( မျှော်တလင့်လင့် )

တနင်္ဂနွေကလွဲ

အမြဲနေ့စဉ် တွေ့မြင်နေကျ

သူမမျက်နှာ အေးချမ်းပါဘိ

သူရှိနေသမျှ ကြည်စွနှလုံး

ပျော်ရွှင်ပြုံးသည်

ဟောဒီတစ်သက် ဆက်ဆက်မခွဲခွာ

ရှိပါလိုကြောင်း တောင်းဆုပြုသံ

သူ့ထံရောက်စေ သူသိစေ ၊

Photo1421

15 comments

  • Kaung Kin Pyar

    March 24, 2015 at 12:51 pm

    အူးမျိုးရေ့
    ဟို ဒက်စတော့ပေါ်က တစ်ယောက်ရော…ဘယ်ရောက်သွားပြီလဲငင်….။
    :k:

    • တောင်ပေါ်သား

      March 24, 2015 at 1:00 pm

      တစ်ခါက တစ်ဘဝ တဲ့ ၊

      ဂျင်းစိမ်း နဲ့ မိတ်သလင်

      သူကြင် မှ ကိုယ်ကြင်မပေါ့ကွယ် ၊

      မေတ္ထာတရားကို နားမလည်သူတွေအတွက်

      တန်ဘိုးထားစရာလည်း ဘာနေရာမှ ရှိလာမှာ မဟုတ် 🙂

  • naywoon ni

    March 24, 2015 at 1:24 pm

    ​မျှော်​မ​နေနဲ့
    ဗိုက်​ဆာရင်​ဝယ်​စား 🙂
    အဲ့ သူသိ​စေ့ချင်​ရင်​​တော့ ဖွင်​့​ပြောဗျ ။ ​ပေါ်တင်​ကြီး​တော်​မလုပ်​နဲ့ဗျ ။ မျှစ်​တို့ရဲ့ မာယာ အဲ့ ဒါ အနီးကပ်​ဆုံး( ကိုဘလက်​ ကြီးကိုဆရာတင်​ဗျာ ။ လိုအပ်​မယ်​ထင်​ရင်​ သူနဲ့ မိတ်​ဆက်​​ပေးပြီး ​အောင်​သွယ်​လုပ်​ ခိုင်​း သိလား ) 🙂
    fb ထဲမှာ​တော့ အဲ့လို (……..) နဲ့ ​ရေးထားရင်​ ကာယကံရှင်​ မမြင်​ရဘူး ဆိုလို့ ကိုဘလက်​​ရေ ခညားမမြင်​ဘူး မို့လား 🙂

    • တောင်ပေါ်သား

      March 24, 2015 at 1:32 pm

      ကိုဘလက်ဗျူဟာက ဟန်ပါ့မလားကိုယ့်ဆရာရဲ့

      ကချင်နုထွားကြီး sorrow ပြောသလို လက်ဖမ်းကိုင်ပြီး ရင်ဖွင့်ပလိုက်မယ်ဗျာ 🙂

      • sorrow

        March 24, 2015 at 2:20 pm

        ခုထိမကိုင်ရသေးဘူးလား ..ညံ့ပါ့ဗျာ… အဓိကက ဇ ဗျ… ဇ …
        ရဲရင့်သူတွေသာ အချစ်ခံရတယ်ဆိုတာ စကားပုံမဟုတ်ဘူး…ကိုယ်တွေ့ခင်ဗျ…. အဟိဟိ

        • တောင်ပေါ်သား

          March 24, 2015 at 2:29 pm

          ဟုတ်ကဲ့ပါ ဆရာရယ်
          ရဲဆေးတင်ပြီး ဆွဲလိုက်ပါ့မယ်

        • ဦးကျောက်ခဲ

          March 24, 2015 at 2:33 pm

          ကျောက်စ် ကိုဂျီးမြိုး အသီးကွဲရင်…
          မြှောက်ပေးတဲ့ ကချင်နုထွား တြားခံ…
          ဒီကြားထဲ ရဲကိုကိုပြောသလိုဆို… ဟမ်မယေး…
          :k:

        • တောင်ပေါ်သား

          March 24, 2015 at 2:46 pm

          ကိုကျောက်စ်ရေ
          MICT ဝင်းက ကျုပ်အပိုင်ပါ ၊ လုံခြုံရေးတွေက ဘော်ဒါ ၊
          ဒီတော့ကာ အဆောင်အပေါ်ထပ်တက်တဲ့ လှေကားမှာ
          ဆွဲလိုက်ရင် ( လက်ကိုပြောတာနော် )

          အင်းးးး အဆင်ပြေလောက်တယ် ၊ ဒုက္ခများရင်တော့ တရားခံ sorrow ပဲ ၊၊

          🙂

  • sorrow

    March 24, 2015 at 3:20 pm

    ဒီလိုခင်ဗျ…တစ်ဆင့်တော့လျော့လိုက်ပါအုံးမယ်.. အဟိဟိ
    သူဌေးဖြစ်အောင်လုပ်တဲ့နည်းလမ်းရှိတယ်ခင်ဗျ….မြှောက်ပေးတယ်ပေါ့ဗျာ …. အောင်မြင်တဲ့လူရှိသလို ..မအောင်မြင်တဲ့လူလဲရှိမှာပဲခင်ဗျ…. အခုကျော်ပြောတာက ကျော်အောင်မြင်ဖူးတယ်… လုပ်ကြည့်…
    ဖြစ်မဖြစ်ကတော့ ကိုယ့်ကံပဲ …. လုပ်ရဲရင် ရရင်ရမယ်..မရရင်မရဘူး … မလုပ်ရဲရင်တော့ ဘာဆိုဘားမှမရဘူး … အဟိဟိ…ပြောပြီးပါကော … ရဲရင့်သူတွေသာအချစ်ခံရတယ်လို့ …. 100 % အောင်မြင်မယ်မပြောဘူး…. အမငီး…ဒုက္ခများရင်တော့ တရားခံ sorrow ပဲ ..အောင်မြင်ရင်ကျတော့ ဘာလာမှာတုန်း…အဲ့ဆို…အဟိဟိ

    • တောင်ပေါ်သား

      March 24, 2015 at 3:32 pm

      အောင်မြင်ရင် ခင်ညားကိုပါခေါ် ၊ ဟိုလေယာဉ်မယ်လေးပါတဲ့လေယာဉ်ကိုစီးပြီး
      ငါတို့စုံတွဲက လကမ႓ာ အဲ အဲလေ မှားလို့ စင်္ကာပူမှာ ပျားရည်သွားသောက်မယ် ၊

      ပျားရည်ဆမ်းတာက ရိုးသွားပြီဟ ၊ 🙂

      • ဦးကျောက်ခဲ

        March 24, 2015 at 3:58 pm

        ဟမ်မယေး… တတိယအရွယ်၏ ဒုတိယဝေဒနာ… ဟုတ်ပေါင်…
        ဒုတိယအရွယ်၏ တတိယဝေဒနာကလည်း လန်ထွက်နေတာပဲ…
        အားပေးဒယ် ကိုဂျီးမြိုး… အားဟိ
        :k:

      • sorrow

        March 25, 2015 at 1:24 pm

        Marina bay sandsထိပ်က ရေကူးကန်မှာ … ပျားရည်ခွက်လေး ကိုယ်စီကိုင်ပြီး …ကြည်နူးဖို့ကောင်းလိုက်မယ့်အမျိုး ….အဟိဟိဟိ ..

        အစ်ကို..အိပ်မက်ကကြီးတာသေးတာ အရေးမကြီးဘူး..မက်ရဲဖို့က အဓိက …

        • တောင်ပေါ်သား

          March 25, 2015 at 1:33 pm

          ဟုတ်ကဲ့ပါ ဆရာခင်ဗျာ 🙂

  • Alinsett@Maung Thura

    March 24, 2015 at 4:19 pm

    ဟောဒီတစ်သက် ဆက်ဆက်မခွဲခွာ
    ရှိပါလိုကြောင်း….

    ဆိုတော့ … ကျနော့်ကို မခွဲသွားရဘူးနော်..
    :k:

    အန်တီ မေနှင်းကိုလည်း မေးလိုက်ဦး…ဆက်ဆက်ကို လမ်းတွေ့ရင် ဂဲနဲ့ လိုက်ထုချင်နေသေးလားလို့..

    :k:

    • တောင်ပေါ်သား

      March 24, 2015 at 4:27 pm

      မားသားက အင်းတော် ဗန်းမောက်ဘက် ဟောပြောပွဲထွက်နေတယ် ၊
      အပြန် မန္တလေးမှာ နိူဘယ်မြန်မာဟောပြောပွဲဆိုလား ဝင်ရဦးမှာ
      လဆန်းမှ ပြန်လာမှာမို့ ကျုပ်ခမျာ မိုးလင်း မနက်စာချက် ရုံးအပြန် ဈေးဝင် ချက်ပြုတ် စားသောက်အိပ်နဲ့

      အလွမ်းအိပ်မက်ထဲမှာပဲ သူ့ကိုတွေ့နေရတယ် 🙁

Leave a Reply