Obsessed (2014 film) – ကြည့်မိသမျှ

ဇီဇီApril 2, 20154min49133

 

ရုပ်ရှင်တွေက ကြည့်ဖို့ လွယ်သလောက်…
ဇာတ်ကားညွှန်းဖို့ကျ ခက်သဗျ။
ကြည့်တဲ့ ကားတိုင်းက အညွှန်းရေးလို့မရ …

(အဲလေ)

အညွှန်းရယ်တော့ မဟုတ်၊

အာရိုက်လို့ မရ၊

ရွှီးလို့ မရ၊

ပွါးလို့ မရတာတွေရှိတယ်။

.
ပြီးတော့ ကြည့်ပြီးတာနဲ့ စိတ်ထဲရောက်သွားမှ၊

စိတ်ထဲရှိနေမှ၊

တွေးစရာပေါ်တိုင်း သတိရနေမှ အာရွှီးပွါးလို့ ကောင်းပါတယ်။

:k:
ကျနော် ညွှန်းတာ ကြည့်စေချင်လို့ မဟုတ်ပါဘူးးး
ကိုယ့်ဟာကိုယ် ကြည့်ပြီး မိသားစုကို ကိုယ်ကြည့်ထားတဲ့ ရုပ်ရှင် အကြောင်း ပြောပြချင်တဲ့ စိတ်နဲ့ ပြောပါတယ်ခင်ညာ။

:mrgreen:

 

ဒီတစ်ပတ်တော့ ၁၈ နှစ် အထက် ကား တစ်ကားအကြောင်းပြောပြချင်သဗျ။
ကိုရီးယားမှာတော့ ရ ဆုလောက် ရထားတဲ့ ရုပ်ရှင်တဲ့။

Obsessed (2014 film)
Directed by- Kim Dae-woo
Produced by Park Dae-hee၊ Kim Dae-woo
Written by Kim Dae-woo၊Oh Tae-kyung
Starring – Song Seung-heon၊ Lim Ji-yeon
Distributed by Next Entertainment World
Release dates- May 14, 2014
Running time- 132 minutes

.

ဇာတ်ဆောင်တွေ အရင် ပြောရအောင်ဗျာ…

SSH
Song Seung-heon – မြန်မာအကြိုက် ဂျွန်စောမင်းသားပေါ့ဗျာ၊ ကျနော့ အမြင်တော့ ကိုးရီးယားဒွေးပါပဲ။
သူ့မျက်လုံးလေးကို အရမ်းကြိုက်တာ အနုပညာဓာတ်လေး မြင်ရလို့ပါ။
အမူအရာကတော့ ပြောစရာမရှိအောင် ကောင်းလွန်းလို့ ဒီဇာတ်ကားက ပိုရုပ်လုံးကြွတယ်ပဲမှတ်ပါတယ်။ ဒီကားမှာ မင်းသားဆု ရပါတယ်ခင်ညာ။

 

ljy
Lim Ji-yeon – တခါမှ မကြည့်ဖူးပါဘူးးး၊ အုံ့ပုန်းရုပ်လေးနဲ့ အဖော်အချွတ်ရဲတင်းတဲ့ ကားတွေ အရိုက်များတဲ့ မင်းသမီးဆိုတာ ရှာကြည့်မှ သိလိုက်ပါတယ်။
အမူအရာအရ အကောင်းကြီးလို့ မထင်သောလည်း သူနဲ့လိုက်တဲ့ ဇာတ်ရုပ်မို့ ပြောစရာမလိုပါဘူးးး။  ဒီ ကားမှာ မျက်နှာသစ် သရုပ်ဆောင်ရော၊ မင်းသမီးဆုပါ ရပါတယ်။

.

ဇာတ်လမ်းသဘော
မင်းသားက ရာထူးတစ်ခုနဲ့ တပ်ကပါ။ မိန်းမလည်း ရှိပါတယ်။

နောက်တော့ သူ့လက်အောက် ပြောင်းလာတဲ့ အရာရှိငယ်နဲ့ သူ့အမျိုးသမီးက မင်းသမီးတို့ စုံတွဲပါ။
သူ့ဂျူနီယာက ပေါ့ပေါ့နေပေါ့ပေါ့စား စရိုက်နဲ့ မိန်းမကိုလည်း ဂရုမစိုက်တာမို့ မင်းသားက မင်းသမီးကို သတိထားမိ၊ သနားမိ ရာက စတဲ့ ဇာတ်လမ်းပါ။

ဟုတ်ပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ပါတဲ့ ဇာတ်ကားပါ။

:a:
ဒါပေမဲ့ သင်ခန်းစာပေးတာမျိုး နာမည်ခံပြီး ဟိုလို အခန်းတွေ အများကြီးလည်းမဟုတ်သလို၊
စကားလုံးအသုံးအနှုံးက အစ ရိုင်းစိုင်းတာ မပါပါဘူးးး
ဇာတ်ကွက်အခန်းတစ်ချို့တွေ အရတော့ မိသားစု အတူမကြည့်သင့်တာပါ။

.

ကျနော့ သဘောထား…
ကျနော် ဘာလို့ ပြောမိလဲဆို အနုပညာကို မြင်ရလို့ပါ။
ပေးချင်တဲ့ မက်ဆေ့ထွေထွေထူးထူး မရှိပဲ ဒီလို ဇာတ်ကို ထောင့်စေ့အောင် ရိုက်သွားနိုင်တာ

ဘောလီဝုဒ်က ရှရွတ်ခန် ရဲ့ ရုပ်ရှင်တစ်ကားရယ်၊ (နာမည်မေ့နေတယ်)

ဒီ ဆောင်းဆေးဟွန်ရဲ့ ဒီ ရုပ်ရှင်ကားရယ် ၂ ကားပဲ ကြည့်ဖူးပါတယ်။

.
ဖောက်ပြန်တဲ့ စိတ်/အမူအရာကို ယေဘူယ အားဖြင့်မကြိုက်တဲ့ ကျနော့အတွက်

ဖောက်ပြန်တဲ့ ဇာတ်ကောင်စရိုက်ဘက်က ငိုမိတာ ဒီ ၂ ကားပဲရှိပါသေးတယ်။

😥


ဒီ ရုပ်ရှင်ကြည့်မယ်ဆိုတော့ ဇော်သန့်က တားပါတယ်။ ကျနော် ကြိုက်တဲ့ ဇာတ်မျိုးမဟုတ်ဘူးတဲ့။

.
ဒါပေမဲ့ မင်းသားက ဖေးဘရိတ်မို့ အရဲစွန့် ကြည့်မိပြီးမှ တနုံ့နုံ့နဲ့ ဖြစ်နေတဲ့ ရုပ်ရှင်ကြီးပါ။

.

ကျနော်က သာမာန်အားဖြင့်…
၁) ကျနော်က ကြိုက်မိတဲ့ မင်းသားမင်းသမီးကို ဇာတ်လမ်း အသန့်ကိုပဲ ရိုက်စေချင်ပါတယ်။ မြန်မာပီပီ ပါဖက်/ဟီးရိုး ဝါဒ ရုပ်ရှင် အရိုးစွဲမို့ပါ။
၂) ဒရမ်မာ/ရိုမန့်(စ) ကား ကို အဲလို အခန်းတွေ မပါပဲ အနုပညာမြောက်အောင် ရိုက်လို့ ရတယ် ဆိုတဲ့ စိတ်အစွဲလည်း ကြီးပါတယ်။

အဲလို အခန်းကြည့်ချင်မှတော့ အဲလို သတ်သတ်ရိုက်တဲ့ကားတွေ နိုင်ငံတိုင်းပြည့်လို့ပါဗျာ။

:a:

ဆိုတော့ …

အဲလို အစွဲအလန်းမျိုးစုံနဲ့ စိတ်ထဲအပြည့်ထားပြီး ကြည့်တဲ့ ကျနော့အဖို့ ငိုရတဲ့ ဇာတ်ဆိုတော့ ကွကိုယ်တောင် ဘာပြောရမှန်းမသိ။
ဆန့်ကျင်ဘက် ခံစားချက်တွေ အများကြီးနဲ့ ငူတူတူတွေဖြစ်လို့။

:f:

အံမယ်။

သူများကျ သင်သေးတာ…


ရုပ်ရှင်ကြည့်ရင် Open Mind  နဲ့ ကြည့်ပါ…

:mrgreenn:
အစွဲမထားပါနဲ့…
ဒေါသမကြီးနဲ့…
အတုမယူနဲ့…
လူဇိုးလူကောင်းမခွဲနဲ့ စသည်ဖြင့်ပေါ့။

:mrgreenn:

ဟိ။
ဒီ ကားမတော့ ကိုယ့် ဖော်ဆေး ကိုယ်မသောက်နိုင်ဖြစ်နေတာ။

:mrgreenn:

ထပ်ပြောမယ်နော်။


မကြည့်ခိုင်းဘူးး
ကြည့်ဖို့ မညွှန်းဘူးး
ပြောပြတာ။
အဟေးဟေးဟေး

:mrgreen:

 

 

33 comments

  • တောင်ပေါ်သား

    April 2, 2015 at 1:21 pm

    Yoona ပဲ ကြိုက်တယ်
    Love rain လေ ၊

    🙂

    • ခင်ဇော်

      April 2, 2015 at 1:49 pm

      ကြိုက်ပု။
      မင်းသမီးဆို အနော့မျက်လုံးထဲမှာ…
      လှရင်လှ
      မလှရင် ဆွဲဆောင်မှုရှိ
      မရှိရင် ချစ်စရာကောင်းမှ။

      :chit:

      • တောင်ပေါ်သား

        April 2, 2015 at 2:00 pm

        ကိုးရီးယားမင်းသမီးတွေထဲမှာ
        အပြစ်ကင်းပြီး ချစ်စရာအကောင်းဆုံးက Yoona
        ဟွန့် သိလည်းသိပဲနဲ့

    • ခင်ဇော်

      April 2, 2015 at 1:50 pm

      ကြည့်ဦးကွယ်။

  • kai

    April 2, 2015 at 2:02 pm

    ကကြီးကားတွေဘယ်မှာသွားရှာရမလည်းမသိ..
    လောလောဆယ်တော့… Interstellar ကြည့်ပြီး အူကြောင်ကြောင်ဖြစ်သွား… ဖြစ်သွား… ဒန်တန်းတန်..။ :k:

    In Earth’s future, a global crop blight and second Dust Bowl are slowly rendering the planet uninhabitable. Professor Brand (Michael Caine), a brilliant NASA physicist, is working on plans to save mankind by transporting Earth’s population to a new home via a wormhole. But first, Brand must send for… More
    Release date: November 5, 2014 (USA)
    Director: Christopher Nolan
    Initial DVD release: March 30, 2015 (United Kingdom)
    Screenplay: Jonathan Nolan, Christopher Nolan
    Nominations: Academy Award for Best Production Design, More

    • ခင်ဇော်

      April 2, 2015 at 2:07 pm

      အဲဒီကား ကြည့်မို့ တေးထားတယ်။
      :mrgreenn:
      ရုပ်ရှင်လင့်ကို ပထမ ပို့(စ) မှာ ပြောထားတယ်။
      :k:

    • မောင်ဘလိူင်

      April 2, 2015 at 4:14 pm

      သဂျီးပြောတဲ့ကား ကြည့်ပြီးပါပြီ။ အမ် သီအိုရီ တို့ ဘာတို့ နည်းနည်း ဖတ်ဖူးထားတယ်။
      အဆင့်မြင့် ဒိုင်မင်းရှင်းတွေက ခွေလိပ်ပြီး ရှိနေတာတို့ ဘာတို့ပေါ့။ ဒိုင်မင်းရှင်း ၁ဝထိလား
      မသိ ရှိတယ်ဆိုပဲ။ ဒါ့ကြောင့်ပဲ ခွေလိပ်နေတဲ့ ဒိုင်မင်းရှင်းတွေကနေ (အတိတ်မှာ ရှိနေတဲ့)သူ့အိမ်ကို
      ပြန်ရောက်..။ သူ့သမီးကို သတိပေး။ ဘာညာ။ အစ်မ ခိုင်ဇာ အခုပြောတဲ့ကားကတော့ မကြည့်
      ဖူးပါ။ ခွေဆိုင်မှာ ကောင်မလေးတွေ ခဏခဏလာလာမေးတာတော့ ကြားဖူးတယ်။

      • ခင်ဇော်

        April 2, 2015 at 4:16 pm

        ဟွန့်။
        ရုပ်ရှင် ကြမ်းပိုးတွေ မရေးကြလို့ ရေးမိပါတယ်။
        မောင်ဂီ ရယ် စတေးတပ်တင်ပြီး ဖဲ့တယ်လေ။
        :a:


        နှူးဘာ မောင်နှမ ရွာထဲသောင်းဂျန်းနေသည်
        မြန်မြန်နှိမ်နင်းဂျပါ

        တယောက်က ဒေတာဘေ့ ဆို နောက်တယောက်က စွယ်စုံကျမ်းတွေ ဖြစ်ကြသည်

        ဒါတောင် နောက်အစ်မတယောက်ဖြစ်တဲ့ Oh Yess!
        မလာသေး ယခုပင်လျင် အတော်ညှီနေဘီ

        သူတော်ကောင်းများ ကျိမနေဂျပါနှင့်
        (ဒင်းတို့ ညွှန်းတဲ့ မဟုတ်မဟတ်တွေကို)

        အားဟိ

  • Alinn Z

    April 2, 2015 at 2:45 pm

    မမဂျီး ရေးတဲ့ ရုပ်ရှင်အညွှန်းက…
    7 Day သတင်းစာမှာ ရေးတဲ့ အညွှန်းတွေထက် ပိုဖတ်လို့ကောင်းတယ်…
    .မြှောက်/နောက် တာ မဟုတ်… အတည်ပြောတာ…

    • ခင်ဇော်

      April 2, 2015 at 2:49 pm

      အညွှန်းမှ ဟုတ်ပဲကို။
      အာရွှီးပွါး ပါ ဆိုနေ။
      ခုခိ

      :k:

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    April 2, 2015 at 3:17 pm

    ကျိအုံးမှပါ​လေ
    ​ကျော်​ဆို ဒာါမိုးတေ်ွဆို
    အသည်​းက မမာဝူးရယ်​

    ခုထိ တန်​း​ဝေ ​လေးကိုသနားလို့ လာ့စ်​့​ခေါရှင်​း ခနခနပျံကျိ​နေတုန်​း

    • ခင်ဇော်

      April 2, 2015 at 3:24 pm

      ငင်။
      ဒါမိုးကား စပယ်ရှယ်လစ်ကို မေ့ပြီး အညွှန်းပေးမိဘီ

      :k:

      • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

        April 2, 2015 at 3:31 pm

        ကိုယ်​့ဂျင်​း ကိုယ်​့ဂျင်​း ရိုင်​းပင်​းတယ်​ပဲ​အောက်​​မေ့ပါ
        အဲ့​ခေးမအ​ကြောင်​း အကြမ်​းဖျင်​းဝင်​​မွှေပီးသွားဘီ
        ဟီဟိ
        ဆားချဉ်​သယ်​
        🙂

        • ခင်ဇော်

          April 2, 2015 at 3:33 pm

          The Servant နဲ့ Concubine

          လည်း ကောင်းသတဲ့!!!
          တိမ်မည်း ပြောတာပဲ။

          :kwi:

        • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

          April 2, 2015 at 3:35 pm

          အာ့​တွေ ကျိပီးတာကြာ​ပေါ့
          လိုချင်တြြဲ့ ကား​တော့ရှိတယ်​ ဟီဟိ ကြုံမှ​တောင်​း​တော့မယ်​
          နာမည်​​မေ့ဝါးလို့
          🙂

  • Wow

    April 2, 2015 at 3:50 pm

    ဟက်ပီးအန်းဒင်းမဟုတ် ရင်နာရတဲ့ကားဆို ကျိဝူး :kwi:

    • ခင်ဇော်

      April 2, 2015 at 4:09 pm

      အာ့ဆိုမကြည့်နဲ့တော့။
      တကားလုံး စိတ်ပူနေရတာ အဆုံးကျတော့ ငိုရရော..
      :kwi:

  • Kaung Kin Pyar

    April 2, 2015 at 4:15 pm

    မချွိတောင် ညက်ရည် မခိုင်ဘူးဆိုရင်…ပေါ့သေးသေးတော့ မဖြစ်နိုင်ပုစ့်…
    :kwi:

    • ခင်ဇော်

      April 2, 2015 at 4:17 pm

      ဂျွန်စောလေး အဲလို ကားရိုက်နိုင်တယ် သိရတာကို နမြောတာတစ်မျိုးး၊
      ဇာတ်ကောင်ကို သနားတာ တစ်မျိုးး ငိုပြီးမှ ဖေ့စဘွတ်မှာ ရေးမိတာ။

      😥

      • Wow

        April 2, 2015 at 4:33 pm

        တစ်ရွာလုံးနဲ့ တြောက် နောက်တခေါက်လွဲဗြန်ဒါက ဂျွန်စောကို စကထဲကမကြိုက် အ၆ယီးနဲ့ တူလို့ဆိုပီး ခံဇားလို့ဂိုမြ.. ချောတယ်လို့လဲ မထင် :mrgreen:

  • Kaung Kin Pyar

    April 2, 2015 at 4:59 pm

    ဂျွန်စောထက်စာရင် Kwon Sang Woo လေးကို ပိုသဘောကျတာ…
    မြင်သမျှ သူ့ဇာတ်ကားတွေတော့ တစ်ခါမှ မလွတ်ဖူးရယ်….။ ကိုရီးယားမင်းသားတွေထဲမယ်…သူ့ကို တခြားမင်းသားတွေထက် ပိုကြိုက်တယ်…
    :chit:

    • ခင်ဇော်

      April 2, 2015 at 5:09 pm

      အချစ် အတွက် ဟင်းတစ်ခွက်မှာ
      ခေါက်ဆွဲပို့ တဲ့ ကောင်လေးးးးး
      :k:

  • hmee

    April 2, 2015 at 5:30 pm

    ငိုရတဲ့ကားဆို ကြည်​့ဘူးကွယ်​။ တို့ အသီးက နုနု​လေးရယ်​။ 🙂 စာအုပ်​ဖတ်​ပြီး​တောင်​ ငိုတတ်​​သေးတာ ဒါမျိုးဆို ​ခေါင်​းကိုက်​နိုင်​တယ်​။

    • ခင်ဇော်

      April 4, 2015 at 7:14 pm

      ဟိဟိ။
      ဟုတ်တယ် မွမှီ။
      ကျနော်က သာမာန်အားဖြင့် ရုပ်ရှင်ကြည့်ရတာတန်အောင် သဘာဝလွန်ကားတွေ အကြည့်များတယ်။

      :mrgreenn:

  • မွသဲ ( 17082011 )

    April 2, 2015 at 6:07 pm

    ငိုရဒဲ့ကားဆိုကျိချင်ပါပုစ့်

    အဲ့ဒါပေသိ သရုပ်ဆောင်ကောင်းမကောင်းသိရအောင် လင့်ကလေးတချက်လောက် အဟိ

  • naywoon ni

    April 2, 2015 at 6:41 pm

    အဲ့ကားက ငဒို့ မင်​းသားဂျီးရိုက်​ဖူးတဲ့
    အနာကပ်​ ဟင်​းလင်​းပျင်​​လောက်​ ​ကောင်​းလို့လား
    သရုပ်​​ပေါ်လွန်​းလို့​ နိုင်​ဂန်​​ဒေါ်က ​တောင်​ပိတ်​ယူရတဲ့ အထိ
    🙂

    • ခင်ဇော်

      April 4, 2015 at 7:18 pm

      အာ့တွေက ကျ ရွံ့ဇာဂျီးဖစ်သွားဘီ ဥနီ။

      ဒါလေးက လှတယ်။

      :kwi:

  • Ma Ma

    April 2, 2015 at 7:45 pm

    (ဆန့်ကျင်ဘက် ခံစားချက်တွေ အများကြီးနဲ့ ငူတူတူတွေဖြစ်လို့။)
    ရုပ်ရှင်ဆို အဲလိုအနုပညာမြောက်ပြီး ခံစားရမှ သဘောကျတယ်။

    တခါတုန်းကကြည့်ဖူးတဲ့ တရုတ်သိုင်းကား ဇာတ်လမ်းတွဲ တစ်ခုဆို မထင်မှတ်တဲ့ ဇာတ်သိမ်းနဲ့ အဆုံးသတ်လိုက်တာ ကြည့်ပြီး ၂ရက် ၃ရက်ကြာတဲ့အထိ အဲဒီအကြောင်းချည်းပဲ တွေးနေခဲ့မိတယ်။ :'(

    • ခင်ဇော်

      April 4, 2015 at 7:19 pm

      အဲလို စိတ်ထဲ စွဲနေကားဆို ၂ ရက်လောက် ဒုက္ခရောက်ရော။
      ခုတော့ သိပြီ။
      ရုပ်ရှင်ရွှီးရေးလိုက်တော့ အိုကေသွားရော။

      :mrgreen:

  • Mr. MarGa

    April 2, 2015 at 8:17 pm

    ကြည့်မယ်တွေးမှ download လုပ်​ဖို့ အ​ခြေအ​နေမ​ပေးဘူးဖြစ်နေတယ်
    ိစိတ်​ဝင်​စားအောင် သိပ်​မလုပ်​နဲ့ဗျ ဆိုင်ပြေးဝယ်​မိရင် ဂျီးဒေါ် တရားခံပဲ
    :mrgreenn:

    • ခင်ဇော်

      April 4, 2015 at 7:21 pm

      ဂုဒေါ့ ကြည့်ပြီးရောပေါ့။
      ဂျီးဒေါ် ဘာကြောင့်ငိုရတဲ့ အကြောင်းလည်း သိရောပေါ့။

      :kwi:

Leave a Reply