အနိုင်-အရှုံး-သရေ

zaw winMarch 24, 20151min973

ငါနိုင်ပြီဟေ့လို့ ကြွေးကြော်
တကယ်တန်း မော်နိုင်ဖို့
အချိန်တွေ
အရင်းအနှီးတွေ ပေးဆပ်လို့
ရတာနဲ့ ပေးတာတွေ တန်ရဲ့လား၊
ရှုံးနိမ့်လို့ မကျေနပ်
အားနည်းချက်ရဲ့ကွက်လပ် မင်းသိရဲ့လား၊
သူလည်းမနိုင် ကိုယ်လည်းမရှုံး
တလောကလုံးမှာ သရေနဲ့ဘဲ
မင်းဘဝ ကျေနပ်နေမှာလား၊
အော် – လူဘဝမှာ
အနိုင်-အရှုံး-သရေတွေနဲ့ ကျင်လည်ရ
အမှတ်တရ တစ်ခုခုတော့ရစေချင်။

မင်းသုတ
14:30 P.M
23.3.2015

3 comments

  • naywoon ni

    March 24, 2015 at 9:04 pm

    ဘဝတစ်​ခုရဲ့ အ​ကြောင်​းချင်​းရာ တိုင်​းမှာ သ​ရေချည်​့ ကျ​နေရင်​လည်​း သိပ်​မနိပ်​​သေးဘူး ။

  • Mike

    March 25, 2015 at 8:30 am

    .နိုင်ရင်နိုင်
    .ရှုံးရင်ရှုံး
    .တြ်သားမှကောင်းမယ်
    .ရှုံးတော့လည်းပြန်စတာပေါ့
    .မလျှော့သောဇွဲနဲ့ :b:

  • Alinsett@Maung Thura

    March 25, 2015 at 2:58 pm

    ဒူးထောက်ပြီး အသက်ရှင်ရတာထက်
    မတ်မတ်ရပ်ပြီးသေလိုက်ရတာက ပိုမြတ်တယ်ဆိုလား…ဘာလား…
    ဆိုတော့ … ဒူးထောက်ပြီး အရှုံးပေးလို်က်ရမယ့်အစား…ခပ်တည်တည် ခပ်တင်းတင်းနဲ့ သရေကျအောင် ကြိုးစားလိုက်နိုင်ရင်ကိုပဲ….မဆိုးဘူး…ပြောရမလို…

Leave a Reply