသကာ (ကြံရည်ကို ကျိုချက်ထားသော)
      ထညက် = ထန်းလျက်
      အစစ် = အစစ်အမှန်၊ စစ်မှန်သော
      အဆစ် = အပိုဆောင်း

      (သူကြီးကစ စာလုံးပေါင်းမှားတာတော့ မဖြစ်ပေဘူး။)
      🙂

  • ရွှေထား

    September 5, 2010 at 9:10 am

    မြေအိုးမြီးရှည်သိပ်ကြိုက်တယ် .. ခဏခဏ ဝယ်စားဖြစ်တယ် .. အိမ်မှာကိုယ်တိုင်လုပ်စားတာ မကောင်းဘူး… တူကိုမတူတာ

  • aungnng87

    July 27, 2011 at 3:23 pm

    ကျေးဇူးဘဲ။ လိုချင်နေတာ ရသွားလို.။

  • MOEPWINTPHYU

    July 27, 2011 at 4:23 pm

    လုပ်စားချင်စရာတွေကလည်များလိုက်တာ စားအုံးမှာ

  • Yin Nyine Nway

    July 27, 2011 at 4:36 pm

    တင်ထားတာဖြင့်ကြာပေါ့

  • ဆူး

    July 27, 2011 at 8:42 pm

    မြေအိုးမြီးရှည်လည်း ကြိုက်တယ်.. မာလာဟင်း အနှစ်က ဘယ်မှာ ဝယ်ရတာလဲ။

Leave a Reply