ကဗျာ ရေးကြည့်ခြင်း…

johnnydeerMarch 26, 20151min1576

သူခိုး….သူခိုး….
အိမ်ကြားမှာလား….လမ်းကြားမှာလား….
အဲယားကွန်းခန်း…
စားပွဲကြီးနဲ့ ဖုန်းကြီးနဲ့….
…..
…..
ဒမြ…ဒမြ…
တောထဲမှာလား…တောင်ထဲမှာလား…
မြို့လယ်ခေါင်မှာ…
မောင်းတံကြီးနဲ့ ဖြတ်ပိုင်းနဲ့…
…..
…..
အကြမ်းဖက်သမား…အကြမ်းဖက်သမား…
အာရပ်မှာလား…အာဖရိကမှာလား…
မြန်မာပြည်မှာ
လက်ပတ်နီနဲ့ တုတ်ကြီးနဲ့….
….
….
လူလိမ်…လူလိမ်….
ကလေကချေလား…အုတ်ကြားမြက်ပေါက်လား…
ရုံးပြင်ကနား…
တိုက်ပုံကြီးနဲ့ ခေါင်းပေါင်း နဲ့…
….

.ပြည်သူ…ပြည်သူ….
အမိအရာလား…အဖအရာလား…
ကျုးကျော်တဲမှာ…
ထရံအစုတ် …ငပိဖုတ်နဲ့….
…..
…..
သူတောင်းစား…သူတောင်းစား…
ခွက်ဆွဲလို့လား…လမ်းဘေးမှာလား…
လမ်းထောင့်ကြီးမှာ…
ယူနီဖောင်းနဲ့ ခရာနဲ့…
….
….
((တော်ပြီ…တော်ပြီ…ဆက်မရေးတော့ဘူး….
တော်ကြာ ကဗျာစမ်းရေးကြည့်တာ အစိုးရက ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်တာ ခံနေရဦးမယ်…သားသား ကြောက်ကြောက်…))

6 comments

  • lu lu

    March 26, 2015 at 9:21 am

    မကြောက်ပါနဲ မိုးပေါ်ထောင်ပစ်မှာပါ
    😀

  • Mr. MarGa

    March 26, 2015 at 9:46 am

    အဲ..
    မန့်ရမှာတောင် ခပ်လန့်လန့်
    ပြေးပြီ………….
    :k:

  • Alinsett@Maung Thura

    March 26, 2015 at 10:00 am

    ဒဂလောက် ကြည်ညိုစရာ ကောင်းအောင်နေတဲ့ အရှိုးရအဖွဲ့ကို အကြည်ညိုပျက်စေအောင်တွေ
    မရေးကြပါနဲ့ကွယ်
    .ရေးလည်း ပုဒ်မကြီးနဲ့ ပစ်ပေါက် ဖမ်းချုပ်မှာပဲ ဟာပဲ ဟာပဲကို

    :buu:

  • Mike

    March 26, 2015 at 11:33 am

    .စခန်းကို ခဏလောက်လိုက်ခဲ့ပါ ကို johnnydeer….မေးစရာရှိလို့ပါ :k:

  • naywoon ni

    March 26, 2015 at 7:32 pm

    မှန်​တာ​တွေ သိပ်​မ​ပြောနဲ့ အမှန်​မခံနိုင်​​သေးဘူး

  • uncle gyi

    March 28, 2015 at 10:50 pm

    မကြောက်ပါနဲ့
    ထောင်ဆယ်နှစ်အပြင်
    မပိုလောက်ပါဖူးလေ

Leave a Reply