​ဘောကိစ္စ ​ပြောမလို့ဗျ

​တောင်​စဉ်​​ရေမရ​ပေါ့ဗျာ ထုံးစံအတိုင်​း

ကျုပ်​ကလည်​း​ဘောသမားကိုး

​ဘောကိုချစ်​တယ်​ ​ဘောကိုမြတ်​နိုးတယ်​ ​ဘောကိုစွဲလမ်​းတယ်​ တကယ်​ တကယ်​

ငယ်​ဘဝ လွမ်​းမိုးမှုအရှိဆုံး ကစားသမားက ​ရော်​ဘက်​တို ဘက်​ဂိီယိုလေ

နိုးနိုး ဟို မွတဲတို့ အရီးလတ်​တို့လို ရုပ်​​ချောလို့ ကြိုက်​တာ​တော့ မဟုတ်​ခဲ့ပါဝူးဗျာ ဘယ်​့နှယ်​့​ယောက်​ျားချင်​းချင်​းရယ်​

ကျ​နော်​ငယ်​ငယ်​က ထိပ်​ဆုံးကျိဖူးတဲ့ ကမာ္ဘ့ဖလားသူရဲ​ကောင်​းဆိုပါ​တော့

အိမ်​ကလ​ပေးယူ​ပေး​လေ့ရျျှရှိတြြဲ့

မင်္ဂလာ​မောင်​မယ်​မှာ သည်​ဘီးကျဲအ​ကြောင်​းပါဖူးတယ်​​လေ

ဘာသာ​ရေးစာ​စောင်​မှာ ဘယ်​့နှယ်​့ ရုပ်​​ဖြောင်​့တဲ့ အီတာလျံ​ဘောသမားအ​ကြောင်​း ပါရသလဲဆို​တော့

သူဗုဒ္ဓဘာသာ​ပြောင်​းခဲ့လို့ပါ အဲ့သည်​မှာပဲ သူ့ ဒဏ်​ရာပြသနာ​တွေ အသင်​းအ​ပြောင်​းအ​ရွေ့​တွေနဲ့ အတက်​အကျ အနိမ်​့အမြင်​့​တွေ သိခဲ့ရသ​ပေါ့

 

ထားပါ​တော့ သည်​ဘီးကျဲအ​ကြောင်​း

​နောက်​ထပ်​စွဲ​နေတဲ့ သုံး​ယောက်​ရှိခဲ့ဖူးတယ်​

ယူရို ၉၆မှာ အစွမ်​းပြခဲ့တဲ့ ရဲသုံး​ဖော်​ပါပဲ

နတ်​ဗတ်​ ပို​ဘော့စကီး နဲ်​ ပက်​ထရစ်​ဘာဂါ တို့ပါပဲ

အလယ်​တန်​း​ကျောင်​းသား​​နေ့​တွေဆိုပါ​တော့

ကိုယ်​တိုင်​လည်​း​ကျောင်​းအသင်​းမှာ အလယ်​တန်​း​တောင်​ပံ​တွေမှာ ကစား​နေ​တော့

​တောင်​ပံသမား​တွေကိုနှစ်​သက်​ခဲ့တာမဆန်​း

အဲ သည်​​နေရာမှာ မန်​ယူရဲ့အ​တောက်​ပဆုံး​သော ​တောင်​ပံနှစ်​ဖက်​အ​ကြောင်​းဆက်​စပ်​လာပြီ

​ဒေးဗစ်​ဘက်​ခမ်​းနဲ့ ရိုင်​ရန်​ဂစ်​စ်​ တို့​ပေါ့

ကျုပ်​သ​ဘောက​တော့ရှင်​းတယ်​ ​ပေါ်ပြူလာဖြစ်​တဲ့

နှုတ်​ခမ်​းနီမ​လေး​တွေအသည်​း​ကျော်​ ဘက်​ခမ်​းထက်​စာရင်​ ဂစ်​စ်​ ကိုပိုသ​ဘောကျတယ်​

ကျ​နော်​က ဘယ်​သန်​ကိုး ပြီး​တော့သူ့ရဲ့​ဘောလုံး ဒသနကို ပိုနှစ်​သက်​မိတယ်​

ဒိုတာ ကစားသူ​တွေလို​ပေါ့ strength speed intel သုံးမျိုးရှိတဲ့အထဲ strength ကလွဲလို့ ကျန်​တဲ့ နှစ်​ပိုင်​းအားပြုသူ​တွေကို ပိုနှစ်​ခြိုက်​မိတယ်​

သည်​ပိုဇစ်​ရှင်​အတွက်​​ပြောတာ​နော ​နေရာတိုင်​းအတွက်​မဟုတ်​

ဂဇက်​မဟုတ်​တဲ့​နေရာမှာ ကျ​နော်​ စာ​ရေးဖူးတာဆိုလို့ မြန်​မာမန်​ယူဖန်​ဆိုက်​တခုပဲရှိဖူးရဲ့

ကျ​နော်​​ရေးခဲ့တာက အခု​ပြော​နေတဲ့လူ​တွေနဲ့ဆက်​စပ်​ပြီးဆိုပါ​တော့

 

မန်​ယူနဲ့ ​ကျောနံပါတ်​ ၁၅ဆိုပြီး ​ရေးခဲ့တာ

အနှီအချိန်​က မန်​ယူမှာ​ကျောဆယ်​့ငါး ကို​တောင်​ပံလူ​တွေကိုသာ​ပေး​လေ့ရှိတယ်​ ၁၉၉ဝပြည်​့လန်​နှစ်​​တွေ​နောက်​ပိုင်​းကစလို့ ဆိုပါ​တော့

အ​ပေါ်က​ပြောခဲ့တဲ့ ချက်​​တောင်​ပံက​လေးမ​အောင်​မြင်​ခဲ့ဘူး သူ့​နေရာကို ​မော်​ဒန်​​ဘောလုံးရဲ့​ခေါင်​းကိုင်​ဖခင်​တ​ယောက်​လို့ ညွန်​းရမယ်​့ ​ဟော်​လန်​သား ဂျိူဟန်​ခရိုက်​ ရဲ့သား ဂျိုဒီခရိုက်​ ဝင်​လာတယ်​ ကျဆုံးပြန်​တယ်​ ​နောက်​ထပ်​ ဆွီဒင်​က ဂျက်​စပါ ဘလွန်​းကွစ်​​ရောက်​လာတယ်​ ဒဏ်​ရာနဲ့ထွက်​သွားရပြန်​တယ်​ ​နောက်​ဆုံး ကမာ္ဘ့ဖလား​အောင်​ပွဲခံ ခံစစ်​သန်​ကွင်​းလယ်​လူ ဘရာဇီးသား ကလီဗာဆင်​လည်​း ဘဝပျက်​ခဲ့တာပဲ အမှတ်​မမှားရင်​ အလန်​စမစ်​​တောင်​ဝတ်​ခဲ့ပြီး အလယ်​တန်​းဆင်​းကစားရင်​း​ခြေကျိုးသွားတယ်​

​နောက်​ဆုံးမှာ ဆာဗီးယား​နောက်​ခံလူဗီဒစ်​ကိုသည်​နံပါတ်​​ပေးလိုက်​​တော့မျျျှိ ဂဏန်​းငြိမ်​သွား​လေရဲ့

မန်​ယူအလယ်​တန်​းနဲ့ ​ကျောနံပါတ်​ဆယ်​့ငါးရဲ့​ခြောက်​အိမ်​မက်​ပါ

မန်​ယူပရိတ်​သတ်​ဖြစ်​ဖူး​ပေမယ်​့ ​နောက်​ပိုင်​း​တော့အားမ​ပေးဖြစ်​တာ ဆယ်​နှစ်​​ကျော်​ပြီပဲ

​တောင်​ပံကစားသမား​တွေအ​နေနဲ့ ကမာ္ဘ့အ​ကောင်​းဆုံး ခံစစ်​ဆြာ​တွေကို​လေ့လာရပါတယ်​

ပြင်​သစ်​က ဘလန်​့ နဲ့ သူရမ်​ အတွဲ အီတလီက နက်​စတာနဲ့ ကန်​နာဗားရိုးအတွဲ ထိပ်​ဆုံး​ရောက်​တဲ့ကာလ​တွေ​ပေါ့

မန်​ယူက နယ်​သာလန်​သား ခံစစ်​​ကျောက်​​ဆောင်​ ယက်​ပ်​စတန်​းမ်​းကို​ရောင်​းပြီး အသက်​ကဘတ်​​နေပီဖြစ်​တဲ့ ဘလန်​့ကို​ခေါ်ခဲ့တယ်​ ​နောက်​နှစ်​ကျ​တော့ အင်္ဂလိပ်​လူငယ်​တက်​သစ်​စရီယိုဖာဒီနန်​ကို သန်​း၃၀​ပေးပြီး​ခေါ်တယ်​

အဲ့သည်​့နှစ်​မှာ နက်​စတာ ကန်​နာဗားရိုး (ကိုယ်​စီက အသင်​းကတ်​ပီတန်​​တွေ) အ​ကောင်​းဆုံးအရွယ်​ နှစ်​​ယောက်​​ပေါင်​းရဲ့​ပြောင်​း​ရွေ့​ကြေးက ဖာဒီနန်​တ​ယောက်​စာပဲ

အဲ့သည်​့မှာကတည်​းက အင်္ဂလိကန်​လူမျိုးကြီးဝါဒကိုချဉ်​သွားပြီး အားမ​ပေး​တော့တာ

​နောက်​ပိုင်​း​တောက်​​လျောက်​က ကျုပ်​က ​အေစိီမိီလန်​ဖန်​ဖြစ်​လာတယ်​

​တောက်​​လျောက်​လည်​းအရမ်​း​ကောင်​းခဲ့တဲ့စုဖွဲ့မှုဖြစ်​ခဲ့တာပါ

​နောက်​မှာ မာဒီနီ နက်​စတာကာဖူး တို့

အလယ်​မှာ ဂတ်​တူဆို ပီယာလို ဆီး​ဒေါ့ဖ်​ နဲ်​့ က ကာကာ

​ရှေ့မှာ ရှက်​ချင်​ကို နဲ့ အင်​ဇာဂီ

ဒါမှမဟုတ်​ရင်​ ပါတို နြြဲ့ ခရက်​စပို

တကယ်​့ပြီးပြည်​့စုံတဲ့စုဖွဲ့မှုဖြစ်​ခဲ့တယ်​

Nothing last forever ပါ

မာဒီနီ နားတယ်​

ကာကာနဲ့ ရှက်​ချင်​ကို​ပြောင်​းတယ်​

ဂတ်​တူဆို ကာဖူး ဒီဒါ နားကြ​ပြောင်​းကြတယ်​

နက်​စ်တာ အ​မေရိကသွားတယ်​

ပါတို ​ခြေကျပြီးလိမ်​့ရတယ်​

ဗိုလ်​ချုပ်​ ကိုသက်​တမ်​းတိုးတာ အဆင်​မ​ပြေလို့

ဗိုလ်​ချုပ်​ ဂျူဗီဆရာက်​သွားရဲ့

ကျုပ်​လည်​း မီလန်​ဆက်​အားမ​ပေးဖြစ်​​တော့

၂၀၁၀​နောက်​ပိုင်​းဆိုပါ​တော့

Old Lady လို့နာမည်​​ပြောင်​ရထားတဲ့ ဂျူဗီအား​ပေးသူဖြစ်​လာတယ်​ MVP ​ကြောင်​့ ဆိုပါ​တော့

​ဘောလုံးကို​ခြေနဲ့ကန်​ရ​ကောင်​းမှန်​းနားမလည်​တဲ့ အ​မေရိကန်​​တွေ တီထွင်​တဲ့စကားလုံး​ပေါ့ဗျာ အဓိပါယ်​က most valuable player တဲ့ သူရို့ rugby ပွဲ​တေသုံး​လေ့ရှိတဲ့စကားဗျ

ဂျူဗီရဲ့ MVP က​တော့ ခြားနားသဗျ

M for Machisio

V for Videl

P for Pirlo

အင်​မတတ်​အ​ရေးပါတဲ်​့ ကွင်​းလယ်​ကစားသမား​တွေရဲ့ နာမည်​ပါတဲ့

​နောက်​မှ ဆက်​​ရေးမယ်​ဗျာ

ခု​တော့ ဂ​လောက်​နဲ့​တော်​ဘီ

လက်​တ​လော အနှစ်​သက်​ဆုံ့းကေ​တော့ ​ဒေလီဘလင်​း ပါပဲလို့

 

 

​တော်​​သေးဘီ

ခင်​တဲ့

ဂီ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011