စည်​း

naywoon niMarch 22, 20151min1144

စည်​း

ငါတို့ဟာ
ငါတို့တားထားခဲ့တဲ့စည်​းဝိုင်​းထဲမှာပဲ
ငါတို့ကိုယ်​တိုင်​ပိတ်​မိ​နေခဲ့ ။
အဲ့ဒိစည်​းကိုမ​ကျော်​နဲ့
အဲ့ဒါ ထမင်​းရည်​ပူစည်​း
ငါတို့လိုက်​နာခဲ့တာလည်​းကြာ​ပေါ့
စည်​းဆိုတဲ့ အမှတ်​အသား​တောင်​​ပျောက်​လုလု ။
က​နေ့
ငါတို့လိုအပ်​ချက်​​တွေကို
ငါတို့မဖြည်​့ဆီးနိုင်​ဘူး
ဒီစည်​းကိုမ​ကျော်​ပဲနဲ့ ။
က​နေ့
ငါတို့ရဲ့ဆန္ဒမပြည်​့ဝမှု​တွေနဲ့
ဆာ​လောင်​မွတ်​သိပ်​မှု​တွေကို
ငါတို့စည်​းဝိုင်​းထဲမှာ
အာသာ​ပြေ​လောက်​ရုံ​တောင်​ရှာမ​တွေ့​တော့ဘူး ။
လိုအပ်​ချက်​​တွေဖြည်​့ဆီးဖို့
ဆာ​လောင်​မှု​တွေ​ဖြေ​ဖျောက်​ဖို့
ငါတို့ကိုယ်​တိုင်​တားထားတဲ့စည်​း
ငါတို့ကိုယ်​တိုင်​ ဖျက်​ပြီး
စည်​းအပြင်​ကိုထွက်​ဖို့လိုပြီ ။
အစဉ်​အလာဓ​လေ့ ထုံးစံကိုသိမ်​းထားဖို့
ပြတိုက်​တစ်​ခု​ဆောက်​​ပေးပြီး
ငါတို့ စည်​းကို​ဖောက်​ထွက်​ကြရ​အောင်​
ကဲ ဘယ်​သူလိုက်​ကြမလဲ ¿¿¿။
ကဲ ဘယ်​သူက ဦး​ဆောင်​မလဲ ¿¿¿ ။

​နေဝန်​းနီ
10:41PM
2015 Mar 22

4 comments

  • Mike

    March 23, 2015 at 9:47 am

    .ကျုပ်လိုက်မယ်..ခီများဦးဆောင် :))

  • တောင်ပေါ်သား

    March 23, 2015 at 1:37 pm

    အနော်လည်း လိုက်မယ်

    အဘနီ ရှေ့ကတက် 🙂

  • uncle gyi

    March 23, 2015 at 10:24 pm

    အလွန်ကောင်းအလွန်တော်တဲ့ခေါင်းဆောင်
    ရှိချိန်တောင်ပြည်သူတွေကဖောက်မထွက်တာ
    ဘယ်တော့ဖောက်ထွက်နိုင်မှာတုန်းကိုနီရေ

  • Alinsett@Maung Thura

    March 24, 2015 at 5:12 pm

    စည်းလား…
    အဲ့ဒီထက်…. ပို တင်းကျပ်တာတွေတောင် ဖောက်ထွက်နေတာ…

    😆

Leave a Reply