သမိုင်း

johnnydeerMarch 27, 20151min27211

…အသက် ၈၈ နှစ်အရွယ် တဏှာရူး အာဏာရူး အဖိုးကြီးတစ်ယောက်ကြောင့်….
…လောက်ကိုင်ဆိုတာ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
…အရုပ်ဆိုးဆိုး…စိတ်ဓာတ်ဆိုးဆိုး…လုပ်ရပ်ဆိုးဆိုး လူတစ်ယောက်ကြောင့်…
…ကျောက်ဆည်ဆိုတာလဲ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
…တိုင်းပြည်မျက်နှာ တစ်ခုပဲကြည့်တတ်တဲ့… အမှန်တရားကို ပိသလေးဘေးပစ်ပြောတတ်တဲ့… အသံဝါဝါ လူတစ်ယောက်ကြောင့်…
…နတ်မောက်ဆိုတာလဲ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
…ကြိုတင်စီမံထားတဲ့ အမည်မသိ လူအုပ်ကြီးဆိုတာနဲ့အတူ…
…မိတ္ထီလာ ဆိုတာလဲ…
…နာမည်ကြီးလာရပြန်ပါတယ်…
……
…ရည်ရွယ်ချက်ရှိရှိ မိုက်မိုက်မဲမဲ ပြု မူမှု နှင့်အတူ…
…ဒီပဲယင်း ဆိုတာ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
…မီးလောင်ဗုံး…ဝမ်ပေါင်…ရဟန်းသံဃာ ဆိုတာနဲ့အတူ…
…လက်ပတောင်း ဆိုတာ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
…စိတ်ဓာတ်ခပ်ညံ့ညံ့လူတစ်ယောက် ကျွေးတဲ့ ဒံပေါက်တစ်ထုတ်နဲ့အတူ…
…တောင်သာ ဆိုတာလဲ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
…ကျောင်းသားတွေ လူမြင်ကွင်း ပက်ပက်စက်စက် အရိုက်ခံရမှုနဲ့အတူ…
…လက်ပံတန်းဆိုတာလဲ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
…ရွှေဝါရောင်တော်လှန်ရေးဆိုတာ နဲ့အတူ…
…ရန်ကုန်ဆိုတာလဲ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
….ဗေဒါပျံ အံကိုခဲ…ပန်းပန်လျှက်ပဲ ဆိုတဲ့..
….ပန်းအမြဲပန်တဲ့…အမျိုးသမီးတစ်ယောက်ကြောင့်…
….မြန်မာနိုင်ငံဆိုတာ…ကမ္ဘာ့ အလယ်မှာ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
….ဒီလို…ဒီလို ပါပဲဗျာ…
….နေရာဒေသ…သဘာဝတရားတွေကတော့…
….အရင်ကလဲ ဒီလိုပါပဲ…
….ခုလဲ ဒီလိုပါပဲ…
….နောင်လဲ ဒီလိုပဲနေမှာပါ…
….ဒါပေမယ့်…ဒီဒေသတွေက ထွက်ပေါ်လာခဲ့တဲ့ အမျိုးမျိုးသောစိတ်ဓာတ်ပိုင်ရှင် လူတွေကြောင့်…
….ကောင်းသောနာမည်ကြီးခြင်း…
….ဆိုးသော နာမည်ကြီးခြင်း…စသဖြင့်…ကွဲပြားသွားရတာပါ…
….
…အဲ့ဒါ….သမိုင်းပါပဲ…
….

11 comments

  • ခင်ဇော်

    March 27, 2015 at 8:18 am

    ကိုယ့် သမိုင်း ရိုင်းမလား ယဉ်မလား
    ကိုယ့် ရွေးချယ်မှု နဲ့ ကိုယ်…

  • Alinsett@Maung Thura

    March 27, 2015 at 12:32 pm

    ဒီစာသားတွေနဲ့ စာရေးသူတော့ နာမည်ကြီးလာမယ့်သဘောရှိ

  • kai

    March 27, 2015 at 2:50 pm

    သမိုင်းတွေဟာ.. ဆိုးတဲ့သူ… ကောင်းတဲ့သူတွေကို.. နာမယ်ကြီးလာအောင်.. လုပ်ပြန်ပါတယ်..။
    တကယ်တော့…
    သမိုင်းကို..( ကောင်းကောင်းဆိုးဆိုး..) နာမယ်ကြီးသူတွေက(သာ) ရေးတာဖြစ်ပါတယ်..။ :k:

  • lu lu

    March 27, 2015 at 2:54 pm

    ကိုယ့် လုပ် ရပ် က ကိုယ့်သမိုင်းပဲ
    :kwi:

  • naywoon ni

    March 27, 2015 at 2:54 pm

    သင်​ဟာ သမိုင်​း​ကြောင်​း ​ကောင်​းဖို့ တစ်​ခုခုလုပ်​ခဲ့လား
    လူ​ဒွေ စဉ်​းစားကြ စဉ်​းစားကြ ​လောက အတွက်​ ××××

  • Foreign Resident

    March 27, 2015 at 5:01 pm

    ” အသက် ၈၈ နှစ်အရွယ် တဏှာရူး အာဏာရူး အဖိုးကြီးတစ်ယောက်ကြောင့်….
    …လောက်ကိုင်ဆိုတာ… …နာမည်ကြီးလာရပြန်ပါတယ် ”

    Sorry ဗျာ ၊ ကျနော်ကတော့ “တရားမျှတမှု” ကိုဘဲ အချစ်ဆုံးဗျ ။
    အဲဒီတော့ ၊ ကျနော့် အမြင်ကတော့ ၊ ဖုန်ကျားရှင် ဟာ ၊
    သူ့ ကိုးကန့် ပြည်သူတွေ အတွက် မျိုးချစ် တိုင်းရင်းသား သူရဲကောင်း ဘဲဗျ ။

    သူဟာ သူ့ ကိုးကန့် တိုင်းရင်းသား ပြည်သူတွေ အတွက် ၊
    မျိုးချစ် တိုင်းရင်းသား သူရဲကောင်း ဆိုတာ ဘယ်လောက် သိသာသလဲဆို ။

    သူ ဗမာ စစ်တပ် ကို စတော်လှန်လိုက်ကတည်းက ၊

    ၁ ။
    ဗမာ စစ်တပ် က လစာပေးပြီး ၊ ဗမာ စစ်တပ် က လက်နက်တပ်ဆင်ထားတဲ့ ၊
    ကိုးကန့် BGF တပ်ရင်းကြီးဟာ ၊ ချက်ချင်းဘဲ တပ်ရင်း တစ်ရင်းလုံး ၊
    လက်နက် အပြည့်အစုံ နှင့် ဖုန်ကျားရှင် ရဲ့ MNDAA မှာ သစ္စာ ခံ လိုက်ကြတယ် ။

    ၂ ။
    ကိုးကန့် တိုင်းရင်းသား ပြည်သူတွေ ဟာ ၊
    အဖိုးကြီး နှင့် ကလေး ပါမကျန် သူ့တပ်ထဲကို စုပြုံပြီး ဝင်လိုက်ကြတယ် ။

    ၃ ။
    ဗမာ စစ်တပ်က အယောင်ပြ ခန့်ထားတဲ့ အလိုတော်ရိ ခေါင်းဆောင် ” ပါယ်စောက်ချိန် ” ဟာ ၊
    ချက်ချင်း ရန်ကုန် ကို လေယာဉ် နှင့် ပြေးရတော့တာဘဲ ။

    ဒါနှင့်ဘဲ အစပိုင်းမှာ လူတစ်ထောင်လောက် ဘဲရှိတဲ့ ဖုန်ကျားရှင် ရဲ့ ၊
    MNDAA တပ်ဟာ ၊ အခု ဆိုရင် အင်အား ၅၀၀ဝ လောက် ရှိသွားပြီ ။

    ့နောက်ပြီးတော့ ၊ ဖုန်ကျားရှင် ရဲ့ Course ဦးတည်ချက် ၊
    ဟာ တရားမျှတမှု ရှိမရှိ ကြည့်ရအောင် ။

    ဖုန်ကျားရှင် ဟာ ၊ ကိုးကန့် နယ်မှာမွေးပြီး ကိုးကန့် နယ်မှာ ကြီးခဲ့တဲ့ ၊
    ကိုးကန့် တိုင်းရင်းသား ခေါင်းဆောင် အစစ် ဗျ ။

    အဲဒီ ဖုန်ကျားရှင် ( ကိုးကန့် ) ဟာ ကျနော့် ဇာတိ ရန်ကုန် ကိုလာတိုက်ရင် ၊
    အဲဒီ ဖုန်ကျားရှင် ( ကိုးကန့် ) ဟာ ဗမာတွေနေတဲ့ နေရာကို ကျူ းကျော်တာဘဲ ။

    အဲ ဒါပေမယ့် အဲဒီ ဖုန်ကျားရှင် ( ကိုးကန့် ) ဟာ ၊
    သူ့ မွေးရာဇာတိ အရင် သူအုပ်ချုပ်ခဲ့တဲ့ ကိုးကန့်ကို ပြန်တိုက်ယူတဲ့ ကိစ္စမှာတော့ ၊

    ၁ ။ ဖုန်ကျားရှင် ဟာ မျိုးချစ် တိုင်းရင်းသား တော်လှန်ရေး သူရဲကောင်း ဘဲဗျ ။
    ၂ ။ ဗမာ စစ်တပ်ဟာ ကိုလိုနီ နယ်ချဲ့ ကျူ းကျော် ဖိနှိပ် သူ ဘဲဗျ ။

    ဒီအချက်ဟာ ဘယ်နေရာမှာ သိသာထင်ရှားသလဲဆို ၊
    ဖုန်ကျားရှင် ရဲ့ MNDAA ဘက်က တရားဝင် / တရားမဝင် ဝိုင်း ကူညီ တိုက်ပေးနေကြတဲ့ ၊
    ၁ ။ ကချင် ( KIA )
    ၂ ။ တအေင်း / ပလောင် ( TNLA ) ( ရှမ်းပြည် မှာ ရှမ်းပြီးရင် လူဦးရေ အများဆုံး လူမျိုးစု )
    ၃ ။ ရခိုင် ( Arakan Army / ရခိုင့် တပ်မတော် )
    ၄ ။ ရှမ်း ( SSA / မြောက် / ဝမ်ဟိုင်း )
    ၅ ။ ဝ ( UWSA )
    ၆ ။ မိုင်းလား ( NDAA )
    စတဲ့ အဲဒီ ဒေသကြီး တစ်ခုလုံးမှာ ရှိရှိသမျှ တိုင်းရင်းသား အားလုံး နီးနီးက ၊
    ပါဝင်တိုက်ပေးနေတာကို ကြည့်ခြင်းအားဖြင့် သိသာတယ်ဗျ ။

    သူ့လို့ ၈၈ နှစ်အရွယ် သူဋ္ဌေး အဖိုးကြီးက တော်ယုံ ကိစ္စမျိုး နှင့်တော့ ၊
    ဒီလောက် ပင်ပန်း အန္တရာယ် ရှိတဲ့အလုပ်ကြီးကို လုပ်မလားဗျ ။
    လူ ၊ လက်နက် ၊ ငွေကြေး အင်အား အဆမတန် ကွာလွန်းတဲ့ ၊
    ့ကြည်း ရေ လေ ၅ သိန်း တပ်ကြီးကို မီးကျိုး မေါင်းပျက်တွေ နှင့် ခံပြီး ချရတာဗျာ ။
    မနိုင်နိုင်တဲ့ စစ်ပွဲကြီးကို ၊ မျိုးချစ်စိတ် သက်သက် နှင့် ဘဲ စွန့်ပြီး တိုက်နေရတာဗျ ။

    ကျနော် ခင်ဗျားတို့ကို တစ်ခုဘဲ တောင်းပန်ပါရစေဗျာ ။
    ” ကိုယ်ချင်းစာနာ စိတ် ကို နဲနဲ လေးဘဲ ဖြစ်ဖြစ် ထားကြပါဦးဗျာ ”

    ဗမာပြည် ကို အင်္ဂလိပ်တွေ လာသိမ်းပြီး ၊ ကျွန်ပြုတာကို ဗမာတွေ မကြိုက်ရင် ။
    ဝ ကိုးကန့် ကချင် ပြည် ကို ဗမာတွေ လာသိမ်းပြီး ကျွန်ပြုတာကို ၊
    ဝ ကိုးကန့် ကချင် တွေလဲ ဘယ်ကြိုက်ပါ့မလ ဲ ။
    ကိုယ်ချင်းစာစိတ် / လူစိတ် လည်း ၊ နဲနဲဘဲ ဖြစ်ဖြစ် ( နဲနဲဘဲ ဖြစ်ဖြစ် ) ထားကြဦးမှပေါ့ကွယ် ။

    အဲဒါကိုမှ ၊
    ကိုးကန့် တိုင်းရင်းသားတွေ ကို ဆက် လုပ်ကြည့်ချင်လဲ လုပ်ကြည့်ကြပေါ့ဗျာ ။
    ( နယ်ခံ ကိုးကန့် ) ပြည်သူလူထုက မ ထောက်ခံတဲ့ ကျူးကျော်စစ် ဆိုတာမျိုးက ၊
    ( ဘာတဲ့ ၊ နန္ဒီ့သေနပျို့ မှာ ပါတာ ထင်တယ် )
    ” ပြည်သူ့ နှလုံး မ သိမ်းကြုံး က ၊ ဓါးသွား လဲ ေြ ကွ ၊ လှံ လဲ ခွေ အံ့ ” တဲ့ ။

    ဆက် လုပ်ကြည့်ကြပေါ့ဗျာ ။
    ဗမာလူမျိုးမှာ အသေခံမယ့် “လူ” တွေ ပေါတယ် ထင်ရင်ပေါ့ ။

    • kai

      March 28, 2015 at 7:50 am

      ထောက်ခံသဗျာ..

      ဗမာတွေ ကချင်အရေး..မြစ်ဆုံအရေးလည်းဝင်ရှုပ်လို့.. ကချင်ပြည်ဒုက္ခဝေခဲ့ရဖူးပြီ…
      အခုလည်းဝင်ရှုပ်ကြပြန်ပြီလေ…။

      ဗမာက.. တိုင်းရင်းသားတမျိုးဖြစ်တယ်ဆိုတာမေ့.. သူ့နယ်ကိစ္စထဲဝင်ပါ…။
      လုပ်ပုံတွေက.. တတိုင်းပြည်လုံး… ဗမာပိုင်တာကျနေတာပဲ..။

      ဆိုတော့..
      ကိုးကန့်ဟာ.. တရုတ်…။ တရုတ်ဟာတိုင်းရင်းသား..။
      ကိုးကန့်ကိစ္စကို.. စားပွဲပေါ်မှာသာ.. ရှင်းသင့်…။ :k:

  • ဦးဦးပါလေရာ

    March 28, 2015 at 4:18 pm

    .ခင်ဗျားတို့နဲ့ မတူတာ ဝင်ပြောဦးမယ်..

    .အခုအထိတော့….
    .သမိုင်းဆိုတာ လူအချင်းချင်း ခွေးလိုကိုက်ရင်း… နိုင်တဲ့သူတွေရေးတာ
    .
    :harr:

  • ဦးဦးပါလေရာ

    March 28, 2015 at 4:22 pm

    .လောက်ကိုင်နဲ့ ပတ်သက်လို့ …
    .ဘဘ ဖုန်ကြားရှင်က အလကားနေရင်း စစ်ထ တိုက်တယ်လို့တော့ မထင်ပေါင်..
    ..
    .သူက သူများစားရိတ်နဲ့ ခွပ်ရတာ
    .မြန်မာစစ်တပ်က ကိုယ့်စားရိတ်နဲ့ ခွပ်ရတာ…
    ….
    .ဘယ်ဘက်က စူးစူး..
    .ညာဘက်က စူးစူး..
    .ခွပ်လိုက်ကြစို့သူငယ်ချင်း…
    .အောက်အီးအီးအွတ်…

    😀

  • Ma Ei

    March 31, 2015 at 10:48 am

    ကိုယ်ပြုခဲ့သမျှ သူများရေးမှ သမိုင်းဖြစ်တာပါ
    ခု လူတွေတော့ ကိုယ့်သမိုင်း ကိုယ်တိုင်ရေးထုတ်ကြသတဲ့
    ဒါမှ ကိုယ်ကောင်းချည်းသာ ရေးလို့ရတော့မကိုး…

  • uncle gyi

    March 31, 2015 at 10:40 pm

    အဘဖောကတော့လုပ်ချလိုက်ပြန်ပြီ
    ဒုတိယချစ်ဦးညိုနဲ့တူတယ်

Leave a Reply