ဒီ ဘူတာမှာပဲ

ချောက်​ထဲကျပါ​တော့မယ်​ဆိုကာမှဖြင့်
တွန်းချမဲ့ သူ​တွေက များလိုက်​တာ
ကူပါ ကယ်​ပါ လို့​တောင်​မ​ပြော ​သေး
တွန်းချဖို့ လက်​တစ်​ပြင်​ပြင်​နဲ့
အဲ့သည့်​ လက်​​တွေထဲ
ခင်​ဗျားတို့လက်​​တွေ​ကောပါ​နေလား
သေချာပြန်​ကြည့်​ကြပါဦး​လေ ။
ငါတို့တိုင်းပြည်​မှာ
လမ်းက တစ်​​ကြောင်းပဲရှိတယ်​ (ဆိုးစွ)
ဘယ်​​နေရာက စထွက်​လာ ထွက်​လာ
ဒီဘူတာ​တော့ မဖြစ်​မ​နေ ဆိုက်​ရမှာ အ​သေအချာ
ဒီဘူတာ မဖြတ်​ပဲ
ဘယ်​ခရီးမှ ဆက်​နှင်​လို့မရ ။
ဒီဘူတာ မရပ်​ပဲ
ဘယ်​ခရီးမှ ဆက်​ချင်​လို့မရ ။
ဒီ​တော့ ဒီဘူတာမှာပဲ
ရထား​တွေလည်းဆိုက်​ကပ်​ထားရ
ဒီဘူတာမှာပဲ။
စကား​တွေလည်း ရပ်​တန့်​ထားရ
ဒီဘူတာမှာပဲ ။
စာချုပ်​​တွေလည်း ဆိုင်းငံ့ထားရ
ဒီဘူတာမှာပဲ ။
သက္ကရာဇ်​​တွေလည်း ရပ်​တန့်​နားရ
ဒီဘူတာမှာပဲ ။

နေ၀န်းနီ
8:20 PM
2015 Apr 1

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010