ကြိုမှာလား ကျိုမှာလား-How ?

ရြာခ်စ္သူMarch 22, 20151min17516

မောင်စွမ်းရည် – အရပ်သား လူယောင်ဆောင်တဲ့ ဘီလူး
(မိုးမခ) မတ် ၁၈၊ ၂၀၁၅

အရပ်သား တဲ့ …
ဘောင်းဘီကိုချွတ်
ပုဆိုးဝတ်လဲ
မချွတ် သေနတ်ပါတကား။

လူယောင်ဆောင်တဲ့ ဘီလူး …
လူတွေနဲ့ ရော
လူလို ပြောလဲ
အစွယ် ငေါငေါ သာတကား။

၂၀၁၅ မတ် ၃၊ ညသန်းကောင်ကျော်

 

ကျုပ်က စာမရေးတတ်ဘူး။ ဖတ်တာတော့ ဖတ်တတ်တယ်။

ရွာဆိုတာလေးကို ကြိုက်လို့ ဝင်လာတာ။

ဒီရွာကို ရှာတွေ့တာ မကြာသေးဘူး။

ဒီနေ့မတိုင်ခင် ၅ရက်လောက်က သိချင်တာလေးရှိလို့ ဂူဂဲမှာ ရှာရင်း ဒီရွာလေးကို တွေ့ခဲ့တာ။ သုံးလေးရက်လောက် စောင့်ကြည့်နေမိပြီးမှ ကျုပ်လည်း ရွာသားဖြစ်ချင်လာလို့။

ကျုပ်ကြိုက်တဲ့ ကိုစွမ်းရည်ရဲ့ ကဗျာတစ်ပုဒ်ကို ပြန်တင်လိုက်တယ်။

ကျုပ်ကိုယ်တိုင်က စာရေးတတ်သူမဟုတ်လေတော့ သူများရေးတာထဲက

ကျုပ်သဘောတွေ့မိတာတွေရှိရင် ပြန်ပြောပြမယ်။

ကျုပ် ရွာထဲဝင်လာတယ်။

ကြိုကြမှာလား ကျိုကြမှာလား

 

 

16 comments

  • ရွာချစ်သူ

    March 22, 2015 at 5:23 pm

    အခုထိလည်း ကြိုတဲ့သူတယောက်မှ မတွေ့သေးပါလား။
    ကျုပ်တင်လိုက်တဲ့စာက တခြားသူတွေတင်ထားသလိုလဲမပေါ်ပါလား

  • ခင်ဇော်

    March 22, 2015 at 6:33 pm

    ကြိုဆိုပါတယ်
    ပြန်သာ ထွက်မသွားးနဲ့
    sunday က လူနည်းးလို့
    နက်ဖြန်လာပါလိမ့်မယ်..
    :mrgreen:

  • naywoon ni

    March 22, 2015 at 7:35 pm

    ကြိုလဲကြိုမယ်​ ။ ကျိုလည်​း ကျိုမယ်​ဗျာ ။ ဟုတ်​လား ။ ရွာသားတစ်​​ယောက်​ဖြစ်​လာမှ​တော့ အားလုံး လက်​​ရေတစ်​ပြင်​တည်​းပါပဲ ။ ဟုတ်​တယ်​​နော်​ ရွာသားများ ။ ကိုယ်​့လူ​တွေကိုယ်​လဲ ပြန်​​မေးကြည်​့ရ​သေးတယ်​ ။ 🙂

  • Ma Ma

    March 22, 2015 at 7:57 pm

    ဆရာအော်ပီကျယ်က သူတို့ကာတွန်းရေးသူဘဝမှာ လက်ရေးကြည့်ပြီး ကာတွန်းဆွဲတတ်သူကို ရှာပုံတော်ဖွင့်ခဲ့ရတယ်လို့ ပြောတယ်။

    ခုလည်း ကြိုမှာလား ကျိုမှာလား ဆိုကတည်းက သတ်ပုံဂိုဏ်းသားဖြစ်ရမယ်။ 🙂

  • Wow

    March 22, 2015 at 9:06 pm

    ကြိုကျိုပါအိ.. :mrgreen:

  • Mike

    March 23, 2015 at 9:28 am

    .ဝမ်းမလီးဝဲလ်ကမ်းပါဗျာ…မောင်စွမ်းရည်ရဲ့ကဗျာလေးက တိုတိုနဲ့ထိမိပါဘိ :))

  • Yae Myae Tha Ninn

    March 23, 2015 at 10:55 am

    ကြိုဆိုပါတယ်ဗျာ… Welcome ပါ… 🙂

  • Kaung Kin Pyar

    March 23, 2015 at 11:36 am

    ကြိုဆိုပါတယ်ရှင်….။ Sunday ဆို လူနည်းတတ်တာပါ….။ တင်သမျှစာတွေလဲ ကြည့်ပါမယ်…။ ကိုယ်တိုင်လဲ ရေးပါ…။ အားပေးလျှက်…
    :
    :
    :
    ကောင်းကင်ပြာ

  • ဗုံဗုံ

    March 23, 2015 at 11:43 am

    တူကဖြင့်မုန့်လေးဘာလေးနဲ့မလာဘဲနဲ့
    မကျိုတဲ့သူအပြစ်လား.. :mrgreen:

  • Alinsett@Maung Thura

    March 23, 2015 at 11:50 am

    ကျိ ု မှာပါ…အရေ (အရည်) ပျော်စေရမယ် စိတ်ချ

    :buu:

  • တောင်ပေါ်သား

    March 23, 2015 at 12:22 pm

    ကျိုဦးမှာ 🙂

  • kai

    March 23, 2015 at 1:51 pm

    ကျုပ်ကိုတော့ ဆရာစွမ်းအောက်က ကဗျာလေးပေးထားရဲ့..
    ဒီလသတင်းစာထဲပုံနှိပ်ဖေါ်ပြထား…။
    =
    ”ငါ လူအို”

    နားက အတု
    သွားက အတု
    မျက်လုံးအတုနဲ့ လူအိုပါ ။

    ဒါပေမဲ့ …
    ဦးနှောက်အတု
    နှလုံးအတု
    သွေးအတုနဲ့
    လူသားအတု မဟုတ်ဘူး။

    မောင်စွမ်းရည်
    ၂၀၁၅၊ မတ် ၁၃

  • Mr. MarGa

    March 23, 2015 at 7:17 pm

    ကြိုကြိုတင်တင် ပြောပြီးဝင်လာတာမဟုတ်တော့
    ကြိုဆိုရေး မလုပ်လိုက်ရဘူးဖြစ်သွားသဗျာ
    ကြိုဆိုပါသဗျ

  • ရွာချစ်သူ

    March 26, 2015 at 12:24 pm

    ကြိုကြတာတွေ့တော့ ဝမ်းသာတယ်ဗျို့။

  • padonmar

    March 26, 2015 at 9:26 pm

    ကိုကိုလာမယ်ဆိုလို့ ကာဖီရေ တွေ ကျိုလို့ ဆိုတဲ့ သီချင်း သတိရမိပါတယ်။
    ကြိုဆိုပါတယ်။
    ရွာသူားလုပ်ရင် စိတ်မဆိုးကြေးနော်.

Leave a Reply