ဒီဘူတာမှာပဲ

naywoon niApril 1, 20151min15111

ဒီ ဘူတာမှာပဲ

​ချောက်​ထဲကျပါ​တော့မယ်​ဆိုကာမှဖြင်​့
တွန်​းချမဲ့ သူ​တွေက များလိုက်​တာ
ကူပါ ကယ်​ပါ လို့​တောင်​မ​ပြော ​သေး
တွန်​းချဖို့ လက်​တစ်​ပြင်​ပြင်​နဲ့
အဲ့သည်​့ လက်​​တွေထဲ
ခင်​ဗျားတို့လက်​​တွေ​ကောပါ​နေလား
​သေချာပြန်​ကြည်​့ကြပါဦး​လေ ။
ငါတို့တိုင်​းပြည်​မှာ
လမ်​းက တစ်​​ကြောင်​းပဲရှိတယ်​ (ဆိုးစွ)
ဘယ်​​နေရာက စထွက်​လာ ထွက်​လာ
ဒီဘူတာ​တော့ မဖြစ်​မ​နေ ဆိုက်​ရမှာ အ​သေအချာ
ဒီဘူတာ မဖြတ်​ပဲ
ဘယ်​ခရီးမှ ဆက်​နှင်​လို့မရ ။
ဒီဘူတာ မရပ်​ပဲ
ဘယ်​ခရီးမှ ဆက်​ချင်​လို့မရ ။
ဒီ​တော့ ဒီဘူတာမှာပဲ
ရထား​တွေလည်​းဆိုက်​ကပ်​ထားရ
ဒီဘူတာမှာပဲ။
စကား​တွေလည်​း ရပ်​တန်​့ထားရ
ဒီဘူတာမှာပဲ ။
စာချုပ်​​တွေလည်​း ဆိုင်​းငံ့ထားရ
ဒီဘူတာမှာပဲ ။
သက္ကရာဇ်​​တွေလည်​း ရပ်​တန်​့နားရ
ဒီဘူတာမှာပဲ ။

​နေဝန်​းနီ
8:20 PM
2015 Apr 1

11 comments

  • uncle gyi

    April 1, 2015 at 10:06 pm

    လက်တွေကတွန်းချလို့လည်းမရ
    ပြန်ဆွဲတင်လို့လည်းမရ
    ပစ်တိုင်းထောင်ဖြစ်အောင်နေနေရတာ

  • ခင်ဇော်

    April 2, 2015 at 12:07 pm

    ဒီ ရထား ဆိုက်စရာလည်း ဒီ ဘူတာမှာပဲ…

  • တောင်ပေါ်သား

    April 2, 2015 at 12:17 pm

    တပ်ကုန်းဘူတာထင်တယ် 🙂

  • Alinn Z

    April 2, 2015 at 2:22 pm

    .အဲ့ဘူတာကြီး…
    .ဖြိုချလိုက် …ဖြိုချလိုက်…

    • naywoon ni

      April 2, 2015 at 6:56 pm

      ဘူတာဂျီး ဖြိုချ ချင်​ရင်​ ရုံပိုင်​ကြီးကို အရင်…………… 🙂

  • Ma Ma

    April 2, 2015 at 7:46 pm

    အဲ့ဘူတာကြီးက နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲတယ်နော်…………. 🙁

    • naywoon ni

      April 3, 2015 at 12:47 am

      1885 က​နေ 1948 ထိ ကာကြာရှည်​စွာ ပိတ်​ဆို့ထားတဲ့ ဘူတာရုံကို ဖြိုဖို့ရာ အာဇာနည်​ ကိုး​ယောက်​ပဲ ရင်​းခဲ့ရတယ်​ဗျ 🙂

  • kai

    April 3, 2015 at 2:05 am

    ဒီဘူတာမှာဆိုက်ကပ်ထားတုံး
    ငါတို့တွေ ရထားပေါ်က ခုန်ဆင်း
    ရထားကြီးကို ဆွဲမလားတွန်းမလား လမ်းသစ်ဖေါက်မလားတိုင်ပင်
    ကိုယ်တိုင်ပါဝင်ကြ…
    ထိုင်နေသူတွေရဲ့ခုံတွေကိုရိုက်ချိုုးကြ..
    ရထားကြီးက ငါတို့ကို သယ်သွားမလား မမေးကြနဲ့
    ငါတို့ကရထားကြီးကို ဘယ်ဘူတာရောက်အောင်ရွှေ့ယူမလဲတွေးကြ
    လက်တွေ့အလုပ်လုပ်ကြ။ ။

    • naywoon ni

      April 3, 2015 at 10:27 am

      ဗမာ​တွေမှာ အဲ့သလို စိတ်​မျိုး မရှိတာက​တော့ ​သေချာတယ်​ ။ သမိုင်​းမှာလဲမရှိ ။။ပထဝီမှာလဲ မ​တွေ့ ။ 🙂

  • တောတွင်းပျော်

    April 6, 2015 at 7:27 pm

    ဒီဘူတာ
    ပြတိုက်ထဲ ဖုန်အလိမ်းလိမ်းနဲ ့သိမ်းထားလိုက်ရတဲ ့ ဒီဘူတာ..
    အရောင်တွေပျယ်လွင် ့ စကားလုံးတွေ ခြောက်ကပ်နေတဲ ့ ဒီဘူတာ..
    ဝိညာဉ်ဆိုးတွေမြူး အနာဂတ်ကိုတောင်အိပ်မက် မမက်နိုင်တော ့တဲ ့ဒီဘူတာ..
    ကျုပ်တို ့ရဲ ့ ရင်ခုန်သံတွေ သဂြိ င်္ုလိုုက်ရတဲ ့ ဒီဘူတာ..

Leave a Reply