မြန်မာပြည် ကို … လွမ်းတယ်လား

fattyAugust 21, 20102min1084

ကိုရင်ဖိုးထူးရေ …. ကျမလမ်းလျှောက်တဲ့ ရှင်စောပုဘုရားလမ်းနဲ့ ပြည်လမ်းဒေါင့် မှာ စီးတီးမတ် ကြီးရှိတယ်တော့ …. ပြီးတော့ ဒဂုံ စင်တာ ကြီးနားမှာလဲ ရှင်တို့ ဆီမှာလို

တီဗွီ အကြီး ကြီး လဲရှိသေးတယ် … ဒါဘဲနော်ကိုဖိုးထူး ရှင့်လုပ်ခဲ့တဲ့ဆိုင်က စားပွဲထိုး တွေက ရိသဲ့သဲ့နဲ့ …. ရှင်ပြန်လာချင်အောင် ပုံလေးတွေ ထဲ့ပေးလိုက်တယ် …

ကျမ ဆိုင်လေးရောပေါ့ ….. မီးလာတုံးအပြေးအလွှား ရိုက်ရတာတော့ ….

4 comments

  • kopauk mandalay

    August 21, 2010 at 2:59 pm

    ကျနော်ကတော့ မြန်မာပြည်က လူကြီးလူငယ်မရွေး အပေါ်ယံတိုးတက်မူ့တွေထက် စိတ်ဓါတ်တိုးတက်မူ့ရှိတာရယ်
    နိုင်ငံခြားဆိုတာကို လည်း ကိုယ်ဆီမှာ မရှိသေးတဲ့ ပညာကိုသွားသင်ဘို့ကလွဲရင် စီးပွါးရှာဘို့သက်သက်သွားစရာ
    မလိုဘူး သွားရရင်လည်းအတတ်ပညာတစ်ခုနဲ့အထက်တန်းကျကျလုပ်စားနိုင်သောဘဝများကို ပိုင်ဆိုင်နိုင်ပါစေလို့
    အမြဲဆုတောင်းပါတယ်ဗျာ။

  • kai

    August 22, 2010 at 12:54 am

    ရှင်စောပုဘုရားလမ်း လဲမသိဘူး။ ဒဂုံ စင်တာ ကြီးလည်း ဘယ်နားလည်း မသိဘူး။ အဆောက်အဦးထဲကဓါတ်ပုံတွေကတော့ ရုတ်တရက်ဆို ဘန်ကောက်လိုပါပဲ..။ စိတ်အဝင်စားဆုံးက အကြော်စုံဆိုင်ပဲ..။
    ရှလွတ်…:(

  • fatty

    August 22, 2010 at 3:44 am

    အပေါ် က comment ကိုကြည့်ပါ ….. ကျနော် သက်သက် အမြင် မတူတဲ့ သဘာဝခြင်းခြားနား တဲ့ ပုံကို သုံးလိုက်ပါတယ် …. နိုင်ငံခြား က လာတဲ့ သူတွေဟာ
    သူ့နိုင်ငံမှာ တွေ့နေမြင်နေကြတွေအတိုင်းဘဲ မြင်တွေ့နေရတယ်ဆိုရင် စိတ်ဝင်စားမှု မရှိ နိုင်ပါဘူး …. မတူ ခြားနားတဲ့ ယဉ်ကျေးမှုတွေ တွေ့ချင်မြင် ချင် ကြ လို့ သာ
    touring လုပ်နေကြတာပါ … ခေတ်မှီ စရာလိုရင် ခေတ်မှီ … ကိုယ့်ယဉ်ကျေး မှု ထိမ်း သင့်တဲ့နေ ရာမှာ ထိမ်း ….သတိပြုစရာပါ ..။

Leave a Reply