အိပ်​​ရေးပျက်​တဲ့ “ည”

naywoon niMarch 25, 20151min1025

အိပ်​​ရေးပျက်​တဲ့ ‘ည’

​လေတိုက်​လို့ သစ်​ပင်​လှုပ်​တာလား
သစ်​ပင်​လှုပ်​လို့ ​လေတိုက်​တာလား
မကွဲပြား​ပေမယ်​့
ခု​တော့ လှုပ်​စရာ သစ်​ပင်​လည်​းမရှိ​တော့ဘူး
​လေလည်​းမတိုက်​​တော့လို့
ပူ​လောင်​အိုက်​စပ်​​နေတဲ့ ညထဲမှာ
အိပ်​မရလို့ ‘ည’ ဟာ
တိတ်​ဆိတ်​တဲ့ လမ်​းမ​ပေါ် လမ်​း​လျှောက်​ထွက်​လာတယ်​ ။
မှုံရီရီ ဓာတ်​မီးတိုင်​​အောက်​​ရောက်​​တော့
‘ည’ဟာ ​ဆောင်​းထားထဲ ကတ္တီပါ ဦးထုပ်​ မဲမဲ​လေးကို
ခပ်​ငိုက်​ငိုက်​​လေး​ဆောင်​းပြီး
ဓာတ်​ရှင်​မင်​းသားလို အိုက်​တင်​​ပေးလို့ ။
အချိန်​တန်​​တော့လည်​း
အိပ်​​ရေးမဝတဲ့ညဟာ
သူ့​နေရာသူပြရဦးမှာ​ပေါ့ ။
အဲ့ဒိလိုနဲ့
‘ည’ဟာ အိပ်​​ရေးပျက်​​နေခဲ့ရတာကြာ​ပေါ့ ။

​နေဝန်​းနီ
10:53 PM
2015 Mar 25

5 comments

  • Alinsett@Maung Thura

    March 26, 2015 at 12:16 am

    အဲ့ညကို အိပ်ဆေး တိုက်ထည့်လိုက်ဗျာာာ

    အိပ်ဆေးဆိုလို့
    ဗမာ ဗီဒီယို ဇာတ်လမ်းတွေထဲက မင်းသမီးကို အပျော်အပျက်ကြံတဲ့သူက
    အိပ်ဆေးခတ်ထည့်တာတွေများ
    သောက်မိတဲ့သူဆိုတာ တုန်းခနဲ လဲကျ အိပ်ပျော်တာနော့

    အပြင်မှာ အဲ့လို တုန်းခနဲ အိပ်ပျော်တဲ့အိပ်ဆေး အလွယ် ဝယ်လို့ရချင်လိုက်တာာာာာ

    :k:

    • naywoon ni

      March 26, 2015 at 1:22 am

      အိပ်​​ဆေး အ​ကြောင်​း​တော့ ​ပြောပါနဲ့ အလက်​ဆင်​းဒါးရယ်​ ။ အိပ်​​ဆေးထိုး​ပေးထားတာ​တောင်​ အိပ်​မ​ပျော်​ဘူးဆိုတဲ့ လူနာ​တွေ ​တွေ့ဖူးလို့ ။ ရွာထဲက ဆရာဝန်​​တွေ​ပြောဖို့ ချန်​ထားလိုက်​ 🙂

  • lu lu

    March 26, 2015 at 12:09 pm

    အိပ်ပျက်ညတွေများလွန်းလို ့တာဝန်ကျေ လွန်းတဲ့
    ည ကိုတောင်အားနာ မိပါတယ်
    :buu:

  • တောင်ပေါ်သား

    March 26, 2015 at 1:13 pm

    ၈ ပက်ပြားကုန်ရင် တုန်းကနဲပါပဲဗျာ

    ဟီး ဟီး 🙂

  • Mr. MarGa

    March 26, 2015 at 1:25 pm

    ပင်ပန်းနေရင် အဲဒါတွေ ဘာမှ မသိ
    အိပ်ရေးလည်း မပျက်
    တစ်ချက်တည်း :mrgreenn:

Leave a Reply