​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၈

naywoon niMarch 22, 20151min19410

​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၈

သူ့တာဝန်​ ကိုယ်​တာဝန်

ခု​လော​လောဆယ်​ မှတ်​ပုံတင်​ အသစ်​လုပ်​ဖူးရင်​​တော့ သိမှာပါ ။ မှတ်​မိဦးမှာ​ပေါ့ ။ ကြာသွားရင်​​တော့ မသိနိုင်​​တော့ဘူး ။ မှတ်​ပုံတင်​အသစ်​လုပ်​ဖို့ရာ အတွက်​ ​ရှေ့​ပြေး​လျှောက်​လွှာဆိုတာ ကာယကံရှင်​က ဖြည်​့​ပေးရတယ်​ဗျ ။ ​ရှေ့စာမျက်​နှာမှာ လုပ်​အပ်​တဲ့ပုံစံ​တွေ ​ထောက်​ခံစာ စာရင်​းနဲ့ စည်​းကမ်​းချက်​​တွေ ။ ​နောက်​​ကျောဘက်​မှာက မျိုးရိုးစဉ်​ဆက်​ဇယား ဆိုပြီးပါတယ်​ ။ အဲ့ဇယားမှာ ​အောက်​ဆုံးက ကာယကံရှင်​ရဲ့ နာမယ်​ ​မွေးသက္ကရာဇ်​ ဇာတိ အလုပ်​အကိုင်​နဲ့ ​နေရပ်​လိပ်​စာ​ပေါ့ ။ အဲ့ဒိအထက်​မှာက ဖခင်​နဲ့ မိခင်​ အ​ကြောင်​းအရာ ။ အဲ့အ​ပေါ်မှာက ဖခင်​ရဲ့ မိဘ ( ဘိုး/ဘွား ) မိခင်​ရဲ့ မိဖ(မိခင်​ဘက်​မှ ဘိုး/ဘွား ) ။ ဇယားလုပ်​ထားတာက​တော့ စနစ်​ကျတယ်​လို့​ပြောရမှာပဲ ။ သို့​ပေမဲ့ ​တော်​​တော်​များများက ကိုယ်​့ဘိုး/ဘွား ​တွေရဲ့ ဇာတိတို့ ​မွေးသက္ကရာဇ်​တို့ ကွယ်​လွန်​ပြီး ဖြစ်​ရင်​ ကွယ်​လွန်​ရာ ​ဒေ သ တို့ မမှတ်​မိကြတာများတယ်​ ။ တစ်​ချို့ဆို ကိုယ်​့ ဘိုး/ဘွား နံမယ်​​တောင်​ မသိကြဘူး ။ လွန်​ဘူးလား ။ မိဘနဲ့ ပတ်​သက်​လို့ သူတို့မှတ်​ပုံတင်​ မိတ္တူ​တွေပါလို့ အဲ့ဒိထဲက ဆွဲထည်​့လို့ရ​ပေမယ်​့ ငယ်​ငယ်​​လေးကတည်​းက ​သေဆုံးပြီးဖြစ်​​နေတဲ့ သူ​တွေအတွက်​ ကိုယ်​တိုင်​ဖြည်​့ရသူ​တွေအတွက်​ ဧရာမ စွန်​့စားခန်​းတစ်​ခုပါပဲ ။ တစ်​ချို့က​တော့ လွယ်​လွယ်​ကူကူပဲ ​တွေ့ကရာ နာမယ်​ ရက်​စွဲ ​ဒေသ ​ပေါက်​ကရ ဖြည်​့ထားတာ​တွေ ရှိလာတယ်​ ။ တစ်​ချို့လည်​း လက်​​ရေး​တွေက ဖတ်​မရ​အောင်​ဖြစ်​​နေ​တော့ ​လျှောက်​လွှာတစ်​​စောင်​ချင်​းကို အုပ်​ချုပ်​​ရေးမှူးနဲ့ ရပ်​မိရပ်​ဖများ ညှိနှိုင်​းပြီး ​ခေါင်​းချင်​းဆိုင်​ဖြည်​့​ပေး​နေကြရတယ်​ ။ ဘယ်​သူက​တော့ ဘယ်​မှာ​မွေးတာ ( လို့ထင်​တာပဲ ) ။ ဘယ်​သူ​သေတာက​တော့ဖြင်​့ ဘယ်​​လောက်​ရှိပြီ( နဲ့တူရဲ့ ဟုတ်​ပါတယ်​ သူ​သေ​တော့ ငါက ဆယ်​နှစ်​သား​လောက်​ဆို​တော့ အင်​း မဟုတ်​​သေးဘူး ဘယ်​နှစ်​နှစ်​ရှိပြီ ) ညှိနှိုင်​းလို့မရတဲ့ ​နောက်​ဆုံး (အိုကွာ လူမှမရှိ​တော့တဲ့​နောက်​ ခန်​့မှန်​းပြီးသာထည်​့လိုက်​​တော့ တစ်​ဖုံ ) ငြင်​းသံခုန်​သံ ဆူညံစွာနဲ့ တစ်​ခါတစ်​​လေများ ရန်​​တောင်​ထဖြစ်​မှာ စိုးရ​သေးတယ်​ ။ အဟုတ်​ ။ ​ရှေ့က မှတ်​ပုံတင်​လုပ်​မယ်​့ ကာယကံရှင်​က​တော့ မျက်​​စေ့​လေး ကလယ်​ကလယ်​နဲ့ ။ သူကဘာမှ မှမသိ​တော့ ဘာမှဝင်​မ​ပြောနိုင်​ဘူး ။ သူ့အတွက်​ငြင်​းခုံ​ပေး​နေကြတဲ့သူ​တွေကို အားနာ​နေဘိအလား ။ အာလုံးလိုအပ်​တာ​တွေပြည်​့စုံ​လောက်​ပြီ ထင်​မှ ​စော​စောက ​လျှောက်​လွှာနဲ့ ​ကျောင်​း​ထောက်​ခံစာ တို့ မိဘ မှတ်​ပုံတင်​မိတ္တူ တို့ကလစ်​နဲ့တွဲ ။ လဝက ဝန်​ထမ်​းဆီလွှတ်​ ။

ဝန်​ထမ်​း​ရှေ့​ရောက်​​တော့လည်​ း အ​မေးအမြန်​းခံရ ။ အသက်​ငယ်​ရွယ်​သူအတွက်​ အထူး အ​ထွေ မ​မေး​သော်​လည်​း မှတ်​ပုံတင်​လုပ်​ဖို့ အသက်​လွန်​​နေသူ​တွေကြ​တော့ ​သေချာစီစစ်​​မေးပါ​တော့​တယ်​ ။ မှတ်​ပုံတင်​ တစ်​ကြိမ်​မှ မလုပ်​ဖူးဘူးလား ။ ဘာ​ကြောင်​့ မလုပ်​ဖြစ်​သလဲ ။ တစ်​နှစ်​တစ်​ကြိမ်​​လောက်​ ရွာဆင်​းပြီးလုပ်​​ပေး​နေတာ ဘာလို့ မလုပ်​ဖြစ်​သလဲ ။ မှတ်​ပုံတင်​လုပ်​ပြီးသား ​ပျောက်​သွားပြီး နံပါတ်​ မမှတ်​မိတာလား ။ စသည်​ စသည်​ဖြင်​့ လူတစ်​​ယောက်​ထဲ နံပါတ်​ နှစ်​ခုဖြစ်​​နေမှာ စိုးသည်​​ကြောင်​့ စိတ်​ညစ်​ဖွယ်​​ကောင်​း​လောက်​​အောင်​ လှည်​့ပတ်​​မေးပါ​တော့တယ်​ ။ သူစိတ်​​ကျေနပ်​​လောက်​​အောင်​​မေးပြီမှ နိုင်​ငံသား ကိုယ်​​ရေးမှတ်​တမ်​းဆိုတဲ့ ပုံစံ နှစ်​ရွက်​ထုပ်​ယူပြီး ( နိုင်​-၂ ပုံစံလို့​ခေါ်ပါတယ်​ ) နာမယ်​ဖြည်​့ ​မွေးသက္ကရာဇ်​ထည်​့ ၊အရပ်​တိုင်​း ။ ထင်​ရှားတဲ့အမှတ်​အသား​ရေး ၊ ပညာအရည်​အချင်​း ၊လက်​ရှိ အလုပ်​အကိုင်​၊ ​နေရပ်​လိပ်​စာ​ရေး ၊ မပြီး​သေးဘူး ။ အိမ်​​ထောင်​ ရှိမရှိ ၊ရှိရင်​ လက်​ထပ်​တဲ့ ရက်​စွဲ ၊( ​သေပြီဆရာပဲ ရွာသား ဘယ်​သူက မှတ်​မိမလဲ ။ တစ်​နှစ်​ချင်​း ပျိုးကြဲရက်​ ​ကောက်​စိုက်​ရက်​​တောင်​မှ အိမ်​ ခါးဘမ် း မြင်​သာတဲ့ ​နေရာမှာ ​မြေဖြူခဲနဲ့ ​ရေးမှတ်​ရတဲ့ ဘဝ ။ တစ်​ချို့ဆို စာကမ​ရေးတတ်​​တော့ သူများ​ရေးခိုင်​းရတဲ့သူရှိ​သေး ။ ဝါ​ခေါင်​လ္ဆန်​း၆ ရက်​ပျိုးကျဲ ဆိုတာမျိုး ။ ​တော်​သလင်​း လပြည်​့​ဝက်​သားတင်​ ။ ဆိုတာမျိုး ။ အိမ်​တိုင်​းလိုလို အဲ့အမှတ်​အသားကရှိ ။ ခုဆိုပိုဆိုးတာ​ပေါ့ ဖုန်​းနံပါတ်​​တွေ နံရံမှာ တန်​းစီ​ရေးမှတ်​ထားတာ ။ ) သားသမီးရှိရင်​ လာဘီ ။ ​မွေးသက္ကရာဇ်​ ၊ပညာအရည်​အချင်​း ။ ​နောက်​ ​မွေးချင်​း​မောင်​နှမများ ။ ​မွေးချင်​းများလို့က တန်​းစီ​ရေး​ပေ​ရော့ ။ အဲ့စာတိုင်​ ​နောက်​ပိုင်​ း မဖြည်​့တာကများတယ်​ ။ ​ကျောဘက်​က ​စော​စောက မျိုးရိုးဇယား ။ ဝန်​ထမ်​းက မဖြည်​့​တော့ဘူး ။ ​စော​စောက လုပ်​အား​ပေး​ခေါ်ထားတဲ့ က​လေး​တွေ ဖြည်​့ဖို့ရာ ချန်​ထားလိုက်​တယ်​ ။ အဲ့​နောက်​တစ်​ရွက်​အပါအဝင်​​ပေါ့ ။ လာ​ရောက်​လုပ်​အား​ပေး​နေတဲ့ က​လေးများ ဖြည်​့ချင်​သလိုသာဖြည်​့​ပေ​ရော့ ။ ကွက်​လပ်​ကြီးကျန်​မ​နေရင်​ပြီးတာပဲ ။

ပြီးရင်​​နေဝန်​းနီ ဆီ ဓာတ်​​သေလာရိုက်​ ။ ​နေဝန်​းနီ ကလည်​း ဓာတ်​​သေ ရိုက်​ရင်​းနဲ့ လက်​​ဗွေပါ နှိပ်​​ပေးလိုက်​ရ​သေးတယ်​ ။ ကင်​မလာ အားဖြည်​့​နေတုန်​းဆို​တော့ လက်​​ဗွေ နှိပ်​တဲ့ အ​ကြောင်​း​လေး​ပြောဦးမှ ။ ​ဆေးက စာကူးစက်​သုံးမှင်​​တောင်​့ပါ ။ မှန်​ချပ်​​ပေါ်ကိုညှစ်​ချ ။ ဆီစုပ်​တဲ့ ​ဖော့တုန်​း ကိုလက်​တစ်​ကိုင်​စာ​လောက်​ ဖြတ်​ချထားပြီး မှင်​သုတ်​လိုက်​ရပါတယ်​ ။ ပုံစံမှာက​တော့ ညာဖက်​ ကစတာ​ကြောင်​့ ညာဘက်​လက်​ငါး​ချောင်​းကို လက်​ဆစ်​ တစ်​ဆစ်​လုံး မှင်​ညီ​အောင်​သုပ်​​ပေးရပါတယ်​ ။ပုံစံကို လိုသလို​ခေါက်​ပြီး ခုံအစွန်​းမှာထား လက်​မက​နေလက်​သန်​းထိ နှိပ်​ယူရတာပါ ။ အဲ့ဒိမှာမှ လက်​အမျိုးမျိုးကို​တွေ့ရ​တော့တာပဲ ။ ဒါလည်​း ကဗျာ တစ်​ပုဒ်​ပဲ​လေ ။ ညို​သောလက်​ ဖြူ​သောလက်​ ညစ်​​ပေတဲ့လက်​ သန်​့ရှင်​းတဲ့လက်​ ​ပျော့​ပြောင်​း​သောလက်​ မာ​သောလက်​ ​ဖြောင်​့​သောလက်​ ​ကွေး​သောလက်​ ​အေး​သောလက်​ ပူ​သောလက်​ ​နွေး​သောလက်​ နူးညံ့​သောလက်​ ကြမ်​းတမ်​း​သောလက်​ အစုံမှ အိုအစုံရယ်​ ။ လက်​တစ်​​ချောင်​းချင်​းဆွဲယူပြီး ပုံစံ​ပေါ်မှာ သူ့​နေရာသူ​ရောက်​​အောင်​ ( လက်​မ လက်​ညိုး လက်​ခလယ်​ စသည်​ဖြင်​့ တည်​့​အောင်​ ဆွဲယူပြီး နှိပ်​​ပေးရတာ လွယ်​တာမဟုတ်​ ၊​ယောက်​ျား​လေး​သော မိန်​းခ​လေး​သော ငယ်​​သော ကြီး​သော ပျို​သော အို​သော မျက်​နှာ​မော့ကြည်​့မ​နေအား ​ရှေ့​ရောက်​လာလို့က​တော့ လက်​အဆွဲခံရမယ်​သာမှတ်​ ။ ဓာတ်​​သေရိုက်​ခါမှပဲ ​ကောင်​မ​လေး​တွေဆိုရင်​ ​သေချာကြည်​့ဖြစ်​ပါတယ်​ ။ ဒီ​ကောင်​မ​လေးက​တော့ မှဲ့​ခြောက်​​တွေနဲ့ ဒါမှမဟုတ်​ နှုတ်​ခမ်​းကွဲ​လေးနဲ့ ဒါမှမဟုတ်​လည်​း မျက်​လုံးက​စွေ​နေတယ်​​ လက်​ပြင်​က ကုန်​း​နေတယ်​ စသဖြင်​့​ပေါ့​လေ ) နှိပ်​ယူရပါတယ်​ ။ ဓာတ်​​သေ ရိုက်​ပြီးလို့ စာရင်​းသွင်​းပြီးရင်​ ​စော​စောက​ပြောတဲ့ လုပ်​အား​ပေးက​လေး​တွေဆီ ပုံစံဖြည်​့ဖို့လွှတ်​လိုက်​ရပါတယ်​ ။ က​လေး​တွေက ပုံစံဆက်​ဖြည်​့ ။ ​အော်​ ​မေ့လို့ ပုံစံ​ပေါ်က ဓာတ်​​သေကပ်​ရမဲ့ ကွက်​လပ်​မှာ ကင်​မလာက ဓာတ်​​သေ နံပါတ်​​လေးဖြည်​့လွှတ်​လိုက်​ရတယ်​ ။ အဲ့ဒါကလည်​း အကွက်​က ​လေးခု​လောက်​ပါတာ ။ ဖြည်​့ချင်​တဲ့ အကွက်​ထဲ ဖြည်​့လွှတ်​လိုက်​လို့မရဘူးရယ်​ ။ ဆယ်​နှစ်​ပြည်​့ ။ ဆယ်​့ရှစ်​နှစ်​ပြည်​့ ။ အသက်​သုံးဆယ်​ပြည်​့ ။ ​လေးဆယ်​့ငါးနှစ်​ပြည်​့ ဓာတ်​​သေကပ်​ရန်​လို့​ရေးထားတာ ။ သူ့အကွက်​နဲ့သူဖြည်​့ရတာ ။

​နေဝန်​းနီလည်​း ​ဆေးလိပ်​တို​လေးဖွာရင်​း ​စူပါ​ကော်​ဖီ​လေး မြုှံ့ရင်​း နာရီဝက်​​လောက်​ကြာ​တော့ အားသွင်​းထားတဲ့ ဒပ်​ပတာ​လေး ပြန်​ဖြုတ်​ခိုင်​းလိုက်​ပြီး လက်​ကျန်​လူ​လေး​တွေကို ဓာတ်​​သေ ဆက်​ရိုက်​​ပေးလိုက်​ပါ​တော့တယ်​ ။

​နေဝန်​းနီ
2:16AM
2015 Mar 22

10 comments

  • Alinsett@Maung Thura

    March 22, 2015 at 2:18 pm

    မှတ်ပုံတင် ဆိုလို့
    အသက် ၁၈ နှစ် ပြည့်ပြီးကာစက ရိုက်ယူထားတဲ့ ပုံနဲ့
    အခုကိုင်ထားရတဲ့ မှတ်ပုံတင်
    အခုလူပုံနဲ့ မှတ်ပုံတင်ကတ်ထဲကပုံ ဘယ်လိုမှ မတူတော့ဘူး
    ဟိုထဲမှာက တကယ့် ကလေးမျက်နှာလေး
    အခု မျက်နှာနဲ့ ယှဉ်ကြည့်ရင် နှစ်ယောက် ကွဲနေသလားထင်ရ
    တခြားသူတွေလည်း ဒီလိုပါပဲ။
    အသက်အရွယ်အရ ဖြစ်နေတဲ့ ပုံနဲ့ မှတ်ပုံတင်ထဲက ပုံ
    မတူတဲ့ရောဂါတစ်ခု
    ဒီနိုင်ငံမှာဟရှိတယ်နော်

    :k:

  • မြစပဲရိုး

    March 22, 2015 at 2:32 pm

    အတော်စိတ်ဝင်စားစရာဘဲ အဘနီ။
    ကျွန်မ အထင် အင်္ဂလိပ်နိုင်ငံ က အင်္ဂလိပ် တွေ (သူကြီး မြင်စေ) က ဒါမျိုး တွေ ကို စနစ်တကျ ပုံစံချပေးခဲ့တယ်ထင်တာဘဲ။
    ကျွန်စိတ် မပျောက်သေးဘူး ဘဲ ပြောပြော။
    သူတို့ လက်အောက် ရောက်ခဲ့ လို့ မြန်မာပြည် နဲနဲအဆင့်ရှိသွား (ခဲ့) တာ။
    အခု လဲ သူများနိုင်ငံ ကအကူအညီ နဲ့ သန်းကောင်စာရင်း ကောက်ခဲ့တာ ကို ဘယ်လောက်ထိ ပညာ ယူခဲ့ ကြမယ် မသိ။
    နိုင်ငံ မှာ က အသိပညာ ကို ကျားကုတ်ကျားခဲ ယူဖို့ မတွေးဘဲ ပိုက်ဆံ ကို ဘယ်လိုနှိုက်ယူ ရမလဲ ဆိုတဲ့ စိတ် က ရှေ့ရောတ်နေတော့ ခက်ရော။
    ဒီလို အတွေ့အကြုံ ရှိတဲ့သူ ဆီက စကား တွေ နားထောင်ရတာ အကျိုးများပါ တယ် အဘနီ။
    စာလေး တွေ ဆက်မျှ ပါလို့ လဲ ပြောလိုပါတယ်။

    • naywoon ni

      March 22, 2015 at 7:31 pm

      ဘယ်​သူ​တွေက ဘယ်​လိုပဲ ပုံစံ ချ​ပေး​ပေးပါ အရီးရယ်​ ကျ​နော်​​တွေ့သ​လောက်​က​တော့ တစ်​လွဲတ​ချော လုပ်​တာ​တွေချည်​့​တွေ့​နေရတယ်​ ။ ကြား​နေမြက်​​နေရတာ စိတ်​မချမ်​းသာပါဘူး ။ အစဉ်​အဆက်​ ကတည်​းက ကို မှတ်​သားမှု အားနည်​းခဲ့တဲ့လူမျိုး ကိုယ်​့ သမိုင်​းကိုယ်​ ​ရေးဖို့ ဘာမှ မှတ်​မှတ်​သားသားမရှိနိုင်​ ။အ​လေ့အကျင်​့လည်​းလုပ်​မ​ပေး ပြီးစလွယ်​ပုံစံ​တွေဖြည်​့ စီစ်​စရာ ​ဒေတာ​တွေလည်​းမရှိ ။ ပြဿနာ တစ်​စုံတရာ မ​ပေါ်​ပေါက်​မချင်​း “ဘာမှမဖြစ်​ရင်​ ဘာမှမဖြစ်​ဘူး ” ဆိုတဲ့ မူနဲ့ စခန်​းသွား​နေကြတာ အားရစရာ တစ်​ကွက်​မှ မရှိ ……..

    • kai

      March 23, 2015 at 11:40 pm

      အင်္ဂလိပ်နိုင်ငံက.. အင်္ဂလန်တွေလောက်တော့လုပ်ပါအရီးလတ်ရယ်..။
      အခုကိုရွှေဗမာတွေတချို့က.. အမေရိကန်သွားမယ်.. အမေရိကန်မှာနေတယ်လောက်လုပ်နေကြပြီဆိုတော့…။ :k:

  • Mike

    March 23, 2015 at 11:00 am

    ဘယ်​သူက​တော့ ဘယ်​မှာ​မွေးတာ ( လို့ထင်​တာပဲ ) ။ ဘယ်​သူ​သေတာက​တော့ဖြင်​့ ဘယ်​​လောက်​ရှိပြီ( နဲ့တူရဲ့ ဟုတ်​ပါတယ်​ သူ​သေ​တော့ ငါက ဆယ်​နှစ်​သား​လောက်​ဆို​တော့ အင်​း မဟုတ်​​သေးဘူး ဘယ်​နှစ်​နှစ်​ရှိပြီ ) ညှိနှိုင်​းလို့မရတဲ့ ​နောက်​ဆုံး (အိုကွာ လူမှမရှိ​တော့တဲ့​နောက်​ ခန့်​မှန်​းပြီးသာထည်​့လိုက်​​တော့ တစ်​ဖုံ ) ငြင်​းသံခုန်​သံ ဆူညံစွာနဲ့ တစ်​ခါတစ်​​လေများ ရန်​​တောင်​ထဖြစ်​မှာ စိုးရ​သေးတယ်​

    .မှတ်တမ်းမှတ်ရာအခက်အခဲဘယ်လောက်ဒုက္ခကြီးမယ်ဆိုတာခန့်မှန်းမိပါတယ်
    .အထူးသဖြင့် ဖန်မလီထရီးလည်းခက်မှာပါပဲ…အင်း.. :b:

  • တောင်ပေါ်သား

    March 23, 2015 at 1:11 pm

    ကျုပ်လည်း လုပ်ရဦးမှာ ၊

    မိုးပွင့်စီမံချက်ကိုမျှော်နေတာ

    ကျုပ်အမေဘက်က ကျုပ်အဖိုးအဖွားကို သိပေမယ့်

    အဖေဘက်က အဖိုးအဖွားကို မသိ ၊ ကောင်းလေ၏ ၊ ရမ်းကြိတ်ပစ်ဦးမှပါ ၊ 🙂

    • naywoon ni

      March 23, 2015 at 10:18 pm

      မိုးပွင်​့​နေတာဖြင်​့ကြာ​ပေါ့ ခုဆိုအဆင်​့ခွန်​ပြီးလို့ အထူးစီမံချက်​​တောင်​​ရောက်​​နေပြီ ခင်​ဗျားမှတ်​ပုံတင်​က​ပျောက်​သွားတာမို့လား ။ အဲ့ဒါဆိုရင်​​တော့ သက်​ဆိုင်​ရာရုံးကိုသာသွား​တော့ ​စောင်​့မ​နေနဲ့

  • Shwe Ei

    March 24, 2015 at 2:02 pm

    – ဒီပုံတိုင်းဆို မြန်တျန့်ပြည်ကြီးမှာ လူစာရင်း မဝင်သေးတဲ့သူတွေ..
    -အတော်များအုံးမယ်ထင်တယ်ဗျ..

    • naywoon ni

      March 24, 2015 at 8:57 pm

      သိပ်​ရှိတာ​ပေါ့
      တစ်​ချို့ဆို အသက်​​လေးငါးဆယ်​ထိ မှတ်​ပုံတင်​ ( နိုင်​ငံသား) ကတ်​မရှိဘူး ။ တစ်​ရက်​ Fb ထဲမှာ​တောင်​ အသက်​ ၈၆ နှစ်​ရှိမှ မှတ်​ပုံတင်​ရတယ်​ဆိုလား ​တွေ့လိုက်​​သေးရဲ့

  • Mr. MarGa

    March 26, 2015 at 9:43 am

    ရွှေပြည်ကြီးမှာ
    နိုင်ငံသား ဖြစ်ဖို့လည်း မလွယ် (ပုံမှန်နည်းနဲ့သွားရင်)
    နိုင်ငံသား အခွင့်အရေး အပြည့်အဝရဖို့က ပိုလို့တောင် မလွယ်…
    လူ့အခွင့်အရေးလား
    အင်းးးးးး
    ….

Leave a Reply