​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၆

naywoon niMarch 19, 20151min1479

​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၆

​ငွေ​ရေး ​ကြေး​ရေး ကိစ္စ​လေး​တွေ

​ရှေ့က ​ပြောလက်​စရှိ​တော့လည်​း ပြည်​့စုံ​အောင်​​တော့​ပြောရမှာပါ့ ။ ​နေဝန်​းနီ ဇာတ်​လမ်း ​နေဝန်​းနီ ပြန်​ရှင်​းပါ့မယ်​ ။ ဒီကိစ္စ မ​ပြောချင်​လို့ ချန်​လှပ်​ထားမယ်​ ။ မသိ​ယောင်​​ဆောင်​ပြီး ​ကျော်​လွှားသွားရင်​ရ​ပေမဲ့ ပကတိ ​မြေပြင်​မှာ ဖြစ်​ပျက်​​နေတာ​လေး​တွေ သိရ​အောင်​​တော့ ​ပြောရမှာ​ပေါ့ ။ ဒီလို​ပြောလိုက်​လို့ တစ်​ချို့ ထိခိုက်​ခဲ့မယ်​ဆိုရင်​လည်​း ကိုယ်​ပြုခဲ့​သော ကံ (ကိုသာအပြစ်​တင်​ကြ​ပေ​ရော့ ) ။
ဒီခရီးစဉ်​မစ ခင်​ကတည်​းက သွားကြမဲ့သူ​တွေကို ​မြို့နယ်​ဦးစီးမှူးက ​ငွေ​ရေး​ကြေး​ရေး အရှုပ်​အရှင်​း မရှိ​စေဖို့ မလုပ်​ဖို့မှာပါတယ်​ ။ ရွာမှာရှိတဲ့ အုပ်​ချုပ်​​ရေးမှူးများကိုလည်​း မလုပ်​​စေဖို့ ကိုယ်​့​ရှေ့မှာ လုပ်​​နေရင်​တားမြစ်​ဖို့ သတင်​းကြားရင်​လည်​း သူ့ဆီ ကြိုတင်​ အသိ​ပေးထားဖို့ သူ့ဝန်​ထမ်​း​တွေကို မှာရှာပါတယ်​ ။ သို့​ပေမဲ့ ရွာ​ရောက်​​တော့ သူ့ဝန်​ထမ်​း​တွေက ​အတိတ်​မေ့သွားသလား ဘာလား မသိပါဘူး ။ အုပ်​ချုပ်​​ရေးမှူး ​ပြောသမျှ အကုန်​​ခေါင်​းငြိမ်​့ လိုက်​ပါတယ်​ ။ အုပ်​ချုပ်​​ရေးမှူးက မှတ်​ပုံတင်​ လုပ်​မဲ့သူ တစ်​​ယောက်​ကို ဓာတ်​​သေ ဖိုးအပါအဝင်​ ၁၅၀၀/ ​ကောက်​ခံထားပြီးဖြစ်​တယ်​လို့ ဆိုပါတယ်​ ။ အဲ့ လိုအပ်​တဲ့ အ​ထောက်​အထား ( မိဘ မှတ်​ပုံတင်​ မိတ္တူ မပြနိုင်​ရင်​ ။ အသက်​အတွက်​ ​ကျောင်​း ​ထောက်​ခံစာ) မ​ပေးနိုင်​ရင်​ မှတ်​ပုံတင်​ ထုတ်​​ပေးဖို့ ငါးဦ​ကော်​မတီ
ီ( ၁။ ရပ်​ကွက်​/​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ၂။နယ်​​မြေ ရဲစခန်​းမှူး
၃။မြို့နယ်​စီမံကိန်​းဦးစီးမှူး
၄။​ဆေးရုံအုပ်​
၅။မြို့နယ်​ လဝက ဦးစီးမှူး
တို့ရဲ့​ထောက်​ခံချက်​ လက်​မှတ်​ထိုးဖို့ ပုံစံ ) လိုအပ်​သူများအတွက်​ ပုံစံဘိုးနဲ့ စရိတ်​ ​နောက်​ထပ်​ တစ်​​ထောင်​စီ ထပ်​မံ​ကောက်​ခံမယ်​လို့ ဆိုပါတယ်​ ။ ​စော​စောက​တော့ ​နေဝန်​းနီ ဓာ​တ်​​သေ ကိစ္စနဲ့ မဆိုင်​လို့ ထည်​့မ​ပြောခဲ့တာပါ ။ ခု​တော့ ဒီကိစ္စ ထည်​့​ပြောမှ ဇာတ်​ရည်​လည်​မှာမို့ ထည်​့​ပြောရတာပါ ။ ရွာ​တွေမှာ အဲ့ ဧည်​့ခံစရိတ်​ ​ကောက်​တဲ့ ယဉ်​​ကျေးမှုက တိုးတိုးတိတ်​တိတ်​ ထွန်​းကားဆဲပါ ။ ဘာကိစ္စနဲ့ပဲ မြို့နယ်​က ဘယ်​ ရုံးအဖွဲ့လာလာ ​ကျေးလက်​လူထုနဲ့ ပတ်​သက်​တဲ့ ကိစ္စ မှန်​သ၍ ပတ်​သက်​တဲ့ လူထုဆီက ဧည်​့ခံစရိတ်​ ​ကောက်​ပါတယ်​ ။ မ​ကောက်​တဲ့ရွာလည်​းရှိပါတယ်​ ။ ရုံးအဖွဲ့ ပြန်​မှ တိုးတိုးတိတ်​တိတ်​ ​ကောက်​ရင်​​တော့ မသိဘူး​ပေါ့​လေ ။ အခုဒီရွာမှာ​တော့ ရုံးအဖွဲ့ ကိုလည်​း အသိ​ပေးထားတယ်​ ။ သူတို့​ရှေ့တင်​လည်​း​ကောက်​တယ်​​ပေါ့ ။ ​နေဝန်​းနီ တို့က​တော့ ဓာတ်​​သေ ရိုက်​ဖို့ သက်​သက်​ လိုက်​လာတာဆို​တော့ မဆိုင်​သလို မကြားသလို ​နေလိုက်​တာပဲ​လေ ။ အခု ကြာ​ဖောက်​​ပြောရတာကလည်​း ​ရှေ့က ပြဿနာ ( ​မွေးသက္ကရာဇ်​ ​ကျောင်​း​ထောက်​ခံစာကိစ္စ ) ဘယ်​လို​ပြေလည်​သွားလဲဆိုလို့ အားလုံးရှင်​း​အောင်​ထည်​့လိုက်​တာပါ ။ ​စော​စောက ပြဿနာက သူ့မူအရဆို ငါးဦး​ကော်​မတီ လက်​မှတ်​ပါမှ မှတ်​ပုံတင်​ရ​တော့မှာပါ ။ အဲ့ဒိလို ဆိုရင်​ ​နောက်​ထပ်​တစ်​​ထောင်​ ထပ်​​ပေးရမှာ​ပေါ့ ။ ​ကျောင်​းက ​ထောက်​ခံစာယူနိုင်​ရင်​ အလွန်​ဆုံး ကုန်​မှ ငါးရာ​ပေါ့ ။ ( ​ကျောင်​းကလည်​း လက်​မှတ်​ထိုးရလို့ တာဝန်​ခံရလို့ ပိုက်​ဆံ​ကောက်​ပါတယ်​ ။ ဟုတ်​တယ်​​လေ ။ ရွာသား​တွေက ဘာသိတာမှတ်​လို့ စာရွက်​ ​ဘော့ပင်​က ဝယ်​ရတာ ။ ပြီး​တော့ ​ထောက်​ခံစာ​ရေး​ပေးရတာက ​ကျောင်​းက စာ​ရေး / မရှိရင်​ လက်​​ရေး​ကောင်​းတဲ့ ဆရာမတစ်​​ယောက်​ကို​ရေးခိုင်​းရတာ ။ သူ့ကိုလည်​း မုန်​့ဘိုး ပဲဖ်​ိုး​ပေးရ​သေး ။ ​ကျောင်​းအုပ်​ဆရာ/မကြီးက လက်​မှတ်​ထိုးရုံပဲ )။ အဲ့ မ​ကောက်​တဲ့ ​ကျောင်​းကျ​တော့လည်​ း သိသာသဗျ ။ ​ထောက်​ခံစာယူမယ်​်​်​့သူ ကိုယ်​စာရွက်​ကိုယ်​ယူခဲ့ဖို့မှာလိုက်​တယ်​ ။ တစ်​ခါတစ်​​လေ ​ကျောင်​းသုံးဗလာ စာရွက်​ကို ထက်​ပိုင်​းပိုင်​းပြီး ​ရေး​ပေးလိုက်​တာလဲရှိရဲ့ ။ ပိုက်​ဆံ မ​ကောက်​ဘူး​လေ ။ သူလည်​း အိတ်​ထဲက မစိုက်​ဖူး ရှင်​းတယ်​​နော်​ ။

ခုဖြစ်​တာက ​ရေး​ပေးလိုက်​တဲ့ ဆရာမက မစီစစ်​ပဲ ။ ​ကျောင်​းဝင်​မှတ်​ပုံတင်​နဲ့ တိုက်​ဆိုင်​မစစ်​​ဆေးပဲ နဲ့ သူတို့​ပြောတဲ့ မြန်​မာ သက္ကရာဇ် အတိုင်​း​ရေး​ပေးလိုက်​တာ ။ လက်​မှတ်​ထိုးတဲ့သူကလည် း လူများ​တော့ မစစ်​​ဆေးနိုင်​ပဲ လက်​မှတ်​ထိုး​ပေးလိုက်​​တော့ မလိုအပ်​ပဲ စကား​တွေ​ပြော​နေကြရတာ​ပေါ့ ။ ရုံးအဖွဲ့က လက်​မခံလို့ ​ကျောင်​းပြန်​သွား​တော့ နှစ်​တစ်​ရာ ပြက္ခဒိန်​နဲ့ပဲ တိုက်​ပြီး ထည်​့​ပေးလိုက်​သလား ။ နီးစပ်​ရာ ခရစ်​နှစ်​ရက်​စွဲကိုပဲ ထည်​့လိုက်​​လေ​ရော့သလားမသိ ။ (နို့မို့ဆိုလည်​း သူ့အတွက်​ယူထားမိတဲ့ ပိုက်​ဆံ ပြန်​​ပေးရမှာကိုး ။ ) အဆင်​​တော့​ပြေသွား​လေရဲ့ ။ ဒါကိုကြည်​့ပြီး ​တွေးမိတာက ရွာသား​တစ်​ချို့ဟာ လုံးဝ စာသင်​​ကျောင်​းနဲ့ မပတ်​သက်​ဖူးဘူး ဆိုတာကိုပါပဲ ။ တစာချို့ကလည်​း ရိုးသားစွာပဲ လုံးဝ​ကျောင်​းမ​နေဖူး​ကြောင်​းဝန်​ခံပြီး ​စော​စောက ​ပြောတဲ့ ငါးဦး​ကော်​မတီ လက်​မှတ်​ထိုးဖို့ ​နောက်​ထပ်​တစ်​​ထောင်​ ​ပေးသွား​လေရဲ့ ။ အုပ်​ချုပ်​​ရေးမှူးခမြာလည်​း မသက်​သာရှာပါဘူး ။ ​ပုံစံကူးရ ဖြည်​့ရ ဖော်​ပြပါ ရုံးဌာန​တွေ လက်​မှတ်​လိုက်​ထိုးရနဲ့ လူများရင်​ များသလို အလိုက်​သိရ​သေးတယ်​ ။ မြို့​ပေါ်လာရင်​ ဘီယာဘိုး ထမင်​းဘိုးက ကုန်​​သေးဆို​တော့ သူ​တောင်​းတာလည်​း ဘဲစားဘဲ​ကျေ ​လောက်​ပဲ​နေမှာပါ ။ ​ဆို​တော့ကာ အပိုင်​းငါးမှာ ​ခေါင်​စဉ်​ငယ်​​ပေးထားတဲ့ သူတို့ကလည်​း သူတို့ပါပဲ ဆိုတာ​လေး အဓိပ္ပာယ်​​ပေါ်​လောက်​ပြီထင်​ပါရဲ့ ။

​နေဝန်​းနီ
11:28
2015 MAR 19

9 comments

  • မြစပဲရိုး

    March 20, 2015 at 6:47 am

    ပြောသာပြောတာ အဘနီ။
    ကျွန်မ တို့ မိဘများ အချိန်က တကဲ့ မွေးနေ့ ရက်အတိအကျ မှတ်သူ အတော်ရှားမယ် ထင်ရဲ့။
    အသိ တစ်ယောက် ဆို သူ့ ကို “သူတို့ မြို့က ဈေးကြီး မီးလောင်ချိန်” က မွေးတာ လို့ ဘဲ သိတယ်။
    ဒါနဲ့ မှတ်ပုံတင် မှာ ရမ်းတီး နံကြားထောက် နံပါတ် တွေ တက် တော့ တာပေါ့။
    အဲဒီတုန်း က ထောက်ခံစာ တွေ ဘာတွေ မရှုပ်လောက်သေးဘူး။

    (မြင်ရာ ကနေ ထင်ရာ ရမ်းတီးသွားသည်)
    ကျန်သော အိမ်များ ကို နောက်နေ့ မှ ဝင်လည်ဗျစီ။
    အိပ်တော့မည်။ lol:-))))))))))))

  • ခင်ဇော်

    March 20, 2015 at 6:54 am

    ဧည့်ခံစရိတ်ကတော့ ခုထိ
    တမဒဂျီးး မလေးးရှားးသွားးတာ
    ဧည့်ခံ စရိတ်ဆိုပြီးးး သံရုံးးကို ပတ်စပွတ် သက်တန်းးတိုးးတဲ့ မြန်မာတွေကို
    ရင်းးဂစ် ၅၀ဝ တောင်းးသတဲ့…
    တမဒဂျီးးကကျေးးဇူးးဆပ်တဲ့ အနေနဲ့ သံရုံးးရှေ့ သူ့ ကို ဆန္ဒပြတဲ့ သူတွေကို
    မလေးရှားးရဲ ကို ဖမ်းးခိုင်းး လို့တဲ့..
    :a:

  • Mike

    March 20, 2015 at 10:33 am

    .မြန်တျန့် ပြည်ကြီးရဲ့ ကျေးရွာသူားအများစု( အားလုံးလိုလိုပါ) မွေးစာရင်းဘယ်ရှိပါ့မလဲ
    .ရှိနိုင်တာကတော့ ရက်ချုပ် ခေါ်တဲ့ ပေရွက်မှာရေးမှတ်ဇာတာဖွဲ့ထားတာလေးတွေပဲ
    .ဒါတောင်ခုခေတ်တော့မလုပ်ကြလောက်တော့ဘူးဗျ…လူကြီးတွေလောက်မှာပဲရှိနိုင်တာ :a:

    • naywoon ni

      March 20, 2015 at 11:39 am

      ကိုမိုက်​​ရေ အဲ့ရက်​ချုပ်​ ဆိုတာ ကျ​နော်​သိတာက​တေ့ ဇာတာဟုတ်​ဖူးဗျ ။ က​လေး​မွေး​မွေးချင်​း ​နေ့ရက်​အချိန်​မှတ်​မိ​အောင်​ လုပ်​​ပေးထားတဲ့ မိရိုးဖလာ ​မွေးစာရင်​း​ပေပဲ ။ ဇာတာ မှာ စန်​းလဂ်​ ရာသီခွင်​စက်​ဝိုင်​း​လေးနဲ့ ရက်​ချုပ်​မှာ​တော့ ပါဖူးဗျ ။ ဘယ်​​နေ့ ဘယ်​အချိန်​ ​မွေးတယ်​ ။ အမည်​သညာ ​မောင်​ဘယ်​သူ မဘယ်​သူ ​ခေါ်​စေ​သော်​ ဆိုတာ​လောက်​ပဲပါတာ ။ ခု​နောက်​ပိုင်​းမ​တွေ့ဖူး​တော့လို့ အမှတ်​မှားရင်​လည်​းပြန်​ပြင်​​ပေး​ပေါ့ဗျာ 🙂

  • Shwe Ei

    March 20, 2015 at 5:12 pm

    -ထောက်ခံစာလိုတိုင်းပဆံပေးနေရတာလဲ မဟုတ်သေးဘူး
    -အလုပ်လျှောက်တိုင်း မှတ်ပုံတင်လုပ်တိုင်း ထောက်ခံစာပေးနေရတာလဲ မဟုတ်သေးဘူး..
    -အိုက် ထောက်ခံစာဆိုတာလဲ..ကို့အကြောင်းလုံးဝမသိတဲ့ လူတွေက..
    -သူတို့ လုံးဝမသိတဲ့ ကို့ကိတ်စတွေကို ဟုတ်မှန်ကြောင်း လက်မှတ်ထိုးပေးနေတာဆိုတော့..
    -အင်းးးးးနှစ်တစ်ထောင်ကျိန်စာ … 🙁

    • naywoon ni

      March 20, 2015 at 10:27 pm

      ၂၀၀၈ နာဂစ်​ အုပ​ဓေဂျီးပြင်​နိုင်​ရင်​
      နှစ်​တစ်​​ထောင်​ ကျိမ်​စာကများ လွတ်​မလားလို့ ​ရွှေအိ​ရေ

  • black chaw

    March 20, 2015 at 8:55 pm

    ထုံးစံအတိုင်း ဖတ်သွားတယ် ဆိုတဲ့ အကြောင်းပဲ
    သံချောင်းခေါက်ခဲ့ပါရစေ ကိုနေကြီးရေ…။
    :mrgreen:

Leave a Reply