ကျေးဇူးတော်ရှင် (နဝမ) ဗန်းမော်ဆရာတော်ကြီး၏ ဓမ္မလက်ဆောင်

badbabylay09@gmail.comAugust 21, 20101min540

အရဟံ
ဗဟိအန္တဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ အတုလံ။
စရဏံ တိဘဝူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။

အရဟံ – ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။
ဗဟိအန္တဇယံ – အတွင်းအပရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။
သုဂတံ – ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။
အမိတံ – မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာရှိသော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။
ဝိရဇံ – ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရာားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။
လလိတံ – တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။
အတုလံ – အတုမရှိသော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။
စရဏံ – အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။
တိဘဝူပသမံ – ဘဝသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။
ယမကံ – ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။
သုခဒံ – ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။
သရဏံ – ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။
ဇိနံ – မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။

ဆရာတော်ကြီးက ဒီဘုရားရှိခိုးဂါထာကို ခရီးသွားရင်း တစ်ပါးတည်းရှိနေတဲ့အချိန်တွေမှာ ရွတ်ဖတ်ပူဇော်နေတတ်ကြောင်း မိန် ့တော်မူပါတယ်။ ဆရာတော်ကြီးကိုင်တဲ့ ယပ်တောင်ရဲ ့ ဇစ်အိတ်ထဲမှာ
စက္ကူခေါက်လေးတစ်ခု အမြဲရှိနေတတ်ပါတယ်။ အဲဒီစက္ကူခေါက်လေးကို တစ်ထစ်ချင်း
ယပ်တောင်ဇစ်အိတ်ထဲကနေ အပြင်ကို ဆွဲထုတ်လိုက်၊ အတွင်းပြန်သွင်းလိုက်
လုပ်ရင်း တာလီမှတ်ကာ ပုတီးစိတ်သလိုမျိုးနဲ ့ ဒီဂါထာတော်ကို
ရွတ်ဖတ်ပူဇော်ကြောင်း မိန် ့ကြားတော်မူပါတယ်။

ဒီဂါထာဟာ ရသေ့ကြီး ဦးခန္တီရွတ်ဖတ်ပွားများတဲ့ “အရဟံ ဇယံ” ဂါထာတော်လို ့သိရပါတယ်။ အဲဒီအကြောင်း အသေးစိတ်ကတော့ ဒီလင့်ခ်မှာ ဖတ်ကြည့်ကြပါခင်ဗျာ။