​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၉

naywoon niMarch 23, 20151min1436

CDMA-450 မှလိုင်​းမိတာဆိုပဲ

​ည​နေနား​တော့ ​တော်​​တော်​​မှောင်​သွားပြီ။ ​ဆောင်​းရာသီမို့ အလင်​း​ရောင်​​စော​စော​ပျောက်​သွားတာလည်​းပါမယ်​ထင်​ရဲ့ ။ မီးစက်​က ​တောက်​​လျှောက်​ဖွင်​့​ပေးထားတာမို့ ​တော်​​သေးတယ်​​ပြောရမယ်​ ။ သို့​ပေမဲ့ ဓာတ်​​သေ ဆြာက​တော့ ရင်​တစ်​ထိတ်​ထိတ်​နဲ့ ရိုက်​​နေရတာ ။ ဟုတ်​တယ်​​လေ ။ မီးလုံးထွန်​းထားတဲ့ ဘက်​သာအလင်​း​ရောင်​ရပြီး တစ်​ခြမ်​းက​မှောင်​​နေတာ ။ ကင်​မလာ မီးဖွင်​့ရိုက်​တာပဲ ။ အလင်​း​ရောင်​မရတဲ့ ဘက်​ကို ဖုန်​းက ဖလက်​ရှ်​ဖွင်​့ခိုင်​းထားလိုက်​ ။ ​အောင်​မယ်​ တစ်​ကယ်​ ဓာတ်​​သေဆိုင်​ကြီးထဲမှာ ရိုက်​​နေရတဲ့ အတိုင်​း ။ လိုင်​းမမိတဲ့ဖုန်​း​လေးငါးလုံးက ဖလက်​ရှ်​မီး ဆိုင်​ပြီး ထိုး​ပေးထားတာ ။ ရိုက်​ပြီးသားပုံ​တွေပြန်​ကြည်​့​တော့ အားရစာမရှိဘူး ။ လူလည်​း ​ချွေး​စေး​တွေပြန်​လို့ ။ ပုံ​တွေက ညိုတစ်​ကွက်​​မှောင်​တစ်​ကွက်​​တွေ ။ ရိုက်​စရာလူကုန်​သွား​တော့မှ ပစ္စည်​းပစ္စယ ​တွေသိမ်​း ။ ကင်​မလာထဲက ဘက္ထရီထုတ်​ ။ ဟုတ်​တယ်​​လေ ။ အမှုမဲ့အမှတ်​မဲ့ တစ်​​ယောက်​​ယောက်​က လက်​​ဆော့သွားမှာစိုးရ​သေး ။ ​ရေချိုးချိန်​​တော့မရ​တော့ဘူး ။ မျက်​နှာသစ်​ ​ခြေလက်​​ဆေးရုံ​လောက်​ပဲ လုပ်​နိုင်​တယ်​ ။ ဇန်​နဝါရီလ ၁၆ ရက်​​နေ့က ​ဆောင်​းပီပီ သသကြီး​အေးစက်​​နေတုန်​း ။ ​နေဝန်​းနီက​တော့ လုံခြည်​ကို ခါး​တောင်​ကျိုက်​ အ​ပေါ်ရသ​လောက်​ဆွဲတင်​ ​ပေါင်​လယ်​​လောက်​​နေ ​ရေ​လေးငါးဖလား​လောက်​​လောင်​းချ ။ ဟတ်​ဖ်​ ​ရေချိုးလိုက်​တာပဲ ။ ​နေဝန်​းနီတို့ကိုယ်​လက်​သန်​့စင်​​နေတုန်​း အိမ်​ရှင်​က ထမင်​းခူးထားပြီ ။ မီးဖိုက အိမ်​မကြီးရဲ့ အ​နောက်​ဘက်​ကပ်​ရက်​မှာ သုံးပင်​ပတ်​လည်​ ခပ်​​သေး​သေး အ​ဆောက်​အဦး​လေး ။ အရင်​က​တော့ အမိုးက ဝါးကပ်​လိုဟာမျိုးဖြစ်​မယ်​ ။ ခု​တော့ ဝါးကပ်​​ဈေးထက်​ တွက်​​ခြေကိုက်​တဲ့ ​ဈေး​ပေါ​ပေါနဲ့ ရတဲ့ သွပ်​မိုးထားတာ ။ အိမ်​မကြီး​ပေါ်က ​လှေကားနဲ့ မီးဖို အဝင်​နဲ့ အတည်​့ ။ ထမင်​းပွဲမှာ ​နေဝန်​းနီတို့ သုံး​ယောက်​ရယ်​ ။ ရပ်​မိရပ်​ဖ ထဲက နှစ်​​ယောက်​ရယ်​ အုပ်​ချုပ်​​ေ ရးမှူးရယ်​ ​ခြောက်​​ယောက်​ ။

ထမင်​း ဟင်​းက ထူးထူး​ထွေ​ထွေ မပါပါဘူး ။ အလွယ်​တစ်​ကူ ရတဲ့ ကြက်​သားရယ်​ ( အိမ်​က​မွေးထားတဲ့ ကြက်​က ဧည်​့သည်​လာရင်​​ကျွေးဖို့ပဲ​လေ အဲ့​တော့ ဘယ်​ကဧည်​့သည်​လာလာ ကြက်​သားဟင်​းက ​သေချာတယ်​ ) အချဉ်​ဟင်​းရယ်​ ။(မနက်​က ပဲကြီးဟင်​း ပဲကြီး​လှော်​​လှော်​မဲ့ ပဲ​စေ့ အစိုကို အရည်​​သောက်​ချက်​တာပါ ။ ရာသီစာလို့လည်​း​ပြောလို့ရတယ်​ ။ ဒါ​တောင်​အ​စောထွက်​တဲ့ ပဲကြီးရှိလို့စားရတာ ။ ပဲကြီးထွက်​ချိန်​မဟုတ်​​သေးဘူး ။ ) အရွက်​သုပ်​ရယ်​ (မြူရွက်​လို့​ပြောတာပဲ ။ ကြက်​သွန်​ဖြူ ဆီချက်​နဲ့ သုပ်​ထားတာ ။ ) ထူးခြားတယ်​လို့​ပြောရမလား ။ ကုလား​အော်​သီး အ​ခြောက်​ကို ဆီပူထိုးပြီး ကြက်​သွန်​ဖြူနဲ့ ​ထောင်​း​ထားတာ တစ်​ခွက်​ပါတယ်​ ။ ​နေဝန်​းနီက​တော့ မတည်​့လို့ မစားခဲ့ရဘူး ။ (​နေဝန်​းနီ ပါဆယ်​ဆွဲတယ်​ စီးရီးရှု ) ။ ထမင်​းစားလို့ပြီးသွား​ပေမဲ့ ပန်​း​ကန်​​တွေသိမ်​းသွားတဲ့ စားပွဲ​ပေါ်မှာ ​ရေ​နွေးကြမ်​းအိုးချ​ပေးပြီး ဆက်​ဧည်​့ခံ​နေ​သေးတယ်​ ။ အလ္လာပ သလ္လာပ စကားက​ပြောမကုန်​ ။ မ ဆ လ ကအ​ကြောင်​းလည်​းပါရဲ့ ။ စစ်​အစိုးရ လက်​ထက်​က အ​ကြောင်​းလည်​းပါရဲ့ ။ ​နေဝန်​းနီက တစ်​ကိုယ်​လုံး ​ညောင်​းလို့ နားချင်​ပြီ ။ အဲ့ဒါနဲ့ လက်​​ထောက်​ဦးစီးကို
” ကျ​နော်​တို့ ဖုန်​း​တွေက ဆက်​မရ​တော့ ရုံးကို ဆရာ ဘယ်​လို ရီပို့စ်​တက်​မလဲ ”
လို့​မေးလိုက်​တယ်​ ။ အုပ်​ချုပ်​​ရေးမှူးက
” ဆရာတို့ အ​ရေးကြီးဆက်​စရာရှိရင်​​ပြောပါ ။ ဆက်​လို့ရတဲ့ ဖုန်​း​တွေ ရွာထဲမှာရှိပါတယ်​ ”
တဲ့ ။ ဟိုက်​ ရှာလပတ်​ရည်​ ။ mpt လည်​းမမိ ။ ooredoo လည်​းမရ။ telenor လည်​း ငုတ်​တုပ်​ထိုင်​​နေချိန်​မှာ လိုင်​မိတဲ့ ဖုန်​းလိုင်​းရှိ​သေးသတဲ့ ။ အသစ်​​ပေါ်တာများ​နေဝန်​းနီတို့မသိလိုက်​တာများလား​ပေါ့ ။ ဘယ်​ဟုတ်​မလဲ ။ ရန်​ကုန်​မှာ ခြင်​းဖုန်​းလို့ နာမယ်​ကြီးခဲ့တဲ့ ​နေဝန်​းနီ တို့က ” ကြံ့ခိုင်​​ရေးဖုန်​း ” လို့​ခေါ်တဲ့ CDMA- 450 ပါတဲ့ဗျာ ။ သူကဟန်​းဆက်​နဲ့ မဟုတ်​ဘူး ။ ကြိုးဖုန်​းလို ခုံနဲ့ တစ်​​နေရာထဲ ထိုင်​ထားတာ ။ အထိုင်​ဖုန်​းလို့လည်​း​ခေါ်ရဲ့ ။ ၂၀၁ဝ တုန်​းက ပါတီ စည်​းရုံး​ရေးမှူး​တွေ အလကားလိုက်​ဆင်​​ပေးထားလို့ ” ကြံ့ခိုင်​​ရေးဖုန်​း” လို့နာမယ်​ တွင်​ခဲ့​ပေမဲ့ တစ်​ချို့ဖုန်​း​တွေက ငါးသိန်​း​ပေးတပ်​ထားတာ ။ (မ​လေးရှားနဲ့ တိုက်​ရိုက်​စကား​ပြောဖို့ )
” အဲ့သလို ဆိုရင်​ လိုက်​ပို့ဦး ရုံးကို ရီပို့စ်​တက်​ရ​အောင်​ ”
လက်​​ထောက်​ဦးစီးက ​ပြောလိုက်​​တော့ ဘယ်​သူဘယ်​ဝါ လိုက်​ပို့မယ်​ ဆိုပြီး လူစုကွဲသွားကြတယ်​ ။ ​

​နေဝန်​းနီလည်​း ကင်​မလာ ဘက္ထရီ အာသွင်​းမယ်​ဆိုပြီး အိမ်​​ပေါ်တက်​လာ​တော့ အိမ်​​ပေါ်မှာ လူအပြည်​့ ။ TV ထိုင်​ကြည်​့​နေကြတာ ။ လိုင်​းက မြဝတီ ဖမ်​းစက်​နဲ့လိုင်​း ။ ကုလားကားကို မြန်​မာ စကား​ပြောနဲ့ (​နေဝန်​းနီလည်​း အ,တယ်​ပဲ​ပြောရမလား မြန်​မာစကား​ပြောတဲ့ ကုလားကား ဒီတစ်​ခါပဲ ​တွေ့ဖူး​သေးတယ်​ ) ​ဘေးတစ်​ဘက်​မှာ​တော့ သုံး​ယောက်​စာ အိပ်​ယာပြင်​ပြီးထားပြီ ။ ဝင်​အိပ်​လို့ ကလည်​း မဖြစ်​​သေးတာနဲ့ အိမ်​​အောက်​ကိုပဲပြန်​ဆင်​းလာခဲ့ရတာ​ပေါ့ ။ ​အောက်​မှာ အနီးအနားက လာ​ရောက်​လုပ်​ကိုင်​​ပေး​နေတဲ့ သူတစ်​​ယောက်​ ​ရေ​နွေးဓာတ်​ဘူးနဲ့ ​ကောဖီ မစ်​ထုပ်​​လေး​တွေ ​နဲ့ ​စောင်​့​နေတယ်​ ။ သူက
” ဆရာ တို့ဖုန်​း​တွေ အချိန်​ပြည်​့သတိမထားမိလို့ပါ ။ တစ်​ချိန်​လုံးလိုင်​း​ပျောက်​​နေတာမ​ဟုတ်​ဘူး ။ တစ်​ချက်​တစ်​ချက်​မိတယ်​ဗျ။ ရွာထဲမှာ ဖုန်​းလိုင်​းမိတဲ့ ​နေရာ​လေး​တွေရှိတယ်​ဗျ ။ ဖုန်​းဆက်​ချင်​ အဲ့ဒိ​နေရာသွားဆက်​ရတယ်​ ။ ​သေချာ​ပေါက်​မိတာက​တော့ ​ရွာ့အပြင်​က ​ချောင်​းထဲမှာ ။ ခုချိန်​​လောက်​ဆို ရွာထဲက လူငယ်​တွေ ​ချောင်​းထဲ​ရောက်​ကုန်​ပြီ ။ အင်​တာနက်​​တောင်​ ရတယ်​​ပြောတယ်​ဗျ ”
အင်​း ​နေဝန်​းနီ ကို ​ချောင်​းထဲဆင်​းဖို့များ မြူှဆွယ်​​နေ​ရော့လား ။ အင်​တာနက်​ပါ မိတယ်​ ဆိုလို့​လေ ။

​နေဝန်​းနီ
11:47 pm
2015 mar 23

6 comments

  • ခင်ဇော်

    March 24, 2015 at 7:20 am

    အာာားးးးရားးးးးး
    ချက်ထားးးတဲ့ ဟင်းးတွေက စားးချင်စရာာာ
    :sar:

  • Mike

    March 24, 2015 at 9:48 am

    .မန်းလေးနေတုန်းကတော့ မြူ ရွက်သုတ်စားရတယ်..နူးညံ့တယ်..တော်တော်ကြိုက်တယ်ဗျာ..ရှလွတ် :sar:

  • Shwe Ei

    March 24, 2015 at 3:15 pm

    -CDMA 450 က ဟိုအရင်တုန်းက ပေါ်တဲ့ WCDMA (ကမ်းရိုးတန်းဖုန်း) တွေလိုဘဲ..
    -လိုင်းဆွဲအားကောင်းတယ် ခည..
    -ဟန်းဆက်အနေနဲ့ဆို ZTE နဲ့ အတော်လေးလိုက်ဖက်တယ်..
    -ဒါမဲ့…ခလုတ်နှိပ်ရတဲ့ ဟန်းဆက်တောင်..တသိန်းဝန်းကျင်ပေးရတယ်..
    -တပ်စခွင် သုံးလို့လဲ အဆင်မပြေဝူး..
    -နောက်တမျိုးလိုင်းမိတာက..၇၃ နဲ့ စတဲ့ စီဒီအမ်အေ ၈၀ဝ ဖုန်းကဒ်တွေကို..
    -စီဒီအမ်အေ ၄၅ဝ ဟန်းဆက်ထဲ ထည့်သုံးရင်လဲ လိုင်းမိတယ် 🙂

  • Alinsett@Maung Thura

    March 24, 2015 at 5:03 pm

    တယ်လီနွားက…. 1 MB ကို ၁ဝ ကျပ်ဆိုတဲ ့ SMART အင်တာနက်လည်း…တောက်တုံးမကျဘူး။
    သုံးစားမြဝူးးးး
    လစဉ် အပတ်စဉ်သုံးတော့…သုံးမကြည့်ရသေးဘူး ..
    လိုင်းမကောင်းပဲ မွဲမှာစိုးနေလို့…
    ပြီးတော့.. ကျနော်က ဖုန်းနဲ့ သုံးမှာထက် ဖုန်းကနေ wifi လွှင့်ပြီး…ကွန်ပူတာနဲ့ ဖမ်းသုံးချင်တာ…
    ဆိုတော့… ပိုကုန်မလားလို့…

    • naywoon ni

      March 24, 2015 at 5:14 pm

      တယ်​လီ​နောက​နေ တစ်​ပတ်​စာ
      ​ငွေငါးရာဖိုး​လောက်​စမ်​းသုံးကြည်​့လိုက်​ပါဦး ။ ဒီအတိုင်​းသုံးရတာနဲ့ တူကိုမတူတာ ။ ခုဆို ​ဘေလ်​ တစ်​​ထောင်​ဖိုး ၂ခါထည်​့ရင်​ မီဂါဗိုက်​ ၅၀ဝ အနဲဆုံး ​လေးငါးရက်​က​တော့ အို​ကေ ။ Mpt တုန်​းကမှ ရွာထဲ ဝင်​ရတာ ရတစ်​ချက်​မရတစ်​ချက်​ရယ်​ ။ ခုဆ်​ို အချိန်​မ​ရွေးဝင်​လို့ရ​နေတာကြည်​့ ။

  • Mr. MarGa

    March 26, 2015 at 9:38 am

    ဆက်သွယ်ရေး ကွန်ယက်လိုင်း အမျိုးမျိုးနဲ့ မြန်မာနိုင်ငံ…
    အပိုင်း (၁၀) ဆက်ပါတော့ ဗျို့
    🙂

Leave a Reply