သင်္ကြန်​

naywoon niMarch 21, 20151min1359

သင်္ကြန်​

ထိန်​းသိမ်​းတဲ့သူကနဲနဲ
ဖျက်​လို ဖျက်​ဆီးလုပ်​သူကများများ
ဘယ်​လိုမှ မညီမျှတဲ့အခါ
အစဉ်​အလာ ယဉ်​​ကျေးမှုလည်​းမမည်​
​သူတို့​ပြောသလို​မော်​ဒန်​လည်​းမဖြစ်​
အရင်​းစစ်​လိုက်​​တော့
လက်​ရှိအ​ခြေအ​နေ​ဟာ
ငါတို့ကို ထမ်​းပိုးထားရတဲ့
ကမ္ဘာ​မြေကြီးကို အားနာစရာ ။

​နေဝန်​းနီ
6:40 PM
2015 Mar 21

9 comments

  • မြစပဲရိုး

    March 21, 2015 at 7:12 pm

    ကဏန်း တို့ တိုင်းပြည်ပါ ဆို အဘနီ ရယ်။ 😉 :))

  • naywoon ni

    March 21, 2015 at 10:11 pm

    အရီး​ရေ ​စော​စောက လက်​ဖက်​ရည်​ဆိုင်​မှာ စကိုင်​းပျက်​က လွှင်​့​နေတဲ့ သင်္ကြန်​သီချင်​း​တွေကို စိတ်​ပျက်​သွားလို့ ။ ​ပြော​တော့ ယဉ်​​ကျေးမှုထိန်​းသိမ်​းမယ်​ဆိုတဲ့ စကားကိုပါးစပ်​က မချဘူး ။ ရုပ်​သံ​တွေက ကိုးရိုးကားယား ​တွေလွှင်​့​နေတာကြ မသိချင်​​ယောင်​​ဆောင်​​နေတယ်​ ။ အဲ့ စကိုင်​းပျက်​က လွှင်​့တာ​တွေကို ထိုင်​ကြည်​့​နေရင်​း အ,ကုသိုလ်​ ​တော်​​တော်​များများပွားဖြစ်​တယ်​ ။ ဒီက​နေ့ ။

  • Alinsett@Maung Thura

    March 22, 2015 at 2:10 pm

    စံတွေ သွေချင်တိုင်းသွေတိုင်းးးး
    .ခေတ် မီချင်တိုင်းမီအောင် လုပ်တိုင်းးး
    .မော်ဒန်မဟုတ်ဘူး
    .ဒါမယ့် ဒါက ပိုစ့်မော်ဒန်ခေတ်
    ဆိုတော့ အမှန်တရားဟာ မျိုးစုံရှိတယ်
    အဆန်းဆန်းအပြားပြား ပိုင်းစ စိတ်မွှာထွက်နေတယ်
    အမှန်တရားမျိုးစုံကြားမှာ ကိုယ့်အမှန်တရားနဲ့သူ့(သူတို့) အမှန်တရားကြား
    နည်းနည်းတော့ အနံ့အသက်လေးတွေ မမှန်နိုင်ပဲ ဖြစ်ချင် ဖြစ်မယ်ပေါ့

    စကားဇွတ်စပ်- အခု သင်္ကြန်တွင်းမှာ ကရင်မရေစိုစိုလေးတွေကို သွားငေးပါမြည်

    :k:

    • naywoon ni

      March 23, 2015 at 10:14 pm

      ​မော်​ဒန်​ ​ယောင်​​ဆောင်​လာတဲ့
      ​မော်​ဒန်​များ ကို ဂရုပြု ​ရှောင်​ရှားနိုင်​ပါ​စေ အလက်​ဇင်​းဒါး​ရေ
      ဒါနဲ့ စကားအတင်​းစပ်​​ပြောရရင်​ အခုတစ်​​လော
      ​မော်​ဒန်​ကဗျာအတု
      ​မော်​ဒန်​အက်​​ဆေး အတု​တွေ ​ရှောင်​မလွတ်​ဘူးဖြစ်​​နေတယ်​

  • Kaung Kin Pyar

    March 23, 2015 at 10:40 am

    ကြည့်ငေးနော်…
    ကရင်မဒွေက လက်သွက်တယ်….။ ဇက်မပါဘဲ ရန်ကုန်ပြန်နေရအူးမယ်…
    :mrgreen:

  • Kaung Kin Pyar

    March 23, 2015 at 10:47 am

    မြန်မာ့ရိုးရာကို မထိန်းသိမ်းတာရော…၊ အရှက်တရားတွေ မထိန်းသိမ်းတာရော…၊ တခြား မထိန်းသိမ်းတာတွေရော….။ ရေချိုတွေလဲ ကုန်တယ်၊ ပိုက်ဆံတွေလဲ ကုန်တယ်..။ အရေးပေါ်နဲ့ ရင်ခွဲရုံမှာလဲ လူငယ်တွေ အဝင်များတယ်…။
    ဒါနဲ့… Channel 5 က ၅သိန်းတဲ့…..ငိငိ..

  • တောင်ပေါ်သား

    March 23, 2015 at 12:37 pm

    သင်္ကြန်က ကိုယ်နဲ့ မပတ်သက်တော့တာ အနှစ် ၃ဝ လောက် ကြာခဲ့ပြီပဲ ၊

    သူများတွေ ရေပက် ၊ ကိုယ်က အိမ်မှာပဲ ၄ – ၅ – ၆ ပက် 🙂

  • uncle gyi

    March 23, 2015 at 9:51 pm

    သင်္ကြန်မှာစိတ်ပျက်လွန်းလို့အပြင်မထွက်တာ
    နှစ်တွေဘယ်လောက်ဆိုတာ
    သတိတောင်မရတော့ပါဖူး
    ကိုနီရေ

  • Shwe Ei

    March 24, 2015 at 9:50 am

    -ပရိုက်ဗိတ်မန်းဒပ်တိုင်း..ရိုးရာအကနဲ့ ဖျော်ဖြေရမယ်လို့များ စည်းကမ်းထုတ်ကြည့်လိုက်ရင်…
    -..ဆန်ဒပြကြမယ်ထင်တယ်နော် :mrgreen:

Leave a Reply