မျက်လှည့် နဲ့ သက်ဆိုင်တဲ့ ရုပ်ရှင် ထဲက စိတ်ထဲမှာ စွဲစွဲမြဲမြဲ ကျန်ပြီး ပွါးချင်တဲ့ ရုပ်ရှင် ၃ ကား ရှိတယ်ဗျ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

The Illusionist

The Illusionist

 

Edward Norton နဲ့ Jessica Biel ရဲ့ ကားပါ။

1) The Illusionist (2006)

 

Rating 7.6 ရထားတဲ့ ကားမို့ အဆင့်မနိမ့်လှပါဘူးး…

Edward Norton က ငယ်စဉ် အခါက လမ်းဘေး အဘိုးအို တစ်ယောက်ဆီက မျက်လှည့် သင်ခဲ့ပြီး…

ဆယ်ကျော်သက် အရွယ်မှာ ဆွေမျိုးမြင့် မိန်းမပျို Jessica Biel  နဲ့ ချစ်ရာက ခိုးပြီး ထွက်ပြေးကြပေမဲ့ ပြန်မိသွားခဲ့တယ်။

အဲလို ပြန်မမိခင်မှာ သူ့ ချစ်သူ ကောင်မလေး တောင်းဆိုတဲ့ စကားလေး “နင့် မျက်လှည့်ပညာနဲ့ ငါတို့ကို ရှာမတွေ့အောင် လုပ်ပေးပါ” ဆိုတာလေး ကို စိတ်ထိခိုက်ပြီး (သူ မကာကွယ်လိုက်နိုင်ခဲ့ဘူးလေ။) အဲဒီမြို့ကနေ ထွက်ခွါပြီး မျက်လှည့်ပညာကို ရနိုင်သမျှ ဆည်းပူးခဲ့တယ်။

သူ့ မြို့ ကို ပြန်ရောက်တဲ့ အချိန်မှာ သူ့ချစ်သူက တော်ဝင်မျိုးရိုးက မင်းသား မောက်မောက်မာမာ တစ်ယောက်ရဲ့ သတို့သမီးလောင်းဖြစ်နေပါပြီ။

အဲဒီ တော်ဝင်မင်းသားရဲ့ လူယုံ လိုမျိုး ဖြစ်နေတဲ့ Paul Giamatti က တရားမျှတမှု အလိုရှိတဲ့ ရဲအရာရှိမို့ မျက်လှည့်ဆရာနဲ့ မင်းသားကြီး ကြား ဗျာများရတဲ့ သူပါ။

ဒီ ကြားထဲကမှ မျက်လှည့်ပညာရှင်မင်းသားက သူတတ်ကျွမ်းတဲ့ ပညာနဲ့ သူ့ချစ်သူ ကို အဲဒီ အသိုင်းအဝိုင်းထဲက ရအောင် ခိုးပြေးရတာကို လှည့်ကွက်လေးတွေနဲ့ ရိုက်သွားတာမို့ ကြည့် လို့ ကောင်းတဲ့ ကားတစ်ကားပါ။

မိတ်ဆက်ရမယ် ဆိုရင် Edward Norton ဟာ Incredible Hulk ရဲ့ မင်းသားဖြစ်ပြီး အနုပညာ ပါတဲ့ မျက်လုံးနဲ့မို့ ဇာတ်ကောင်စရိုက်လိုက်ဖက်ပြီး

မင်းသမီး Jessica Biel က လှတာထက် ဆွဲဆောင်မှု ရှိတဲ့ မင်းသမီးပါ။ သူတို့ အမူအရာမှာ ပြောစရာမရှိပါဘူးးး

ထူးထူးခြားခြား ပြောချင်တာက ရဲ အရာရှိ Paul Giamatti ပါ။

တစ်ကားလုံး သူ့ရဲ့ သက်တောင့်သက်သာ ရှိဟန်မပြတဲ့ အမူအရာ၊

သနားသွားတဲ့ မျက်လုံးး၊

စိတ်ကုန်သွားတဲ့ မျက်နှာပေး၊

အံ့ဩသွားပေမဲ့ ချက်ချင်းဟန်ဆောင်သွားတဲ့ မျက်နှာ အပြောင်းအလဲ စသည်ဖြင့် အသေးစိတ် သရုပ်ဆောင်သွားနိုင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

The Prestige

The Prestige

 

နောက်မျက်လှည့်ကား တစ်ကားကတော့ မင်းသား/မင်းသမီး ဝိတ်တွေ သုံးထားလို့ နာမည်မြင်ကတည်းက ကြည့်ချင်စိတ်ပေါ်လာတဲ့ကားပါ။

2) The Prestige (2006)

 

ဒါရိုက်တာ၊နဲ့ ရိုက်ညွှန်းဆု ရပြီး Rating 8.5 မို့ ကြည့်သင့်ပါတယ်။

Huge Jackman ရယ် Christian Bale ရယ် ပါဝင်တာမို့ ပျိုပျိုကြီးတွေ ကြိုက်သလို

မင်းသမီးကလည်း သကောင့်သားတွေ အကြိုက် Scarlett Johansson တို့ ဖြစ်ပါတယ်။

Huge Jackman နဲ့ Christian Bale က ဆရာတူ တပည့် ၂ ယောက်ပါ။ Huge Jackman  က ဆရာ့ရဲ့သမီးလေးနဲ့ အကြောင်းပါတာမို့ မျက်လှည့်ပြတဲ့ ပွဲတိုင်း အတူတူ ပါဝင်ကြရတယ်ပေါ့လေ။

ဖြစ်ချင်တော့ မျက်လှည့်ပွဲ တစ်ခုမှာ Christian Bale ရဲ့ အမှားတစ်ခု (လို့ ယူဆရတဲ့ လုပ်ရပ်) ကြောင့် ဆရာ့သမီးသေသွားခဲ့ရာက စ Huge Jackman  က အညှိုးထားခဲ့ပါတယ်။

နောက်ပိုင်းလည်း ကွဲကွာသွားပြီး နောက် တစ်ကိုယ်တော် တစ်စင်ထောင်တဲ့ ပြပွဲတွေ မှာ တစ်ယောက် နဲ့ တစ်ယောက် အပြိုင် ပညာပြရင်း တိုးတက်လာတာလည်း အပြိုင်ပါပဲ။

Huge Jackman က Christian Bale ကို ယှဉ်လို့ မရတဲ့ ပြကွက်တစ်ခု ရှိနေပါတယ်။

ဇာတ်ကား တစ်ဝက်လောက်က သူတို့ ရဲ့ မာစတာ ပိ(စ) ပြကွက်ဖြစ်တဲ့ The Transported Man  ကိုပဲ သူ့ထက်သူ အပြိုင် သေသပ်အောင် ပရိတ်သတ်ကို လှည့်စားရမယ် ဆိုတာပဲ ပြိုင်ဆိုင်နေကြတာကို မပျင်းရအောင် ပြသွားပါတယ်။

နောက်တော့ Christian Bale  ရဲ့ ပရောဂ နဲ့ Huge Jackman ခြေထောက်တစ်ဖက် မသန်တဲ့ ဘဝ ရောက်သွားရက သူတို့ ပြိုင်ဆိုင်မှု ဟာ သူသေ ကိုယ်သေ ဖြစ်သွားတော့တာပါပဲ။

Huge Jackman က  သူ့ရဲ့ လူ  Scarlett Johansson ကို Christian Bale   ဆီ လွှတ်ရာက Scarlett က Christian Bale  ဘက် ပါသွားတဲ့ အတွက် ဒေါသအကြီးအကျယ်ထွက်ပြီး အဲဒီ ပြကွက်ကို အနိုင်ရဖို့ နည်းလမ်းကို ရေဆုံးမြေဆုံးရှာပါတယ်။

အဲဒီ အချိန်မှာ Christian Bale ရဲ့ အမျိုးသမီးကလည်း ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီး (ဘာ ကြောင့် ဆိုတာ ဇာတ်သိမ်းမှ သိပါတယ်) Christian Bale လည်း စိတ်ကျနေတဲ့ အချိန်ပါ။

Huge Jackman က Nikola Tesla  (အက်ဒီဆင်ထက် အရင် လျှပ်စစ်ကို ရှာတွေ့သော်လည်း နာမည်မပေါက်ခဲ့တဲ့ လျှပ်စစ် ပညာရှင်) ဆီကနေ စက်ကိရိယာနဲ့ ကိုယ်ခွဲမျက်လှည့်မှာ အောင်မြင်နေပါပြီ။

အဲဒါကို စုံစမ်းဖို့ကတော့ Christian Bale ကိုယ်တိုင် သွားပြီး စုံစမ်း ရှာဖွေရပါတော့တယ်။

ဘာတွေ ဆက်ဖြစ်မတုန်း ဆိုတာ တော့ ဆက်ကြည့်ပေါ့နော့။

ဂလောက်ဆိုရင် ဆက်ကြည့်လို့ ရပါပြီ။ ကျနော့တုန်းက ၂ ခါ ပြန်ကြည့်ပြီးမှ ကိုယ် လွတ်သွားတဲ့ ကွန်ဆက်(ပ) ကို ပြန်ဖမ်းရတာပါ။

အမူအရာတွေက အပိုအလိုမရှိ ကွက်တိ မို့ ဇာတ်ကားက အေးတယ်ထင်ရသော်လည်း တန်းမြင့် ကား တစ်ကားဖြစ်ပါကြောင်းး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

Now you see me

Now you see me

 

နောက်တစ်ကားကတော့ တော်တော်များများ ကြည့်ဖူးတဲ့ ရုပ်ရှင်ပါ။

3) Now you see me (2013)

 

Rating 7.3 ရှိပါတယ်။

တစ်ယောက်ကို ထူးချွန်တဲ့ မျက်လှည့်ပညာ တစ်ခုဆီနဲ့ ၄ ယောက် က …

သူတို့ မျက်လှည့်ရှိုးမှာတင် ပြင်သစ်ဘဏ် တစ်ခုက ငွေတွေကို ယူပြမယ်လို့ တရားဝင်ကြေညာပြီး ဘဏ်ကို ဖောက်ဖို့ ကြိုးစားတာတွေ ကို…

အင်တာပို(လ) က အေးဂျင့် ရယ်…

FBI က အေးဂျင့်ရယ်၊…

မျက်လှည့်ပညာရဲ့ လျှို့ဝှက်ချက်ကို ဖော်နိုင်တဲ့သူ တစ်ယောက်နဲ့ ပေါင်းပြီး ဖော်ထုတ်ဖို့ ကြိုးစားတာကို ရိုက်ပြသွားတာပါ။

တစ်ကားလုံး တောက်လျှောက် မပျင်းရတဲ့ အပြင် နောက်ဆုံးမှာ လှည့်ကွက်တစ်ခု ရှိတာမို့ ကြည့်ပျော်တဲ့ ရုပ်ရှင် တစ်ခု ပါ။

အဲဒီ မျက်လှည့်ဆရာ တစ်ယောက်အဖြစ် သရုပ်ဆောင်တဲ့ Jesse Eisenberg  က The Social Network ရုပ်ရှင်မှာလည်း သရုပ်ဆောင်ထားပါတယ်။

ဇီဇီ

About ဇီဇီ

ဇီဇီ has written 333 post in this Website..

CJ # 129120