ကျောင်းတက်ခေါင်းလောင်းထိုးတော့

ko noAugust 21, 20101min590

ကျောင်းတက်ခေါင်းလောင်းထိုးတော့ ဆရာကအတန်းထဲဝင်လာပြီး ကျောင်းသားတွေကို “အေဂျင့်တစ်ခုက လေ့လာဆန်းစစ်ချက်တစ်ခုအတွက် ဆရာ့ကိုအကူအညီတောင်းခဲ့တယ်။ ကျေးဇူးပြုပြီး ဒီမေးခွန်းတွေကို ဖြေပေးကြပါ” လို့ ပြောတယ်။ အမေးအဖြေ ဖြေရတာက စာသင်တာထက် ပိုစိတ်ဝင်စားဖို့ ကောင်းတာမို့ ကျောင်းသားေတွအသီးသီး စာရွက်ယူပြီး ကြည့်လိုက်ကြတယ်။ စာရွက်ပေါ်မှာ မေးခွန်းနှစ်ခုမေးထားတယ်။ မေးခွန်း(၁) သူမကို သူအရမ်းချစ်တယ်။ သူမဟာ သွယ်လျလျမျက်နှာ၊ လခြမ်းပုံ မျက်ခုံးမွေး၊ ဖြူဖွေးတဲ့အသားအရည်နဲ့ လှပသူဖြစ်တယ်။ ဒါပေမယ့် တစ်နေ့မှာ မတော်တဆကားတိုက်မှုကြောင့် သူမမျက်နှာ အရုပ်ဆိုးအကျည်းတန်သွားတယ်။ ရုပ်ဆိုးသွားတဲ့ သူမကို အရင်လို သူဆက်ချစ်နိုင်ပါ့မလား? (A) ချစ်နိုင်တယ် (B) မချစ်နိုင်ဘူး (C) ချစ်နိုင်မယ်လို့ ထင်ပါတယ်။ မေးခွန်း (၂) သူ့ကို သူမအရမ်းချစ်တယ်။ သူက ရုပ်ချောခန့်ညားပြီး အောင်မြင်တဲ့ စီးပွါးရေးသမားတစ်ဦးဖြစ်တယ်။ ဒါပေမယ့် တစ်နေ့မှာ ရုတ်တရက် သူ့စီးပွါးပျက်သွားတယ်။ ကျရှုံးသွားတဲ့သူ့ကို သူမ အရင်လိုဆက်ချစ်နိုင်ပါ့မလား? (A) ချစ်နိုင်တယ် (B) မချစ်နိုင်ဘူး (C) ချစ်နိုင်မယ်လို့ ထင်ပါတယ်။ သူငယ်ချင်းဒို့ရယ ်… ခဏ … ဖြေကြည့်ကြရအောင်……။ တအောင့်ကြာတော့ ကျောင်းသားတွေက ဖြေထားတဲ့စာရွက် ဆရာကိုပြတယ်။ ဆရာစာရင်းပြုစုကြည့်တော့ မေးခွန်း (၁) ဖြေကြသူတွေထဲမှာ — A လို့ဖြေသူ ၁ဝ% B လို့ဖြေသူ ၁ဝ% C လို့ဖြေသူ ၈ဝ% တွေ့ရတယ်။ မေးခွန်း (၂) ဖြေကြသူတွေထဲမှာ A လို့ဖြေသူ ၃ဝ% B လို့ဖြေသူ ၃ဝ% C လို့ဖြေသူ ၄ဝ% တွေ့ရတယ်။ ဆရာက အဖြေတွေကိုကြည့်ပြီး “အင်း.. ကြည့်ရတာ မိန်းကလေးတွေ ရုပ်ပျက်သွားတာက ယောက်ျားလေးတွေ စီးပွါးပျက်သွားတာထက် ပိုသည်းမခံနိုင်ကြပါလား? ဒီမေးခွန်းနှစ်ခုမှာ အသိလေးပါတယ်။ သူတို့ကို ချစ်သူတွေဖြစ်မယ်လို့ တပည့်တို့ထင်ခဲ့ကြတယ် မဟုတ်လား!” “ချစ်သူတွေလို့ ထင်ခဲ့တယ် ဆရာ” “အင်း.. ဒါပေမယ့် သူတို့ကချစ်သူတွေပါလို့ မေးခွန်းမှာ ရေးမထားဘူးလေ” ဆရာကဆက်ပြီး တည်ငြိမ်တဲ့အသံနဲ့ “ဒီမေးခွန်းထဲက လူနှစ်ယောက်ကို “မိဘ” နေရာမှာထားပြီး ဆရာတို့ စိတ်ကူးကြည့်ရအောင်.. မေးခွန်း(၁)ထဲက “သူ”ဟာသူမရဲ့ဖခင်ဖြစ်တယ်။ မေးခွန်း(၂)ထဲက “သူမ”ဟာသူ့ရဲ့မိခင်ဖြစ်တယ်။ ဒီမေးခွန်းကို ပြန်ဖြေခိုင်းရင် ဖြေခဲ့တဲ့ အဖြေအတိုင်း တပည့်တို့ထားနိုင်မလား?” trong>

  • ဆရာက မေးခွန်းတွေကို ကျောင်းသားတွေရဲ့လက်ထဲ ပြန်အပ်ပြီး အဖြေရွေးခိုင်းခဲ့ပြန်တယ်။ စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ကျောင်းသားတွေရဲ့ မျက်နှာပေါ်မှာ တည်ကြည်လေးနက်တဲ့ အရိပ်တွေ ထင်ဟပ်နေတယ်။ မိနစ်အနည်းငယ်ကြာပြီးနောက် ဆရာက မေးခွန်းတွေစုပြီး စာရင်းစစ်ကြည့်တော့ မေးခွန်း(၂)ခုလုံးမှာ (A)လို့ဖြေထားတဲ့လူတွေ ၁ဝဝ% ရှိခဲ့တယ်။ နောက်ဆုံးမှာ ဆရာက “လောကကြီးမှာ တည်ကြည်ခိုင်မြဲတဲ့ ချစ်ခြင်းတစ်မျိုးရှိတယ်။ အဲဒီအချစ်က တစ်ကိုယ်ကောင်းမဆန်သလို တုန့်ပြန့်မှုကိုလည်း မတောင့်တခဲ့ဘူး။ အဲဒီအချစ်က ရာသီဥတု အပြောင်းအလဲနောက်လိုက်ပြီး မပြောင်းလဲသွားတတ်သလို ရာထူး၊ ဂုဏ်အရှိန်အဝါနောက် လိုက်ပြီးလည်း မျောပါမသွားတတ်ဘူး။ အဲဒီချစ်ခြင်းက မိဘတွေရဲ့ချစ်ခြင်းပဲဖြစ်တယ်” လို့ လေးလေးနက်နက် ပြောသွားခဲ့တယ်။ နိုင်းနိုင်းစနေ ဘာသာပြန်သည်။
  • ***ပြန်လည်ကူးယူ လက်ဆင့်ကမ်းဆင့်မျှဝေခြင်းဖြစ်ပါသည်။ ။***