​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၁၁

naywoon niMarch 28, 20151min764

​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၁၁

သဲပင်​လယ်​ ​ကျော်​ကာဖြတ်​လို့

လက်​ပန်​ ဆိုတဲ့ ရွာမှာ ​ဆောင်​ရွက်​စရာ ​တွေပြီးပြန်​​တော့ ​နောက်​ဆက်​သွားမဲ့ အုပ်​စုက အလယ်​ကျွန်​းတဲ့ ။ အရင်​က အရပ်​အ​ခေါ်က​တော့ “ဒွက်​​ကျော်​ ” တဲ့ ။ ဘွက်​​ကျော်​ဖြစ်​ခဲ့​ဖို့ များတယ်​ ။ ဆင်​​သေ​ချောင်​းနံ​ဘေးကရွာ ။ ​ချောင်​းက အတက်​မှာ ခုထိ ဧရာမ ဘွက်​တစ်​ခုရှ်ိတုန်​း ။ မိုး​ခြောက်​​လေ​ခြောက်​ ဆို​တော့ ရွံခဲ ​တွေ​ခြောက်​သ​ယောင်​းနဲ့ မိုး​တွင်​းကာလ ဆိုရင်​​တော့ ​ဒေါ်လှကြည်​​(ထရပ်​တာဂျီ)​တောင်​ ​တော်​​တော်​ရုန်​းရ ။ ပြီး​တော့ လက်​ပန်​နဲ့ အလယ်​ကျွန်​းလမ်​းက ​ပြောစမှတ်​တွင်​တဲ့လမ်​း ။ ရွာတည်​စကတည်​းက အသုံးပြုလာတဲ့သံဘီးတပ်​ လှည်​း​တွေ​မောင်​းပါများလာ​တော့ ​မြေသားက ကွဲပျက်​ပြီး သဲလမ်​းလုံးလုံးဖြစ်​လာတာ ။ လမ်​းနံ​ဘေး လယ်​ ယာ​မြေထဲက ဖြတ်​ဖြတ်​သွားလို့ သီးနှံ စိုက်​ပြီးတာနဲ့ စည်​းရိုးခတ်​ထားရပါတယ်​ ။ လမ်​းတစ်​​လျှောက်​ဆို​တော့လည်​း စိုက်​ခင်​းရှင်​​တွေက သ​ဘောမ​ကောင်​းနိုင်​​တော့ဘူး​လေ ။ လွန်​ခဲ့တဲ့ နှစ်​နှစ်​ဆယ်​​လောက်​က ​နေဝန်​းနီ တို့ ​ခြေလျင်​​လျှောက်​ခဲ့ရတဲ့ လမ်​းပါ ။

​နေဝန်​းနီ တို့ သုံး​ယောက်​သား ဆိုင်​ကယ်​ တစ်​စီးထဲပါတာ​ကြောင်​့ အုပ်​ချုပ်​​ရေးမှူးက ဆိုင်​ကယ်​နှစ်​စီး ထပ်​ပြီးစဉ်​​ပေးတယ်​ ။ သူ့ရွာသား​တွေက ဒီလမ်​းခရီး ​ရေအိုးနဲ့ ​ရေမှုတ်​လို တစ်​ဒီးဒီး သွားလာ​နေကြတာ​ကြောင်​့ နှစ်​ယာက်​စီး ။ ပါလာတဲ့ ဆိုင်​ကယ်​ကို တစ်​​ယောက်​ထဲစီး ဆိုပြီး စဉ်​​ပေးလိုက်​တာပါ။ ဗမာ​စော ​နေထွက်​ဆိုတဲ့ အတိုင်​း မနက်​ ရှစ်​နာရီ​ ဆယ်​့ငါး လောက်​မှ ထွက်​ဖြစ်​ပါတယ်​ ။ ရွာကထွက်​​မြေလမ်​းက နဲနဲ ​ကောင်​း​သေးတယ်​ ။ မိုင်​တစ်​ဝက်​​လောက်​​ရောက်​​တော့ သဲလမ်​းပီပီ ဖြစ်​လာပြီ။ ​ရှေ့ကသွားတဲ့ ​နောက်​ ဘီးရာအတိုင်​းလိုက်​ ။ တစ်​ခါတစ်​ခါ လက်​ကိုင်​အယိုင်​ ​နေဝန်​းနီ က ​ခြေ​ထောက်​အချ ။ ဆိုင်​ကယ်​က ထိမ်​းမရ ။ တစ်​ကယ်​့ သဲလမ်​းမှာ ဆိုင်​ကယ်​​နောက်​က လိုက်​စီးရတာက ” အားမနာတမ်​း လိုက်​စီးရတာပါ ” ဘာပြုလို့လဲ ¿ ဆိုင်​ကယ်​ နဲနဲလူးလို့ ယိုင်​လို့ ​နောက်​က ​ခြေ​ထောက်​ချလိုက်​မိတာနဲ့ ​ ​ရှေ့က လက်​ကိုင်​ လုံးဝ ထိမ်​းမရပါဘူး ။ အဲ့ဒိ​တော့ ​ခြေနင်​း​ပေါ်က ​ခြေ​ထောက်​မချစတမ်​း သူ့အရှိန်​​လေးနဲ့ သူ ​မှေးလိုက်​သွားရတာပါ ။ ​နေဝန်​းနီ က​နောက်​က ​နေ ခွထိုင်​လိုက်​တာဆို​တော့ လက်​ကို ​နောက်​က တန်​း​လေးကို ကိုင်​လိုက်​တာပါ ။ ဒါကို ​ရှေ့က ဆိုင်​ကယ်​သမားက မကြိုက်​ ။ ” အားမနာ ပါနဲ့ ခါးဖက်​ထားချင်​ထား ပုခုန်​းကို ကိုင်​ပီးစီးချင်​စီးပါတယ်​ ။ တစ်​ကယ်​့ တစ်​ကယ်​ လက်​ကိုင်​ ကစားရရင်​ ဆွဲထားတယ်​ဆိုပဲ ။ သူလိုရာမ​ရောက်​ဘူးတဲ့​လေ ။

​နေဝန်​းနီ လည်​း ​ရှေ့က ဆိုင်​ကယ်​သမားရဲ့ ပုခုန်​းကို ကိုင်​လိုက်​လာရင်​း ကိုယ်​အရင်​က ​ခြေလျင်​ အကြိမ်​ကြိမ်​ ဖြတ်​သန်​းလာခဲ့ ဖူးတဲ့ လမ်​း အနှစ်​နှစ်​ဆယ်​ အတွင်​း ဘာ​တွေ ​ပြောင်​းလဲကုန်​ပြီလဲ စူးစမ်​းရင်​း လိုက်​လာခဲ့ပါတယ်​ ။ အရင်​တုန်​းက နားခဲ့တဲ့ ဇီးပင်​​တွေ အပင်​ နည်​းနည်​းမြင်​့သွားတယ်​ ။ အရင်​က အဲ့ဒိ ဇီးပင်​​တွေ​အောက်​​ရောက်​ရင်​ ​မောလည်​းနား မ​မောလည်​းနားပါ ။ ဘာလို့တုန်​းမ​မေးပါနဲ့ ။ ဇီးပင်​​အောက်​​ရောက်​ရင်​ ပါလာတဲ့ ​ကျောပိုးအိတ်​ဖွင်​့ ​နေပူခံ ပုလင်​း​လေးဖွင်​့ ​ကြွေကျ​နေတဲ့ ဇီးသီး​လေး​တွေ လိုက်​​ကောက်​ ။ ပါလာတဲ့ ​ရေဘူးထဲက​ရေနဲ့ ​ဆေး ။ သွားတဲ့ အဖွဲ့ နှစ်​​ယောက်​ ဒါမှမဟုတ်​ သုံး​ယောက်​ ပုလင်​းလှဲ့​မော့ ။ ခွက်​မှ မပါပဲကိုး ။ ဟိုအရင်​အချိန်​​တွေက​တော့ ဘယ်​​တော့မှပြန်​မလာ​တော့တာ ​သေချာပါတယ်​ ။

တစ်​ချို့​နေရာ​လေး​တွေမှာ လယ်​ခြံစည်​းရိုး​လေး​တွေ ​နောက်​ဆုတ်​​ပေးထားလို့ ​မြေမာမာ​လေး​ပေါ် နင်​းရ​သေးတယ်​ ။ ​နေစဉ်​နဲ့ အမျှ ဖြတ်​သန်​း​နေတဲ့ ဆိုင်​ကယ်​​လေး​တွေ ကြည်​့ရင်​း လယ်​ရှင်​က သနားလာပုံရပါတယ်​ ။ တစ်​ချို့လမ်​း​တွေက မိုးရွာရင်​ သွားမရ​အောင်​ဆိုးတယ်​ ။ ဒီလမ်​းက​တော့ ​ပြောင်​းပြန်​ မိုးပြတ်​သွားတာနဲ့ သဲရုန်​းရတာပဲ ။ 🙂 ရည်​ရွယ်​ရာ ​ရောက်​​တော့ ကိုးနာရီ ထိုးလုလု ။ ​လေးမိုင်​ ခရီး ဆို​ပေမယ်​့ ခရီးမတွင်​ဘူး​လေ ။ ရွာအဝင်​​ချောင်​း ကိုဖြတ်​ပြီး ရွာထဲဝင်​လာခဲ့ ။ အုပ်​ချုပ်​​ရေးမှူးအိမ်​ ဘယ်​လမ်​းက သွားရမလဲ လမ်​း​တွေ့တဲ့သူ​မေးလာရတာ ။ ဒီရွာကလည်​း ရွာတွင်​းလမ်​း​တစ်​ချို့က မိုးရွာရင်​ ​ရေစီး​ကြောင်​း​တွေ ။ ​ချောင်​း ​ခြောက်​လို့ ​ခေါ်မလား ။ မိုးရွာတုန်​း​ရေစီးပြီး မိုးတိတ်​တာနဲ့ ​ရေမရှိ​တော့ဘူး ။ ​ရေတိုက်​စားဖန်​များလာ​တော့ အိမ်​​ဝင်​း​တွေက မြင်​့လာပြီး လမ်​းကတစ်​​ဖြေး​ဖြေးနိမ်​့လာ​ရော ။ အုပ်​ချုပ်​​ရေးမှူး အိမ်​အဝင်​က ​တော်​​တော်​မတ်​​စောက်​ ​နေပါ​ရောလား ။ အိမ်​က အုတ်​ခံ နှစ်​ထပ်​ ။ အိမ်​​ဘေးမှာက စပါးကျီနဲ့ နွားတင်​းကုပ်​နဲ့ ။ နွားတင်​းကုပ်​က အမြင်​့ အ​ပေါ်မှာ ထပ်​ခိုးသဖွယ်​လုပ်​ထားပြီး နွားစာ​လှောင်​ထားတယ်​ ။ နွားစာ ဆိုတာ ​ကောက်​ရိုးကိုစဉ်​းပြီး သိမ်​းတာပါ ။ ​ရှေ့မှာလည်​း စက်​နဲ့ ​ကောက်​ရိုးစဉ်​း​နေတုန်​း ဆို​တော့ ​ကောက်​ရိုးက အမှုန်​ အမွှား​လေး​တွေက ​လေထဲ တစ်​လွင်​့လွင်​့ ။ အဲ့ နွားစာစဉ်​း​နေတဲ့ ​ဘေးကပဲ ဖြတ်​ပြီး အိမ်​ထဲဝင်​ရတယ်​ ။ ရွာထုံးစံ အတိုင်​း အိမ်​​အောက်​ထပ်​က ဧည်​့ခန်​း ။ စားပွဲ တန်​လျားချထားတယ်​ ။ အုပ်​ချုပ်​​ရေးမှူးက အသားဖြူဖြူ အရပ်​မြင်​့မြင်​့ ​တောင်​့​တောင်​့ခိုင်​ခိုင်​ကြ်​ီးပါပဲ ။ အသက်​က ​ခြောက်​ဆယ်​​ကျော်​ပြီလို့​ပြောတယ်​ ။ ​နေဝန်​းနီ တို့လည်​း ဝန်​စည်​ စလှယ်​​တွေချ ။ တန်​းလျားခုံမှာဝင်​ထိုင်​ ။ ​ရေ​နွေးကြမ်​း​သောက်​ ။ ​ရွာ​တွေမှာ တစ်​ခု​ကောင်​းတာက ​ရေ​နွေးကြမ်​း​သောက်​ရတာပဲ ။ သူတို့ကလည်​း ​ရေ​နွေးကြမ်​း အပြတ်​မခံ ။

မြကျွန်​းသာ သို့
​နေဝန်​းနီ တို့ ​ရေ​နွေးကြမ်​း​သောက်​​နေတုန်​း ​ကော်​ဖီနဲ့ မုန်​့​တွေလာချတယ်​ ။ နာရီဝက်​​ကျော်​​ကျော်​ ဆိုင်​ကယ်​ တုန်​ခါမှုနဲ့ ဟိုဘက်​ရွာက မနက်​အ​စော ​ကျွေးလက်​တဲ့ ဟာက ကုန်​လုပြီ ။ အုပ်​ချုပ်​​ရေးမှူးက အလုပ်​လုပ်​ဖို့ ​နေရာကို ” စာကြည်​့တိုက်​” မှာစီစဉ်​ထားပါသတဲ့ ။ အံမယ်​ မြို့နဲ့ ဆယ်​မိုင်​​လောက်​ကွာတဲ့ ​နေရာမှာ စာကြည်​့တိုက်​ နဲ့ ဘာနဲ့ ဆို​တော့ ​မဆိုးဘူးပဲ ။ မြို့​ပေါ်ရပ်​ကွက်​​တွေမှာ​တောင်​ စာကြည်​့တိုက်​မရှိ ။ လွန်​ခဲ့တဲ့ ဆယ်​နှစ်​​လောက်​က တစ်​နိုင်​ငံလုံး လှုပ်​လှုပ်​ရှားရှား ( အရူးထခဲ့ကြ​သေး ) လုပ်​ခဲ့တုန်​းက ​နေဝန်​းနီ တို့ ရပ်​ကွက်​က စာကြည်​့တိုက်​ အတွက်​အလှူခံပါတယ်​ ။ အဟုတ်​မှတ်​တဲ့ ​နေဝန်​းနီ တို့ အနှစ်​နှစ်​ အလလ က သိမ်​းထားခဲ့တာ​လေး​တွေ သွားလှူကြတာ​ပေါ့ ။ တစ်​ရက်​ထဲနဲ့ ဘီရိုကြီးတစ်​လုံးရ​ပေမယ်​့ အုပ်​ချုပ်​​ရေးမှူး (အဲ့တုန်​းက ရအဖ ) ရုံးထဲမှာ ဘီရိုကြီး​သော့ခတ်​ ။ ရုံး​ရှေ့မှာ စာကြည်​့တိုက်​ဆိုတဲ့ ဆ်​ိုင်​းဘုတ်​ကြီး​ထောင်​ ။ တစ်​ကယ်​့ဟုတ်​တိ ပတ္တိ ကြီး ။ ​နောက်​​တော့ စာအုပ်​​တွေ ပိတ်​​လှောင်​ထားတဲ့ ဘီရို​သော့​ပျောက်​လို့ ဆိုလားဘာလား ။ ခု အဲ့ဆိုင်​းဘုတ်​​တောင်​ ဘယ်​နား​ရောက်​သွားမှန်​းမသိ ။ မြို့​ပေါ်မှာ စာကြည်​့တိုက်​ဆိုလို့ ပြန်​ဆက်​ စာကြည်​့တိုက်​​တော့ ရှိပါရဲ့ ။ ရုံးက အတည်​တကျမရှိ ။ ခုတစ်​​နေရာ ​တော်​ကြာ တစ်​​နေရာ​ရောက်​လိုက်​ ။ ​နောက်​ပိုင်​းမှ ှရပ်​ကွက်​အဖြစ်​သတ်​မှတ်​ လိုက်​တဲ့ ​နောင်​သခါင်္ အ​ဲ့ အ​နော်​ရထာ ရပ်​ကွက်​မှာ​တော့ အလင်​းအိမ်​ စာကြည်​့တိုက်​နဲ့ အ​မေ့အိမ်​ စာကြည်​့တိုက်​ နှစ်​ခု​တောင်​ရှိသဗျာ ။ ခုလို မြို့နဲ့ ဆယ်​မိုင်​​လောက်​ ​ဝေးတဲ့ ​နေရာမှာ စာကြည်​့တိုက်​ရှိတယ်​ ဆို​တော့ မင်္ဂလာ တစ်​ပါး​ပေါ့ ။

​နေဝန်​းနီ
11:10PM
2015 Mar 28

4 comments

  • Alinsett@Maung Thura

    March 30, 2015 at 9:56 am

    စာကြည့်တိုက်ရှိတာတော့ ဟုတ်ပါပြီ
    စာအုပ်တွေရော ဘယ်လောက် ရှိလဲ

    • naywoon ni

      March 31, 2015 at 12:11 am

      အ​ဆောက်​အအုံကလည်​း ​ကောင်​းပါရဲ့ စာအုပ်​​တွေလည်​းစုံပါရဲ့ သို့​ပေမယ်​့ လူငယ်​ နဲ့ က​လေး​တွေကြိုက်​တဲ့ စာအုပ်​​တွေက နဲ ​နေ​သေးလို့ ရုပ်​ပြနဲ့ လူငယ်​ကြိုက်​မဂ္ဂဇင်​း ​လေး​တွေ အလှူခံချင်​ပါသတဲ့ အလက်​ဇင်​း​ရေ လှူဖို့စိတ်​ဝင်​စားရင်​ လာခဲ့​လေ

      • Alinsett@Maung Thura

        March 31, 2015 at 9:54 am

        လှူချင်တယ်ဗျို့။ ရုပ်ပြနဲ့ မဂ္ဂဇင်းက ပန်းဆိုးတန်းမှာ အဟောင်းတွေထဲက ရွေးလည်း ရတယ်။
        ၃၁/၃၂ လမ်း က စာအုပ်တိုက်တွေမှာ ဝယ်လည်း တန်တယ်။ သုံးသောင်စဖိုးလောက်ဆို ဖတ်ပါလေ့။

        ဒီတခေါက်နေပြည်တော်ဘက် ရောက်ရင် အပါသယ်ခဲ့မယ်ဗျို့။
        ဒါမှမဟုတ်လည်း ဒီကြားထဲ စုဆောင်းစီစဉ်ကြည့်ဦးမယ်။

  • ခင်ဇော်

    March 31, 2015 at 2:45 pm

    စာအုပ်တွေတော့ လှူချင်သားကလားး
    ကြုံမှ ပဲ။

    စကားမစပ်
    ဆိုင်ကယ် နောက်က ထိုင်တယ် ဆိုတာ လူတိုင်းမထိုင်တတ်ဘူးရယ်။
    ရှေ့ကလူ နဲ့ ဆိုင်ကယ်ကို ဘေးလန့်(စ) ဖြစ်အောင် ထိုင်နိုင်မှ ဆိုင်ကယ်ကလည်း စီးရတာ အချိုးကျတာ။
    တစ်ချို့ရှေ့က စီးတဲ့သူ အနေအထားကိုက လွဲနေတာတွေ တပုံကြီးရယ်။
    ဟိ။
    :mrgreenn:

Leave a Reply