​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၁၀

naywoon niMarch 27, 20151min1546

​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၁၀

ည ချမ်​း ချိန်​ခါ

ဖုန်​းလိုင်​း​ အမျိုးအစား​တွေများလာသလို ဟန်​းဆက်​ဆိုတာ​တွေကလည်​ း တံဆိပ်​မျိုးစုံနဲ့ ဆို​တော့ တစ်​ခါတစ်​​လေလိုက်​မမှီတာ​တွေရှိရဲ့ ။ ဟာ​ဝေး အမျိုးအစားမှာတင်​ နံပါတ်​​တွေအများကြီး ။ HUSWEI 220,300,320,510,511,610,611,620,730,88 နဲ့စတဲ့ ဂဏန်​း​လေးလုံး​တွေလည်​းအများကြီး ။ ကျန်​တဲ့ တံဆိပ်​ကပ်​ထားတာ​တွေလည်​းရှိရဲ့ ။ C Only လို့ ​ခေါ်တဲ့ CDMA သီးသန်​့ ။ C/G လို့​ခေါ်တဲ့ CDMA နဲ့ GSM ၂ကတ်​ သုံး ။G/W လို့​ခေါ်တဲ့ GSMနဲ့ WCDMA ၂ကတ်​သုံး ။ ​နောက်​ 2G ပဲရတဲ့ အမျိုးအစား​တွေ ။ ​ငွေမတတ်​နိုင်​တဲ့သူ​တွေအတွက်​ သီးသန်​့ ။ အဲ့မှာ တန်​​ကြေးကစကား​ပြောလာပြန်​​ရော ။ ဒီအမျိုးအစားပဲ ။ ဘယ်​သူဝယ်​တုန်​းက ဘယ်​​လောက်​ပဲ​ပေးရတာ ဆိုတာမျိုး ။ 2G နဲ့ 3G ကွာ​နေတာမသိ ။ ဆိုင်​ကမသိချင်​​ယောင်​​ဆောင်​ပြီး​ရောင်​းလိုက်​​တော့ ခံရပြန်​​ရော ။ ​နောက်​အမျိုးအစား တစ်​ခု ဝင်​လာပြန်​ပြီ ။ COOLPAD ဆိုလား ။ အဲ့မှာလဲ ဗားရှင်​းအလိုက်​ အမျိုးအစား​တွေ အများကြီး ခဏ ကိုင်​သုံးမိရုံနဲ့ စက်​က ပူလာတာ ။ အားတာရှည်​မခံတာ​တွေနဲ့ ။ သူက​ဈေးချို​တော့လည်​း သူ့ပဲ ​တောသူ​တောင်​သား​တွေကဝယ်​သုံး ။ ခဏ ခဏ ပျက်​ ။ မပြင်​တတ်​ ပြင်​တတ်​ ကလိခံရ ။ ​ခြောက်​​လောက်​ကိုင်​ပြီး လွှင်​့ပစ်​လိုက်​ရတာမျိုး​တွေလည်​းရှိ​တော့ ဗမာပြည်​ကို အမှိုက်​ပုံလို သ​ဘောထားပြီး လာပုံ​နေသလားပဲ မှတ်​ယူလိုက်​ရ​တော့မလို ။

ထား​တော့ …….
​နေဝန်​းနီတို့ ဆီမှာက ခပ်​ညံ့ညံ့ ဟမ်​းဆက်​​တွေပဲသုံးနိုင်​တာ ။ ဟမ်​းဆက်​ကိုင်​လာတဲ့သူတိုင်​း လက်​ထဲလိုက်​ကြည်​့ တစ်​ရာမှာ ကိုးဆယ်​​လောက်​က တစ်​သိန်​း​အောက်​ ဟန်​းဆက်​​တွေချည်​့ပဲ ။ ဟမ်​းစက်​​တော်​​တော်​များများက Internal Storage နဲနဲ​လေး မီဂါဗိုက်​ ၂၀ဝ မပြည်​့ချင်​ဘူး ။ Sd ကတ်​ကလည်​း အမြင်​့ဆုံးထည်​့သုံးမှ 2G /4G ဒီထက်​မပိုဘူး ။ ဟန်​းဆက်​တစ်​လုံးဝယ်​ရင်​ ဘာကြည်​့ဝယ်​သလဲ​မေးရင်​ အများစု ​ဖြေကြမှာက ” ​ဈေးချိုတာ ” လို့ ​ဖြေကြမှာ ။ သူများသုံးလို့သာ လိုက်​သုံးကြတာ အပို ဝင်​​ငွေက ရှိမှမရှိ ။ ပြီး​တော့ အကုန်​သာရှိပြီး ဝင်​​ငွေရ​အောင်​ ပြန်​ပြီး အသုံးပြုလို့ မရနိုင်​​သေး​တော့ ………. ။ အရင်​းအနှီး တစ်​ခု အ​နေနဲ့ သ​ဘောထားပြီး ဘရင်​းန်​ မြင်​့တာဝယ်​မကိုင်​ကြတာလည်​းပါတယ်​ ။ (​ငွေ​ကြေးတတ်​နိုင်​တဲ့ စီးပွား​ရေး လုပ်​​နေတဲ့ သူ​တွေ​တောင်​ ခုထိ ကီးပက်​​လေး​တွေ သုံး​နေတုန်​း သူတို့က ဆက်​သွယ်​စကား ​ပြောလို့ရရင်​ပြီး​ရော​လေ အပို ကုန်​ကျစရိတ်​ မခံဘူး )

” ခင်​ဗျားတို့ ရွာက လူ​တွေက ​ချောင်​းထဲဆင်​းပြီး အင်​တာနက်​ ဘာ​တွေသုံးကြသလဲဗျ ”

​နေဝန်​းနီက မသိချင်​​ယောင်​​ဆောင်​ပြီး​မေးလိုက်​​တော့ ​စော​စောက ရွာသားက

” မသိပါဘူးဗျာ ဗိုက်​ဘာ ဆိုလား သစ်​ထူးလွင်​ဆိုလား ​ပြော​တော့​ပြော​နေကြတာပဲ ”
​နေဝန်​းနီက
” ခင်​ဗျား​ကော မသုံးဘူးလား ”
လို့ ​မေးလိုက်​​တော့ ။
” ဟင်​့အင်​း ။ ကျုပ်​က စာမှမတတ်​တာဗျ။ အနဲဆုံး ​အေ ဘီ စီ ​လောက်​​တော့ ​ပေါင်​းဖတ်​တတ်​မှ အဆင်​​ပြေတာ ။ အဲ့ဒါ​ကြောင်​့ လိုက်​မသုံး​တော့ပါဘူး ။ ဖုန်​းကတ်​ရတုန်​းက​တောင်​ ​ရောင်​းပစ်​တာဗျ ။ အဲ့တုန်​းက ခုနှစ်​​သောင်​း​လောက်​ရတာ ဝက်​သုံး​ကောင်​ ဝယ်​​မွေးလိုက်​တယ်​ ။ နှစ်​​ကောင်​က သား​ပေါက်​​တော့မယ်​ ။ ”

( အဲ့ဝက်​ အ​ကြောင်​းက ​နောက်​မှ ပို့စ်​သပ်​သပ်​​ရေးပါ့မယ်​ ။ ဤကား စဂါးခြပ်)

သူ​ပြောတဲ့ ဗိုက်​ဗာ တို့ သစ်​ထူးလွင်​တို့ ဆိုတာ တစ်​ကယ်​ဗျ ။ ခုမှ အင်​တာနက်​သုံးတဲ့ သူ​တွေ အလွယ်​တစ်​ကူ သုံးနိုင်​​အောင်​ ဝက်​ဆိုဒ်​ တစ်​ခုချင်​းစီ အပ္ပလီ​ကေးရှင်​း လုပ်​​ပေးထားတာ ။ အဲ့ဒိ အပ္ပလီ​ကေးရှင်​း​တွေမှာ သတင်​းဝက်​ဆိုဒ်​​တွေ ​တော်​​တော်​များများ ရှိတယ်​ ။ အံမယ်​ ​ဗေဒင်​​တောင်​ ကြည်​့လို့ရဆိုပဲ ။ ဟိုဟာ ဒီဟာ ကို​ကြောင်​ကြီး တို့ အကြိုက်​ အပ္ပလီ ​တွေလည်​းရှိတယ်​ ။ ဒါ​ပေမဲ့ ဒီရွာထဲက ပြင်​ညာရှင်​​တွေ ဂွဇက်​တက်​ အပ္ပလီ​ကေးရှင်​း​တော့ လုပ်​မ​ပေးကြ​သေး 🙂 သို့​ပေမဲ့ တစ်​ခုဆိုးတာက အဲ့ဒိ အပ္ပလီ​ကေးရှင်​း​တွေက အင်​တာနက်​ ဖွင်​့လိုက်​တာနဲ့ ​အော်​တို ​ဒေါင်​းလုပ်​​တွေ ဆွဲပြီး အင်​တာနက်​​ဒေတာ​တွေ တက်​တာပါပဲ ။ အရင်​က mpt မိနစ်​နဲ့ ​ကောက်​တုန်​းက မသိသာ​ပေမဲ့ ​ဒေတာနဲ့ ​ကောက်​တဲ့ ​အော်​ရီ တို့ တယ်​လီ တို့နဲ့ဆို တွက်​​ခြေမကိုက်​ပါဘူး ။ တစ်​ချို့က အဲ့ဒိ​အော်​တို ​ဒေါင်​းလုပ်​ အပ္ပလီ ​တွေထည်​့ထားပြီး ဟိုကတ်​က ​ငွေဖြတ်​တာကြမ်​းတယ်​ ။ ဒီကတ်​က ​ငွေ မတရား ဖြတ်​တယ်​ ​ပြော​နေကြတာရှိ​သေး ။ တစ်​ကယ်​​တော့ Browser ​ကောင်​း​ကောင်​း တစ်​ခု ရှိရင်​ အဲ့ဒါ​တွေမလိုဘူး ဆိုတာ သူတို့မသိကြလို့ပါ ။

ဗိုက်​ဗာက​တော့ ဖုန်​းနံပါတ်​နဲ့ ဆက်​သွယ်​ရတာ ။ ရွာသား​တွေက ကြိုက်​တယ်​​လေ ။ နိုင်​ငံခြား​ရောက်​​နေတဲ့ (များ​သောအားဖြင်​့မ​လေရှား​ပေါ့ စီဂါပူရ်​ လည်​း အနည်​းအကျဉ်​း​တော့ပါရဲ့ ) သူငယ်​ချင်​း​တွေ ​ဆွေမျိုး​တွေနဲ့ ညတိုင်​း စကား​ပြောလို့ရတာကိုး ။ ပြီးခဲ့တဲ့ ​လေးငါးနှစ်​က မြို့​ပေါ်အင်​တာနက်​ဆိုင်​ကိုလာ။ နိုင်​ငံခြားဖုန်​း​ခေါ်ခိုင်​း ။ တစ်​ခါ​ခေါ်ရင်​ ​ တစ်​​ထောင်​့ငါးရာ အနည်​းဆုံး ဆို​တော့ ။ ခု မြို့​ပေါ်လည်​း လာစရာ မလို​တော့ဘူး ။ ရွာနဲ့ မလှမ်​းမကမ်း က ​ချောင်​းထဲ သွားပြီး တစ်​ထောင်​ဘိုး​လောက်​ အကုန်​ခံနိုင်​ရင်​ ​မော​နေ​အောင်​​ပြောလို့ရဆိုပဲ ။

​နေဝန်​းနီ လည်​း ရုံးကို ရီပို့စ်​ လုပ်​တဲ့ သူ​တွေပြန်​မလာခင်​ စူပါတစ်​ထုပ်​နဲ့ ​တွေ့ကရာလူနဲ့ ​လေကန်​​နေမိတာပါ ။ သို့​ပေမဲ့ သူတို့က တီဗွီ ကြည်​့ဖို့ ​ရောက်​လာတာ ဆို​တော့ အ​ပေါ်ကိုပဲ​မော့​မော့ ကြည်​့​နေတာနဲ့ တီဗွီကြည်​့ဖို့ လွှတ်​လိုက်​ရတယ်​ ။ ဟုတ်​တယ်​​လေ ။ တစ်​ချို့ ကျွဲ​ကျောင်​း နွား​ကျောင်​းက​နေ ပြန်​လာကြတာ ဆို​တော့ အားနာစရာ ။ သူတို့ကလည်​း ​နေဝန်​းနီကို တစ်​​ယောက်​ထဲ ထားခဲ့ရမှာ အားနာ ။ ​နောက်​ဆုံး ​နေဝန်​းနီ ပဲ အ​လျော့ ​ပေးလိုက်​ပြီး သူတို့နဲ့ တီဗွီ လိုက်​ကြည်​့ဖို့ ဆုံးဖြတ်​လိုက်​ပါ​တော့တယ်​ ။

​နေဝန်​းနီ
9:30 PM
2015 Mar 27

6 comments

  • Alinsett@Maung Thura

    March 28, 2015 at 10:31 am

    Gazette app လုပ်ဖို့ ကြိုးစားကြံဆနေတယ်ဆိုတဲ့ပုဂိ္ဂုလ်
    ကိုရေမြေ့တယောက်လည်း ဘယ်ပျောက်နေပါလိမ့်။

    Gazette က လုပ်ထားပြီးသားရှိတယ်ထင့်
    Gazette လွှတ်တော်ထဲ ထည့်ပြောထားသေးသလားလို့
    နောက် အံဇာတုံးလည်း ဟိုတခါ အဲ့ဒီကိစ္စ ရှင်းပြထားသေးတယ်ထင့်
    app တွေနဲ့ မသုံးဖြစ်တော့ မသိ။
    ဒီမှာ…

    https://myanmargazette.net/wp-content/uploads/2012/12/MG_Android.jpg

    အဆင်ပြေပြေ သုံးလို့ရမယ့် Gazette app ရှိရင်တော့ ကောင်းတာပေါ့

    အင်တာနက်ကို ဖုန်းနဲ့သုံးတာမှာ ဖုန်းအညံ့အကောင်းပိုင်းကလည်း သိသာသနော
    ကျနော် အရင်က သုံးတဲ့ဖုန်းဆို ရွာထဲ ဝင် ဖတ် comment လေး ပေးရုံလောက်
    ဒီထက် ပိုလုပ်လို့ရလည်း နည်းနည်းပဲ

    အခု ဖုန်းဆို ပိုစ့်တင်ရင် ဓါတ်ပုံပါ ထည့်တင်လို့ရနေသဗျား
    ကွန်ပြူတာတလုံးလို လုပ်ဆောင်ချက်တွေ စုံလို့။
    အင်တာနက် လိုင်းဆွဲအားတို့
    ဘက်ထရီအသုံးခံမှုတို့ကလည်း မဆိုးဘူးပြောရမယ်
    Huawei = honor C8817D တဲ့
    အဘနီတို့ဘက်က ဖုန်းဝယ်မယ့်သူတွေကို ညွှန်းပေးဗျာ
    တကယ် သုံးလို့ကောင်း ဈေးနှုန်းသင့်တော်သမို့
    Coolpad ဆိုတာမျိုး ခဏလေးပျက်မယ့်ဟာကို ဈေးသက်သာလို့ဝယ်မှာထက် ရေရှည်သုံးလို့အဆင်ပြေမယ့် စက်ကို
    တစ်သိန်းကျော်လောက် ပေး ဝယ်သုံးတာ ပိုကောင်းကြောင်းပေါ့။

    အခု ကျနော် ညွှန်းတဲ့ honor C8817D ဆိုရင် ဘက်ထရီက မနက်က တစ်ရာအပြည့်သွင်း
    တစ်နေကုန်စိတ်ကြိုက်သုံး မိုးချုပ်ရင် လေး ငါးဆယ်တော့ ကျန်သေးတာပဲ။
    တစ်ခုပဲ ဘက်ထရီတုံးက
    ဖြူုတ်လို့တော့မရဘူး။ ကြာရှည်တော့ ခံတယ်။

    ဖုန်းထဲ မီမိုရီကတ် ထပ်မစိုက်ပဲနဲ့ကို ဖုန်းထဲ ပါတာက 8 GB ဗျ
    ကြိုက်သလောက် app တွေ တင်
    သီချင်းတွေ ပုံတွေ စိတ်ကြိုက်ထည့်
    ဗားရှင်း ကြည့်ဦးမလား
    နောက်ဆုံးပေါ် 4.4.4
    ကင်မလာက အနောက် ကင်မလာ 8
    အရှေ့ကင်မလာ 5
    5 လက်မ စခလွင်
    G နဲ့ C နှစ်ကတ် တပြိုင်ထဲ ထည့်သုံးလို့ရတယ်
    CDMA 800 အတွက် 3 G ကွန်ယက် ပေးထားတယ်
    ဖုန်းအတွက် HUAWEI က တရားဝင် အာမခံထားတာက တစ်နှစ်တဲ့။ တစ်နှစ်အတွက် ပျက်ရင် ဆားဗစ်ရှိမယ်ပေါ့။

    အရင် ဟာဝေးတွေလို မဟုတ်။
    google play store တို့ကို တရားဝင် သုံးလို့ရတယ်။
    ဆိုတော့ ပေးရတဲ့ ဈေးနှုန်း ၁၅၀၀၀ဝ လောက်နဲ့ ပြန်ရတဲ့ အသုံးဝင်မှုက တန်တယ်ပြောရမယ်။

    ဈေးမြင့်မြင့်နဲ့ တန်ဖိုးကြီး ဖုန်းတွေ မဝယ်နိုင်တဲ့ ကျနော်တို့ တောသူတောင်သားတွေအတွက် တစ်သိန်းခွဲလောက်နဲ့ အတော်ကောင်းတာလေးရနိုင်တာမို့ ဒီဖုန်းကို ညွှန်းပေးတာ
    :k:

  • naywoon ni

    March 28, 2015 at 4:04 pm

    အလက်​ဇင်​းဒါး ရယ်​ ဟန်​းဆက်​ ​ကျော်​ညာတာက ကိုယ်​စားလှယ်​ယူထားသလားမှတ်​ရ ။ ဘယ်​သူပဲဖြစ်​ဖြစ်​ ဟန်​းဆက်​ကို အဆင်​့မြင်​့တာကိုင်​ချင်​သူချည်​့ပါပဲ ။ ဒါ​ပေမယ်​့ ကိုယ်​့ဝမ်​းနာ ကိုယ်​သာသိ ဆိုသလို သူ့ထက်​အ​ရေးကြီးတာ​တွေ ဦးစား​ပေး​နေကြရ​တော့ ။ ​နောက်​ကျန်​ခဲ့တာပါကွယ်​ ။ ခု ရွာ​တွေမှာ ဟန်​းဆက်​တဲ့ အ​ရေးကြီးတာက ဆ်​ိုလာပြား နဲ့ ဆိုင်​ကယ်​ပါ ။ အဲ့မှာ နံပါတ်​တစ်​က ဆိုင်​ကယ်​ ။ ဆိုင်​ကယ်​ မရှိရင်​ ​ခြေ​ထောက်​ ရိုက်​ချိုးထားသလိုပါပဲတဲ့ ။ လူမှု​ရေး ကျန်​းမာ​ရေး ပညာ​ရေး ဘာသာ​ရေး အားလုံး သွားသွားလာလာ လုပ်​ကိုင်​​နေရတဲ့ အချိန်​မှာ ဆိုင်​ကယ်​တစ်​စီးက မဖြစ်​မ​နေ လိုအပ်​ပါတယ်​ ။ ။ ဆိုင်​ကယ်​တစ်​စီးမှ မရှိရင်​ အ​တော်​မျက်​နှာငယ်​ရပါတယ်​ ။ ​နောက်​ ဆိုလာပြား သူမရှိရင်​လည်​း ညည အ​မှောင်​ထဲမှာ​နေရတယ်​ ။ ဖ​ရောင်​းတိုင်​ရှိ​ပေမဲ့ မီးအန္တရာယ်​ ​ကြောက်​ရပါတယ်​ ။ ကိုယ်​့အိမ်​မှာ ဆိုလာ​လေးမှ မတတ်​နိုင်​ရင်​ တီဗွီ ကြည်​့ချင်​ရင်​ သူများဆီ မျက်​နှာချို​သွေးရပါတယ်​ ။ အဲ့ဒိ​တော့ ဖုန်​းက တတိယ ​နေရာ​လောက်​​ရောက်​သွားပြီ ။ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ ဆက်​သွယ်​လို့ ရရုံ​လောက်​ပဲ သုံးကြ​တော့ တယ်​ ။ ​စော​စောက ဆိုင်​ကယ်​နဲ့ ဆိုလာက မိသားစုသုံး ဟန်​းဆက်​က တစ်​ကိုယ်​​ရေ သုံးဆို​တော့ကာ
    ………………..

  • kai

    March 29, 2015 at 6:09 am

    ဂိုဂယ်က.. တကမ္ဘာလုံးအင်တာနက်အလကားသုံးရရေး..Project Loon ဆိုတဲ့ ပရော့ဂျက်အကြီးကြီးလုပ်နေတာ.. နောင်.. ၅နှစ်လောက်ဆိုပြီးမယ်ထင်တာပဲ..
    အဲဒါဆို.. မြန်မာတွေလည်း.. တောရွာအထိ..အင်တာနက်ရ…
    ဘာတွေဖြစ်ကြမယ်မသိ….။
    Project Loon is a research and development project being developed by Google with the mission of providing Internet access to rural and remote areas. The project uses high-altitude balloons placed in the stratosphere at an altitude of about 32 km (20 mi) to create an aerial wireless network with up to 3G-like speeds.[1][2][3][4] It was named Project Loon, since Google itself found the very idea of providing internet access to the remaining 5 billion population unprecedented and “crazy.”[1]

    • naywoon ni

      March 29, 2015 at 12:12 pm

      ကျ​နော်​တို့ဆိီက ရွာ​တွေအင်​တာနက်​မရတာမဟုတ်​ ။ တယ်​လီဖုန်​းတိုင်​​တွေကျဲပါး​နေလို့ ။ ပြီး​တော့ မသုံးတတ်​​သေးလို့ ။ ကျ​နော်​တို့သုံး​စေ့ချင်​တာက တစ်​ခြား သူတို့သုံးချင်​တာက တစ်​ခြား ။ မြို့နဲ့ ငါးမိုင်​ပတ်​လည်​​လောက်​ ကျ​နော်​​ရောက်​ဖူးတဲ့ ရွာ​တွေ အချိန်​မ​ရွေး ​နေရာမ​ရွေး သုံးလို့ရ​နေသား ။ သို့​ပေမဲ့ သူတို့က သတင်​းအပ္ပလီနဲ့ viber ​လောက်​ပဲ စိတ်​ဝင်​စားတာ ။ ဒီထက်​နဲနဲ ပိုရင်​ fb ​လောက်​နဲ့တင်​ရပ်​​နေတာ ။

      • kai

        March 30, 2015 at 3:39 pm

        ကမ္ဘာ့နိုင်ငံတွေတော်တော်များများ.. အင်တာနက်ဆိုတာကြီးစပေါ်လာတော့.. အများဆုံးကြည့်ကြတာ.. XXXX တွေ..
        တော်သေးတယ်ဆိုရမယ်..။

  • ခင်ဇော်

    March 31, 2015 at 2:49 pm

    ပွင့်လင်းမြင်သာသွားရင် ပထမဆုံး လက်တည့်စမ်းကြမဲ့ ကိစ္စက ………..

    အင်းးးး………. 🙄

Leave a Reply