​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၁၂

naywoon niMarch 31, 20151min1468

​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၁၂

စာကြည်​့တိုက်​မှူး လည်​း ရှိသတဲ့

စာကြည်​့တိုက်​ ဆိုတာနဲ့ ​နေဝန်​းနီ စိတ်​ဝင်​စားသွားပါတယ်​ ။ တစ်​ချို့ရွာ​တွေမှာ​တော့ စာကြည်​့တိုက်​အတွက်​ ​မြေ​နေရာ​တော့ ရွာလယ်​​ခေါင်​မှာ ယူထားပါရဲ့ ။ ကွက်​လပ်​ ။ တစ်​ချို့ရွာ​တွေကျ​တော့လည်​း အ​ဆောက်​အဦး လှူမဲ့သူရှိတာ​တောင်​ ​မြေ​နေရာမရှိလို့ ။ ခု​တော့ အ​ဆောက်​အဦး ပါရှိပြီး ​နေဝန်​းနီတို့ အလုပ်​ လုက်​ဖို့​တောင်​ ကျယ်​ဝန်​းတယ်​ဆို​တော့ ။ စိတ်​ဝင်​တစား​မေးကြည်​့မိတယ်​ ။

“စာကြည်​့တိုက်​ဆို​တော့ လူရှုပ်​​နေမလား ရွာမှာ စာကြည်​့တိုက်​နဲ့ဆို​တော့ မြို့​ပေါ်ရပ်​ကွက်​​တွေထက်​ သာတာ​ပေါ့ဗျာ ကျုပ်​တို့ဆီမှာ စာပိတ်​တိုက်​တို့ စာ​လှောင်​တိုက်​တို့ပဲရှိတာ ။ စာအုပ်​​တွေ ထည်​့ပိတ်​ပြီး ​သော့ခတ်​ထားတာရယ်​ ။ ဘီရိုထဲ စာအုပ်​​တွေထည်​့​လှောင်​ပြီး ​သော့​ပျောက်​​နေတာရယ်​ ” ​ပေါ့ ။

“စာကြည်​့တိုက်​ က ခု​လော​လောဆယ်​ ည​နေ ငါးနာရီ က​နေ ရှစ်​နာရီ ​လောက်​ဖွင်​့​ပေးတာပါ ။ ရွာထဲက လူငယ်​အဖွဲ့ က ကြီးကြပ်​ပြီး စာကြည်​့တိုက်​မှူး အဖြစ်​ က​လေးမ တစ်​​ယောက်​ကို တာဝန်​​ပေးထားတယ်​ ။ သူ့အတွက်​ လစာကိုလည်​း လူငယ်​အဖွဲ့ကပဲ စု​ပေါင်​း​ပေးကြတယ်​​လေ ။ ဖွင်​့ကာစ လူငယ်​အဖွဲ့ ကိုပဲ လွှဲထားတာ ။ ငါတို့ လူကြီး​တွေက ​ငွေ​ကြေးစိုက်​ထုတ်​ လုပ်​​ပေးပြီးပြီ ။ စာကြည်​့တိုက်​တည်​မြဲဖို့ မင်​းတို့တာဝန်​လို့ ​ပြောထားတယ်​ ။ စာကြည်​့တိုက်​ကိုလည်​း အလှဲ့ကျ ထိုင်​​ပေါ့ ။ ဒါ​ပေမဲ့ မအားလပ်​ကြတာရယ်​ တစ်​ချို့က သိပ်​စိတ်​မဝင်​စားကြတာရယ်​​ကြောင်​့ သူ့တို့ဖာသာ သူတို့ ​ငွေစုကြပြီး တစ်​​ယောက်​ထဲကိုပဲ တာဝန်​​ပေးဖို့​ပြော​တော့ ရွာထဲက စာ​ပေးစာယူ တက်​​နေတဲ့ က​လေးကို တာဝန်​​ပေးလိုက်​တယ်​ ။ သူ​ကျောင်​းတက်​​နေတဲ့ ရက်​​တွေ​တော့ ကြီးကြပ်​တဲ့ အဖွဲ့က တာဝန်​ယူရတယ်​​လေ ။ အ​ဆောက်​အဦး ပြီးတာ နှစ်​နှစ်​ပဲ ရှိ​သေးတာ ။ ​ရောက်​​တော့​တွေ့ပါလိမ်​့မယ်​ ။ ”

​ပြော​နေတုန်​းခဏ မှာပဲ က​လေးမ တစ်​​ယောက်​ဝင်​လာပြီး
” စာကြည်​့တိုက်​ တံခါး ဖွင်​့ပြီး ရှင်​းထားပြီးပါပြီ ။ မှတ်​ပုံတင်​ လုပ်​မဲ့ သူတချို့လည်​း ​ရောက်​​နေပါပြီ ”
လို့ အုပ်​ချုပ်​​ရေးမှူးကိုလာ​ပြောလို့ သူက ​နေဝန်​းနီတို့ဘက်​လှည်​့ပြီး
” အဆင်​သင်​့ဖြစ်​ပြီတဲ့ လာသွားရ​အောင်​ တစ်​လမ်​း​ကျော်​တင်​ပဲ ​ခြေလျင်​သွားလို့ရပါတယ်​ ”

​နေဝန်​းနီ တို့လည်​း လိုအပ်​တဲ ့ ပစ္စည်​း စာရွက်​စာတမ်​း ထုတ်​ပိုးပြီး ​စော​စောက နွားစာစဉ်​းစက်​​ဘေးက​နေ ဖြတ်​ပြီး လမ်​းမဘက်​ကိုထွက်​လာက်​ပါတယ်​ ။ ရွာဆို​တော့လည်​း လမ်​း​တွေက စနစ်​တကျ ​ဖောက်​ထားသည်​​တော့ မဟုတ်​​ပေမဲ့ လမ်​းကြို လမ်​းကြား တစ်​ဖက်​ပိစ်​လမ်​း နည်​းပါတယ်​ ။ ပြီး​တော့ တစ်​ရွာထဲ အိမ်​​ခြေ တစ်​​ထောင်​ဝန်​းကျင်​ရှိပြီး အုပ်​စု တပ်​​ခေါ်တာ ဆို​တော့ လက်​​အောက်​ခံရွာမရှိပါဘူး ။ အိမ်​ကထွက်​ ​တောင်​​မြောက်​ ဖြတ်​ထားတဲ့ လမ်​း​ပေါ်​ရောက်​​တော့ ​တောင်​ဘက်​​ကွေ့ ။ ​နောက်​ တစ်​လမ်​းမ​ရောက်​ခင်​မှာပဲ ။ ဝင်​းကျယ်​ထဲက အ​ဆောက်​အဦး အသစ်​တစ်​လုံး ။ အ​ဆောက်​အဦး ဝင်​​ပေါက်​အထက်​်​မှာ စာကြည်​့တိုက်​ဆိုင်​းဘုတ်​ချိတ်​ဆွဲလို့ ။ ​ပေ​သုံးဆယ်​ နှစ်​ဆယ်​ ​လောက်​​တော့ ရှိမယ်​ ။ မျက်​နှာစာ မှာ ​ကော်​ရစ်​တာထုတ်​ထား​သေးတယ်​ ။ ​ကြော်​ညာ သင်​ပုန်​းတစ်​ချပ်​​ထောင်​ထားတာလည်​း​တွေ့ရဲ့ ။ ​နေ့အလိုက်​ အလှဲ့ကျ သန်​့ရှင်​း​ရေစာရင်​းကို သင်​ပုန်​း​ပေါ်မှာ မညီမညာ​ရေးထားတာ​တွေ့လိုက်​ရ​သေးတယ်​ ။ ဝရံတာက သစ်​သားနဲ့ပဲ ။ ခါး​လောက်​အမြင်​ တပ်​ထားတယ်​ ။ စာကြည်​့တိုက်​ထဲ​ရောက်​သွား​တော့ အလယ်​မှာ စားပွဲကြီးတစ်​လုံးချထားတယ်​ ။ အခန်​းပြည်​့ပဲ ။ နံ​ဘေးမှာက စာအုပ်​စင်​​တွေ ။ ​ခေါင်​းရင်​းဘက်​မှာ​တော့ မှန်​ဘီရိုနဲ့ ထည်​့ထားတဲ့စာအုပ်​​တွေ ။ စင်​​တွေ ဘီရို​တွေ​ကြောင်​့ ရှိသမျှ ပြတင်​းအကုန်​ဖွင်​့မရ ။ အနည်​းငယ်​ ​မှောင်​​နေတယ်​ ။ ​နေဝန်​းနီ မျက်​​စေ့နဲ့​တော့မရ ။ ဆို​တော့ကာ စာအုပ်​​တွေကြည်​့ပြီး သွားရည်​ယိုချင်​​သေး​ပေမယ်​့ သက်​ဆိုင်​ရာ ကိုယ်​ပစ္စည်​း​လေး​တွေဆွဲပြီး ဝရံတာဘက်​ ပြန်​ထွက်​လာခဲ့တယ်​ ။ မိုးကလည်​း နဲနဲ အုံ့​နေတာ​ကြောင်​့ ပြီး​တော့ ဝရံတာကကျဉ်​းတာ​ကြောင်​့ ဝရံတာရဲ့ အပြင်​ဘက်​အုတ်​ခုံ​အောက်​မှာ စားပွဲတစ်​လုံး​ရွေ့ယူလိုက်​တယ်​ ။ စားပွဲ​ပေါ်မှာ တင်​ထားတဲ့ မှန်​ချပ်​ ​ဆေးဘူး ​နေရာချလိုက်​တယ်​ ။ သူကအ​ရေးကြီးတာ​လေ ။ သတိမထားမိရင်​ စာကူးစက်​မှင်​ သုပ်​ထားတဲ့ မှန်​ချပ်​​ပေါ် တစ်​ခုခု တင်​မိရင်​ အကုန်​​ပေကုန်​​ရော။ အကျႌ တို့ ​ခေါင်​း​ပေါင်​းလာတဲ့ တဘက်​ တို့ဘာတို့က ပြန်​​လျှော်​လို့ရ​သေး ။ လက်​ကကိုင်​လာတဲ့ မှတ်​ပုံတင်​တို့ အိမ်​​ထောင်​စု စာရင်​းတို့ အခုလုပ်​မဲ့ ပုံစံ တို့သွားတင်​မိရင်​ ​လျှော်​လို့မရဘူး ။ အဲ့သဟာ​ကြောင်​့ ကိုယ်​့​ရှေ့ လာရပ်​တဲ့ သူရဲ့ လက်​​တွေကို မျက်​​စေ့ ရှင်​ရှင်​ကြည်​့​နေရတယ်​ ။ မှန်​ချပ်​နား လက်​​ရောက်​သွားတာနဲ့ “​ဟေ းးး ” “ဟိုးးးးးး ” နဲ့ တားရတာ ။ အဲ့ဒ​ိ မှန်​ချပ်​ကို စားပွဲ ဘယ်​​ထောင်​့စွန်​းမှာ ထားလို့ ။ အလယ်​​လောက်​မှာထားမရ ။ ပုံစံ စာရွက်​​တွေက အကြီးကြီး​တွေ ။ ဓာတ်​​သေ မှတ်​ပုတင်​ကလည်​း ထည်​့ရ​သေး ။ ​​ရှေ့မှာချထားတဲ့ သင်​ပုန်​း ဝရံတာမှာမှီ​ထောင်​ ။ ဘက်​က​ဒေါင်​းပိတ်​စ ဆွဲချိတ်​ ။ ရပြီ ။

ဓာတ်​​သေဖိုး ငါးရာကျပါတယ်​

ပြီးခဲ့တဲ့ ရွာနဲ့ မတူတာက အုပ်​ချုပ်​​ရေးမှူးက မှတ်​ပုံတင်​ လုပ်​မဲ့သူ​တွေဆီက ပိုက်​ဆံ တစ်​ပြားမှမ​ကောက်​ပါတဲ့ဗျား ။ သို့အတွက်​​ကြောင်​့ မှတ်​ပုံတင်​ဘိုး ​ခြောက်​ကျပ်​ကို ဝန်​ထမ်​းများမှ​ကောက်​ပြီး ဓာတ်​​သေဘိုး ငါးရာကို ​နေဝန်​းနီ ကတစ်​​ယောက်​ချင်​းစီက ​ကောက်​ရအဲ့ ​တောင်​းရပါ​တော့တယ်​ ။ ပြီးခဲ့တဲ့ ရွာတုန်​းက ဧည်​့ခံစရိတ်​ နဲ့ ​ရောပြီး အုပ်​ချုပ်​​ရေးမှူးက ​ကောက်​တာကိုး ။ ဒီဘက်​ရွာမှာကျ​တော့ အုပ်​ချုပ်​​ရေးမှူးက သူထိန်​းဆို​တော့ မ​ကောက်​ပါဘူးတဲ့ ။
( ဟို …… ရုံးက ​ကောင်​​တွေ ​ဆွေးပြီပဲ မနက်​က ဟိုဘက်​ရွာမှာ ဓာတ်​​သေဘိုး လူတစ်​ရာ့ သုံးဆယ်​ ​ခြောက်​​သောင်​းခွဲ နဲ့ ဘာညာသာရကာ တစ်​သိန်​း​ပေးလိုက်​တာ ​နေဝန်​းနီ ဆိုတဲ့ ​ကောင်​က မြင်​ဖြစ်​​အောင်​မြင်​လိုက်​​သေး ။သူတို့ တိုးတိုး တိုးတိုး လုပ်​​နေလို့ ရှိုး​နေတာ ။ ဒါ​ပေမယ်​့ ကိုယ်​နဲ့ မဆိုင်​လို့ဘာမှ မ​ပြောပါဘူး ။ ခုမှ စကားအတင်​းစပ်​ပြီး​ပြောတာ ။ )
ဆို​တော့ကာ လူတစ်​​ယောက ်​ဓာတ်​ သေ ရိုက်​ပြီးတိုင်​း ဓာတ်​​သေဖိုး ငါးရာကျပါတယ်​
ဆိုတာက အလွတ်​ကျက်​ထားသလို ​ပြော​နေရပါ​တော့တယ်​ ။ အဲ့လို ​ပြောရတာ မျက်​နှာ​တော့ပူသား ။ ဒါ​ပေမဲ့ မ​ပြောလို့ကလည်​းမဖြစ်​ ။ မ​ပြော ရင်​လည်​း သူတို့က ထုတ်​မ​ပေး ။ မျက်​နှာပူပူ နဲ ့ ​တောင်​းတာ​တောင်​မှ နှစ်​​ယောက်​သုံး​ယောက်​​လောက်​က ပိုက်​ဆံ ပါမလာလို့ ဆိုပြီး အိမ်​ပြန်​ယူကြ​သေး ။ ​ဟေးးး ​ဟေး ။ ​ပျော်​​တော့ ​ပျော်​စရာ​ကောင်​းသား ။ စိုက်​စရာက မပါ​တော့ ဂရုတစိုက်​ ​တောင်​း​နေရတာ ။ လက်​​ဗွေနှိပ်​​ပေးလိုက်​ ဓာတ်​​သေရိုက်​လိုက်​ ။ အဲ့ အရပ်​ပါတိုင်​း​ပေးလိုက်​ရ​သေး ။ စာကြည်​့တိုက်​ထဲက အလင်​း​ရောင်​နည်​း​တော့ အရပ်​တိုင်​းဖို့ရာက မလှည်​့သာဘူး ။ ခန်​းလုံးပြည်​့ ခင်​းထားတဲ့ စားပွဲကြီး​ဘေးမှာ ပလပ်​စတစ်​ခုံ​လေး​တွေနဲ့ထိုင်​​နေ ရတာ ။ ​ဘေးမှာလူကလည်​း ဝိုင်​း​နေ​တော ့ ​နေဝန်​းနီ နား​ရောက်​မှပဲ အရပ်​တိုင်​း​ပေးရ​တော့တယ်​ ။ ရှင်​းတယ်​​နော်​ ​နေဝန်​းနီ အရပ်​တိုင်​းတာ ။ ​ကောင်​မ​လေး ဆို ငါး​ပေ ​ယောက်​ျား​လေးဆို ငါး​ပေသုံး ။ မယုံပြန်​တိုင်​း လွဲရင်​နဲနဲပဲ ။ သူတို့​တွေဘာ​ကြောင်​့ အရပ်​မထွက်​ကြသလဲ ။ ရှိ​တော့ ရှိပါတယ်​ ။ အရပ်​မြင်​့တဲ့သူ​တွေ ။ နဲတယ်​ ။ ဆယ်​​ယောက်​မှာ နှစ်​​ယောက်​သုံး​ယောက်​က အလွန်​ဆုံး ။ ​နေဝန်​းနီ ​တွေးမိတာက​တော့ အစာအ​ဟာရ ရဲ့ ​ထောက်​ပံ့မှုနဲလို့ အရပ်​က တစ်​ပုံစံထဲဖြစ်​​နေတာလားလို့ပဲ ။ သူတို့မှာ ဗိုက်​ပြည်​့ဖ်​ို့ အဓိက စားတာ ။ ခန္ဓာကိုယ်​ အဟာရဖြစ်​ဖို့ ထည်​့တွက်​တဲ့သူနည်​းတယ်​ ။ ပြီး​တော့ ဆယ်​​ယောက်​မှာ သုံး​လေး​ယောက်​​လောက်​က တစ်​နှစ်​လုံး​နေမှ မြို့​ပေါ်​ရောက်​ရင်​ ဆယ်​​ခေါက်​ထက်​မပိုဘူး ။ ​ရောက်​ပြီဆိုရင်​လည်​း သူတို့မှာ သုံးစရာ ​ငွေ​ကြေးအလုံအ​လောက်​မပါနိုင်​ဘူး ။ လာရင်​းကိစ္စပြီးရင်​ တန်​းပြန်​ရရှာတာ ။ လည်​ပတ်​စရာ မရှိတဲ့ မြို့​သေး​သေး​လေးမှာ ဘယ်​​နေရာ ဘာရှိမှန်​းမသိကြ။ လွယ်​အိပ်​ပုတ်​တစ်​လုံး စလွယ်​သိုင်​းလွယ်​ပြီး တစ်​လမ်​းဝင်​တစ်​လမ်​းထွက်​ ။ ​တွေ့တဲ့သူ သွားချင်​တဲ့ ​နေရာ​မေး ။ အဲ့သလို ဆို​တော့ ……….။

​နေဝန်​းနီ

11:20 PM
2015 Mar 31

8 comments

  • ဝင့်ပြုံးမြင့်

    April 1, 2015 at 2:23 am

    .ဟုတ်တယ် အဘနီရေ့။ အရပ်အမောင်းတွေ တော်တော်ဆိုးတယ်။ မိန်းကလေးတွေ ၅ပေကကို မကျော်ဘူး။

  • kai

    April 1, 2015 at 3:01 am

    မြန်မာတွေ ကြုံလှီသေးကွေးကုန်တာကြားရ..သိရတိုင်း.. ဒီလိုမြေယာလယ်ဧကပေါများတဲ့တိုင်းပြည်မှာ.. အဓိကအရေအတွက်အများဆုံးဖြစ်တဲ့.. နွားသား..။
    ကလေးငယ်တွေဦးနှောက်ခန္ဓာဖွံ့ဖြိုးမှုမှာ..အင်မတန်အရေးပါတဲ့.. နွားသားနဲ့..နိုထွက်ပစ္စည်း..တွေကို.. မစားဝံ့.. မသုံးဝံ့အောင်လုပ်ခဲ့တဲ့.. နွားမေတ္တာစာ.. စကားကြီးတခွန်းနဲ့.. အဲဒီစကားကိုဖြစ်အောင်.. ဥပဒေပြုအကောင်အထည်ဖေါ်ခဲ့တဲ့.. ဦးနုကိုသတိရမိတယ်…။

    တပြိုင်ထဲ.. အိန္ဒိယလိုဟိန္ဒူတိုင်းပြည်ကို… ကော်ပီကက်လုပ်ရာမှာ.. အိနိ္ဒယက.. ကမ္ဘာမှာနွားသား Export အလုပ်ဆုံးတိုင်းပြည်တခုမို့.. နွားသားသာမစားတာ.. နွားတွေမွေးထားပြီး.. သတ်..အသားကို..နိုင်ငံခြားပို့.. မြန်မာပြည်တပြည်စာ ဂက်စ်တွေ.. သစ်ပင်တွေခုတ်ရောင်းတာထက်.. ပိုဝင်ငွေဒေါ်လာတွေရ..။
    နောက်.. သူတို့သက်သတ်လွတ်က.. နို့နဲ့နို့ထွက်ပစ္စည်းတွေ မျိုးစုံလုပ်စားသမို့.. ကုသလမျိုးတွေကျန်းမာသန်စွမ်းပေမယ့်..ဟိန္ဒူ ကော်ပီကက်ထေရာဝါဒထဲက သက်သတ်လွတ်က..နို့.. နို့ထွက်ပစ္စည်းနဲ့ကြက်ဥတောင်မပါသမို့..

    ကျိန်စာ… :kwi:
    =========
    Top 10 Brain Foods for Children – MedicineNet
    http://www.medicinenet.com › … › healthy kids az list
    MedicineNet
    Nov 17, 2014 – Eating certain ‘brain foods’ may help boost a child’s brain growth and improve brain …. Low fat milk or yogurt is great sources of protein and carbohydrates foe the brain … Beef is also a good source of zinc, which aids memory.
    ==
    Brazil exported the most beef in 2013 followed by India & Australia. Four (4) countries exported more than 1.1 million metric tons of beef in 2013: Brazil, India, Australia & the United States. Brazil and India account for nearly 40% of the world’s exports of beef.Feb 28, 2015
    ==
    Selling the Sacred Cow: India’s Contentious Beef Industry …
    http://www.theatlantic.com/business/…indias…beef…/385359/
    The Atlantic
    Feb 12, 2015 – Export began in the 1960s and grew significantly in the last decade. Last year, India exported $4.3 billion worth of beef, a number expected to …

  • ခင်ဇော်

    April 1, 2015 at 8:04 am

    အဲလို ပေမမှီဒေါက်မမှီတာ တခြားနေရာ ပတနာရှိဝူးဗျ။
    အားကစားမှာကျ ဂွမ်းတယ်။

    ပုံ/
    အီးပေါက်ရင် ဖုန်ထသူ အရပ်ပိုင်ရှင်

    :k:

  • Alinsett@Maung Thura

    April 1, 2015 at 8:16 am

    တော်သေး ကျနော့်အရပ် ငါးပေခြောက်မို့ ဖြေသာတယ်
    :kwi:

    ကျနော်တို့ရပ်ကွက်ထဲက စာကြည့်တိုက်ကတော့ ဆိုင်းဘုတ်ချိတ်စာကြည့်တိုက်
    ဆိုင်းဘုတ်ပဲ ရှိတယ် စာတအုပ်မှမရှိ။

    ပိုဆိုးတာက စာကြည့်တိုက်ထဲမှာ မိသားတစု ဝင် နေထိုင် နေကြတာ

    :buu:

    • ခင်ဇော်

      April 1, 2015 at 8:23 am

      ဘဝရဲ့ အိပ်မက် မြင့်မြင့် တစ်ခုထဲမှာ စာကြည့်တိုက်သေးသေးလေးဖြစ်ဖြစ် တစ်ခုလောက် ပိုင်ချင်တာ။
      :buu:

      • Alinsett@Maung Thura

        April 1, 2015 at 8:30 am

        စာကြည့်တိုက်တွေ စာအုပ်အငှားဆိုင်တွေကို လူငယ် လူလတ်တွေ စိတ် သ်ပ်မဝင်စားတော့ဘူးးးး
        အဲ့တော့ အလုပ်မဖြစ်ကြ

        .ဟောအခု ရပ်ကွက်ထဲ အင်တာနက်ဆိုင်တွေလည်း ယိုင်နဲ့လဲပြိုကုန်ပြီ
        တချိန်မှာ စာအုပ်တွေကို လူငယ်လူလတ်လူကြီးတွေအကုန် တစ်ပတ်လည် စိတ်ပြန်ဝင်စားလာလိမ့်မယ်လို့
        မျှော်လင့်မိဆဲ
        စာကြည့်တိုက်ကလေးတခု ကိုယ်တိုင် ကမကထလုပ်ချင်စိတ် ရှိဆဲပါပဲဗျားးးး

        • ခင်ဇော်

          April 1, 2015 at 8:46 am

          စာဖတ်ဖို့ ဆိုတာလည်း စာဖတ်ချင်စိတ်ရှိဖို့ လိုတယ်။
          စာဖတ်ချင်စိတ်ပေါက်လာဖို့ကလည်း စိတ်နှလုံး မညှိုးနွမ်းနေဖို့ လိုတယ်။
          စိတ်နှလုံး ကြည်လင်ဖို့ကလည်း အားလပ်ချိန်လေး ရဖို့ လိုတာပဲ။
          အားလပ်ချိန်လေး နည်းနည်း ရဖို့ကလည်း အချိန်တိုင်း အခြေခံစားဝတ်နေရေးအတွက် ရုန်းကန်မနေဖို့လိုတယ်။

          ဆိုတော့ အခြေခံ လိုအပ်ချက် အတွက်တောင်မှာ တအားရုန်းကန်ရှာစားရတဲ့ လူတွေကို စာထိုင်ဖတ်ဖို့ ဘယ်လို မျိုး ဆွဲဆောင်နိုင်ပါ့မလဲကွယ်။

          စာဖတ်လေ့ကျင့်အစပျိုးရမဲ့ ကလေး အရွယ်တွေက အစ အလုပ်လုပ်နေရတဲ့ နိုင်ငံလေကွယ်။

          ဒီ တောက် အစိုးရမကောင်းလို့ မဟုတ်ပါဘူးးး
          တို့တွေကို က ကံ မကောင်းခဲ့လို့ ဖြစ်မှာပါ။
          ခွီးးးးးးးး
          👿

  • အောင် မိုးသူ

    April 1, 2015 at 1:18 pm

    ဘယ်သူ့မှ မဖတ်ရင်တောင် ဖတ်ချင်တဲ့သူတွေရယ် ကိုယ်တိုင်ဖတ်ဖို့ရယ် စာကြည့်တိုက်အသေးလေး လုပ်ချင်တာ စိတ်ကူးရှိတယ်။

Leave a Reply