အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁ဝ ( Imax Theatre, Niagara Fall & Skylon Tower ) ။

Foreign ResidentMarch 25, 201515min17813

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား

ပေါ်တာ တောလား – ၁ဝ ( Imax Theatre, Niagara Fall & Skylon Tower ) ။

 

10 ဒါက ဒီနေ့ သွားလည်မယ့် Skylon Tower နှင့် Imax Theatre ။

10 ဒါက ဒီနေ့ သွားလည်မယ့် Skylon Tower နှင့် Imax Theatre ။
10 ဒါက ဒီနေ့ သွားလည်မယ့် Skylon Tower နှင့် Imax Theatre ။

 

10 Imax Theatre မနက် စောစော ဆိုတော့ လူတွေ ကားတွေ ရှင်းနေတယ် ။

10 Imax Theatre မနက် စောစော ဆိုတော့ လူတွေ ကားတွေ ရှင်းနေတယ် ။
10 Imax Theatre မနက် စောစော ဆိုတော့ လူတွေ ကားတွေ ရှင်းနေတယ် ။

 

10 Niagara Fall အကြောင်း ရုပ်ရှင် Documentary ။

10 Niagara Fall အကြောင်း ရုပ်ရှင်  Documentary ။
10 Niagara Fall အကြောင်း ရုပ်ရှင် Documentary ။

 

ဝ၈ – ဝ၅ – ၂၀၁၄ ။

 

ဒီနေ့မနက် မှာ ပထမဦးဆုံး Imax Theatre ကို သွားကြပါတယ် ။

Imax Theatre မှာ မနက် စောစော ဆိုတော့ လူတွေ ကားတွေ ရှင်းနေတယ် ။

 

အဲဒီမှာ Niagara Fall အကြောင်း ရုပ်ရှင် / Documentary ကို ကြည့်ရပါတယ် ။

Niagara ဒေသခံ Red Indian တစ်ယောက်က ပြန်ပြောင်း ပြောပြတဲ့ ပုံစံ နှင့် ၊

Niagara Fall ကြီး ရဲ့အကြောင်း Myth တွေကော ၊ အဖြစ်မှန်တွေကော ၊

အမှတ်တရတွေကော အားလုံးကို ပေါင်းစပ် တင်ပြထားတာပါ ။

 

Niagara Fall ကို ဖြတ်ပြီး ကြိုးတန်း လမ်းရှောက်ခဲ့တာတို့ ၊

သစ်သား စည်ပိုင်းလေးထဲဝင်ပြီး Niagara Fall ပေါ်ကနေ လှိမ့်ချခဲ့တာတို့ ၊

Niagara Fall ရဲ့ ရှုခင်းကြည့် “the Maid of the Mist” သင်္ဘော ရဲ့ ရာဇဝင်တို့ပေါ့ ။

 

အဲဒီ Imax Theatre အဝင်ဝမှာ Souvenir Shop လေးရှိတယ်လေ ။

အဲဒီ Souvenir Shop မှာ ဒေသထွက် ကျောက်တုံး မျိုးစုံကိုလည်း ရောင်းတယ်လေ ။

 

သေချာတော့ မမှတ်မိတော့ပါဘူး ။ ဆယ် တုံး ကို ငါး ဒေါ်လာ လောက် ပေးရတယ်ထင်တယ် ။

ဘေးမှာတော့ ရေးထားတာပေါ့လေ ။ ဘယ်ကျောက်ကို ဆောင်ရင် ဘာ ကောင်းတယ်ပေါ့ ။

ဒါနှင့်ဘဲ ၊ မဟေသီ ကတော့ သူကြိုက်ရာ ကြိုက်ရာ ဆယ် တုံး လောက် ဝယ်လာသေး ။

 

နေရာ အကွက်အကွင်းလေးများ ကောင်းလို့ကတော့ ၊ ပိုက်ပိုက်များ ရှာရလွယ်ပုံ ၊

လမ်းဘေးက ကျောက်ခဲ ကောက်ရောင်းရင်တောင် ၊ ဝယ်တဲ့သူ အများကြီး ရှိတယ် ။

 

10 အဲဒီ ဝက်ဝံရုပ်ကြီးက ချစ်စရာပေမယ့် ၊ အပြင်မှာ တကယ်တွေ့ရင်တော့ လွယ်မယ် မထင် ။

10 အဲဒီ ဝက်ဝံရုပ်ကြီးက ချစ်စရာပေမယ့် ၊ အပြင်မှာ တကယ်တွေ့ရင်တော့ လွယ်မယ် မထင် ။
10 အဲဒီ ဝက်ဝံရုပ်ကြီးက ချစ်စရာပေမယ့် ၊ အပြင်မှာ တကယ်တွေ့ရင်တော့ လွယ်မယ် မထင် ။

 

10 အဲဒီ Souvenir Shop မှာ ဒေသထွက် ကျောက်တုံး မျိုးစုံကိုလည်း ရောင်းတယ်လေ ။

10 အဲဒီ Souvenir Shop မှာ ဒေသထွက် ကျောက်တုံး မျိုးစုံကိုလည်း ရောင်းတယ်လေ ။
10 အဲဒီ Souvenir Shop မှာ ဒေသထွက် ကျောက်တုံး မျိုးစုံကိုလည်း ရောင်းတယ်လေ ။

 

အင်းးးး ၊ ဝမ်းနည်းစရာ တစ်ချက်ကတော့ ၊

အမှန်က အဲဒီ Imax Theatre မှာ Niagara Fall အကြောင်း ရုပ်ရှင် ကြည့်ပြီးရင် ၊

နဂို အစီအစဉ် Plan ဆွဲထားတာက ၊ “the Maid of the Mist” သင်္ဘော နှင့် ၊

Niagara Fall ကို အနီးကပ် ရှုခင်းကြည့် အစီအစဉ် လေ ။

 

အင်းးးး ၊ ကုသိုလ်ကံက မကောင်းလေတော့ ၊ အမေရိက မှာ ၊

အဲဒီနှစ် ( ၂၀၁၄ ) ၊ မေ လ ပိုင်း အထိကို အအေးပိုနေသေးတဲ့ အတွက် ၊

Niagara မြစ်ထဲမှာ ၊ မြစ်ညာက ရေခဲတုံးတွေ အခုချိန်ထိ မျှောပါနေသေးတဲ့ အတွက် ၊

“the Maid of the Mist” သင်္ဘော နှင့် ရှုခင်းကြည့် အစီအစဉ် မစနိုင်သေးပါဘူးတဲ့ ။

 

10 အဘတို့ မစီးလိုက်ရတဲ့ the Maid of the Mist သင်္ဘောလေ ။

10 အဘတို့ မစီးလိုက်ရတဲ့ the Maid of the Mist သင်္ဘောလေ ။
10 အဘတို့ မစီးလိုက်ရတဲ့ the Maid of the Mist သင်္ဘောလေ ။

 

မြစ်ထဲမှာ ရေခဲတုံးတွေ မျှောပါနေသေးတဲ့ အတွက် အဘတို့ မစီးလိုက်ရတဲ့ ၊

“the Maid of the Mist” သင်္ဘောလေ ။ ခရီးသည်တော့ မပါဘူး ၊ စက်စမ်းနေပုံရတယ် ။

 

အဲသဟာနှင့်ဘဲ ၊ Niagara မြစ်ထဲမှာ “the Maid of the Mist” သင်္ဘော နှင့် ၊

ရှုခင်းကြည့် အစီအစဉ် ပျက်သွားပြီး ၊ Niagara Fall ကို ၊

ကနေဒါဘက်ခြမ်း ကမ်နား တစ်လျှောက် ကနေဘဲ အနီးကပ် ကြည့်ရပါတော့တယ် ။

 

Niagara Fall ကို ကနေဒါဘက်ခြမ်း ကနေ ကြည့်တာပိုလှတယ် ဆိုတာ အမှန်ပါဘဲ ။

Niagara Fall က အမေရိက အမြင့်ပိုင်း ရေပြင်ကျယ်ကြီးကနေ ၊

ကနေဒါဘက်ခြမ်း အနိမ့်ဘက်ကို စီးဆင်းနေတာလေ ၊

အဲဒီတော့ကာ ရေတံခွန်ကို ၊ အနိမ့် / အောက်ဖက်ကကြည့်မှ ပိုလှတာပေါ့ ။

 

Niagara Fall ဆိုတာ America Fall နှင့် Horse Shoe Fall နှစ်ခု ပေါင်းကိုခေါ်တာပါ ။

အဲဒီ နှစ်ခု ထဲမှာမှ Horse Shoe Fall ကမှ တကယ် လှ ၊ တကယ် ကြီးတဲ့ အဓိက Fall ပါ ။

 

10 ဒီပုံက America Fall နှင့် Horse Shoe Fall နှစ်ခုကို ကောင်းကင်ကနေ ရိုက်ထားတာပါ ။

10 ဒီပုံက America Fall နှင့် Horse Shoe Fall နှစ်ခုကို ကောင်းကင်ကနေ ရိုက်ထားတာပါ ။
10 ဒီပုံက America Fall နှင့် Horse Shoe Fall နှစ်ခုကို ကောင်းကင်ကနေ ရိုက်ထားတာပါ ။

 

ဒီပုံက America Fall နှင့် Horse Shoe Fall နှစ်ခုကို ကောင်းကင်ကနေ ရိုက်ထားတာပါ ။

အဘ ရဲ့ Camera အစုတ် Len အစုတ် လေးနှင့် Fall နှစ်ခုစလုံးပါအောင် ရိုက်လို့ မရပါဘူး ။

America Fall နှင့် Horse Shoe Fall နှစ်ခု စလုံးပါတဲ့ Post Card ကို Scan ဖတ်ထားတပါ ။

ဒီပုံထဲမှာ ၊

ပုံ ရဲ့ ( မြစ် ) အပေါ်ဘက်ခြမ်းက အမေရိကန် နိုင်ငံပါ ။

ပုံ ရဲ့ ( မြစ် ) အောက်ဘက်ပိုင်းက ကနေဒါ နိုင်ငံပါ ။

ပုံ ရဲ့ ဘယ် ဘက်ခြမ်းက ၊ ရေတံခွန် အသေးလေးက America Fall ပါ ။

ပုံ ရဲ့ ညာ ဘက်ခြမ်းက ၊ မြင်းခွာပုံ ရေတံခွန် အကြီးကြီးက Horse Shoe Fall ပါ ။

 

America ဘက်ကနေ ကြည့်ချင်ကြတော့ America Fall ဘေးနားမှာ ၊

တံတား အစိမ်းရောင် အတိုလေး ထိုးထွက်ပြီး ဆောက်ထားတာတွေ့ရမှာပါ ။

 

အဲဒီ တံတား အစိမ်းရောင် အတိုလေး ထိပ်ကနေ ကြည့်ရင်တောင်မှ ၊

America Fall ကိုဘဲ သေချာတွေ့ရမှာပါ ။ ဒါတောင် ဘေးတိုက်ကြီး ဖြစ်နေဦးမယ် ။

ပိုလှတဲ့ Horse Shoe Fall ကို ( မြင်းခွာပုံ ချိုင့်ဝင်နေတော့ ) သေချာ မတွေ့ရနိုင်ပါဘူး ။

 

ကနေဒါဘက်ခြမ်း ကတော့ ၊ Horse Shoe Fall ဘေးကပ်ရက် နီးနီးလေးအထိကို

ကပ်ပြီး ကြည့်လို့ရတာ ၊ ကြည့်နေကြတဲ့ လူတွေကို တွေ့ရမှာပါ ။

 

အဲဒီတော့ ၊ Niagara Fall ကို ကနေဒါဘက်ခြမ်း ကနေ ကြည့်တာပိုလှတယ် ဆိုတာ အမှန်ပါဘဲ ။

ရွာသူားတို့ ၊ Niagara Fall ကို သွားဖြစ်ရင်လည်း ကနေဒါဘက်ခြမ်းက ကြည့်ဖို့ တိုက်တွန်းပါတယ် ။

 

ဒါနှင့်ဘဲ ၊ Niagara Fall ကို ၊ ကနေဒါဘက် ကမ်းနား ကနေ အနီးကပ် ကြည့်ကြပါတယ် ။

 

10 ဒါက Niagara Fall ကမ်းနားက မြင်ကွင်းပုံပါ ။

10 ဒါက Niagara Fall ကမ်းနားက မြင်ကွင်းပုံပါ ။
10 ဒါက Niagara Fall ကမ်းနားက မြင်ကွင်းပုံပါ ။

 

10 ဒါက Horse Shoe ရေတံခွန် အကြီး ရဲ့ အပေါ်ဖက်မှာ အမှတ်တရ ရိုက်ထားတာပါ ။

10 ဒါက Horse Shoe ရေတံခွန် အကြီး ရဲ့ အပေါ်ဖက်မှာ အမှတ်တရ ရိုက်ထားတာပါ ။
10 ဒါက Horse Shoe ရေတံခွန် အကြီး ရဲ့ အပေါ်ဖက်မှာ အမှတ်တရ ရိုက်ထားတာပါ ။

 

10 ရေတွေ အောက်ကို ဒလဟော စီးကျနေတာကို Horse Shoe ရေတံခွန် အပေါ် ကနေ ရိုက်ပြတာ ။

10 ရေတွေ အောက်ကို ဒလဟော စီးကျနေတာကို Horse Shoe ရေတံခွန် အပေါ် ကနေ ရိုက်ပြတာ ။
10 ရေတွေ အောက်ကို ဒလဟော စီးကျနေတာကို Horse Shoe ရေတံခွန် အပေါ် ကနေ ရိုက်ပြတာ ။

 

10 ရေတွေ စီးကျနေတာကို Horse Shoe ရေတံခွန် ဘေး ကနေ အနီးကပ် ရိုက်ပြတာ ။

10 ရေတွေ စီးကျနေတာကို Horse Shoe ရေတံခွန် ဘေး ကနေ အနီးကပ် ရိုက်ပြတာ ။
10 ရေတွေ စီးကျနေတာကို Horse Shoe ရေတံခွန် ဘေး ကနေ အနီးကပ် ရိုက်ပြတာ ။

 

10 Horse Shoe ရေတံခွန်ကြီး ကို အနီးကပ် အမှတ်တရ ရိုက်ထားတာပါ ။

10 Horse Shoe ရေတံခွန်ကြီး ကို အနီးကပ် အမှတ်တရ ရိုက်ထားတာပါ ။
10 Horse Shoe ရေတံခွန်ကြီး ကို အနီးကပ် အမှတ်တရ ရိုက်ထားတာပါ ။

 

အဘတို့ ဘေးနားပါတ်ဝန်းကျင်မှာတော့ ၊

ရေတံခွန်က အရှိန်အဟုန်ပြင်းလှတဲ့ ရေလုံးကြီးတွေရဲ့ ရိုက်ခတ်မှု ကြောင့် ၊

ရေမှုန် ရေမွှားတွေ အပြည့်နှင့် မှုန်မှိုင်းနေပါတယ် ။

 

Niagara Fall ကို ကမ်းနား တစ်လျှောက် ကနေ အနီးကပ် ကြည့်ပြီးတဲ့အခါ ၊

နေ့လည်စာ စားမယ့် အချိန်လဲ ရောက်လာပြီမို့ ၊ အဘတို့ တစ်ဖွဲ့လုံး ၊

နေ့လည်စာ စားမယ့် Skylon Tower Revolving Restaurant ကို သွားခဲ့ကြပါတယ် ။

 

10 နေ့လည်စာ စားမယ့် Skylon Tower Revolving Restaurant ။

10 နေ့လည်စာ စားမယ့် Skylon Tower Revolving Restaurant ။
10 နေ့လည်စာ စားမယ့် Skylon Tower Revolving Restaurant ။

 

10 Skylon Tower ပေါ်က အမှတ်တရ မြင်ကွင်း – ၁ ။

10 Skylon Tower ပေါ်က အမှတ်တရ မြင်ကွင်း - ၁ ။
10 Skylon Tower ပေါ်က အမှတ်တရ မြင်ကွင်း – ၁ ။

 

10 Skylon Tower ပေါ်က အမှတ်တရ မြင်ကွင်း – ၂ ။

10 Skylon Tower ပေါ်က အမှတ်တရ မြင်ကွင်း - ၂ ။
10 Skylon Tower ပေါ်က အမှတ်တရ မြင်ကွင်း – ၂ ။

 

10 Skylon Tower Revolving Restaurant မှာ စားရင် တစ်ယောက်ကို ဒေါ်လှ ၃၅ ကျမယ်တဲ့ ။

10 Skylon Tower Revolving Restaurant မှာ စားရင် တစ်ယောက်ကို ဒေါ်လှ ၃၅ ကျမယ်တဲ့ ။
10 Skylon Tower Revolving Restaurant မှာ စားရင် တစ်ယောက်ကို ဒေါ်လှ ၃၅ ကျမယ်တဲ့ ။

 

အဲဒီ Skylon Tower ကတော့ Niagara Fall ဒေသ တစ်ခုလုံး ကို ၊

အပေါ်စီးကနေ အကောင်းဆုံး မြင်နိုင်တဲ့ နေရာပါဘဲ ။

အဲဒီ Skylon Tower ရဲ့ အပေါ်ဆုံးမှာ Revolving Restaurant ရှိပြီး ။

Revolving Restaurant ဟာ တစ်နာရီ ကို တစ်ပါတ် အတိ လည်နေပါတယ် ။

 

အဲဒီတော့ကာ အဘတို့ ဒီ Revolving Restaurant မှာ နေ့လည်စာစားနေရင်း ၊

Niagara Fall ဒေသ တစ်ခုလုံး ရဲ့ လှပတဲ့ ရှုခင်းတွေကို ကြည့်လို့ရတာပေါ့ ။

 

Skylon Tower Revolving Restaurant မှာ စားရင် နေ့လည်စာဘဲ ဖြစ်ဖြစ် ၊

ညစာဘဲ ဖြစ်ဖြစ် လူကြီး တစ်ယောက်ကို ဒေါ်လှ ၃၅ ကျမယ်တဲ့ ။

 

တစ်ခု မှတ်မှတ်ရရ သတိပြုမိတာကတော့ ၊ နေ့လည်စာကို အဘတို့ က ၊

Grilled Fresh Salmon Filet Mousseline ဆိုတာကို မှာစားတာပါ ။

အဲဒီမှာ လာချပေးတဲ့ Salmon ငါးတုံးကြီးတွေက အကြီးကြီးရယ် ။ ဗျက် ၈ လက်မလောက် ရှိမယ် ။

ဒီဘက် မှာ Salmon ငါးက ပေါလဲပေါ ၊ အကောင်လည်း ကြီးပုံ ရတယ် ။

အင်းးးး ၊ အဲဒီ Revolving Restaurant မှာ စားခဲ့တာ အရသာရှိသော နေ့လည်စာ ပါဘဲ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

10 ဒီဘက် မှာ Salmon ငါးက ပေါလဲပေါ ၊ အကောင်လည်း ကြီးပုံ ရတယ် ။

10 ဒီဘက် မှာ Salmon ငါးက ပေါလဲပေါ ၊ အကောင်လည်း ကြီးပုံ ရတယ် ။
10 ဒီဘက် မှာ Salmon ငါးက ပေါလဲပေါ ၊ အကောင်လည်း ကြီးပုံ ရတယ် ။

 

10 Skylon Tower ပေါ်က ရိုက်ထားတဲ့ America Fall နှင့် Rainbow Bridge ။

10 Skylon Tower ပေါ်က ရိုက်ထားတဲ့ America Fall နှင့် Rainbow Bridge ။
10 Skylon Tower ပေါ်က ရိုက်ထားတဲ့ America Fall နှင့် Rainbow Bridge ။

 

10 Skylon Tower ပေါ်က ရိုက်ထားတဲ့ Horse Shoe Fall ။

10 Skylon Tower ပေါ်က ရိုက်ထားတဲ့ Horse Shoe Fall ။
10 Skylon Tower ပေါ်က ရိုက်ထားတဲ့ Horse Shoe Fall ။

 

 

 

 

13 comments

  • ခင်ဇော်

    March 25, 2015 at 7:47 am

    ဟာ။
    လှလိုက်တာ။
    စောစောစီးစီး သများ အကြိုက်တွေချည်းပဲ မြင်ရတာ စိတ်ချမ်းသာတာ။
    .
    .
    ရေတံခွန်
    ဆယ်လမွန်
    ကျောက်စရစ်တုံးလေးတွေ။

    :chit:

  • Mike

    March 25, 2015 at 9:13 am

    .ခရီးသွားခဲ့တဲ့အထဲ အဲ့ရေတံခွန်နေရာကိုအကြိုက်ဆုံးပဲဗျာ
    .ပုံတွေရိုက်ထားတာလည်းကြည်လင်ပြီးသဘာဝအရောင်အသွေးပေါ်ပါတယ်ဗျ
    .ကိုဖေါကင်မလာ မဆိုးပါဘူးလေ
    .လမ်းတွေပေါ် ကားအသွားအလာတော်တော်ရှင်းနေတာသတိထားမိတယ်
    .အားကျသဗျာ :))

  • အူးစည်

    March 25, 2015 at 9:55 am

    ပုံတွေကြည့်ပီး ရေလည်အားကျ ရေလည်ရောက်ချင်ပါကြောင်းပဲ
    ပြောတတ်ပါ့တော့တယ်.. အဘ..။ ။
    တပည့်တို့တော့ ချယ်ရီပန်းကြည့်ပီး ဘီယာပဲလှိမ့်သောက်နေရတယ်..။ 😥

    • Foreign Resident

      March 25, 2015 at 10:48 am

      အူးစည် says:
      ” တပည့်တို့တော့ ချယ်ရီပန်းကြည့်ပီး ဘီယာပဲလှိမ့်သောက်နေရတယ်..။ 😥 ”

      ့အောင်မယ် ၊ အောင်မယ် ၊ ကိုရင်စည် ရဲ့ ၊
      ချယ်ရီပန်းကြည့်ပီး ဘီယာပဲလှိမ့်သောက်နေရတဲ့ ဘဝ ကို နည်းမှတ်လို့ ။
      ကိုရင်စည် ရဲ့ ဘဝ ကို အားကျနေသူတွေလဲ အပုံကြီးဘဲ ဟာကို ။
      Good Luck ၊ All the Best ကိုရင် ။

      • အူးစည်

        March 25, 2015 at 12:10 pm

        အမြဲတမ်း အားပေးပေးလို့ ကျေးဇူးပါ အဘဖောရေ..
        သင်္ဘောသားတစ်ယောက်ဟာ သင်္ဘောမလိုက်တော့ပဲ အခြားနယ်ပယ်တစ်ခုရောက်သွားတဲ့အခါ
        ဘာမှ မလုပ်စားတတ်တော့ပဲ အလျော့ပေးပြီး အရှူံးသမား နင်းပြားဖြစ်သွားတယ်ဆိုတာလဲ တပည့်သမိုင်းမှာခေါ်တွင်မခံချင်လို့…။
        အိုက်ဒိုးပဂေးစံ ဘွကနေ ရှူးဖိနပ်စီးပီး ကော့ကော့လေးရုံးတက်တဲ့ဘဝကို
        တော်တော်ကြီးကို အနာခံ ကြိုးစားခဲ့ရပါဒယ် အဘ…။
        ဘဝမှာ ဘယ်နေရာရောက်ရောက် ကြိုးစားနေရတယ် ဆိုတာပါပဲ ရင်ဖွင့်သွားပါတယ် အဘရေ..။

  • sorrow

    March 25, 2015 at 1:36 pm

    အဘရဲ့ ဘဝကိုဖြင့်အားကျပါရဲ့ဗျာ ..အတည်…တနေ့အဘလို ဖြစ်အောင်ကြိုးစားပါမည် … ။

  • တောင်ပေါ်သား

    March 25, 2015 at 2:32 pm

    မရောက်ဖူးတာတွေ မြင်ရလို့ ကျေးဇူးဗျျို့

  • Alinsett@Maung Thura

    March 25, 2015 at 2:44 pm

    .ရောက်ဖူးချင်လိုက်တာဗျာ… .အားကျလိုက်တာ …
    .ရေတံခွန်ကြီးလည်း သဘောကျ… အပြင်မှာ လက်တွေ့ မြင်ချင်စိတ်တဖွားဖွား…
    .ကျောက်တုံးလေးတွေလည်း … ကိုင်ကြည့်ချင်…
    .လောလောဆယ် အားကျနေတာပဲသိ…
    .ကျနော်ကတော့ … ပြည်တွင်းက ရေတံခွန်တွေ တောင်တန်းတွေဆီတောင် နှံ့အောင် မသွားနိုင်သေးတဲ့ ဘဝ

  • kai

    March 25, 2015 at 3:42 pm

    ဒီလောက်ပြုတ်ကျနေတာ.. အဲဒီရေတွေမကုန်သွားဖူးလားမသိ…။ :k:

  • ခင်ခ

    March 26, 2015 at 3:29 pm

    ” 10 အဘတို့ မစီးလိုက်ရတဲ့ the Maid of the Mist သင်္ဘောလေ ။”

    ွှအဲဒီပုံလေးတော့ အတော်ကြိုက်တယ်ဗျာ။
    နံရံမှာချိတ်ထားရင် အတော်ကိုလှမှာဗျ။

    • Foreign Resident

      March 26, 2015 at 5:01 pm

      ကိုခင်ခ လိုချင်ရင် ကိုခင်ခ E-mail ကို ၊
      Original Resolution နှင့် ပုံ ပို့ပေးမယ်လေ ။

  • Ma Ma

    March 26, 2015 at 5:26 pm

    Souvenir Shop မှာ ဒေသထွက် ကျောက်တုံး မျိုးစုံကို သဘောကျတယ်။
    အဲလို သဘာဝရောင်စုံကျောက်တုံးတွေနဲ့ ပြည့်နေတဲ့ကမ်းစပ်ကို ရိုက်ထားတဲ့ ဓာတ်ပုံတွေ့လို့ Desktop မှာတောင် တင်ထားဖူးသေးတယ်။
    အခုလို ခရီးသွားဖို့ဆိုတာ အကြောင်းအရာတွေအများကြီး တိုက်ဆိုင်မှ ပြည့်စုံမှ သွားနိုင်တာမို့ သွားနိုင်တုန်း သွားသာသွားလို့ တိုက်တွန်းပါတယ်။
    (ဒါမှကိုယ်လည်း ထိုင်ရာကမထပဲ ကမာ္ဘပတ်နိုင်မယ်လေ။) :k:

    • Foreign Resident

      March 26, 2015 at 6:01 pm

      Ma Ma says:
      ” သွားနိုင်တုန်း သွားသာသွားလို့ တိုက်တွန်းပါတယ် ”

      Ma Ma ရေ ။
      ကျနော့် အတွက် ခရီးသွားရတာ ပိုက်ဆံ က ပြသာနာ မရှိပါဘူး ။
      ဒါပေမယ့် ခရီး တစ်ခါ သွားဖို့ ဗီဇာ လျှောက်ရတာ သိပ်စိတ်ညစ်တာဘဲဗျာ ။
      ဒီ ဒုက္ခတွေကနေ လွတ်အောင် ဩဇီ နိုင်ငံသား ခံလိုက်ချင်စိတ်တောင် ပေါက်နေတယ် ။

Leave a Reply