မည်​ကာမတ္တာ

naywoon niMarch 30, 20151min1407

မည်​ကာမတ္တာ

ငါတို့ဟာ
လူ
မည်​ကာမတ္တာ ။
သို့​ကြောင်​့
ငါတို့ ကိုးကွယ်​ရာသည်​လည်​း
မည်​ကာမတ္တာ ။
ငါတို့ ယုံကြည်​ရာက​ကော
မည်​ကာမတ္တာ ပါပဲ ။
ငါတို့ရဲ့ ဖြစ်​တည်​ရာ
ငါတို့ စားစရာ
ငါတို့​နေထိုင်​ရာဘဝ
ငါတို့ အလုပ်​အကိုင်​
အားလုံးမည်​ကာမတ္တာချည်​့ပါပဲ ။
လူဖြစ်​​နေရုံ
ကိုးကွယ်​​နေရုံ
ယုံကြည်​​နေရုံ
ဖြစ်​တည်​​နေရုံ
စား​နေရရုံ
​နေထိုင်​ရရုံ
လုပ်​ကိုင်​ရရုံ
တစ်​ကဲ့ တည်​းတည်​း​လေးမှ တည်​းတည်​း​လေး
​နေတတ်​လို့ ​ကျေနပ်​​နေသူလည်​းရှိရဲ့
အ​နေမတတ်​လို့ ​တော်​လှန်​ချင်​သူလဲရှိရဲ့
ကြိုး​တွေကများ ဘယ်​ကြိုးအရင်​ဖြတ်​ရပါ့
ခလုပ်​​တွေကများ ဘယ်​ခလုပ်​ အရင်​ပိတ်​ရပါ့ ။
​နောက်​ဆုံး​တော့ ……….
သင်​ယခုဖတ်​​နေတဲ့စာကလည်​း
စာဖြစ်​ရုံ မည်​ကာမတ္တာမျှသာ ။

​နေဝန်​းနီ
9:15 PM
2015 Mar 30

7 comments

  • Mike

    March 31, 2015 at 10:26 am

    .မည်​ကာမတ္တ ရေးထားတာလေး မည်​ကာမတ္တ ပဲဖတ်သွားပါတယ် :k:

  • lu lu

    March 31, 2015 at 11:17 am

    :kwi:
    မမြဲခြင်းတရားကိုသိနေရင်
    အာဏာပါဝါထိုင်ခုံ ဆိုတာတွေ ရှိမှာမဟုတ်
    အေးလေ သူတို ့လည်း မည်ကာမသာ အဲ မည်ကာမတ္တ တွေပဲ ဟာ

  • Ma Ei

    March 31, 2015 at 11:25 am

    မည်​ကာမတ္တာလို့ သိနေတာကဘဲ အတော်သိနေပီ…

  • Alinsett@Maung Thura

    March 31, 2015 at 1:48 pm

    .ကျနော့် ကျေးဇူးတော်ရှင် ဆရာတော်ဦးဇောတိက ဟောဖူးတဲ့ တရားစကားလေး ပြန်သတိရ…

    .ပုခုံးနှစ်ဖက်ကြားခေါင်းပါပြီး..ခြေလက်တွေနဲ့ စားကာသောက်ကာ ပြောကာဆိုကာ လှုပ်ရှားသွားလာနေရရုံနဲ့ လူဖြစ်ပြီလို့ မဆိုနိုင်….
    လူပီသအောင်.. ရထားတဲ့ လူ့ဘဝကို အကျိုးရှိအောင် လုပ်နိုင်မှ လူဖြစ်မှာ…တဲ့…
    .ယောက်ျားဆိုလည်း ယောကျာ်းကောင်း…မိန်းမဆိုလည်း မိန်းမကောင်း ဖြစ်အောင် ကြိုးစားနိုင်မှ…
    လူဖြစ်ရကျိ ုး နပ်မှာ..တဲ့ … ။

    ဒီတိုင်းပြည်မှာတော့ လူဖြစ်ရကျိ ုး မနပ်တဲ့ လူ မပီမသတွေ အများကြီး…
    ကိုယ်က အစ….

  • Kaung Kin Pyar

    March 31, 2015 at 3:20 pm

    လူ့အခွင့်အရေးဆုံးရှုံးတာကတော့ မြန်မာနိုင်ငံလဲ Top 10ထဲပါတယ်…။ အိုက်ဒါ ဥက္ကဌမကောင်းလို့…။
    လူဖြစ်ကျိုးနပ်ဖို့ကတော့ … လူ့ဘွဆိုတာ လမ်းဆုံလမ်းခွတစ်ခုလိုပဲတဲ့..။ အထက်ကိုတက်မလား အောက်ကိုဆင်းမလားဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပေါ်ပဲ မူတည်တယ်….။ လူ့ဘဝကို ရခဲ့တာ ဒီအတွက် အခွင့်အရေးတစ်ခု ပေးလိုက်သလိုပဲ…။ သို့သော်…ဒီအခွင့်အရေးကို အသုံးမချနိုင်သူထဲမတော့ ကိုယ်လဲ ပါနေသေး….။
    ဪ…. အနိစ္စ၊ ဒုက္ခ၊ အနတ္တ

  • naywoon ni

    April 1, 2015 at 7:34 pm

    မည်​ကာမတ္တာ ကွန်​့မန်​့များအတွက်​ မည်​ကာမတ္တာ ​ကျေးဇူးတင်​ရှိပါ​ကြောင်​း 🙂

  • uncle gyi

    April 1, 2015 at 10:43 pm

    ရွေးတာတော့အထက်ကိုတက်ဖို့ပဲ
    ဒါပေမဲ့ချောတိုင်ကတအားချောတော့အောက်
    ကိုပြန်ပြန်ကျနေတာခက်တယ်

Leave a Reply