( ယမ်းငွေ့များဖြင့် ပြယ်စေချင် )

တဝုန်းဝုန်း တဒိုင်းဒိုင်း

မုန်တိုင်းရိုင်းကြီးပမာ

မနောမြေမဟာဆီက တိုက်ပွဲ

အလဲလဲ အကွဲကွဲ

အသည်းနာရတဲ့အဖြစ်

ပစ်နေကြတာက ကိုယ့်အချင်းချင်း

စစ်တလင်းကြားက မြေဇာပင်

ကချင်ပြည်က စစ်ပြေးများ

ရစ်ထွေးထားတဲ့ ဒုက္ခတွေအောက်

အားလုံးကို ကြောက်နေရ

တဖြောက်ဖြောက်ကြွေနေတဲ့ အသက်တွေ

အနှစ်မရှိလေတဲ့ ငြိမ်းချမ်းရေး စကားဝိုင်း

နေပြည်တော်တိုင်းမှာ လက်ဆွဲလို့နူတ်ဆက်

ကျုပ်တို့မြေဘက်မတော့ ဗုံးကြဲ

ကဲ  ကောင်းကြသေးရဲ့ လား

အမုန်းတရားအတွက် အပြုံးများပျက်

အသက်တွေ စတေးသွား

ဝေးဝါးဝါး အနာဂတ်အတွက်

ဘာဆက်လုပ်ကြဦးမည်နည်း ၊၊

4

13 comments

  • Kaung Kin Pyar

    March 23, 2015 at 3:49 pm

    ဒီကဗျာလေး ဖတ်ရတော့ ဆရာခိုက်ရဲ့ ဒီစစ်ပွဲပြီးရင် ကျောင်းပြန်တက်ချင်တယ် ဆိုတာလေး သတိရသွားတယ်…။
    ယမ်းငွေ့တွေ ပြယ်ပါစေ…
    🙁

  • Wow

    March 23, 2015 at 4:11 pm

    ကိုယ့်သွေးချင်းတွေ ဒီလိုဒုက္ခခံနေရတော့ အူးမျိုးလဲ စိတ်ကောင်းမှာမဟုတ်ဘူး… တွေ့ဖူးသလောက် တိုင်းရင်းသား တော်တော်များများက စိတ်ထားဖြူစင်ရိုးသားကြတယ်.. စစ်တပ်နဲ့ တရုပ်ကြား အသုံးချခံ ဖြစ်နေတာ စိတ်မကောင်းပါဘူး 🙁

    • တောင်ပေါ်သား

      March 23, 2015 at 4:27 pm

      ကောင်းကင်ပြာ နဲ့ WOW ရေ

      ကလေးတွေက စာမသင်ရ

      လူကြီးတွေမှာလည်း အိုးပစ်အိမ်ပစ်နဲ့ စီးပွားပျက်

      မြင်ရချက် မသက်သာလွန်းလို့ပါ

      ဒီနောက်ကွယ်မှာ အသပြာအတွက် ၃ ဘက်လုံး ပါနေကြတယ်

      ( စစ်တပ် + ကေအိုင်အေ + သောက်တရုတ် )

      🙁

  • naywoon ni

    March 23, 2015 at 7:02 pm

    အင်​း ဘယ်​လို​ပြောရမှန်​း​တောင်​မသိ ။ တစ်​ခါက နံမယ်​ကြီး ဝတ္ထု တစ်​ပုဒ်​နာမယ်​က ” ကိုယ်​့ဘက်​က ကြည်​့​တော့ သူရဲ​ကောင်​း ……………..” ကျုပ်​က​တော့ သုံးဖက်​စလုံး သစ္စာ​ဖောက်​​နေတာလို့ပဲ မြင်​တယ်​ ။ မြန်​မာပြည်​ကို အဝီစိ ဆွဲချ​နေကြတာ ။ 🙂

  • uncle gyi

    March 23, 2015 at 9:58 pm

    တရုတ်ကစည်းအပြင်ကလူ
    တကယ်ကကိုယ့်ပြည်တွင်းကလူတွေက
    အဓိက
    ကချင်ကောဗမာကော
    ခေါင်းဆောင်တွေကိုယ့်တိုင်ပြည်
    ကောင်းစားရေးဆိုပြီးမတွေးပဲ
    ကိုယ့်အမျိုးကောင်းစားရေးပဲ
    တွေးနေသမျှ
    ငြိမ်းချမ်းရေးဂျိုးငှက်နားစရာသစ်ပင်
    ပျောက်နေအုန်းမှာ

    • naywoon ni

      March 23, 2015 at 10:28 pm

      အဲ့ စည်​းအပြင်​က တရုပ်​က ကစားကွက်​ကို အဓိက ပုံ​ဖော်​​ပေး​နေတာ ။ အသိဉာဏ်​မဲ့တဲ့သူ​တွေက အမိန်​့​ပေး ပြီး အ​သေခံ တိုက်​ခိုင်​း​နေကြတာ ။

    • တောင်ပေါ်သား

      March 24, 2015 at 9:52 am

      အခုု ဒုက္ခများတဲ့ နေရာတွေဟာ
      လိုင်ဇာ ၊ လောက်ကိုင် တရုတ်နယ်စပ်
      မြန်မာငွေ သုံးမရတဲ့ မိုင်းလားကလည်း တရုတ်နယ်စပ်ပဲ ၊
      လိုင်ဇာမှာ ဗမာစကား ကချင်စကားတွေ အဆင်ပြေသေးပေမယ့်
      ဟို ၂ နေရာမှာက တရုတ်ပိုက်ဆံ တရုုတ်စကားပဲ ၊
      ကရင်ဘက်မှာက ဘာပဲဖြစ်ဖြစ် အတော်အေးသွားပြီ
      မငြိမ်းချမ်းနိူူင်သေးတာ ဒီတရုတ်နယ်စပ်တွေ ၊
      ဘာကြောင့်လဲ ? ဒီမအေပေးတရုတ် ရှုပ်နေတာ ၊ 🙁

  • naywoon ni

    March 23, 2015 at 10:25 pm

    ၂၂ရက်​​နေ့ည​နေက စစ်​ကား အစီး၂၀၀​ကျော်​နဲ့ စစ်​သည်​ ၄၀၀၀​ကျော်​ ထပ်​တိုး​ပေးပြီး ၂၇-၃- ၂၀၁၅ ​တော်​လှန်​​ရေး​နေ့ ကိုးကန်​့​ဒေသကို သိမ်​းဖို့ အမိန်​့ထုတ်​ထားသည်​ဆိုပဲ ။ ဖွဘုတ်​သတင်​းအရ​ပြောတာ​နော်​ ။ ​နောက်​သတင်​း တစ်​ခုက သငန်​း​ကျောင်​းရှိတဲ့​နေရာ​တွေမှာ ညတိုက်​ပွဲ ​လေ့ကျင်​့ခန်​း ​တွေ အဆက်​မပြတ်​ပြုလုပ်​​နေတဲ့ အတွက်​အနီးရှိလူများ ထိတ်​လန်​့​နေပါသတဲ့ ။

  • lu lu

    March 23, 2015 at 10:28 pm

    ယမ်းငွေ ့နဲ့အတူ ကျောင်းတွေပါပျောက်ကုန်မှာလား
    စိုးရိမ် မိတယ်

  • kai

    March 23, 2015 at 11:24 pm

    ဦးနုက.. နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာပါလို့.. ထလုပ်လို့.. ကေအိုင်အေမွေးဖွားပြီး.. ကချင်တိုင်းရင်းသားတွေတော်လှန်ရေးစခဲ့ရဖူးပြီ…

    အခုကလည်း.. ဗမာတိုင်းရင်းသားတွေက.. မြစ်ဆုံအရေးကို သွားစွက်ဖက်တာကစတာပါ..။
    ကျုပ်အထင်မမှားရင်.. ..ဒီတခေါက်လက်မည်းက.. စီအိုင်အေဗျ..။ :k:

    အချိန်ဇယား Timeline လေးများဆွဲကြည့်စေချင်..။
    http://myanmargazette.net/54794

    New outbreak of violence in 2011-2012
    See also: 2011–2012 Kachin Conflict

    In 2011 General Sumlut Gun Maw confirmed the renewal of fighting in the state of Kachin for independence.[6][7] One of the new reasons for ending the ceasefire was the creation of the Myitsone Dam, which requires the submergence of dozens of villages in Kachin state.[8]

    The 2011–2012 Kachin Conflict in 2011 had displaced between 35,000 and 75,000 people and killed hundreds.[9]

  • ခင်ဇော်

    March 24, 2015 at 12:41 pm

    ငြိမ်းချမ်းရေး အကြောင်း ပြောနေရသ၍ မငြိမ်းချမ်းသေးဘူးဆိုပဲ။

    😥

  • Alinsett@Maung Thura

    March 24, 2015 at 4:24 pm

    အနာဂတ်အတွက် ပြာကို် ကုန်ကြမ်းလုပ်ပြီး ထုတ်လုပ်မယ့် ပစ္စည်းစက်ရုံတွေ လျာထားရင်ကောင်းမယ်

    :buu:

    • တောင်ပေါ်သား

      March 25, 2015 at 1:46 pm

      အခုထိ တိုက်နေတုန်းပဲ တဲ့ ၊

      ဒုက္ခသည်တွေကို သနားတာ ၊

Leave a Reply