( ရင်ထဲက နွယ် )

နွယ် တဲ့လား

ကြားလိုက်ရချိန်မှာ

အိမ်အထိပါလာတဲ့အတွေး

ခဏလေးနဲ့မပြီးနိူင်

ကီးယိုုင်တဲ့ သီချင်းလို

ဟိုရောက် ဒီရောက်

အမည်ပေါက် မဟုတ်တဲ့ဖုန်း

သုံးရသူတစ်ယောက်လို

ပျောက်မှာကို အသေကြောက်

ရေမရောက်လို့ ခြောက်တဲ့ပန်း

ဘယ်လိုမှ မလန်းနိူင်

အဲဒီဘဝပိုင်ခဲ့ရသူခမျာ

အချစ်ဆိုတာ ကြောက်လှ

ချောက်ကျမယ် ထင်ပေမယ့်

စင်လေတဲ့ နွယ့်ကို

မြင်လေခဲ့အခါမတော့

လာလေရော့ရယ်လို့ အားခဲ

နွဲတော့မယ့် အချစ်ပွဲမယ်

အောင်စေကွယ် ဆုရည်မှန်း

ပြည့်လေစမ်းကွယ့် ပြည့်လေစမ်း ၊

1

15 comments

  • manawphyulay

    March 19, 2015 at 1:00 pm

    နွယ်…. တစ်ပင်ထဲ ရင်ထဲက နွယ်…
    နွယ်ပင်ကိုတော့ ပြောတာမဟုတ်ဘူးမလား…
    ကြည့်လည်း နွယ်ဦးနော် မောင်အာဂက ဓားဆွဲပြီး ထွက်လာဦးမယ်… :mrgreen:

    • တောင်ပေါ်သား

      March 19, 2015 at 1:06 pm

      အံမယ် အာဂလောက်က အေးဆေးပါ ၊ 🙂

      ဒါပေမယ့် ဒီနွယ်က ရွာထဲက မဟုတ်

      မြို့ပေါ်က

  • naywoon ni

    March 19, 2015 at 1:28 pm

    ကျိလည်​း လုပ်​ကို့ဆြာ
    နံမယ်​ မ​ပေါက်​တဲ့ ဖုန်​းက ပိုက်​ဆံ​ပေးပြီး သူများဝက်​​မွေးခိုင်​းရသလိုပဲဗျ 🙂

    • တောင်ပေါ်သား

      March 19, 2015 at 1:32 pm

      အခုဟာက နာမည်ပေါက် ဖြစ်မှာလေ ဆရာနီရဲ့ 🙂

  • black chaw

    March 19, 2015 at 7:20 pm

    ဆူးလေ လမ်းမကြီးက ခိုတွေကို အစာကျွေးရင်
    အတူစားခဲ့ဖူးတဲ့ ထမင်းဆိုင်ကို သတိရ
    (…………………)
    အော်…မိန်းမ…မိန်းမ တစ်ဖွဖွ ဂါထာကို
    ရွတ်ရင်းက…
    ရွတ်ရင်းက…
    ရွတ်ရင်းက…
    :k:

    • တောင်ပေါ်သား

      March 21, 2015 at 9:27 am

      ကျုပ်က မိန်းမဂါထာ မရွတ်ဘူး

      အချစ် အချစ် လို့ပဲ တွေးတယ် 🙂

  • မွသဲ ( 17082011 )

    March 19, 2015 at 9:44 pm

    အောင်ပါစေ အောင်ပါစေ အောင်ပါစေ

    • တောင်ပေါ်သား

      March 21, 2015 at 9:31 am

      အောင်ပါစေ ငွေခရုနဲ့လေ

      ဟီး ဟီး ကျန်တာ မရတာ့ဘူး 🙂

  • Ko chogyi

    March 20, 2015 at 9:31 am

    တစ်ပင်ထဲရင်ထဲကနွယ်……………
    စည်ပင်တဲ့ ရင်ထဲဝင်ရှင်းသွားတယ်……………

  • အူးစည်

    March 21, 2015 at 7:47 am

    ကဗျာက ရေလည် နွှဲတယ်ဗျာ.. ။ ။
    သစ်ပင်မှာ အနွယ်၊ လူမှာ အစွယ်တွေလားတောင် ပေါ့..

    • တောင်ပေါ်သား

      March 21, 2015 at 9:33 am

      ကွယ် ရင်ဘတ်ကြီးနဲ့ ခံစားထားတာကိုး

  • Alinsett@Maung Thura

    March 21, 2015 at 11:36 am

    ကျနော်လည်း ဖွေးဖွေးလေးကို နွယ်ချင်တယ်..

    😆

    • တောင်ပေါ်သား

      March 21, 2015 at 11:45 am

      ဖျော်ဖြေရေးဝက်ဘ် ဆိုက်တစ်ခုဖြစ်သည့် Myanmar Celebritiesတွင်ဖော်ပြခဲ့သည့် ဗီ ဒီယိုဇာတ်ကားများ လုံးဝရိုက်ကူး တော့မည်မဟုတ်ဆိုသည့် သ တင်းမှာ သတင်းအမှားသာဖြစ် ကြောင်းဖွေးဖွေးကပြောသည်။ ပြန်လည်တောင်းပန်ခဲ့သည့်အ တွက်လည်း ကျေနပ်ကြောင်းဖွေး ဖွေးကပြောသည်။

      Myanmar Celebrities မှ မဟုတ်မမှန်သည့် စကားကို သ တင်းအဖြစ်ရေးသည့်အတွက် ဖြေ ရှင်းတောင်းပန်စေလိုပြီး ၎င်း၏ ပရိသတ်များကMyanmar Cele-brities ကို တာဝန်မဲ့လုပ်၊မလုပ် ဆိုသည်ကို စောင့်ကြည့်မည်ဖြစ် ကြောင်း ဖွေးဖွေးက ၎င်း၏ဖေ့စ် ဘွတ်ခ်တွင်ရေးသားခဲ့ပြီး Myanm-ar Celebrities ဖျော်ဖြေရေး ဝက်ဘ်ဆိုက်က ယင်းသတင်းကိုဖော်ပြခဲ့သည့်အတွက် တောင်းပန် ကြောင်း ပြန်လည်ရေးသားထား သည်။

      ‘‘အခုတော့ သူတို့တောင်း ပန်တဲ့အတွက် ကျေနပ်ပါပြီ။ အခု လည်း ဇာတ်ကားတွေကို စိစစ်ပြီး ရိုက်နေတာပါ။ ဗီဒီယိုတွေလုံးဝမ ရိုက်တော့တာမဟုတ်ပါဘူး’’ဟု သရုပ်ဆောင်ဖွေးဖွေး၏ မိခင်က ပြောသည်။

      ပရိသတ်များအတွက် ဇာတ် ကားများအဆက်ပြတ်သွားမည်မ ဟုတ်ဘဲ ဇာတ်လမ်းရွေးချယ်မှု များကြောင့် ယခင်ကထက် ဇာတ် ကားထွက်ရှိမှု နည်းသွားမည်သာ ဖြစ်ကြောင်းနှင့် မေလတွင် ကျွန်မ က နှင်းဆီပါမောင်ရုပ်ရှင်ဇာတ် ကား ရုံတင်ပြသတော့မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
      http://www.7daydaily.com/story/34155#.VQz3_o5ZDIU

  • မြစပဲရိုး

    March 21, 2015 at 6:11 pm

    ဆေးဖက် ဝင် မဲ့ နွယ် မြက်သစ်ပင် ဖြစ်ပါစေ ကိုမျိုးရေ။ :))

Leave a Reply