*ပြုံး* မိသားစုနဲ့ အမှတ်တရ

alinsettMarch 22, 20151min58539

ပြီးခဲ့တဲ့ သောကြာနေ့က  ပြုံးအန်တီတို့ မိသားစုလေးဆီ ရောက်ဖြစ်ပါတယ်။

အမှတ်တရလေး ဖြစ်သွားအောင် ပြုံးမျိုးဆက်- နောင်အခါ ဂဇက်မျိုးဆက်ဖြစ်လာမယ့် ချာတိတ်ကလေး နှစ်ယောက်နဲ့ ပုံလေးတွေ တင်လိုက်ပါတယ်။

 

(ဆရာမ ဝင့်ပြုံးမြင့်ရဲ့ သမီးကြီးနဲ့ သားငယ်ပါ။ သူတို့နဲ့ အတူတွေ့ရတာကတော့…

အောင်ရဲလင်းထက်တောင် အောင်ရဲလင်းနဲ့ ပိုတူတဲ့ ကျနော်ပါ။)

 

:k:

ပြုံးမောင်မောင်နဲ့ ပြုံးမြင့်မိုရ်တို့ စားဖို့..  ပြီးတော့...  ပြုံးအန်တီ ဝတ်ဖို့...
ပြုံးမောင်မောင်နဲ့ ပြုံးမြင့်မိုရ်တို့ စားဖို့.. ပြီးတော့… ပြုံးအန်တီ ဝတ်ဖို့… ဂဇက်တီရှပ်

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 သင်္ကြန်ပြီးမှ ထွက်မယ့် ပြုံးအန်တီရဲ့ 'မိဘမဲ့တိုင်းပြည်''စာအုပ် ၊ ကြိုဖတ်ရမှာ...
သင်္ကြန်ပြီးမှ ထွက်မယ့် ပြုံးအန်တီရဲ့ ‘မိဘမဲ့တိုင်းပြည်”စာအုပ် မူကြမ်း ၊ ကြိုဖတ်ရမှာ…

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။

ပြုံးမောင်မောင်နဲ့ အောင်ရဲပြုံး
ပြုံးမောင်မောင်နဲ့ အောင်ရဲပြုံး

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ပြုံးမြင့်မိုရ်တို့ မောင်နှမနဲ့ ကျနော်
ပြုံးမြင့်မိုရ်တို့ မောင်နှမနဲ့ ကျနော်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

39 comments

  • မြစပဲရိုး

    March 22, 2015 at 2:15 pm

    အဲ့ အောင်ရဲလင်း ကို မတွေ့ဘူးလေတော့ ဆက်ဆက် ကို ကြည့်ပြီး ဝေဖန်ရရင် အတော် ချော် မဲ့ (စောဒီး) အတော် ချော မဲ့ ပုံပါဘဲ။

    မပြုံး စာအုပ်ခေါင်းစဉ် ကတော့ အတော်လေး ဆွဲဆောင်မှု ရှိတာ မို့ အရောင်းသွက် မယ် လို့ ကြိုပြီး မှန်းပါမယ်။
    ပိုပိုပြီး အောင်မြင်ပါစေ ပြုံးရေ။
    ဒီလို လူတစ်ယောက် ကိုရွာထဲ အမျိုးတော်ထားရတာ တကယ်ဘဲ ဂုဏ်ယူပါတယ်။

    သမီးလေး ရော သားလေးပါ အတော်ချစ်ဖို့ ကောင်းတယ်။
    ဆက်ဆက် နဲ့ တွဲ လိုက်တော့ ကလေး တွေ ချစ်ဖို့ ကောင်းတာ ပိုပြီး ပေါ်လွင်သွားစေတယ်။ ဟိ။ jk 😉

    သားလေး ကြည့်ရတာ ပုံမှန် သွက်သွက်လက်လက် ပုံစံ လေးပါ ပြုံး ရာ။
    သိပ်ပြီး စိတ်မပူ ပါနဲ့။
    ကြီးရင် သူများ ထက် ထူးချွန် တတ် တဲ့ ကလေး တစ်ချို့ က ငယ်တုန်း ဒီ လို နှေးတတ်ပါတယ်။

    • ဝင့်ပြုံးမြင့်

      March 22, 2015 at 6:43 pm

      .အားပေးစကားအတွက် ကျေးဇူးပါ အမလတ်ရေ။ ကျမ ရွာထဲ မဝင်နိုင်တာ တကယ်ကို မအားဘူးဖြစ်နေပြီ။ အဲဒါကြောင့်ပါ။

  • Alinsett@Maung Thura

    March 22, 2015 at 2:30 pm

    အရီးရေ. . .
    အဲ့အောင်ရဲလင်းဆိုတဲ့မင်းသားထက်တောင် ကျနော်က အောင်ရဲလင်းနဲ့ပိုတူတာပါဆို
    :k:

    သင်္ကြန်နားနီးရင် သဂျီးတို့ဆီ အောင်ရဲလင်းသွားမှာကို သဂျီးတို့က
    အမိအရ အင်တာဗျူး းမယ်လို့
    သတင်းရထားတယ်
    ခိုင်လုံတဲ့သတင်းရပ်ကွက်က

    အဲ ဗျူးရတဲ့အကြောင်းရင်းခံထဲမှာ
    အဲ့ဒီ အောင်ရဲလင်းဆိုတာက ကျနော်နဲ့အတော်တူနေလို့ ဆိုတာလည်း ပါတယ်ပေါ့

    သင်္ကြန်အပြီးလောက်ဆို ဗျူးဖိုင် ကြည့်လို့ရမယ်ထင်ပါ့
    http://www.azmtv.com မှာ. . .

    😆

    ——

    မထွက်သေးတဲ့စာအုပ် ကြိုဖတ်ဖို့ ထည့်ပေးလိုက်တဲ့ အစ်မပြုံး
    ဒီစာအုပ်ကလည်း ခေါင်းစဉ်ကကို စိတ်ဝင်စားစရာ ကောင်းနေလို့
    အောင်မြင်မယ်လို့ ယုံနေမိတယ်

    နောက်ပြီး 1984 ကို သက်သေတည်ပြထားတဲ့စာအုပ်လေ

    The Interview ရုပ်ရှင်နဲ့ 1984 ကို မီးမောင်းထိုးပြမယ့်စာအုပ်ထင်ရဲ့

    ——-

    အဲ့ကလေး နှစ်ယောက်နဲ့
    ဓါတ်ပုံရိုက်ခွင့်ရဖို့က
    အတော်လေး ပင်ပန်းသွားတယ်

    .အိမ်ထဲ ပတ် ပြေးလွှားနေတဲ့ ကလေးတွေကို မနည်း ဆွဲခေါ် ငြိမ်အောင်
    မီနီရွန် ကားတွန်းဇာတ်ကားလေးတွေ
    ဖုန်းထဲက ဖွင့်ပြပြီး
    ရိုက်ယူရတဲ့ပုံတွေ

    :k:

    .ပြုံးမောင်မောင်လေးက စကားသာမပြောသေးတာပါ
    သွက်တော့သွက်ပါတယ်။
    ဂီမ်းတောင် ကောင်းကောင်းဆော့တတ်နေပြီဟာ
    ပြီးတော့ အတွေးအခေါ်ကောင်းမယ့်ကလေးလို့ ခန့်မှန်းမိတယ်

    အသားအရည်ကလည်း မောင်နှမနှစ်ယောက်လုံး A4 လို ဖြူလွလွလေးတွေ

    ချစ်စရာလေးတွေနော် . . .( ကျနော့်လိုပေါ့)

    :k:

    • ဝင့်ပြုံးမြင့်

      March 22, 2015 at 6:47 pm

      .ကိုမိုးမင်းသားကိုလည်း ကျေးဇူးတင်စကား သေချာတောင် မပြောရသေးဘူး။ ကိုမိုးမင်းသားက လာတာ နှစ်ခါရှိပြီ။ မုန့်တွေ အများကြီးပါလာတယ်။ သူလာတဲ့အချိန် ကျမကလည်း အိပ်ရာထခါစ ထမင်းအိုးတောင် မတည်ရသေးဘူး။ ဒါနဲ့ တစ်ခါ မှကို ထမင်းမကျွေးရသေးဘူး။ အားနာစရာကြီး ဟီး။ ကိုယ်က အရမ်းမိန်းမပီသတာဆိုတော့လေ ၊ စောစောထ အိမ်မှုကိစ္စလုပ် နေရတာနဲ့ မအားဘူး။

  • Crystalline

    March 22, 2015 at 3:03 pm

    က​လေး​လေး​တွေက ကပြားရုပ်​​လေး​တွေ… အ​မေလိုပဲထက်​မြက်​ကြမှာပါ… ဒညင်​းဝက်​ကလည်​း က​လေး​တွေနဲ့အပြိုင်​​ဖွေး​နေ​ရော… :mrgreenn:

    • Alinsett@Maung Thura

      March 22, 2015 at 3:10 pm

      ငင့်…ကင်မလာ မီးလင်းသွားလို့ နည်းနည်းဖွေးသွားတာပါခီညာ…
      တကယ်တော့ အဲ့ခလေးနှစ်ယောက်ကြားမှာ ….
      A 4 နှစ်ရွက်ကြားက ကတ္တရာပုံးလို ဖြစ်နေတာ..

      :k:

  • မွသဲ ( 17082011 )

    March 22, 2015 at 3:43 pm

    ဘယ်လိုကနေဘယ်လိုရောက်သွားတာဒုံး ဒညင်းခွက်။ အားကျပါဘိ

    • Alinsett@Maung Thura

      March 22, 2015 at 5:02 pm

      ဟဲဟဲ ဟိုတနေ့က မိုးမင်းသားရဲ့ မုန့်တိုက်က မုန့်ပို့ကားနဲ့
      လိုက်သွားပြီး
      အစ်မပြုံးဆီ ဝင်လည်ကြတာလေ
      ငွင့်းးးငွင်းးး

      :k:

  • အူးစည်

    March 22, 2015 at 5:30 pm

    အငယ်လေးက အမေ့ခြေရာနင်းပြီး
    အကြီးလေးကတော့ အိုင်တီနယ်ဘက်သွားမယ်။
    ထက်မြက်မယ့် လူငယ်တွေဖြစ်လာမယ့်
    င်္ကြန်ရည်လက္ခဏာရှိကြပါတယ်။
    စာရေးဆရာအောင်ရဲလင်းကတော့
    မိန်းမတော်တော်နဲ့ ရဦးမယ် မဟုတ်သေးဘူး ထင့်.. ဟီးး 🙂

    • Alinsett@Maung Thura

      March 22, 2015 at 5:45 pm

      ငှယ်……
      မိန်းမ တော်တော်နဲ့ မရသေးဘူးလို့ ဟောကိန်းထုတ်သွားတယ်..
      .ဟောကိန်းထုတ်တဲ့သူရဲ့ စကားလေး မှန်ပါစေတော့ဆိုပြီး … မယူပဲ နေဦးမှပါပဲ…
      အဟိ

      :k:

  • ဝင့်ပြုံးမြင့်

    March 22, 2015 at 6:34 pm

    .မြန်လိုက်တာ ဘယ်တုန်းက ဓာတ်ပုံရိုက်ယူသွားမှန်းတောင် မသိတာ။ အလက်ဇင်းတို့ ရောက်တဲ့နေ့မှာပဲ စိတ်ကူးချို ချို ကနေ တစ်အုပ်ထွက်တယ်။ နှစ်ဘဝနှစ်ကနာ္တ ပါ။ ထုတ်ဝေတိုက်က ဘယ်တော့ထွက်မလဲ ကြိုမပြောဘူး။ လုပ်ချထည့်လိုက်တာပဲ။ အလက်ဇင်းတို့ ပြန်သွားပြီးမှ ဖုန်းလာတယ်။ စာအုပ်ထွက်တယ်တဲ့။ ရှေ့လ ဧပြီမှာ လောကသစ်စာပေကနေ မိဘမဲ့တိုင်းပြည် ထွက်ဦးမှာ။ အကုန်ကပ် ကုန်တယ်။ နှစ်အုပ်စလုံးက အထူကြီးတွေ။ ဖတ်ရမယ့်လူတွေကို တောင် အားနာ တယ် ။ တကယ်ပြောတာ။
    .စာအုပ်တွေ သွက်သွက်ထွက်သွားတော့ အစ်မလည်း အခု ဘဝင်နည်းနည်းမြင့်နေတယ်။ ဘဝင်မြင့်တာကလည်း ရောဂါတစ်ခုလိုပဲ၊ ကုရဦးမှာ။

  • ဝင့်ပြုံးမြင့်

    March 22, 2015 at 6:40 pm

    .အူးစည်
    .ခန့်မှန်းတာ မှားသွားပြီနော်။ အကြီးမက မှတ်ဉာဏ်ကောင်းတာ။ အခု ၂တန်းမှာ ၈တန်း အင်္ဂလိပ်စာ ဖတ်နိုင်ပြီ။ သချင်္ာ မှာ တော်တော်ညံ့တယ်။ အဲဒီမှာ ခေါင်းမပြေးဘူး။ အငယ်ကောင် မျောက်ကလေးကတော့ ဘယ်လိုလာဦးမလဲ မသိဘူး။
    .ပြီးတော့ အလင်းဇက်ပြောတဲ့ နာမည်တွေ မှားတယ်။ နာမည်က ပြုံးမြင့်မောင် ပါ။ ပြုံးမောင်မောင် မဟုတ်ဘူး။ ပြုံးမြင့်မို ၊ ပြုံးမောင်မောင်၊ တကယ်လို့ နောက်တစ်ယောက်ထပ်ရမယ်ဆိုရင် ပြုံးမြန်မာ။ (မရနိုင်မှန်း သိသားပဲ။ စိတ်ကူးယဉ်ကြည့်တာ)

    • Alinsett@Maung Thura

      March 23, 2015 at 8:26 am

      ငင့်

      .ပြုံးမောင်မောင်ပဲ ထင်နေတာ
      .သေချာအောင် ထပ် မမေးသွားမိဘူး
      :k:

  • naywoon ni

    March 22, 2015 at 7:42 pm

    က​လေး​တွေကြားထဲ ပြူးတူးပြဲတဲနဲ့ နီ့မ​ကောင်​းတဲ့ အကျင်​့​တွေ ခ​လေး​ဒွေကူးကုန်​မှဖြင်​့ဟယ်​ ။။။။ 🙂

  • Ma Ma

    March 22, 2015 at 8:03 pm

    သမီးလေးရော သားလေးပါ တကယ်ပဲ ချစ်စရာလေးတွေ။
    ပြုံးမျိုးဆက်ကို ရွာနဲ့မိတ်ဆက်ပေးတဲ့ ဆက်ဆက်လည်း အများတကာစိတ်ချမ်းသာအောင်လုပ်ပေးရတဲ့ အကျိုးကြောင့် ကိုယ်တိုင်လည်း စိတ်ချမ်းသာပါစေ။
    ဘာသာပြန်စာအုပ်တွေကြိုက်လို့ ပြုံးရဲ့ စာအုပ်တွေကို နာမည်ကြားယုံနဲ့ ဖတ်ချင်မိတယ်။
    ဒါပေမယ့်လည်း စာအုပ်ကအထူကြီးတွေဆိုလို့ လန့်ပြန်ရော။ :kwi:

    • Alinsett@Maung Thura

      March 23, 2015 at 8:29 am

      မကြာခင် ဂျူးမမ ကို ရွာထဲ ခေါ်မှာ
      အခုထိ ဖမ်းမမိသေးလို့
      ဖုန်းကို ထားခဲ့ပြီး ခရီးထွက်တော်မူနေသတဲ့

      :k:

  • Wow

    March 22, 2015 at 9:02 pm

    ကလေးတွေက နှစ်ယောက်လုံး တစ်ရုပ်ထဲနော်…. အဖေတူလား .. အမေတူလား :kwi:

  • Swal Taw Ywet

    March 23, 2015 at 1:14 am

    အလင်းစက်စ် FB ပေါ်ကထက်ပိုပြူးနေသဗျ။
    ရွာမျိုးဆက်တွေ မြင်ရတာ ဝမ်းသာသဗျို့။
    ပြန်လာတော့မှ အကုန်ဝယ် ဖတ်ရတော့မယ်။
    ပြောသာပြောရ လက်တော့လေးတောင် မဖွင့်နိုင်တဲ့ဘဝ။
    ဖရီးဝိုင်ဖိုင်ကို ဖုန်းဖြင့် ၃ရွေ့ မန့်သည်။
    With respect
    Swal Taw Ywet.

    • Alinsett@Maung Thura

      March 23, 2015 at 8:27 am

      ဟုတ်ပါ့ ဦးစွယ်တော်
      ဘယ်လိုဖြစ်သွားတယ်မသိ ပုံကို ပြန်ကြည့်တော့ ပြူးတူးပြဲတဲံ ဖြစ်လို့

      :k:

  • Mike

    March 23, 2015 at 9:24 am

    .ပြုံးမြင့်မောင်နဲ့ ပြုံးမြင့်မို တဲ့လား..နာမည်လေးတွေလှ…ကလေးတွေကတရုတ်ပုံပေါက်တယ်..ဖွေးလို့
    .အိမ်လေးကလည်းနေချင်စရာ…အဲ့လိုပျဉ်ထောင်အိမ်လေးမျိုး သိပ်သဘောကျတယ်…
    .ရန်ကုန်က တိုက်ခန်းတွေကတော့ အသက်ရှုကျပ်သဗျာ :))

    • ဝင့်ပြုံးမြင့်

      March 23, 2015 at 10:22 pm

      .ဦးကြီးမိုက်က အိမ်အကြောင်း ခဏခဏ ပြောတယ်နော်။ အဲဒါ ဘာဖြစ်လို့လဲ သိလား။ ဦးကြီးမိုက်ကိုယ်တိုင် နေအိမ်ပြောင်းဖို့ စိတ်ကူးနေပြီ။ နေအိမ်ပြောင်းရင် ပျဉ်ထောင်အိမ်တော့ စိတ်မကူးပါနဲ့။ လုံးဝမကောင်းဘူး။ အပူအအေး ဒဏ် ပြင်းထန်တယ်။ ခြကြောက်ရတယ်။ နယ်မှာကတော့ ငွေနည်းနည်းပါးပါးရှိရင် ကျယ်ကျယ်ဝန်းဝန်း နေလို့ရတယ်။ အိမ်ဈေးပေါတယ်။ ကျမတို့အိမ်လည်း အကျယ်ကြီးပဲ။ ခလေးတွေ သောင်းကျန်းလိုက်စမ်းဆိုတာ။ နယ်မှာက အဲလို သက်သာချောင်ချိလို့ နေဖြစ်နေတာပါ။ ရန်ကုန် မတက်နိုင်ဘူး။ ရန်ကုန်မှာ တိုက်ခန်းလေး တစ်ခန်းတောင် မဝယ်နိုင်ဘူး။

  • Yae Myae Tha Ninn

    March 23, 2015 at 9:50 am

    ဆက်ဆက် ညံ့တာလား… အကို ပဲ မတော်တာလား မသိ… အန်တီပြုံး ပုံပါမလာဘူး… မြင်ဖူးချင်ပါတယ်… ဖွဘုတ်လဲ မသုံးဘူး ကြားထားတော့ ဘီလို မြင်ရမည် မသိ… 🙂

    • Alinsett@Maung Thura

      March 23, 2015 at 11:43 am

      .ပြုံးအန်တီကို ပုံ မရိုက်ခဲ့ရဘူးဗျ…
      သူ့ သားသားနဲ့ မီးမီးကိုတောင် သူမသိခင် ခိုးရိုက်ပြီး.. သူမသိခင် ရွာထဲ လာတင်တာ…
      တင်ပြီးမှ သူ့ကို အသိပေးလိုက်တာ… အဟိ
      😆

    • ဝင့်ပြုံးမြင့်

      March 23, 2015 at 10:25 pm

      .ကိုရေမြင်း
      .အစိမ်းသဘက် မြင်ဖူးလား။ အဲဒါနဲ့ တထေရာတည်းပဲ။ တစ်ရွာလုံး လန့်ပြေးသွားမှာစိုးလို့။ ရုပ်မလှလို့ ဖွဘုတ် မသုံးတာပါ။ ရုပ်မလှဘူးဆိုတာထက် ရုပ်ကျတယ်ဆိုရင် ပိုမှန်တယ်။ အရွယ်ကျတယ်ပေါ့။ စိတ်ထောင်းကိုယ်ကြေ ရုပ်ပေါ့။

  • Kaung Kin Pyar

    March 23, 2015 at 10:11 am

    ပုံတွေကြည့် စာတွေဖတ်ပြီး တွေးမိတာက….မိဘမဲ့တိုင်းပြည် နဲ့တင် တန်သွားပြီလို့…..
    🙂
    ကလေးလေးတွေကလဲ ချစ်စရာ…။ အောင်ရဲလင်းကိုကြည့်ပြီး သူ့စက်ဘီးလေး လုပြေးမှာစိုးလို့ထင့်…၊ အငယ်လေးခမျာ စက်ဘီးပေါ်ကတောင် မဆင်းရဲဘူး…။
    :k:

    • Alinsett@Maung Thura

      March 23, 2015 at 11:47 am

      အဲ့ စက်ဘီးလေး…သဘောကျနေတာ…
      .ဖွေးဖွေးကိုသာ အဲ့ဒီဘီးလေးနဲ့တင်ပြေးလိုက်ယ

      :k:

  • Kaung Kin Pyar

    March 23, 2015 at 12:01 pm

    ပြားသွားမှာပေါ့…. :k:

    ပြား = စက်ဘီး…စက်ဘီးးး

  • pooch

    March 23, 2015 at 12:20 pm

    အော် ကလေးတွေများ ထွားတာမြန်လိုက်တာ မျက်စိတမှိတ်ပဲ ။
    ဖြုဖြူချောချောလေးတွေ အိမ့်ဆည်းလည်း တခါတခါ ခေါင်းလောင်းကြီးလေးတွေ

    • ဝင့်ပြုံးမြင့်

      March 23, 2015 at 10:27 pm

      .ဟုတ်ပါတယ်မယ်ပုရေ။ အချိန်တွေကုန်တာ မြန်တယ်။ အားလုံး ဖျပ်ခနဲလိုပဲ။

  • ဝင့်ပြုံးမြင့်

    March 23, 2015 at 10:30 pm

    .ကောင်းကင်ပြာရေ ကောင်းကင်ကြီးက ဘာလို့ ပြာနေတာလဲ။
    .သိကြားမင်းကြီးရေ ဘလက်ဟိုးဆိုတာ ငရဲပြည်လား။

    • kai

      March 24, 2015 at 1:05 am

      A clear cloudless day-time sky is blue because molecules in the air scatter blue light from the sun more than they scatter red light. When we look towards the sun at sunset, we see red and orange colours because the blue light has been scattered out and away from the line of sight.
      =
      Black Holes – Odec
      http://www.odec.ca/projects/2003/chowa3a/public_html/interesting.htm
      Although black holes have a strong suction force, they may only suck up what … hole, an object on a radial path will have a velocity approaching the speed.

  • ခင်ဇော်

    March 24, 2015 at 6:50 am

    ဟာာ…
    ဒါလေးး က ဟိုတခါ အမဝင့်ပြောတဲ့
    အသားအရောင် လှလှ မောင်နှမ..!!
    ကလေးးတွေ ချောတယ်ကော..!!
    🙂

  • padonmar

    March 25, 2015 at 8:46 pm

    ပြုံးမမကိုမြင်ဖူးချင်ကြရင်ဘူဒင်ဘရွတ်ခ် ဝယ်ဖတ်ပါ။
    (စာအုပ်ကို ချောင်းကြည့်ပြီး ပြောပါတယ်)
    …………..
    ပြုံးသားလေးအကြောင်း ကေဇီ့ကို ရေးဖူးတယ်လေ။
    အသားလေးက ဖြူနှစ်နှစ်လေး၊အကြောလေးတွေ စိမ်းလို့ဆိုတာ ။
    ပုံပြလိုက်လို့ ရွာသူတွေ ဝိုင်းလုကြတော့မှာပဲ။

  • အစ်မပြုံးတို့အိမ်ကတော့ ကလေးတွေအကြိုက်တွေ့မယ့်ပုံပဲ။
    ကလေးလေးတွေပုံအတွက်ကျေးဇူးပါ အောင်ရဲပြုံးရေ။

    • Alinsett@Maung Thura

      March 26, 2015 at 12:07 am

      အဲ့အိမ်မှာ အဲ့ကလေးတွေနဲ့
      အတူ ပြေးလွှားဆော့လိုက်ချင်စိတ် မနည်းထိန်းခဲ့ရတာ
      ကိုယ်က ဖွေးဖွေးကိုတောင် ကြိုက်နေပြီဆိုတော့လေ
      ကိုယ့်ကို ကိုယ် သတိပေးနေရတယ်
      မင်းးးအဲ့ဒီ ပြုံးမြင့်မောင်လို မငယ်တော့ဘူးးးးလို့

      :k:

Leave a Reply