အတိတ်နိမိတ်

uncle gyiMarch 27, 20151min19918

အခုခေတ်လူငယ်တွေကအတိတ်နိမိတ်တွေသိပ်မယုံတော့ဖူး
ကြီးပြင်းတာကလည်းဒုံးပျံခေတ်
စီဒီ တီဗွီခေတ်
အန်ကယ်တို့ကြီးပြင်းလာတာကက်ဆက်ခေတ် ရေဒီယိုခေတ်
၁ဝတန်းအောင်လို့ မန်းလေးအလုပ်လုပ်ဖို့ရောက်တော့ဈေးချိုမှာအလုပ်သင်ဝင်ရတယ်
အဲဒီအချိန်ဈေးချိုမှာအလုပ်သင်ဝင်ဖို့ကထမင်းကျွေးပညာသင်
ဘာပိုက်ဆံမှမရ အခုခေတ်လိုငွေဘယ်လောက်ရမှထားမှာဆိုဘယ်ဆိုင်မှမခေါ်တော့
အဓိကပြောချင်တာက
ဆိုင်ရှင်တွေအဓိကသင်တာကစကားအပြော
ဈေးရောင်းရင်းဘယ်လိုပြောဘယ်လိုရောင်း
ဈေးဝယ်မေးရင်မေးတဲ့ကုန်ကိုယ့်ဆီမရှိရင်တောင်မရှိဆိုတဲ့စကားမပြောရ
မထားဖူးကုန်နေတယ်ပြောရတယ်
အဓိကကမရှိဆိုတဲ့စကားနိမိတ်မကောင်းလို့တဲ့
အခုခေတ်ဆိုမဆီရယ်တဲ့အိုမဆိုင်လုပ်ကြမှာ
ဒါပေမဲ့နိမိတ်ဆိုတာမယုံလို့လဲမရ

ကြုံဖူးတယ်မန်းလေးမှာမီးသတ်ကားဥဩသံကိုသီချင်းရှေ့မှာတီးလုံးထည့်တဲ့သီချင်း
ခေတ်စားတဲ့အချိန် မသိရင်မီးသတ်ကားလာနေတာ
အဲဒီအချိန်မန်းလေးမှာမီးတွေမကြာခဏအကြီးအကျယ်လောင်တာ
တနို်င်ငံလုံးလည်းမီးမကြာခဏလောင်တယ်

နောက်အိုးလေးလှုပ်ပါဟေ့ဖြစ်လာရော
ဖွင့်လိုက်တဲ့သီချင်းဘယ်သွားသွားဒါပဲ
မကြာပါဖူးနာဂစ်ဖြစ်ပြီးမြန်မာနိုင်ငံရဲ့ဆန်အိုးကြီးသွက်သွက်ခါသွားတာ

အခုလည်းသီချင်းတပုဒ်ထွက်လာပြန်ရော
မင်းသီချင်းကလည်းကွာနိမိတ်မကောင်းဖူးလို့သားတော်မောင်ကိုပြောမဆုံးသေး
လောက်ကိုင်တိုက်ပွဲတဲ့
တနိုင်ငံလုံးလဲတလှုပ်လှုပ်
သီချင်းကရွာကိုသူပုန်ဝင်တာရေးထားတာ
ရွာကလူတွေဟိုပြေးဒီပြေး
ဟိုအော်ဒီအော်
သေနတ်သံတွေတညံညံ

18 comments

  • naywoon ni

    March 28, 2015 at 1:19 am

    အခု​ကော မန္တ​လေးမှာ ဘာသီချင်​း​တွေဖွင်​့လို့ ဆိုင်​ကယ်​​တွေခဏခဏ တိုက်​​နေကြတာလဲဟင်​ ။

  • Ma Ma

    March 28, 2015 at 6:35 am

    မယုံဘူးလို့လည်း မဆိုချင်။
    ပြီးခဲ့တဲ့ ၂နှစ်လောက်က ရွှေတိဂုံဘုရားမှာ လင်းတကြီးတွေနားတာ။
    ခုတော့လည်း ဗုဒ္ဓဘာသာမှာ အမျိုးမျိုးဂုဏ်းတွေကွဲ၊
    လူ့လောကအရေးတွေမှာ ဝိနည်းနဲ့ ညီသည် မညီသည်မသိ (ကိုယ်ကမသိတာပြောတာ) ဝင်ပါ၊ ဥပဒေတွေထုတ်။ :cryy:

  • kai

    March 28, 2015 at 7:45 am

    လူတွေဘာသာရေးလုပ်လွန်းရင်.. အဲလိုပြသနာတွေဖြစ်တာပါပဲ…
    လူသားတွေအပေါ်ကျရောက်လာတဲ့.. အဆိုးဆုံးသောနိမိတ်..။

    တကယ်တော့.. ဘာသာရေးဟူသည်..
    စစ်ပွဲများကိုဖန်တီးသူ…
    လူသားများကို.. ပြိုကျဖြိုခွဲအပိုင်းပိုင်းဖြတ်တတ်သူ…။
    မိသားစုများကိုပြိုကွဲစေတတ်သူ…။
    လူ့အသိုင်းအဝိုင်းကို.. ဖျက်စီးစေသောသူ…
    ငြိမ်းချမ်းပါတယ်..တွင်တွင်ဟစ်လျှက်.. မငြိမ်းချမ်းဆုံးသော.. သူ…။

    အနိစ္စ.. ဒုက္ခ..အနတ္တ… တောထွက်ဦးမှ… :k:

  • နိမိတ်တွေကို မယုံဘူးလို့ ဘယ်လိုပဲ ပြောပေမယ့် ငယ်ငယ်ကတည်းက နိမိတ်တွေကို ခေါင်းထဲရိုက်သွင်းခံခဲ့ရတာဆိုတော့ လုံးဝတော့ မကင်းနိုင်သေးဘူးရယ်…. တတ်နိုင်သလောက်တော့ ဥပါဒါန်မဖြစ်အောင် နေပါတယ်… ဒါပေမယ့် လူကြီးတွေနဲ့ကျတော့ ယှဉ်ပြီး ပြောလို့ မရပြန်ဘူးလေ..

    လောလောဆယ် နောက်လ ၂ ရက်နေ့အိမ်ပြောင်းဖို့ကို ပြဿဒါးနေ့မို့လို့တဲ့.. အဒေါ်က တစ်ရက်နောက်ဆုတ်တယ်… နောက်ရက်အလုပ်တွေနဲ့ အချိန်တွေ ကျပ်နေလို့ နည်းနည်းစိတ်ညစ်နေတယ်.. ကိုယ့်ဘာသာကိုယ်ဆိုရင် ဝါတွင်းလည်း ပြောင်းတာပဲ.. နဂါးခေါင်းလည်း မသိဘူး… ရက်ရာဇာ ပြဿဒါးဆို ပိုတောင်ဆိုးသေးတယ်.. :k:

  • Alinsett@Maung Thura

    March 28, 2015 at 2:05 pm

    .အေသင်က …တင်းတယ်…တင်းတယ်… တင်းတယ်တင်းတယ်ဟေ့…လို့ ဆိုတော့…တင်းကုန်ကြရောလား…

    :k:

    ကျနော်ကတော့ ဗေဒင်ကို သဂျီး ယုံသလိုမျိုး…
    နိမိတ်ဆိုတာတွေထဲက …ကောင်းတဲ့နိမိတ်ဆို ယုံမယ်ဗျ…
    မကောင်းတဲ့ နိမိတ်ဆို…မမြင်ယောင် ဆောင်ထားမယ်…
    ဟဲဟဲ

  • lu lu

    March 28, 2015 at 3:20 pm

    ကုလားနဲ ့ငါး ကိုအရုပ် ဆွဲရမယ် ဆိုတဲ့ သဘောင်စကားကို
    မှန်စေချင်ပေမယ် ငါး တော့ စားချင်သေးတယ် လို ့
    :kwi:

  • ဦးဦးပါလေရာ

    March 28, 2015 at 3:59 pm

    .နိမိတ်ဆိုရာမှာ-
    .ဗေဒင်ပညာအရ စန်းနဲ့ (အချိန်နဲ့) ယှဉ်ပြီးကောက်တာ ဆိုတာရှိတယ်။
    .အဲဒါကတော့ ဗေဒင်ဆရာတွေကိစ္စမို့ သိပ်မပြောလို-
    .ကျုပ်ကလဲ ကိုယ့်ကိုတွက်သမျှ မင်းသိင်္ခကလွဲရင် အကုန်မှားတာမို့ ဗေဒင်ကို သိပ်မယုံ….
    …………
    .နောက်တစ်မျိုးကတော့ (လူတွေကြား အပြောများရင်းကူးစက်တဲ့) တဘောင်အပေါ်မှီပြီး နိမိတ်ကောက်တာ…
    .အဲဒါကတော့ နဲနဲတော့ ဟုတ်သလိုလိုရှိတယ်…
    .ဘာ့ကြောင့်ဆို အဲဒီနိမိတ်မျိုးက
    .လူတွေရဲ့ ခံစားချက် တောင့်တချက် မျှော်လင့်ချက်တွေကတဆင့် ပုံပြောင်း ဖြစ်ပေါ်လာတာမို့လို့ပဲ…

    • kai

      March 30, 2015 at 3:05 pm

      .နောက်တစ်မျိုးကတော့ (လူတွေကြား အပြောများရင်းကူးစက်တဲ့) တဘောင်အပေါ်မှီပြီး နိမိတ်ကောက်တာ…
      .အဲဒါကတော့ နဲနဲတော့ ဟုတ်သလိုလိုရှိတယ်…
      .ဘာ့ကြောင့်ဆို အဲဒီနိမိတ်မျိုးက
      .လူတွေရဲ့ ခံစားချက် တောင့်တချက် မျှော်လင့်ချက်တွေကတဆင့် ပုံပြောင်း ဖြစ်ပေါ်လာတာမို့လို့ပဲ…

      အဲဒီအတွေးအခေါ်က..အင်မတန်လက်ခံနိုင်စရာရှိတယ်..။
      ဆိုတော့.. ဝိုင်းစုရဲ့.. ခါချနေရတယ် သီချင်းကိုလူကြိုက်များလာတာက…
      ခါချနေချင်သူတွေကလက်ခံကြိုက်လို့ပေါ့…။
      ဆိုတော့. ခါချနေချင်တာမို့… မသိစိတ်တွန်းအားနဲ့.. ခါချနေဖြစ်အောင်လုပ်ရော..
      လုပ်ကြသမို့.. ခါချနေရတဲ့ဘဝမရောက်သေးရင်တောင်.. အဲဒီဖက်ရည်ရွယ်ပြီးလုပ်ကြတဲ့အတွက်… အဲဒါနဲ့ဆိုင်တဲ့အလုပ်အကိုင်အခွင့်အလန်းတွေတိုးတက်လာရော..
      အဲဒီတော့…
      မိန်းမတွေ.. အာဏာပါဝါရှိလာမဲ့နိမိတ်လို့… ထင်..။ :k:

  • Wow

    March 28, 2015 at 5:44 pm

    အာ့ဆို ခု ဝိုင်းစု “ခါချနေရတယ်” သီချင်း အတော်ပေါက်နေတယ်.. ဘာနိမိတ်တုံး :mrgreen:

  • uncle gyi

    March 28, 2015 at 10:40 pm

    ကိုနီရေမန်းလေးမှာဆိုင်ကယ်တိုက်တာကဖြစ်ရိုးဖြစ်စဉ်
    ဖြစ်နေတာလူတွေမစဉ်ချင်ကြလို့ဖြစ်တာနိမိတ်ပြောလို့မရဖူးထင်ပါတယ်

    သူကြီးကစစ်ဖြစ်တာဘာသာရေးကြောင့်ပြောတာ
    အမှန်ကဘာသာတွေကငြိမ်းချမ်းပါတယ်
    လူတွေကဘာသာတွေကိုကို်ယ်လိုရာဆွဲပြီးအသုံးချ
    နေကြတယ်ဆိုတာကြည့်တတ်ရင်မြင်နိုင်ပါတယ်ဗျာ

    အန်ကယ်လည်းနိမိတ်နိမိတ်နဲ့စွဲနေတဲ့သူမဟုတ်ပါဖူး
    မောင်သူရရေ တိုက်ဆိုင်တာလေးတွေပြောပြတာပါ
    မကောင်းတာကိုအစွဲထားတာကမကောင်းတဲ့အကျင့်လို့
    အန်ကယ်လည်းမြင်ပါတယ်

    ဝိုင်းစုရဲ့သီချင်းကဘာနိမိတ်တုုံးဆိုတော့
    အန်ကယ်လည်းနိမ်ိတ်ကောက်ပညာရှင်မဟုတ်တော့
    မဖြေတတ်ပါဖူးကွယ်
    ဒါပေမဲ့အကောင်းဘက်ကယူမယ်ဆို
    မြန်မာပြည်စီးပွါးရေးစန်းပွင့်မယ့်ကိန်းလို့ထင်ပါတယ်Wowရေ

  • Courage

    March 29, 2015 at 8:16 am

    အတိတ်တို့ နိမိတ်တို့ အယုံအကြည့်မရှိဘူးဆိုရင် ယောအတွင်းဝန် ဦဖိုးလှိုင်တို့ အယူတော်မင်္ဂလာ ဦးနိုးတို့ရဲ့ အခန်း ကဏ္ဍကို ဘယ်နားသွားထားကြမလဲ မေးကြည့်ရမှာပေါ့

  • lu lu

    March 29, 2015 at 8:07 pm

    အဲ့ဒီ ဘာသာတရား မှာ ကိုယ့်ဘာသာမဟုတ်တဲ့သူတွေကိုသတ် ခိုင်းတာရော ဘာသာတရားကလူကိုခိုင်းတာလား လူက ဘာသာတရားပေါ်လွှဲချတာလား

  • uncle gyi

    March 29, 2015 at 9:42 pm

    lulu ရေ
    ရှင်းနေတာပဲလူကဘာသာတရားအပေါ်လွဲချတယ်ဆိုတာ
    တကယ်တမ်းပြောရင်သူတပါးအသက်သတ်တာကိုဘယ်ဘာသာမှခွင့်မပြု ပါဖူးကွယ်
    အခုခေတ်စားနေတဲ့အိုင်းစစ်တွေရဲ့မူရင်းဘာသာမွတ်စလင်အယူမှာကို
    သူတပါးအသက်သတ်တာကိုခွင့်မပြုဖူးဆိုတာသေချာလေ့လာရင်တွေ့မှာပါ
    အဓိက ကလူတွေကိုယ်လိုရာရောက်အောင်ဘာသာရေးကိုအသုံးပြုနေတာပါ

  • ဦးကြောင်ကြီး

    March 30, 2015 at 11:36 am

    ရွှေတိဂုံပေါ် လင်းတငှက် နားတဲ့ နမိတ်ကတော့ ထင်ထင်ရှားရှားပါပဲ..။

  • Ma Ei

    March 30, 2015 at 11:54 am

    အတိတ် နမိတ် ဆိုတာက သိသူဖော်စား မသိသူကျော်သွား ဆိုသလိုပါဘဲ
    ယုံကြည်သူတွေ ကသာ မှတ်ယူ အသုံးပြုု ဆောင်ကြ ရှောင်ကြပြီး
    မယုံသူတွေ မသိသူတွေ ကတော့ ဘာမှသိ မှာမဟုတ်ပါဘူး…

  • ခင်ဇော်

    March 30, 2015 at 3:13 pm

    နမိတ်ဆိုတာ ကောက်တတ်ရင်တော့ ကောက်လို့ရနေတာချည်းး
    ဟိ။
    လုပ်ချင်ရင် ဘာဖြစ်ဖြစ် မယုံဘူးးး လုပ်မှာ။
    မလုပ်ချင်ရင် ရှိတဲ့ အကြောင်းပြချက်နဲ့ ကာမှာ။ ဟိဟိ

    :mrgreenn:

  • Mike

    March 31, 2015 at 9:27 am

    .ကျုပ်ရေးဖူးသဗျ…

    `နိမိတ်´

    `နိမိတ်´ဆိုတဲ့စကားက`နိမိတ္တ´ဟူသောပါဠိစကားမှလာသည်ဟုဆိုရပေမည်။မြန်မာလိုနိမိတ်သာဖြစ်၏။`နိမိတ္တ´၏အနက်ကိုကြည့်လျှင်မြင်လတ္တံ့သောအနာဂါတ်အရေးအကြောင်းများကို

    ကြိုတင်ကြည့်ကြသည့်လက္ခဏာ ဟုတွေ့ရ၏တဲ့။(ဥပမာဆောင်ပါအုံးမည်)

    အနော်ရထာမင်းစောသည် လယ်တွင်းကိုးခရိုင် ဆည်၍ပြီးသောအခါ နေပြည်တော် ပုဂံသို့

    ပြန်ခါနီး၌ ကွန်းထောက်နားသည့် တဲအောက်မှ ဖားမြည်သံကို ကြားလေသည်။ ထိုအခါ

    ဟူးရားဖြူ၊ ဟူးရားညို တို့အား အကြောင်းကိုမေးလေ၏၊

    ဖားမြည်သံကို နားလည်သော ဟူးရားဖြူ၊ ဟူးရားညို တို့က ဖားဖိုသေ၍ ဖားမ လင်ကောင်ပိုး၍

    ငိုကြောင်း သံတော်ဦးတင်လေ၏။ အမိန့်တော်အရ မြေကိုတူးကြည့်ရာ ပြောဆိုသည့်အတိုင်း

    ဖားမသည် ဖားဖိုကို ပိုးကာ ငိုနေသည်ကိုတွေ့ရ၏။ ထိုအချင်းအရာကို မင်းကြီးက နမိတ် မည်သို့နည်းဟု မေးမြန်းရာ…

    ဟူးရားဖြူ၊ ဟူးရားညို တို့က ဤနမိတ်ကားနမိတ်ကောင်းမဟုတ်

    အရှင်မင်းကြီးသည် ဘဝဟောင်းမှ ကောင်းမှုများ ကုန်ပြီ ဖြစ်သဖြင့် ပုဂံနေပြည်တော်သို့

    မဝင်မီ နတ်ရွာစံမည့် နမိတ်ဟု ဟော၏။

    ထိုဟောချက်နမိတ်အတိုင်း အနော်ရထာမင်းသည် ကိုးခရိုင် နယ်စပ်တွင် ကျွဲရိုင်းခတ်၍

    နတ်ရွာစံလေသည်။(မြန်မာ အများစုသည် အတိတ်နမိတ် များကို သတိပြုလေ့ရှိ၏၊ ဤ

    သည်ကို ခေတ်နောက်ကျသည်ဟု ယူဆပါကလည်း ယူဆနိုင်ပါ၏၊ ဤ ကား လူ

    တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်ယုံကြည်မှု လူ့အခွင့်အရေးပင် မဟုတ်ပေလား..)

    http://myanmargazette.net/204176 :k:

  • uncle gyi

    March 31, 2015 at 10:06 pm

    ဘာပြောပြောပေါ့လေ
    အတတ်နိမိတ်ဆိုတာမြန်မာမှာမှမဟုတ်
    အခြားအခြားသောတိုင်းပြည်တွေမှာလည်းရှိတာပါပဲ
    သိသူအသုံးချတတ်သူကသုံးကြတာပါပဲ
    အန်ကယ်တို့ကတိုက်ဆိုင်တာလောက်ပြောပြတာပါ
    ပညာရှင်အဆင့်နဲ့ဆိုခေါင်းပေါင်းနဲ့ဖိနပ်လောက်ကွာကြောင်းပါ

Leave a Reply