( ခရေတန်းက လွမ်းပုံပြင် )

အဆောင် ၄ ရဲ့ ဘေး ခရေတန်းလေးမှာ

ရှေးအခါက မဟုတ်တဲ့ ပုံပြင်တစ်ပုဒ်ဟာ

တကယ်သရုပ်ပါစွာနဲ့ ရှိခဲ့ဘူးလေတယ် ၊

ထူးပေကွယ် မဆိုသာပေမယ့်

ပျိုကညာနွဲ့ပန်းကြိုက်သူ

နန်းထိုက်တမူ လှမ်းလိုက်ယူ ခရေပန်း

အကြွေအနွမ်းတောင်မွှေးမြ ရွေးပြလို့သီကုံး

ကြည်အပြုံးနဲ့ သူလက်ခံ ချူရတက်မာန်ပွားရသူမို့

ကိုယ့်ဘဝကိုယ်နားလည်

အပါးဝယ်ထားရန်ဝေး

ပေးသမျှကံ မဟန်လှသူခမျာ

မတန်ရာလို့ယူမျှော်တွေးဆ

ကယ်ကူရာဖေါ်ဝေးစွ တော်လေးဝဝင်သူပျို

တမင်အမူပိုမဟုတ်ပါပဲ ဆုတ်ခါလည်းလမ်းခွဲရ

နွမ်းအသည်းကငိုကြွေးသံ ဟိုအဝေးထံလွင့်ပျံ

သခင့်ထံစေတဲ့ သည်ဆုစကား

ခရေကြိုက်သူလေး ကြားစေသား ၊

20150325_151602

12 comments

  • ခင်ဇော်

    March 25, 2015 at 4:03 pm

    စုံတွဲတွေတိုင်း လျှောက်ခဲ့ဖူးတဲ့ ခရေပင်လည်း ငါမလျှောက်ဖူးဘူးးး
    စုံတွဲတွေတိုင်း ရောက်ခဲ့ဖူးတဲ့ ကန်တော်ကြီးလည်း ငါမရောက်ဖူးဘူးးး

    ဟိ။
    သီချင်းဆိုတာနော်။

    :k:

    • တောင်ပေါ်သား

      March 25, 2015 at 4:06 pm

      အသီးမဲ့သူတွေက ဒါမိုး ဘယ်ခံစားတတ်မတုန်း 🙂

  • Wow

    March 25, 2015 at 4:07 pm

    တုံးခုလို့မှလှမ်းမရရင် တပင်လုံးခုတ်ပစ်မယ်… မှတ်ထားကွယ် …

    တညားလဲ တချင်းရှိုဒါ…. :mrgreen:

    • တောင်ပေါ်သား

      March 25, 2015 at 4:15 pm

      ဒီအပိုဂျီးတွေ အဲ အဲ ဆောဒီး ဒီအပျိုကြီးတွေနဲ့တော့ ခက်ပါတယ် 🙂

      • Wow

        March 25, 2015 at 4:19 pm

        ဟွင်းဟွင်းးး ဘယ်နှစ်ပင်ရှိဘီမှတ်လဲ ခုတ်လာဒါ… တေတွားမယ်.. :mrgreen:

        • တောင်ပေါ်သား

          March 25, 2015 at 4:26 pm

          သတ္တိရှိရင် MICT Park အဆောင် ၄ ဘေးက ခရေတန်းကိုလာခဲ့ ၊

          ဓါတ်ပုံက အဲ့ခရေတန်းပဲ ၊ ဒီညနေ ၃ နာရီကမှ ရိုက်ထားတာ ၊ 🙂

  • Kaung Kin Pyar

    March 25, 2015 at 4:35 pm

    အို…တစ်ပင်တည်း…ရင်ထဲက..နွယ်…
    အို…တစ်ပင်တည်း…ရင်ထဲက..နွယ်…
    ရစ်ပတ် ငင်တယ်…. (ငင်တယ် = အသက်)

    ငိငိ
    နောက်ထှာ…
    :k:

    • တောင်ပေါ်သား

      March 25, 2015 at 4:38 pm

      ခုဟာက နွယ်နဲ့ဆိုင်ဘူး ၊

      လောင်း လောင်း အဂိုးက 🙂

  • Alinsett@Maung Thura

    March 25, 2015 at 5:16 pm

    အခုတလော…အိုးမြူ း….. အတော်လေး ကဗျာဆန်နေတယ်…

    😆

  • naywoon ni

    March 25, 2015 at 9:53 pm

    ခ​ရေပန်​း​ခြောက်​က ​ရောင်​းစားလို့မရဘူး ။ တရုပ်​စကားပန်​း​ခြောက်​ကမှ ​ရောင်​းစားလို့ရ​သေး ။ 🙂

    • တောင်ပေါ်သား

      March 26, 2015 at 1:09 pm

      @Maung Thura

      ဒီလိုပါပဲ ၊၊ အဲဒီခရေတန်းက တကယ့်ဇာတ်လမ်းလေးကို သတိရသွားလို့ ၊

      အဲဒီတုန်းက ကိုယ်က မြားနတ်မောင်

      ¨နန်းတော်ရာသူ •*¨

      Yoona က ထာဝရပါဗျာ 🙂

      naywoon ni

      အခုပဲ အဲဒီခရေတန်းကိုဖြတ်ပြီး ထမင်းသွားစားတာ ၊

      ခရေနံ့လေးတွေက မွှေး . . . လို့

Leave a Reply