လ, ​ရောင်​လှုံတဲ့ည

naywoon niMarch 30, 20151min11910

လ​ရောင်​ လှုံတဲ့ည

​ပြော​တော့တစ်​မျိုး
လုပ်​​တော့ တစ်​ခြားနဲ့
ဗရုတ်​ဘရက်​ ​ခေတ်​ပျက်​ကြီးထဲမှာ
လူဖြစ်​လာရတာပါအ​မေ ။
အမှန်​တရားကို နတ်​ဝှက်​
​မော​ဟ အမြိုက်​​ဆေးနဲ့ အသက်​ဆက်
​နေရခက်​ခက်​ ကာလကြီးထဲမှာ
အသက်​ရှင်​​နေရသူ​တွေပါအ​မေ ။
လဆန်​းရက်​ကနည်​းနည်​း
လဆုတ်​ရက်​ကများများ
ကလနားသတ်​ ပြက္ခဒိန်​ကြီးကို
သားတို့ မသတီ​တော့ဘူး အ​မေ ။
အ​မေက​ လောကကြီးကိုငြိမ်​း​အေး​စေမယ်​့ လမင်​းကြီးဆို
လ,သာတဲ့ညတိုင်​း
ဖုံးအုပ်​လာတဲ့ တိမ်​မည်​း အဆုပ်​အဆုပ်​တွကို ​ဖောက်​ထွက်​
​လောကသား​တွေ လ,​ရောင်​လှုံ ပါရ​စေ
ပူ​လောင်​တဲ့ လူသားလုပ်​ အလင်​း​ရောင်​​တွေခဏငြိမ်​းခဲ့
လ, အလင်​း​ရောင်​ စစ်​စစ်​နဲ့
ည , သဘာဝကိုခံစား
​ဒေါသ​တွေ ငြိမ်​း​စေ
​လောဘ​တွေ ကင်​း​စေ
​မော​ဟ ​တွေ​ဝေးစေ ။

​နေဝန်​းနီ
10:40 AM
2015 Mar 30

10 comments

  • Alinsett@Maung Thura

    March 30, 2015 at 12:48 pm

    ဘဝဆိုတာ လသာတဲ့ညတွေချည်းပဲ မတွေ့ရဘူးလို့တော့ လက်ခံပါရဲ့…
    ဒါပေမယ့်ပေါ့လေ…
    လမိုက်ညတွေချည်းပဲလည်း….ဘယ်သူက ကြုံချင်မှာလဲ….

    :buu:

  • ခင်ဇော်

    March 31, 2015 at 2:32 pm

    ခေါင်းစဉ်ဖတ်လိုက်တော့
    ဥနီ က မနုစာရီလို လ ရောင်လှုံပြီ အောက်မေ့လို့ လာပြေးကြည့်တာ။

    :mrgreenn:

    • naywoon ni

      March 31, 2015 at 11:45 pm

      နီလည်​း ခြင်​းဂျားပူမှာ မနုတ်​ဆာရီလို လ​ရောင်​ လှုံခြင်​ရို့လား ခင်​​ဈော်​ 🙂

  • lu lu

    March 31, 2015 at 4:19 pm

    လကွယ်ည ဆိုတာ မရှိဘူးဆိုရင်
    လပြည့် ည ဟာ သိပ်ပြီးတော့ ကြည်နူးသာယာဖို ့ကောင်း
    မှာမဟုတ်ဘူးးး
    😆

  • naywoon ni

    March 31, 2015 at 6:12 pm

    ညတိုင်​း လ သာရမယ်​လို့ မဆိုလိုပါဘူး ဗျာ ခု​တော့ လဆန်​းရက်​ကနဲနဲ လဆုတ်​ရက်​က များများ မညီမျှ ရုံတင်​မဟုတ်​ လ သာတဲ့ ညမှာ​တောင်​ တိမ်​မည်​းတစ်​အုပ်​က လ ​ရောင်​ ကို ဖုံးကွယ်​​နေလို့ လ ကို ​ဖောက်​ထွက်​ပြီး လပြည်​့​ည တစ်​ည​လောက်​ သာ​ပေးပါ လ ​ရောင်​ လှုံ ချင်​လို့ပါလို့ ​ပြောတာပါ ။

  • uncle gyi

    March 31, 2015 at 11:27 pm

    တိမ်မည်းကအုပ်လို့ရွှေလရယ်မသာနိုင်ဖူးဆို
    တလောကလုံးအမှောင်မဖုံးရအောင်
    ဖယောင်းတိုင်ကလေးတွေထွန်းနိုင်သူတွေဖြစ်ဖို့
    ကြိုးစားကြစို့

    • naywoon ni

      March 31, 2015 at 11:43 pm

      ဖ​ယောင်​းက တလုပ်​ပြည်​က လာတာ ခုတစ်​​လော နယ်​စပ်​မှာစစ်​ဖြစ်​​နေလို့ အဝင်​မရှိဘူး ဆိုလား ​ပြောသံကြားတာပဲ 🙂

      • kai

        April 1, 2015 at 2:16 am

        မြန်မာပြည်ခမြာ.. တကယ့်ကို ကျိန်စာ…
        အရင်ဆယ်စု ၃-၄ခုလောက်ကများ.. စိန့်ပြည်ဆိုတာစုတ်ပြတ်လို့…
        အဲဒီတုံးက.. မြန်မာပြည်က.. စိန့်ပြည်နဲ့ကျွန်းကိုင်းမှီ..ကိုင်းကျွန်းမှီနဲ့.. အနစ်နာခံလိုက်ကြရတာ…။
        ငမွဲချင်း.. ဘိုင်ပွတ်ကြတာမှာ.. စိန့်ပြည်က.. ပိုသာသွားသမို့.. အခုနှစ်တွေလည်းရောက်ရော… စိန့်ပြည်က. ကမ္ဘာ့ဒုတိယအချမ်းသာဆုံး.. ကုန်အထုတ်နိုင်ဆုံးပြည်တခုဖြစ်..

        ဗမာတွေခမြာ.. ဆွေမျိုးပေါက်ဖေါ်ကြီး.. ဒီလိုအခြေရောက်ရင်.. ဒရွတ်တိုက်ဆွဲပြီး.. ဆွဲတင်ခံရမယ့်အခြေအနေလေးရောက်မှ… စိန့်ပြည်သားတွေကို.. ရန်လုပ်မုန်းတီးကြရတဲ့အခြေအနေရောက်….။

        ယူအက်စ်နဲ့.စိန့်ပြည်… ဆင်ဖြူတော်တွေမှီပြီး ကြံစုတ်ကြတော့ပါလားကွယ်…
        ဂျပန်ပြည်လည်း ဒီလိုနဲ့တက်လာခဲ့တာ…။
        သူဌေးနဲ့ပေါင်းမှ.. သူဌေးဖြစ်သဗျ…။
        ယိုးဒယားနဲ့.. အင်ဒိုနီးရှားသွားအလုပ်လုပ်ကြရင်.. ကျွန်သဘောက်ပဲဖြစ်မပေါ့…။

        အင်း..
        ကျိန်စာ…။ :kwi:

        • အူးစည်

          April 1, 2015 at 11:43 am

          သဂျီး မန့်လာခဲ့တဲ့ ဒလျောက်မှာ ဒီ အမန့်ကို အကျိုက်ဆုံးပဲ..
          ချဲ့လင့်မရှိရင် ဆင်ဖြူတော်မှီ ကြံစုပ်တတ်ရမယ်..
          သဌေးနဲ့ပေါင်း သဌေးမဖြစ်ရင်တောင် ကပ်ပီး အရက်ကောင်းလေး မာဆပ်လေးကလပ်လေးတော့ တက်ဖူးလောက်မှာ။
          ဆင်းရဲသားချင်းပေါင်းရင်တော့ သူဒေါင်းဇားခွက်လုဖြစ်နေမှာဘော့။။
          သာပေါင်း ညာဝါး ဝါဒီနဲ့မှ ကျိန်စာလွှတ်မယ်… 😎

        • naywoon ni

          April 1, 2015 at 5:55 pm

          အဲ့ဒိ​တော့ ပြည်​သူ​တွေအတွက်​အနစ်​နာခံ တိုင်​းပြည်​​ကောင်​းစား​ရေးကိုပဲ ကြည်​့တဲ့ အစိုးရ ဖြစ်​မှရမှာ ။ ၂၀၁၅ မှာ ဘယ်​ပါတီကိုမဲ​ပေးသင်​့သလဲ ။ ဘယ်​ပါတီကို မဲ မ​ပေးသင်​့သလဲ အ​ဖြေက ရှင်​း​နေဘီပဲ ။ 🙂

Leave a Reply