ပျော်သလို နေပါကွယ်…

johnnydeerMarch 26, 20151min17711

အမြန်လမ်း ကားမောင်းရတော့မယ်ဆိုတော့လဲ…..
အမြန်လမ်းတလျှောက် တိုက်ကြ မှောက်ကြ သေကြတာတွေ မေ့ထားပါတယ်….
….
လေယာဉ်စီးတော့မယ် ဆိုပြန်တော့လဲ….
စီးလုံးပျောက်သွားတဲ့ မလေးရှားလေယာဉ်ကြီးအကြောင်း မေ့ထားပါတယ်…
….
ရာသီဥတုအကြောင်းတွေးမိပြန်တော့လဲ…
သစ်တောတွေ ခုတ်ချင်သလို ခုတ်နေကြတဲ့ ခရိုနီဆိုတာတွေ မေ့ထားပါတယ်…
….
မြေယာအကြောင်း စဉ်းစားမိပြန်တော့လဲ…
ကိုယ့်တိုင်းကိုယ့်ပြည်မှာ နေစရာမရှိ ကျုးကျော်ဖြစ်နေကြတာတွေ မေ့ထားပါတယ်…
….
မြန်မာ့ထိပ်ပိုင်း အာဏာရခေါင်းဆောင်ဆိုသူများအကြောင်း တွေးမိပြန်တော့…
မုသာဝါဒ ဆိုတာကြီးကို မေ့ထားပါတယ်…
….
ကလေးတွေ ကျောင်းပို့ရမယ် ဆိုပြန်တော့လဲ…
ဆိုးဝါးလှတဲ့ ပညာရေးစနစ်အကြောင်း မေ့ထားပါတယ်…
….
သူငယ်ချင်းတွေအကြောင်း စဉ်းစားမိပြန်တော့…
နိုင်ငံရပ်ခြားက မိဝေးဖဝေး သူငယ်ချင်းတွေအကြောင်း မေ့ထားပါတယ်…
….
ထမင်းစားတော့မယ် ဆိုပြန်တော့လဲ…
လယ်မဲ့ ယာမဲ့ ထောင်ထဲရောက်နေတဲ့ တောင်သူဦးကြီးတွေကို မေ့ထားပါတယ်…
….
ရုံးပြင်ကနားသွားရပြန်တော့လဲ…
လာဘ်ပေး…ရန်မလို ဆိုတာကြီးကို မေ့ထားပါတယ်…
….
မြန်မာပြည်အကြောင်း စဉ်းစားမိပြန်တော့…
မြန်မာ အစိုးရအကြောင်း မေ့ထားပါတယ်….
….


ဒီလို…ဒီလို နဲ့ပဲ…
မြန်မာပြည်မှာ ပျော်အောင်နေရတာပါပဲဗျာ…

11 comments

  • lu lu

    March 26, 2015 at 9:17 am

    နောက်ဆုံး ကိုယ့်ကိုယ်ကိုလည်း မေ့ ထားသင့်ရင် မေ့ရမှာပေါ့ နော်
    :mrgreen:

  • Mr. MarGa

    March 26, 2015 at 9:30 am

    ဆိုတော့
    ပျော်ရော ပျော်ရဲ့လား :mrgreenn: :mrgreenn:

  • ခင်ဇော်

    March 26, 2015 at 9:57 am

    Credit to Thaung Thansu

    ~~~~~~~~~~~~~~
    ကလေးတွေ သိပ်တော်လာတာဟာ ကြောက်ဖို့ကောင်းတယ် ထင်နေတဲ့ နိုင်ငံ…

    သိပ်တော်တဲ့ ကလေးတွေ အတွက်
    ထောင်တန်းနဲ့ သေပန်းတွေ ပွင့်တဲ့နိုင်ငံ…

    အသက်တချောင်းကို
    မြောင်းထဲ ပစ်လိုက်ဖို့ ဝန်မလေးတဲ့ နိုင်ငံ…

    အိတ်ပေါက်နဲ့ ဖားကောက်
    မဟားတရား ဟန်ရေးပြတဲ့ နိုင်ငံ…

    ဗုဒ္ဓစကားတွေ အထပ်ထပ် ကြားနေရပေမယ့်
    တရားကျင့်မှု မရှိတဲ့ နိုင်ငံ…

    စောင်းသံ နားမလည်တဲ့
    ကျွဲ ပါးတွေ နေတဲ့ နိုင်ငံ…

    နိုင်ငံတကာမှာ သိလာတဲ့အသိဉာဏ်တွေ
    ကိုယ့်မြေ ကိုယ့်ရေမှာ မေ့ပစ်ရတဲ့ နိုင်ငံ…

    ပြဿနာကို ဖြေရှင်းဖို့ထက်
    ပြဿနာကို ဖုံးဖိရင်း
    နောက်တိုးပြဿနာတွေ
    ရင်ဆိုင်နေရတဲ့ နိုင်ငံ…

    တရားဥပဒေ ဟာ
    တရားဥပဒေမှန်း မသိတော့တဲ့ နိုင်ငံ…

    ကိုယ့် အခွင့် အရေးနဲ့
    သူများ အခွင့်အရေး
    မလေးစားတဲ့ နိုင်ငံ…

    ကိုယ့်စည်းကမ်းကို
    ကိုယ် ကိုယ်တိုင် ဖောက်ဖျက်တဲ့ နိုင်ငံ…

    အမြင်မတူရင်
    အဆဲ သန်တဲ့ နိုင်ငံ…

  • Mike

    March 26, 2015 at 10:00 am

    .♫♪♫ပျော်သလိုသာနေလိုက်ကြ♫♪♫ငိုရင်လူဖြစ်ရှုံးသတဲ့♫♪♫ :mrgreenn:

  • Alinsett@Maung Thura

    March 26, 2015 at 2:07 pm

    ပုတ်သင်ဥတူးရင် ညောင်မြစ်ပေါ်တယ်ဆိုလား…
    ဗမာစကားပုံပဲလေ…
    ကိုယ့်ဗမာတွေ ပိုးစိုးပက်စက် နိမ့်ကျနေတာ မြင်တိုင်း…အရင်းစစ်လိုက်တော့ …
    ဆင်းရဲမွဲတေမှုကို မြင်တယ်..
    ဆင်းရဲမွဲတေမှု ဖြစ်အောင် ကန့်သက်ဘောခတ်ပြီး ထင်သလို ခြယ်လှယ်ထားတဲ့…ညောင်မြစ်ကြီးကိုပဲ…အုံလိုင်ကျင်းလိုက် ဆွဲနှုတ်ပစ်ချင်လာတယ်..

    :buu:

  • မသိတော့ဘူးဗျာ.. လောလောဆယ်တော့ ရန်ကုန်မဟုတ်တဲ့ တစ်နေရာမှာ နေချင်နေတယ်… ရန်ကုန်မြို့ကြီးကို အရမ်းစိတ်ညစ်လာပြီ….

  • naywoon ni

    March 26, 2015 at 6:53 pm

    အဲ့ဒိလိုပဲ ​မေ့ထားရတာ​တွေများ​တော့ ​မေ့စရာ​တွေပါ ​မေ့​နေတဲ့ အဖြစ်​ ။
    ပြဿနာတစ်​ခုခု ​ပေါ်လာတိုင်​း အတိတ်​​မေ့သလိုလို ​ရွှေ​ပျောက်​သလိုလို လုပ်​တတ်​တဲ့ အစိုးမရကို ဆန်​့ကျင်​့ကြ !

  • johnnydeer

    March 27, 2015 at 8:11 am

    ရွှေသမင်က မင်းကြီးတာကချည်းထွက်နေတော့လဲ …..အင်း…

  • kai

    March 27, 2015 at 10:13 am

    အဲဒီလို.. ထိပ်တိုက်ရင်ဆိုင်တာတွေတွေ့ရရင်.. ထိပ်တိုက်ရင်မဆိုင်ပဲ.. လွှဲချတတ်အောင်သင်ပေးထားတဲ့.. ထေရာဝါဒတို့ရဲ့ဘာသာရေးကြီးကိုတော့.. မေ့မထားဖြစ်နေတာက.. တကယ့်အခက်..။
    အဲဒါကြီးသာမေ့ထားလိုက်.. လိုချင်တဲ့အရာတွေအကုန်.. မိုးပေါ်ကကျလာမှာ.. အာမခံ..။ :k:

  • Courage

    March 29, 2015 at 9:32 am

    ဗျာ…။
    လုံလောက်မှုမရှိတဲ့ ပြည့်စုံခြင်းတွေကြားထဲမှာ အမိမြန်မာပြည်ဟာ ပျော်စရာအကောင်းဆုံး နေရာလေးပါ။

Leave a Reply