ရွှေရင်ဖုံးတုံ့ မဖုံးတုံ့ – BRA Designs and Brands

ဇီဇီApril 27, 20155min93877

အားတော့ နာတယ်။
အမျိုးသားတွေ အတွက်ရေးတာမဟုတ်လို့ မဖတ်သင့်ဘူးလို့။
ဟေ့ဟေ့။

😈
ရှက်ကိုးရှက်ကန်းနဲ့ ပြန်ထွက်မသွားနဲ့လေ။
အဟီးဟီးးး

:mrgreen:

မနောက်တော့ပါဘူးးး
အတည်ပြောမို့။

အတွင်းပစ္စည်း တွေထဲကတစ်ခုဖြစ်တဲ့ ဘရာ အကြောင်း သိကောင်းစရာများပေါ့ဗျာ။
အမှန်က အမျိုးသမီးတွေ အတွက် ရည်ရွယ်တာပါ။
ဒါပေမဲ့ အမျိုးသားများလည်း ဝင်ဖတ်နိုင်တဲ့ အတွက် ကွက်ကွက်ကွင်းကွင်း ပုံတွေ ဘာတွေနဲ့ မပြတော့ပါဘူးးး

😳

၁၀ဝမှာ အမျိုးသမီး ၈ဝ လောက်က ကိုယ်နဲ့ ကိုက်တဲ့ ဘရာကို မှန်ကန်အောင် မရွေးချယ်နိုင်ဘူး ပြောကြတယ်။
(Evil Marketer) အီးဘဲ မာကက်တာတွေ ပဲ နေမှာပေါ့ဗျာ။

:boss:

ကျနော်တို့ ဘယ်လောက် မှားထားလဲ မှန်နိုင်မလဲ ကြည့်ကြတာပေါ့။

~~~~~~~~~

အရင်ဆုံး ဘရာ မှာ အဓိက ဖွဲ့စည်းမှုဖြစ်တဲ့ ကပ်(Cup) အကြောင်းကို မှတ်မိလွယ်အောင် ဟာသပုံလေးတွေ ရှာထားတယ်။
ဒါကို ကြည့်ပြီး ကပ် ဆိုဒ် (Cup Size) ကို ဘယ်လို ခွဲလည်း အကြမ်းဖျင်းသိနိုင်တယ်။

a
A

 

B
B

 

 

 

C
C

 

D
D

 

E
E

 

F
F

 

G
G

 

H
H

 

 

ဆိုတော့ အေ ဟာ အငယ်ဆုံးဖြစ်ပြီး ကျန်တဲ့ Letter တစ်ခုတိုးရင် တစ်ဆိုဒ်တိုးတယ် မှတ်ရမပေါ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Credit - Internet ဘာလို့ ဆို ဘရာ ရဲ့ လေဘယ်မှာ လို့ ရေးထားတဲ့ အေ/ဘီ/စီ/ဒီ တို့ဟာ Cup Size ပါ၊
Credit – Internet
ဘာလို့ ဆို ဘရာ ရဲ့ လေဘယ်မှာ လို့ ရေးထားတဲ့ အေ/ဘီ/စီ/ဒီ တို့ဟာ Cup Size ပါ၊

ဟုတ်ပြီ။
ကိုယ်က ဘယ် ကပ်ဆိုဒ် လဲဆိုတာ သိချင်ရင်

ဘရာ လေဘယ်(လ) မှာ ပါတဲ့ နံပတ်က ဘယ်နံပတ်ကို ရွေးရမတုန်းလို့ သေချာကြည့်ချင်ရင်

ဘယ်လို တွက်မလဲ ဆိုတော့ အောက်က ပုံတွင်ရှူ့!!!

၂ မျိုးလုံး အတိုင်းအရာ သိရုံနဲ့ ကိုယ် ဘာဆိုဒ် ဝယ် ရမယ် ဆိုတာ တန်းသိပြီး မှတ်ထားလို့ ရပြီပေါ့။
၂ မျိုးလုံး အတိုင်းအရာ သိရုံနဲ့ ကိုယ် ဘာဆိုဒ် ဝယ် ရမယ် ဆိုတာ တန်းသိပြီး မှတ်ထားလို့ ရပြီပေါ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ခု ပြောမှာက ဘရာ ရဲ့ ဒီဇိုင်း တွေပါ။
အကျယ် ရှင်းစရာမလိုအောင် ပုံတွေပါတာမို့ ကိုယ်နှစ်သက်ရာ ဒီဇိုင်း ရွေးရုံပါ့။

 

ဘရာပုံစံ မျိုးစုံ
ဘရာပုံစံ မျိုးစုံ

 

အဲ။ အမျိုးသမီး တစ်ယောက်မှာ ရှိသင့်တဲ့ ဘရာ ၆ မျိုးတဲ့။

 

bra

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဲဗျာ။
နိုင်ငံရပ်ခြားသွားမှာမို့ မှာချင်ရင် ဆိုဒ် ကွန်ဘာတာ လုပ်ဖို့ ပုံလေးရော သိမ်းထားပါဦးးး

575310237_o

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ရောက်လက်စ နဲ့ ဘရန်းဘက် တစ်ချက်လှည့်ရအောင်။

http://www.ranker.com/list/best-bra-brands/werner-brandes

ဒီလင့်မှာတော့ ဒီလို စဉ်ထားတယ်။

  1. Calvin Klein Underwear
  2. Wacoal
  3. Chantelle
  4. Triumph
  5. Maidenform Brands, Inc.
  6. DKNY
  7. Playtex
  8. Wonderbra
  9. Fantasie
  10. Victoria’s Secret

၅ဝ ထိ ရှိပါတယ်။ ကျနော် ၁ဝ မျိုးပဲထုတ်ပြတာပါ။

.
မြန်မာပြည်မှာတော့ ၂၊ ၄ နဲ့ ၁ဝ က လူ သိများပါတယ်။

.
စလုံးမှာတော့ ၁၊ ၄၊ ၁ဝ အပြင် Pierre Cardin လည်း လူသိများပါတယ်။

 

 

နောက်ပြီး တစ်ခု ပြောရအူးမယ်။
ဟိ။

:mrgreenn:
ကိုယ်လည်း ဒီရောက်မှ သိတာပါ။
ဘရန်းဒက် အဒေါ်က သင်လို့….။ရှော့ပင်းမောများရောက်လို့ အတွင်းခံပစ္စည်းဘယ်နားမှာလည်းလို့ မေးချင်ရင် Underwear လို့ မသုံးရဘူးတဲ့။
Lingerie လို့ သုံးရတယ်ဆိုပဲ။

lingerie ရဲ့ အဓိပါယ်မှာ အတွင်းခံတွေ အပြင် ညအိပ် ဝတ်စုံတွေပါ ပါပါတယ်၊

အဲဒါလေး….. ဟိဟိ..

:mrgreenn:

~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကိုယ့် နဲ့ မတန် မတော် တဲ့ ဆိုဒ် ကို ရွေးမိရင်တော့ အောက်ပါအတိုင်း တစ်ခုမဟုတ် တစ်ခုဖြစ်မတဲ့လေ။

အရွေးမှားလို့ ဂလိုတွေဖစ်
အရွေးမှားလို့ ဂလိုတွေဖစ်

 

 

အဲဒါကို ဖြေရှင်းနည်းတွေက ဒီမှာ!!!!

are-you-wearing-the-wrong-bra-size

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အောက်တိုဘာ ၁၃ ကို နိုး ဘရာ ဒေး အဖြစ် သတ်မှတ်ထားသတဲ့ .. To raise awareness for breast cancer
အောက်တိုဘာ ၁၃ ကို နိုး ဘရာ ဒေး အဖြစ် သတ်မှတ်ထားသတဲ့ ..
To raise awareness for breast cancer

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘရာနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးကိစ္စလေးတော့ ဒီလင့်(ခ) မှာ ဖတ်ကြည့်လိုက်နော်။

https://www.facebook.com/pages/Dr-Tint-Swe/490031307758025

 

Bras and Breast Cancer (ဘရာစီယာ) နဲ့ (ဘရက်စ်) ကင်ဆာ

အမျိုးသမီးတွေမှာ ညအိပ်ရင် ဘရာစီယာဝတ်ပြီးအိပ်ရင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်တက်စေတယ်ဆိုတာ ဟုတ်ပါသလား။

(ဘရာစီယာ) ဝတ်ရင် (ဘရက်စ်) ကင်ဆာဖြစ်ပါသလား မေးရင် (နိုး) လို့သာဖြေပါမယ်။

ဒါဖြင့်ဘာလို့ စာတကြောင်းထဲ မဟုတ်ဘဲ တပုဒ်ရေးနေရပါသလဲ။ ဖတ်စေချင်ပါတယ်။

ရင်သား-ကင်ဆာကိုဖြစ်စေတဲ့ အကြောင်းရင်း မဟုတ်တောင် ဆက်စပ်နေတဲ့ အကြောင်းခံတွေက ဘာဖြစ်မလဲ လေ့လာမှု၊ ဆန်းစစ်မှုတွေ လုပ်နေခဲ့တာ ဆယ်စုနှစ်တွေ ကြာခဲ့ပါပြီ။ အစားအစာ နဲ့ ကိုယ်လက် လေ့ကျင့်ခန်းနည်းလို့ ဆိုတာလဲပါတယ်။ (ဘီတယ်လ်) အဖွဲ့ခေါင်းဆောင် (ပေါလ်-မက်ကာနေ) နဲ့ လက်ထပ်ပြီး၊ ဒီရောဂါနဲ့ ကွယ်လွန်သွားတဲ့ ၁၉၉၈ မှ သေးဆုံးသွားရရှာတဲ့ Linda McCartney (လင်ဒါ) ဟာ ရင်သား-ကင်ဆာနဲ့ ၃ နှစ်သာနေသွားခဲ့ရတယ်။ သူမဟာ အသက်သတ်လွတ်သာစားပြီး လေ့ကျင့်ခန်း လုပ်ရမှာ ပျင်းသူဖြစ်နေလို့ အစာအာဟာရ နဲ့ ကိုယ်လက်လေ့ကျင့်ခန်း (သီအိုရီ) ကို ခိုင်မာစေခဲ့တယ်။

သုတေသန တခုကနေ ရင်သား-ကင်ဆာဖြစ်သူတွေဟာ (ဘရာစီယာ) ကို ကြာကြာနဲ့ ကြပ်ကြပ် ဝတ်ကြသူတွေ ဖြစ်တယ်တဲ့။ တနေ့မှာ ၁၂ နာရီကြာ (ဘရာ) ဝတ်တယ်။ ၁၈% ဟာ အိပ်ရာထဲမှာလဲ (ဘရာ) ဝတ်တယ်တဲ့။ ရင်သား-ကင်ဆာ မဖြစ်သူ (မဖြစ်သေးသူ) အုပ်စုထဲကတော့ တနေ့မှာ ၁၂ နာရီသာဝတ်ပြီး၊ ၃% ကသာ အိပ်နေရင်းလဲ ဝတ်ကြတယ်။ ဆေးလိပ်နဲ့ အဆုပ်-ကင်ဆာ ဆက်စပ်မှုထက်တောင်မှ ဒီတွေ့ရှိချက်က ၃ ဆ အထိ အားသာနေတယ်လို့ ထောက်ပြထားပါတယ်။

ရင်သားကို တင်းကြပ်နေအောင်လုပ်ထားခြင်းဟာ သွေး နဲ့ သွေးပြန်ရည် ခေါ်တဲ့ (လင့်ဖ်) သွားလမ်းတွေကို တားဆီး နှေးကွေးစေတယ်။ သွေးပြန်ရည်စနစ်ဟာ ကင်ဆာ မှန်သမျှ ပြန့်နှံ့စေတဲ့လမ်းကြောင်း ဖြစ်တာတော့ သေခြာပါတယ်။ အဲလို ရင်သားကို တင်းကြပ်နေတာ ကြာရင် ကင်ဆာ မဖြစ်တောင်မှာ နာတာ၊ ရောင်တာတွေ ဖြစ်မယ်။ အဆိပ်အတောက် ဖယ်ရှားမှုကို နှေးကွေးစေမယ်။ တချက်ရှိသေးတာက ရင်သားတွဲကျနေသူတွေက (ဘရာ) မဝတ်ရင် မရဘူး။ တင်းတင်းကြပ်ကြပ်ဖြစ်အောင် ရွေးဝတ်ကြရတယ်။

(ဖီဂျီ) မှာသွား စမ်းသပ်တော့ (ဘရာ) မပါသူတွေဟာ စမ်းသပ်ကာလအတွင်းမှာ ရင်သား-ကင်ဆာ မဖြစ်တာတွေ့ရတယ်လို့ ဆိုတယ်။ အဲဒီ ဖီဂျီသူ အားလုံးဟာ ရေမြသဘာဝအတူတူမှာနေ အစားအသောက် အတူတူစားကြတယ်။ ဒါနဲ့ (ဘရာ) ကိုဘဲ သတ္တုချလိုက်တယ်။ ကိန်းဂဏန်းတွေတော့ ရှိတယ်။ ဆေးပညာပိုင်းက လက်ခံထားတာတော့ မဟုတ်ပါ။

Myth or Fact အစွဲလား တကယ်လား
အထက်ကရေးခဲ့တာကို ဖတ်နေတဲ့ အမျိုးသမီး စာမဆုံးခင် ဝတ်ထားတဲ့ (ဘရာ) ချွတ်ပြစ်ချင်စိတ် ပေါ်လေမလား မသိပါ။ ဆရာဝန် အစစ်တွေက ပြန်ထောက်ပြတာကို ဆက်ဖတ်ပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။

ရင်သားကို ဖိအားပေးထားလို့ သွေးပြန်ရည် သွားလာမှုကို နှေးကွေးစေတယ်ဆိုတာ ဟုတ်သလိုလိုနဲ့ မဟုတ်ပါ။ ရင်သားရဲ့ (လင့်ဖ်) အကြောလေးတွေဟာ Lymphatic system ပင်မ (လင့်ဖ်) စနစ်ထဲကို တိုက်ရိုက်စီးဝင်တာ မဟုတ်ပါ။ လက်မောင်းအောက်ခြေစီကိုသာ သွားပါတယ်။ ကြပ်နေတဲ့ (ဘရာ) ဝတ်ထားပေမဲ့ သွေးလှည့်တာကိုရော (လင့်ဖ်) စီးတာကိုပါ ဒုက္ခပေးနိုင်တဲ့အထိ မဖြစ်စေပါ။ Breast cancer ရင်သား-ကင်ဆာဆိုတာ Genetic mutations မျိုးဗီဇ ပြောင်းလဲမှုကနေဖြစ်ရတာပါ။ မျိုးဗီဇ ပြောင်းလဲမှုက ဘာလို့ဖြစ်ရသလဲ ဘယ်သူကမှ မသိကြသေးပါ။

၁၉၉၅ မှာ Dressed to Kill “အဝတ်အစားက သတ်နေတယ်” ဆိုတဲ့စာအုပ်ကို (ဆစ်ဒနီ-ရော့စ်) နဲ့ (ဆိုမာ-ဂရစ်မဂျာ) တို့က ရေးခဲ့တာဟာ သိပ္ပံနည်းကျ လေ့လာမှုနဲ့ ရေးခဲ့ကြတာ မဟုတ်ပါ။ သူတို့ သုံးသပ်မှုတွေကို အခြေခံပြီး ရေးတာသာဖြစ်တယ်။ သူတို့သုံးသပ်ချက်ထဲမှာ ရင်သား-ကင်ဆာနဲ့ ဆိုင်နိုင်တယ်လို့ အများလက်ခံထားပြီးဖြစ်တဲ့ အစာအာဟာရ၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်၊ ရာသီစပေါ်တဲ့အသက်၊ ကိုယ်ဝန်ဆောင်အကြိမ်၊ ကလေးနို့တိုက်ရခြင်း ဆိုတာတွေကို ထည့်မတွက်ခဲ့ပါ။ သူတို့နှစ်ယောက်ကဘဲ ရေးတာတွေ ရှိသေးတယ်။ “ပက်လက်အိပ်ရင် ဦးနှောက်ကို ထိခိုက်မှု ရှိစေတယ်။ ပက်လက်အိပ်တာနဲ့ (ဘရာ) ဝတ်တာဟာ သဘာဝတရားကို ဆန့်ကျင်ရာကျတယ်” တဲ့။ လိုက်နာသူတွေလဲ မနည်းပါ။ ဒါပေမဲ့ လိုက်နာသူတွေ အကုန်လုံးဟာ ရောဂါဘယ ကင်းကြတော့ မဟုတ်ပါ။

သမိုင်းလှန်ရင် ရင်သား-ကင်ဆာဟာ ရှေးကတည်းကရှိခဲ့တာပါ။ ဓါတ်မှန်တွေ၊ ခွဲစိတ်ကုသနည်းတွေ မပေါ်ခင်ကတည်းက ဖြစ်တယ်။ (ဘရာစီယာ) ပေါ်တာ ဘယ်လောက် ကြာသေးလို့လဲ။ ရင်ကို တင်းကြပ်နေအောင် လူတယောက်ကနေ ကူညီစည်းပေးရတဲ့ Corset (ကော့ဆက်) ခေတ်နောက်ပိုင်း၊ ဒုတိယ ကမာ္ဘစစ်ကာလရောက်မှ Brassiere ကို ဝတ်ဘို့ အားပေးလာတာပါ။ ၁၈၆၃ မှာ Luman L Chapman ကနေ (ကောဆက်) မှာ Cups ခွက်ပုံစံဆိုတာ တီထွင်လာတယ်။ ၁၉၁၃ ရောက်မှ Mary Phelps Jacob ကနေ ပိုးလက်ကိုင်ပုဝါစ နှစ်ထည်ကို ဖဲကြိုးအနီလေးနဲ့ တွဲလာခဲ့တယ်။

Breast Book ရင်သားအကြောင်း ကိုရေးခဲ့တဲ့ Dr. Susan Love ကဆိုပါတယ်။ “ကျမတို့ဟာ ကိုယ်ကနေ ကိုင်တွယ်-ထိန်းဖယ်နိုင်တဲ့ အပြင်က အရာကိုဘဲ လိုက်ရှာရာကနေ (ဘရာ) လို့ ပြောနေကြတာပါ။ ကင်ဆာမှန်သမျှ ကိုယ့်အထဲက (ဆဲလ်) အတွင်းကနေ စကြတာပါ။ ပြောနေကြတာတွေကတော့ ကိုယ်ဝန်တားဆေး၊ ဟော်မုန်းဆေး၊ ကိုယ်ဝန်ရဆေး၊ ပိုးသတ်ဆေး၊ (ဘရာစီယာ)၊ အမွှေးအကြိုင်တွေကိုသာ ရမယ်ရှာနေကြတယ် မဟုတ်လား။”

Bras (ဘရာ) တွေရဲ့ ဘေးထွက်-ဆိုးကျိုးများ
• Breast pain ရင်သားနာမယ်၊
• Skin irritation အရေပြား ကသိကအောင့်နေမယ်၊
• Allergic to the metal (ဘရာ) မှာပါတဲ့ သတ္တုစတာနဲ့ မတည့်သူက မတည့်ဖြစ်မယ်၊
• အထဲမှာ Fibrocystic (ဖိုက်ဘရိုဆစ်စတစ်) ရောဂါရှိနေရင်၊ ကိုယ်ဝန်ဆောင်နေရင် ရင်သား ထွားထွားလာတာမို့ အနေရခက်မယ်။
• ရင်သား အရွယ်အစား သိပ်ကြီးသူတွေမှာ အနေတော် စနစ်တကျချုပ်ထားတဲ့ (ဘရာ) မဟုတ်ရင် ကျောအောင့်မယ်၊ ခါးနာမယ်၊ ခေါင်းကိုက်မယ်၊

American Cancer Society (ACS) အမေရိကန် ကင်ဆာအဖွဲ့ကတော့ “(ဘရာ) ကြောင့် ရင်သား-ကင်ဆာဖြစ်တာ သိပ္ပံနည်းကျ သက်သေပြနိုင်တာ မရှိပါ” တဲ့။ ဆန်းစစ်မှု လုပ်တော့ “ဟုတ်ပါတယ် အထက်ဗလာနေသူတွေထက် (ဘရာ) ဝတ်သူတွေမှာ ရင်သား-ကင်ဆာ နည်းနည်းလေးပိုတာ တွေ့ရတယ်။ တခုရှိတာက (ဘရာ) မဝတ်သူတွေဟာ အများအားဖြင့် လူကလဲ ပိန်ပါးပြီး၊ ရင်သား အရွယ်အစားကလဲ သူများထက် သေးကြတယ်။” ဒါ့ကြောင့် (ဘရာ) မဝတ်ဘဲနေချင်ရင် နေပါ။ (ဘရာ) ကို လာအပြစ်မရှာပါနဲ့။

ACS ကထုတ်ပြန်ထားတဲ့ ရင်သားကင်ဆာ အန္တရာယ်ဖြစ်နိုင်ချေ စာရင်းထဲမှာ (ဘရာ) မပါပါ။ အရက်-ဆေးလိပ် သောက်တာ၊ အဆီများ-အဝလွန်တာ၊ အေးတိအေးစက် လူနေမှုပုံစံတွေကိုသာ ထည့်ထားတယ်။ Estrogen (အီစထိုဂျင်) ဟော်မုန်းကိုတော့ အတော် သံသယကြီးကြီးထားတာ ဆရာဝန်တိုင်းကပါ။

(ဘရာစီယာ) ဟာ မရှိမဖြစ် ပစ္စည်းမဟုတ်ပါ။ သဘောပါဘဲ။ မဝတ်ဘဲနေချင်သပဆိုနေပါ။ ဒါပေမဲ့ ရင်သား-ကင်ဆာကို မဖြစ်စေပါ။ (ဘရာ) ကို ဒုံးကျဉ်လိုပုံ လုပ်ထားအုံးတော့ အသက်ကို ရန်မရှာပါ။

ဒေါက်တာတင့်ဆွေ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

ဂလောက်ဆို သိကောင်းစရာ စုံလောက်ပြီထင်ပါရဲ့။
ကျန်ခဲ့တာများရှိရင် အားမနာပါနဲ့။
သတိပေးပါ။

ပုံတွေကို ဝီကီနဲ့ ဂူးဂဲမှ မစ်တာဖြင့် ကူညီပါတယ်။

:kwi:

77 comments

  • အောင် မိုးသူ

    April 27, 2015 at 12:46 pm

    မျက်မှန်တွေကြည့်ရင်းကနေ ချာချာလည်ပြီးပြန်ထွက်သွားတယ် မကျိ။ နားမလည်တဲ့ ဘာသာရပ်မို့ ပုံလေးတွေပဲကြည့်သွားတယ်။ ဟိဟိ 🙂

    • ခင်ဇော်

      April 27, 2015 at 12:48 pm

      ဟိဟိ။
      ပုံလေးတွေ က သဘောပေါက်လွယ်တယ်မို့လားဟင်?
      ယောင်္ကျားလေး ဝတ် ရှိသတဲ့။
      မရှာရသေးလို့။
      ဟေးဟေးဟေးးး

      :k:

      • အောင် မိုးသူ

        April 27, 2015 at 1:04 pm

        ဘယ်လို ယောက်ျားလေးဝတ်…………။ နေပါစေ နေပါစေ စွပ်ကျယ်တောင် စိတ်ရှုပ်လို့ ဝတ်ချင်တာမဟုတ်ဘူး။ ရှပ်အိကျီ င်္ ဝတ်ရင်တောင် အောက်က စွပ်ကျယ်ခံမဝတ်ဘူး။ နေပါစေ။ ခိခိ 🙂

  • Wow

    April 27, 2015 at 1:23 pm

    ဝင်ဖတ်သူဒွေကို တြောက်တစ်ထည် လက်ချောင်ပေးမားးး :mrgreen:

    • ခင်ဇော်

      April 27, 2015 at 1:30 pm

      နိနော်။
      ကိုကိုရဲ ပေးဒုန်းက နာ မရလိုက်ဘူးလေ။
      ဟွန့်။

      ကြိုက်တတ်ရင် နောက်ခါ လျှော့ဈေးရရင် ဝယ်ထားပေးမယ်။
      :kwi:

      • Wow

        April 27, 2015 at 4:11 pm

        ကွဲစီမ ဆိုဒ်တွေက အကုန်အလွဲဒွေပါအေ.. တစ်ထည်မှ သုံးမြဝူး :buu:

        • ခင်ဇော်

          April 27, 2015 at 4:19 pm

          အတိုင်းအတာပေး မှာလေအေ။

          :k:

  • Alinn Z

    April 27, 2015 at 2:00 pm

    အမျိုးသမီး သီးသန့်သာ ကြည့်လို့ရအောင်. . .
    အမျိုးသားတွေ ဝင်ကြည့်လို့မရအောင် လုပ်ထားလို့ ရရင် ကောင်းမယ်
    အခုတော့ ဝင်ကြည့်မိသွားပြီ
    . . . အကျိုးတော့ အမဲ့ပါဘူး။ ဖွေးဖွေးကို မြင်ယောင်ပြီး ကြည့်သွားတယ်လေ

    အဲအဲ. . . ဘာတွေ ပြောမိပါလိမ့်
    ကျနော် ဝင်မကြည့်သွားဘူးပဲ ထားပေးပါ

    :mrgreen:

    • ခင်ဇော်

      April 27, 2015 at 2:12 pm

      ခိခိ။
      တမင် ပြောတာပါ။
      ဝင်ဖတ်ပိုကြိုက်။
      အကြံပေး ပိုကြိုက်။
      :k:

      • Alinn Z

        April 27, 2015 at 2:28 pm

        စကား ဇွတ်ဂျီးစပ် ပြောရ ရင် လွန်ခဲ့တဲ့ လေး ငါးနှစ်လောက်က
        ကမ႓ာကျော်မင်းသမီးဂျီး ကိတ်ဝင်းရှလွတ်ကို ဗျူးထားတဲ့ အမေးအဖြေလေး ဖတ်ခဲ့ဖူးတယ်။

        အဲ့ဒီဗျူးထဲမှာ ကိတ်က အမျိုးသမီးတွေရဲ့ ရင်သား ကြီးထွားမှုနှုန်းဆိုင်ရာ ကိစ္စတွေ ထည့်ပြောသွားရင်းက. . .

        တချို့တိုင်းပြည်တွေက အမျိုးသမီးတွေဟာ အတွင်းခံ အကျီ င်္ကျပ်ကျပ်ထုပ်ထုပ်တွေကို …
        အပျိုဖော်ဝင်စကတည်းက ဝတ်ဆင်နေရတဲ့အတွက် ဖွံ့ထွားသင့်သလောက် မဖွံ့ထွားနိုင်ပဲ
        ခန္ဓာကိုယ်ရဲ့ကြီးထွားမှုဖြစ်စဉ်ကို အတင်းအကျပ် ဟန့်တားရာ ရောက်ပါကြောင်းးးး
        ထည့်ပြောသွားတာကို ပြန်သတိရမိတယ်။

        ကိတ် ပြောတဲ့ ”တချို့တိုင်းပြည်”တွေထဲမယ် ဗမာပြည်က မြေကြီးလက်ခတ်မလွဲ ပါလိမ့်မယ်ပေါ့။

        ဗမာမလေးတွေကို ဖြစ်နိုင်ရင် အရမ်းကျပ်တာတွေ မဝတ်စေချင်ဘူး။ ဖွံ့ထွားမှုကို အဟန့်အတား ဖြစ်စေနိုင်တယ်ဆိုလို့ပါ

        :k:

        .နောက်ပြီး ဗမာပြည်က မိန်းကလေးတွေ အတော်များများက အရမ်းကျပ်တာတွေကို နေ့စဉ်ရက်ဆက် ဝတ်နေတယ် ထင့်

        တချို့ ကိုယ့်ဘာသာတောင် အဖြုတ်အတပ် မလုပ်နိုင်လောက်လို့ လူ ကူပြီး ဝတ်ရ ချွတ်ရ

        အဟွတ်

        :k:

        …..

        ဒီ comment ကို ကျနော် ထပ် လာ မပေးသွားဘူးပဲထားလိုက်ပါနော့

        😆

        • ခင်ဇော်

          April 27, 2015 at 2:33 pm

          အမှန်အတိုင်းပြောရရင်တော့ ….

          အင်းးးးး
          .
          .
          .
          .
          အဲ!!
          .
          .
          .

          ဆွေးနွေးတယ်ပဲ သဘောထားရအောင်။
          :mrgreenn:
          ကျပ်လွန်းတာကျန်းမာရေး အရ မကောင်းဘူးးး ဆိုရင်…..
          ချောင်လွန်းတာဟာ အလှအပအတွက် မကောင်းဘူးလို့ ပြောရမပေါ့။
          ဆိုတော့ လှဖို့ရယ် ကျန်းမာဖို့ရယ် ကို မျှခြေနဲ့ ဝတ်ရင် ပိုကောင်းတာပေါ့ နော့။

          နိ ကော်မန့်မြင်ပြီး မဝတ်ကြမှ နိ တို့ ဒုက္ခရောက်နေပါ့မယ်အေ။

          :kwi:

        • ဂျက်စပဲရိုး

          April 28, 2015 at 10:18 am

          အဲ့လို ကြပ်ကြပ်ကြီးတွေ ဝတ်ခြင်းအားဖြင့် ကင်ဆာ တို့ အသားအရည် မကောင်းတာတို့လဲ ဖြစ်တတ်တယ် ဆိုလား လား လား
          ဘာလို့လဲဆို ကြီးထွား ရမယ့် အရွယ်မှာ ချုပ်ထားလိုက်သလို ဖြစ်သွားတာရယ်
          ပြီး အရမ်းကြပ်နေတော့ လေဝင်လေထွက် မကောင်းတော့ တာရယ် 🙂 (လေဝင်လေထွက် က ထင်တာ ပြောတာ နော်။ ရှေ့က ကင်ဆာ ဆိုတာကတော့ တကယ်ကြီး ဖတ်ဖူးတာပါ)

        • ခင်ဇော်

          April 28, 2015 at 11:18 am

          ဟယ်။ ကျန်းးး
          သိလှချည်လားးး
          နောက်ပရော့ဂျက်ကျ ခေါ်မယ်နော်။

          :mrgreen:

        • ဂျက်စပဲရိုး

          April 28, 2015 at 3:05 pm

          ငင့်… knowledge base က ဒီနေရာမှာ တင် ရပ်သွားပါပြီ ခည…
          ခု ပရောဂျက် က လေဒီတွေ အတွက် မျက်မှန် ဆို နောက် ပရောဂျက် ဆို ပို အတွင်းကျကျ တွေ ဖြစ်ကုန်တော့မှာပဲ…

          တားတား ကို ချမ်းသာပေးဘာ မဂျီး ရယ်… း)

  • တောင်ပေါ်သား

    April 27, 2015 at 2:57 pm

    ဘာများလည်းလို့

    အို သားသား အဲဒါတွေ နားအလည်ဘူး လို့ 🙂

    • ခင်ဇော်

      April 27, 2015 at 3:04 pm

      ဒါတွေ နားလည်တာ နားမလည်တဲ့ အမျိုးသားတွေ အတွက် တစ်ပန်းမက သာတယ်ဗျ။

      :k:

  • Ma Ma

    April 27, 2015 at 3:03 pm

    အချက်အလက်တွေ စုုဆောင်းပေးထားတာ အမျိုးသမီးတွေအတွက် ဗဟုသုတ ရစေလို့ အကျိုးများလှပါတယ်။
    ပြောရမယ်ဆို ကိုယ်လည်းခုမှသိတော့တာ။ :a:

    • ခင်ဇော်

      April 27, 2015 at 3:06 pm

      ဒီရောက်မှ သိတာ ချစ်မရဲ့။
      နားမလည်လို့ မရ။
      အပေါင်းအသင်းထဲမှာ ဒီအရာ လှလှလေးတွေ စုဆောင်းတာ ဝါသနာပါတဲ့သကောင့်သမီး ၃ ယောက်လောက်ရှိတယ်။
      ကြံရဖန်ရ ရှာရဖွေရ။

      :mrgreenn:

  • Mike

    April 27, 2015 at 3:05 pm

    .ခိခိ မလျှော့မတင်းစောင်းကြိုးညှင်း ဝတ်ရမှာပေါ့နော်..အယ်..ငါဘာတွေပေါနေမိပါလိမ့် :k:

    • ခင်ဇော်

      April 27, 2015 at 3:07 pm

      ဒါပေါ့။
      ကြိုးလေးပြတ်လို့ ကိုယ့်ကို စိမ်းကား ဆိုတဲ့ သီချင်း ဆိုစရာ မလိုတော့ဘူးပေါ့။
      ခိခိခိ

      :k:

  • Kaung Kin Pyar

    April 27, 2015 at 3:16 pm

    18+ မဟုတ်ဘဲ…lady only ပေမယ့်…အဟီးးးး အားပေးသူအများစုကို ကြည့်ရခြင်းအားဖြင့်…ဗဟုသုတရှာလိုသူတွေ ရွာထဲရှိနေတာ သိလိုက်ရဘီ….။
    :k:
    ၁၀ဝ မှာ ၈ဝ မှားယွင်းဆိုတာကို လက်ခံပါတယ်…မမဂျီး…(ဘယ်လိုမှားယွင်းတယ်ဆိုတာ…ပုံနဲ့ပါ ရှင်းပြထားတာဆိုတော့… )
    သေချာဖတ်ကျိသွားပါတယ်….
    ကျန်းမာရေး ဗဟုသုတရတဲ့ပိုစ့်အတွက် ကျေးဇူးပါလို့….
    :chit:

    • ခင်ဇော်

      April 27, 2015 at 3:20 pm

      အဟီးဟီးးး
      ကိုယ်တွေပါ မှားယွင်းတဲ့ထဲ ပါဖူးတာလေ။
      ခုထိလည်း ရုတ်တရက် ဆိုင်ရောက်ရင် အူလည်လည်ဖြစ်တုန်းပဲ။

      :k:

  • chate chate

    April 27, 2015 at 4:17 pm

    ဗဟုသုတများစွာရရှိပါကြောင်း….:)

    • ခင်ဇော်

      April 27, 2015 at 4:19 pm

      လာအားပေးလို့ ကျေးဇူးတင်ပါတယ် chate chate လေး

      :chit:

  • ဇေယျာစံ

    April 27, 2015 at 6:21 pm

    ဘရာ စပါယ်ရှယ်လစ်ပါပဲ ဗျာ ..
    😛

    • ခင်ဇော်

      April 28, 2015 at 11:27 am

      သများ စပယ်ရှယ်လစ် တဲ့ တခြားဟာတွေ ရှိပါသေးတယ်လို့။
      :k:

  • Fall Guy

    April 27, 2015 at 7:59 pm

    D ​လောက်​​တော့အနည်​းဆုံးရှိမှ အဆင်​​ပြေမှာ 😀
    ဟို ​လောက်​ဆိုရင်​မဖြစ်​​လောက်​ဖူးမို့ 😀

    • ခင်ဇော်

      April 28, 2015 at 11:25 am

      သများလည်း ဒီ လောက် ဆို တော်ပါပြီ။
      ကိုကိုဖောဂိုင်းရဲ့။
      ခိခိ

      :mrgreenn:

  • မဟာရာဇာ အံစာတုံး

    April 27, 2015 at 11:34 pm

    နိုင်ငံဂျားက ရှော့ပင်းမောတွေမှာ …
    ကျားတွေအတွက် ဆိုယင်လည်း Lingerie လို့ဘဲ သုံးရဒါလားငင် …
    မတော်မတတ် …
    နိုင်ငံဂျား ရောက်ခိုက် .. အဲ့ဒါညိုး ဝယ်ဂျင်ရင် ..
    ဒီမှာလို လမ်းဘေးမှာ ပေါဒေးလောဒေး ဝယ်လို့ရဒါ မီဟုတ်လောက်ဝူးးးး
    ဒါဂျောင့် ကျိုမေးထားဒါ …
    ကျန်ဒါတွေဒေါ့ … ကျိတွားဘူးနော် … ဟီးးဟီးး

    • ခင်ဇော်

      April 28, 2015 at 11:24 am

      Within our Men’s Lingerie section, you can find boxers, briefs, pajamas, robes, pouches, shorts and more။
      ဆိုတော့ Men’s Lingerie လို့သုံးရင်လည်း မမှားလောက်!!

      :kwi:

  • မြစပဲရိုး

    April 28, 2015 at 12:05 am

    မှတ်မှတ် ရရ သူကြီး တင်ပေးလိုက်တဲ့ လက်ချောင်းတွေ ပုံ ကို ကြည့်ပြီး ” အေ” တွေ အတော်များများ ကြော်ငြာလိုက်ကြတာ။
    ဒီမှာတော့ ငြိမ် နေကြပါလား။
    မတရားသလို ဖြစ်တော့မယ်။
    ဒီတော့ ကွကို ဘဲ စပြီး အားပေးမယ်။

    လက်မှာတုံးက “စီ” ပါခမျ။
    အခုတော့ “အေ” ရတော့ မလားမသိ။ lol:-))))))))))))))))))))))))))))))))))))))))))))))

    • ခင်ဇော်

      April 28, 2015 at 11:22 am

      အရီးကော်မန့်ဖတ်ပြီး မနက်အစောကြီး ရီလိုက်ရတာ။
      အေ ဆိုရင် တော်တာပေါ့။
      စာတော်ရင် အေခန်းရတယ်လေနော်။
      ဟီးဟီးဟီးးးး

      :kwi:

  • မွသဲ ( 17082011 )

    April 28, 2015 at 10:46 am

    ဟဟိဟိ လွဲဒမှတည့်တည့်ဂျီးလွဲ။ ဒါဒေတထုမှမတိ။ ခုမှသိ။ အိမ်ကရှိဒါဒေအကုန်လွှင့်ပစ်ပီးအသစ်ပြန်ဝယ်ရတော့မထင့် 😥 ဟမလေးကုန်ဘာဘီ။ ဒါ့ထက် ဒီမှာကနံပါတ်နဲ့ဘဲဝယ်ဖူးဒါဆိုတော့ ABCD ဘိုခွဲလဲသေချာသဘောမပေါက်သေး။ ပုံဒေကလဲဆေ့မရဘူးရယ်။ ဆိုင်သွားချုပ်ရင်တော့ ဆိုင်ကသူတို့နံပါတ်နဲ့ပေးလိုက်တာပဲ။ နောက်ထပ်ဝဟ်ချင်ရင်အိုက် Cap နံပါတ်ပြောလိုက်ထုပ်ပေးကော။ ရှော့ပင်းမောမှာဝယ်ရင်တော့ ကိုယ်လုံးတော်ရင်ယူလိုက်တာပဲ။ သများက C လား D လားငမ် :mrgreen:

    • ခင်ဇော်

      April 28, 2015 at 11:20 am

      သဲ ရဲ့!!!
      နံပတ်ရှေ့မှာ အေဘီစီဒီ ပါတယ်ကော။

      သေချာကြည့်ပါအူးးးး

      တိုင်းတာပုံပါတယ်လေ။
      တိုင်းပြီး ကိုယ့်နံပတ်နဲ့ ကိုယ့်စာလုံး ရပြီလေ။

      သိရင် လာပြောအူးးး
      ဟေးဟေးဟေး

      :k:

      • မွသဲ ( 17082011 )

        April 28, 2015 at 5:40 pm

        ကိုယ်ပိုင်နံပါတ်ရဘီကွ လက်ဆောင်ပေးလိုသူများ နံပါတ်ဆက်သွယ်မေးမြန်းနိုင်ပါဘီ :mrgreen:

        • ခင်ဇော်

          April 28, 2015 at 6:16 pm

          ပြောပြ
          ပြောပြ
          ဒီမှာပဲ.. ဟေးးးဟေးးးဟေးးး
          :k:

  • Ma Ei

    April 28, 2015 at 12:21 pm

    A,B,C,D တွေ ခုမှသိတော့တာ…
    အဲ့ဒါ ဝယ်တာတော့ ကိုယ်တိုင်းတော်ရင် ပုံမထူရင် မချွန်ရင် လှတယ်ထင်ရင် ဝယ်လိုက်တာဘဲ
    အိမ်ရောက်လို့ ဝတ်ကြည့် အဆင်ပြေရင် ဆက်ဝတ် မပြေရင် ဘီဒိုထဲဂျာင်ထိုး….ထုံးစံကိုဖြစ်လို့
    ပုံလေးတွေကြည့်ရင်း E,F,G တွေအတွက် ရင်လေးလိုက်တာ….

    • ခင်ဇော်

      April 28, 2015 at 3:01 pm

      ဟဟဟ။
      မွအိ ပြောမှ ရင်လေး လာဘီ။ သူတို့ အစားပြောပါတယ်။
      ကျနော်လည်း အရင်က ရာကြည့်လို့ တော်ရင် ဝတ်လိုက်တာပဲ။
      ဟီးး

      မွသဲ ပြောတဲ့ ဆိုဒ် တိုင်းတဲ့ ဟာသက ရီရတယ်။

      :mrgreen:

      • မွသဲ ( 17082011 )

        April 28, 2015 at 5:43 pm

        ဟိဟိ ဟိုပုံပြင်ထဲကလို အုံကိုလက်နဲ့တိုင်းသွားဒါ ခလုတ်လဲတိုက်ကော လက်ကကားသွားရောဆိုဒါမိုးလေးတိုင်းရမာလားငင် :mrgreen:

  • Shwe Ei

    April 28, 2015 at 1:10 pm

    -ဘရာ အသစ်လဲဖို့ စိတ်ကူးနေတုန်း အခန့်သင့်သွားတယ်…
    -သာမီး ကို့ဆိုဒ်ကို အမှန်ရွေးတတ်တယ်..အာဟိ (ဒီကွန်မန့် ကိုယဲ မမြင်ပါဇီနဲ့)
    -မျော့ကြိုး ညောင်းပီး ဖော့တွေ ပုံစံမကျတော့ တဲ့ ဘလာများ လှူဒါန်းလိုက်ပါတော့မည် 😛

    • ခင်ဇော်

      April 28, 2015 at 2:59 pm

      ကောင်းတယ်။
      ဒီတခါ ဒီဇိုင်း ၆ ခုလုံး ဝယ်ပစ်။

      :mrgreenn:

  • black chaw

    April 28, 2015 at 1:26 pm

    တားတား ဂ အဲ့လိုအကြောင်းတွေ ဖတ်ဖို့ အင်အားမရှိပါဘူး…။
    စကားမစပ်…
    Malena ရုပ်ရှင်ကားထဲက
    အီတလီမင်းသမီး Monica Bellucci ကြီး ကို သွားသတိရတယ်…။
    Monica Bellucci ကြီးဆိုရင် ဘယ်ဆိုက်လောက် ရှိမလဲ ဟင်င်င်င်…။
    :k:

    • ခင်ဇော်

      April 28, 2015 at 2:59 pm

      သူ ဆို ဒီဒီ လောက် ရှိမှာပေါ့။
      အရပ်ရှည်ပြီး ကိုယ်လုံးဖွံ့ရင် အဲဒါ အလှဆုံးပဲ။
      ဟိဟိ

      :k:

  • kai

    April 28, 2015 at 3:33 pm

    သခင်ဗသောင်းကတော့.. ဗမာမတွေ.. အတင်းကျပ်နေအောင်စည်းထားတာကို.. အပြစ်ပြောတဲ့စာရေးဖူးတယ်..။
    ရှေးက.. ရင်ထွားတာက.. အပြစ်လို့မြင်တဲ့ခေတ်ဖြစ်ခဲ့ဖူးသပေါ့…။

    ဒီခေတ်… ဂျပန်အပါအဝင်.. ယူအက်စ်ကတော့..ကြီးလေကြိုက်ကြလေ..။
    ဆိုတော့…
    ဘရာအကုန်လိုလိုက… အောက်ကပင့်ပြီး.. အပေါ်ခြမ်းကို.. ပြထားကြတာ..။
    ရှေးအင်္ဂလိပ်အဝတ်တွေမှာလည်း.. ကျပ်နေအောင်စည်းပြီး.. အတင်းမ,တင်ထားတဲ့.. အပေါ်ပိုင်းပြ…ရင်သားလှလှတွေမြင်ဖူးသဗျ..။

    အခုတလော.. ထိုင်းမှာ.. ရင်သားအောက်ပိုင်းလွှတ်တာ( Underboob) တွေ.. ဒဏ်ချတယ်ဆိုတော့.. အင်တာနက်ထဲလိုက်ကြည့်ကြည့်တာ.. တော်တော်ဆွဲဆောင်မှုရှိတာပဲ..
    အဲလို ဘရာထီထွင်ဖို့ကောင်းတယ်..။
    ကာလီဒါသရဲ့.. ကာမသျှတ္တရထဲမှာလည်း. မိန်းမတို့ရဲ့.. ညို့အားအကောင်းဆုံးနေရာတခုအဖြစ်.. ရင်အောက်သားကို.. ညွှန်းတယ်လို့.. ဖတ်ဖူး..။ :k:

    • ခင်ဇော်

      April 28, 2015 at 6:18 pm

      ကိုယ်လုံးး နဲ့ လိုက်သလောက် ပဲ ကောင်းးပါတယ်လေ..
      ဝန်နဲ့ အားး မျှမှ ကြည့်လှ…

      ကေတီဘယ်ရီ လိုမျိုးး ကို ကြိုက်တာဗျ
      :mrgreenn:

  • padonmar

    April 28, 2015 at 10:47 pm

    ဂျပန်တွေကတော့ Cup size ကို A,B,C,D,E
    Body size ကို 70/75/80/85/90/95 လို့ သုံးတယ်။
    correlate လုပ်ရင်
    .32=70
    .34=75
    .36=80
    .38=85
    .40=90
    .42=95
    မြန်မာပြည်က လေဒီတွေက B75/B80/B85 တွေ အဝတ်များတယ်။
    နောက်ပြီး အဖြူမ တွေနဲ့ အာရှသူတွေရဲ့ ရင်ပုံစံ မတူတဲ့ အတွက် အဖြူမတွေ ဝတ်တဲ့ ဘရာပုံတွေက အာရှသူတွေအတွက် ပုံမကျတတ်ဘူးတဲ့။
    (အဖြူမတွေက ဘေးကားကား နေပြီး အာရှသူတွေက ရှေ့စုစု နေပါသတဲ့။)
    အထူးသဖြင့် wired bra တွေမှာပါတဲ့ wire ရဲ့ ကွေးပုံ အနေအထား မမှန်ရင် ဝတ်တဲ့အခါ သံချောင်းထောက်နေသလို ဖြစ်တဲ့အတွက် cup size အမှန်ရွေးဝတ်ဖို့ လိုပါတယ်တဲ့။
    (အဲဒါတွေ ချုပ်တော့မှပဲ ဂျပန်တွေ ပြောပြလို့ သိရတာ)

    • ခင်ဇော်

      April 29, 2015 at 6:15 am

      ကျေးးကျေးးပါ အာတီဒုံ.!!
      စိမ်းးလိုက်ပါတယ်…
      :chit:

  • ကူမားရ်

    April 29, 2015 at 12:43 am

    ဘာဘာ ဘာ မှသိဘူး.. ရှလွတ်တ်တ်တ်တ်…
    .သောက်ခင်ဇော် …လူဇိုးမလေး…
    အိပ်မပျော်လို့ရွာထဲဝင်မိတာ ဒင်းပိုစ့်ဖတ်မိ မှ ထပါထိုင်ရတယ်…
    မကြည့်ရဲလို့ဖုန်းကို လက်တစ်ဖက်ကကိုင် တစ်ဖက်က လက်ဝါးနဲ့မျက်နှာကိုကာပြီး လက်ကြားထဲက ကြည့်တာ ပေါ့ ဘာရမလည်း
    သူ့ပိုစ့်ဖတ်ပြီးကာမှ အသိတွေထဲက ဘယ်သူဆို A ဘယ်သူဆိုB ဘယ်သူကတော့D ဆိုပြီး စိတ်နဲ့လိုက်တိုင်းတာ ခွီးခွီး နောက်တစ်ခါ အဲ့လူတွေနဲ့အပြင်မှာဆုံရင် စေ့စေ့တောင်ကြည့်ရဲပါတော့မလားမသိဘူး အားနာလိုက်တာ …
    အများကြီးတော့မဟုတ်ပါဘူး တစ်ရွာလုံး အကုန်လောက်ပါပဲ ခိခိ…
    စကားမစပ် ကိုဘလက်ဆို DDလောက်များရှိမားမသိဘူး …

    • kai

      April 29, 2015 at 2:36 am

      ဗမာတွေ.. ရှက်စရာလို့ထားတာမှာ. ရင်သားပေါ်တာဖေါ်တာကို.. အဓိကအခဏ်းကဏ္ဍဖြစ်နေသလည်း.. တွေးနေမိ…။

      လူသားဖြစ်တည်မှုမှာ.. မိခင်တွေရဲ့ရင်သားဟာ.. အင်မတန်အရေးကြီးတာပါ..။
      အဲဒါကြောင့်.. သမီးမိန်းကလေးတွေ.. အရွယ်ရောက်တာနဲ့.. ထွက်လာရတာ..သဘာဝပေါ့…။

      ကျားတွေက.. ရင်တွေ..တင်တွေကို ချစ်ရ.. ရိုသေရ..စွဲမက်ရမှာလည်း.. သဘာဝပေါ့…။
      ဒါမှာ.. လူသားက.. မျိုးပွားရပ်တည်နိုင်မှာလေ…။

      UnNews:Study: Looking at breasts makes men live longer …
      uncyclopedia.wikia.com/…/UnNews:Study:_Looking_at_breasts_makes_…
      BRISTOL, England — A recent study, published in Hot Topics in Hypertension, says that staring at women’s cans can increase a man’s life expectancy by 4-6 …

      သဘာဝဟာ… သဘာဝပါ..။ :k:

      ပြောသာပြောတာ…
      အောက်ပုံကိုကြည့်ပြီး.. မူးသလိုလိုဖြစ်နေ…။

      • Mr. MarGa

        April 29, 2015 at 11:41 am

        ငမ့် သဂျီး
        အဲ့လာ trypophobia ကို စမ်းဖို့အတွက် လုပ်ထားတဲ့ပုံကြီးလေ
        စိတ်ဝင်စားသူများ google images မှာ trypophobia လို့ ရိုက်ပြီး ရှာဖွေကြည့်ရှုနိုင်ပါကြောင်း
        (အဲ ပြီးမှ ရောဂါတက်လာရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်) :a:

        • naywoon ni

          May 1, 2015 at 1:11 am

          ဘာလဲ trypophobia ??
          ကြာခွက်​ထဲက အ​စေ့နှုတ်​ထားတဲ့ပုံ​တွေပဲ​တွေ့ !

    • ခင်ဇော်

      April 29, 2015 at 6:17 am

      ကျန်းးးးး
      ကိုယ့် ဆိုဒ် ကိုယ်တော့ ပြောမသွားးပါလားးး
      :k:

      တဂျီးးးး
      အဲလာ ကြာခွက်နဲ့ ဖိုတိုရှော့ လုပ်ထားးတာဆို??

      🙄

  • ဦးကြောင်ကြီး

    April 29, 2015 at 9:53 am

    သပ်တိရှိ ဝတ်ပြပါရား လူမိုက်ခင်ဇော်

    • ခင်ဇော်

      April 29, 2015 at 10:10 am

      ဝတ်ပြထားတယ်လေ၊
      မမြင်ရတာတော့ မတတ်နိုင်ဘူးး
      ဟေးဟေး

      :k:

  • Mr. MarGa

    April 29, 2015 at 12:04 pm

    ဘာတွေလဲဟင်
    ဘာဘာ ဘာမှလဲ မသိဘူး
    ကိုင်း မှတ်သွား မှတ်သွား
    general knowledge ကွ
    :mrgreenn: :mrgreenn: :mrgreenn:

    • ခင်ဇော်

      April 29, 2015 at 2:01 pm

      နောက်ဆို ဆိုင်လာမှာ။
      မှတ်မှတ်။
      စာဥထုတ်ပြီးမှတ်။

      :mrgreenn:

  • Ma Ei

    April 29, 2015 at 3:05 pm

    မနက်က ရုံးအလာ Lift ထဲမှာ A ကလေးတယောက်တွေ့တယ်…
    အနက်လေးဝတ်ထားပီး အပေါ်က အနီပါးပါးလေး စကပ်တိုအနက်လေးနဲ့
    A ကလေးပေမယ့် ဝတ်တတ်တော့ လှတယ်လို့ အဲ့ဒါ ဆွိရဲ့….
    A,B,C,D တွေဖတ်ပြီးတော့လေ…

    • ခင်ဇော်

      April 29, 2015 at 3:09 pm

      ဟုတ်တယ် မွအိ။
      ကြီးတိုင်း မလှဘူးးး
      လှတယ်လို့ မထင်ဘူးးး
      ဟီးဟီးးး
      ဝတ်တတ်မှ လှတာ။

      :chit:

  • manawphyulay

    April 30, 2015 at 10:31 am

    အင်းမှပဲ သေချာနားလည်သိတော့တယ်။ မသိပေါင် ဝယ်လိုက်တာပါပဲ အဟဲ.. အဆင်မပြေ နောက်တစ်ထည်ပေါ့…..:mrgreen:

    • ခင်ဇော်

      April 30, 2015 at 11:51 am

      ဟေးဟေးဟေးးး
      ခု ဆို တစ်ထည် တစ်ထည်ဆိုသလောက် မှန်လောက်ပြီပေါ့နော်။

      :mrgreenn:

  • naywoon ni

    April 30, 2015 at 11:22 am

    oct 13 ဆိုတာ​လေး ပဲမှတ်​မိတယ်​ ဟိဟိ
    အဲ့​နေ့သာ ဘာလင်​တိုင်​း​ဒေးလို ညန်​နာပြီမာ ကျင်​းပရင်​​တော့ ဟိဟိ
    🙂

    • ခင်ဇော်

      April 30, 2015 at 11:50 am

      မနှစ်က အဲဒီ နေ့သများ ဓာတ်ပုံတင်တယ်ကော

      :mrgreenn:

  • nozomi

    April 30, 2015 at 11:47 am

    ဝင်ဖတ်တဲ့ ထဲ ကျား အင်အား ကလဲ မနဲ ပါလား
    ဒါလေးဖတ် ရတော့ ဗဟုသုတ ရတယ် ခရီးသွားရင်း ဒီဇိုင်းလေး မိုက်လို့ ဝယ်ချင်ရင် ဒီဆိုက်လောက် ဆိုပြီး လက်နဲ့ပြစရာမလိုတော့ဘူးပေါ့

    ခင်ဇော်ကြီး အောက်တိုဘာ ၁၃ အလှူလုပ် မလို့ ကြွခဲ့ဘို့ အခုကတဲက ဖိတ်ပါတယ်

    • ခင်ဇော်

      April 30, 2015 at 11:49 am

      ဘူ လှူမို့လဲ။ အမျိုးထဲက ကောင်မလေးတွေ လှူမို့လားးး
      တညားက လှူတာ ဝါဒနာပါဘူးနော်။ ဒါပဲ။
      ဟေးဟေးဟေး

      :mrgreen:

  • Crystalline

    May 1, 2015 at 9:14 am

    ဘလန်​း​တွေက ဝိတ်​ရတာ..သက်​​တော့သက်​သာရှိတာက​တော့ ကိုယ်​​တွေ့..
    Wacoal က​တော့ ခါးရှည်​​တွေလည်​းရှိ​တော့ ပိုဝတ်​ဖြစ်​တယ်​.. ​Gapကချည်​သား ​ဘောင်​း​ဘောင်​း​လေး​တွေလည်​း.. ဝတ်​​ကောင်​းသား.. ​ဈေးလည်​းမဆိုး. :))

    • ခင်ဇော်

      May 5, 2015 at 1:33 pm

      ငင်။
      ဂက်(ပ) ကို ဈေးမဆိုးဘူးဆိုတော့ သထိန်းပဲ။

      :mrgreenn:

  • အရီး လေး

    May 11, 2015 at 1:29 pm

    ​တော်​​တော်​ စုံ​အောင်​ရှာထားတယ်​ ​
    တော်​လိုက်​တဲ့KZ

    • ခင်ဇော်

      May 11, 2015 at 1:40 pm

      အရီးလေးးး
      ဘယ်ပျောက်တုန်းးး
      ကျန်းးး
      လွမ်းနေတာ။

      :chit:

  • အရီး လေး

    May 11, 2015 at 9:12 pm

    မကြာမကြာ​တော့ဝင်​ဖတ်​ဖြစ်​ ​ပေမယ်​့
    ​ကော်​မန်​့ ​တော့​ရေးဖြစ်​ဘူးရယ်​
    ခု​တော့KZ က ဂဇက်​ ဆယ်​လီ
    ဖြစ်​​နေပြီ

  • King

    January 25, 2016 at 5:29 pm

    FB မှာ အမျိုးသားတွေ လာနဲ့ ဆိုလို့ လာကြည့်တာ ..
    လာကြည့်တော့မှ လုံးဝကို မသိတဲ့ ဘာသာရပ်ဖြစ်နေတယ်
    ဟူးးးးးးးးးး
    ဒီတစ်သက်တော့ နားလည်မယ့်အချိန် ရှိလာပါအုံးမလားးးးးးးးးးးးးးးးးးးးးး

    • ခင်ဇော်

      January 25, 2016 at 6:52 pm

      သိတဲ့ ကျားး က
      မသိတဲ့ ကျားး ထက်
      ပို အစာရှာရ လွယ်တာပေါ့ကွီ..!!
      ???

      • King

        January 25, 2016 at 7:31 pm

        ငင့်
        အာ့
        ဘာလားးးးးးးးးးးးးးး

  • ခင်ဇော်

    March 15, 2016 at 5:26 am

    Third Love အမျိုးသမီးအတွင်းခံထုတ်လုပ်ရေးကုမ္ဗဏီက အမျိုးသမီးရင်သားပုံသဏ္ဍာန် ရ မျိုး ဖော်ပြ
    —— —— —— —— ——
    အမျိုးသမီးများအတွက် မိမိတို့ ရင်သားပုံသဏ္ဍာန်နှင့် ကိုက်ညီပြီး အရွယ်အစား မှန်ကန်သည့် ဘရာစီယာဝတ်ဆင်ခြင်းသည် အရေးပါသည်ဟု Third Love က ဆိုသည်။ ဘရာစီယာ ခွက်ထဲမှ ရင်သား လျှံထွက်ခြင်း၊ ခွက်အတွင်း လစ်ဟနေခြင်းမျိုး မရှိစေဘဲ ဘရာစီယာကြိုးမှာလည်း မတင်းလွန်း မလျော့လွန်းဘဲ နောက်ကျောဘက်ရှိ ဘရာစီယာကြိုးနှင့် ခန္ဒာကိုယ်အကြား လက်နှစ်လုံး ထိုးသွင်းနိုင်သင့်သည်ဟု ဆိုသည်။ ဆန်ဖရန်စစ္စကိုအခြေစိုက် Third Love က ဂရပ်ဖစ်ပုံနှင့်တကွ ဖော်ပြသည့် ရင်သားပုံသဏ္ဍာန်ခုနှစ်မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။

    ၁-လုံးချော

    လုံးပြည့်ပြီး ရင်းသား၏အပေါ်ပိုင်းနှင့်အောက်ပိုင်း ညီညီမျှမျှ ပြည့်မောက်သည့် ရင်သားပုံသဏ္ဍန်။

    အဆိုပါ ရင်သားပုံသဏ္ဍန်ပိုင်ရှင်များအနေနှင့် ဘရာစီယာရွေးချယ်ရာတွင် ခေါင်းသိပ်ရှုပ်စရာမလိုဘဲ တင်းရင်းမှုရှိသည့်အတွက် ရင်သားကို ပင့်ပေးသည့် underwire မပါသည့် ဘရာစီယာများကို ဝတ်ဆင်နိုင်သည့်အပြင် ပိတ်သားပါးပါးဖြင့် ချုပ်လုပ်ထားသည့် ဘရာစီယာများလည်း ဝတ်ဆင်နိုင်သည်။ ယင်းအပြင် ဘရာစီယာခွက်ထဲမှ ရင်သား ဘေးချော်ထွက်ခြင်းပြဿနာလည်း ကင်းဝေသည်ဟု ဆိုသည်။

    ၂-နေနဲ့လ

    အရွယ်အစား သေးငယ်ပြီး ရင်နှစ်မွှာသည် တခုနှင့်တခု ဆန့်ကျင်ဘက်လားရာသို့ ဦးလှည့်သည့် ပုံသဏ္ဍာန်

    အဆိုပါ ရင်သားပုံသဏ္ဍာန်ပိုင်ရှင်များအနေနှင့် t-shirt bra ကို ဝတ်ဆင်ခြင်းဖြင့် ပြေပြစ်ပြီး သပ်ရပ်လှပသော ကောက်ကြောင်းကို ရရှိနိုင်မည်ဟုဆိုသည်။

    ၃-ပုလဲသီ တကွဲစီ

    နေနဲ့လ သဏ္ဍာန် ရင်သားထက် အရွယ်အစားပိုကြီးကာ ဘေးတဖက်စီသို့ ဦးတည်ပြီး ရင်နှစ်မွှာကြား အကွာအဝေး ကြီးမားသည့် ပုံသဏ္ဍာန်။

    အဆိုပါ ရင်သားပုံသဏ္ဍာန်ပိုင်ရှင်များအနေနှင့် ရင်သားကို ဆွဲတင်ပေးသည့် plunge bra အမျိုးအစား ဝတ်ဆင်ရန်သင့်လျော်သည်။ Plunge bra သည် ရင်သားကို ဆွဲတင်ပေးသည့်အပြင် ရင်နှစ်မွှာကို ဆွဲစုပေးနိုင်စွမ်းလည်း ရှိသည်။ ဤရင်သားသဏ္ဍာန်ပိုင်ရှင်များသည် ဘရာစီယာ ခွက်အရွယ် မမှန်ခြင်း (သေးငယ်ခြင်း) ကြောင့် ရင်သား လျှံထွက်ခြင်းပြဿနာ မကြာခန ကြုံတွေ့ရတတ်သည်။ ထိုသို့ ကြုံတွေ့ရပါက ဝတ်နေကျ ဘရာထက် တဆိုက်ပို ကြီးသော ဘရာစီယာမျိုး ဝတ်ဆင်သင့်သည်။

    ၄-ကာရံမညီ

    ရင်နှစ်မွှာ တခုနှင့်တခု အရွယ်အစားမတူညီ။ တခုကြီး တခုသေး ပုံသဏ္ဍာန်။

    ယင်းသို့ အရွယ်အစားမညီခြင်းကပင် ဘရာစီယာရွေးချယ်ရာတွင် အခက်အခဲရှိသည်။ အလွယ်တကူ ထုတ်နိုင်သော removable padding ပါသည့် ဘရာစီယာကို အရွယ်အစား သေးငယ်သော ရင်သားနှင့်တိုင်း၍ ဝယ်ယူပါ။ ပြီးလျှင် ပိုကြီးသော ရင်သားဘက်အခြမ်းအတွက် ဘရာစီယာ padding ကို ဖြုတ်၍ ဝတ်ဆင်ပါ။

    ၅-သင်္ဘောသီး

    သင်္ဘောသီး၏ပုံသဏ္ဍာန်ကဲ့သို့ ရင်သား၏အထက်ပိုင်းတွင် ပြေလျောပြီး အောက်ပိုင်းတွင်မှ လုံးသည်။ သို့သော် မဝိုင်း။ ရင်သား၏အရွယ်အစားမှာ အပေါ်အောက် အလျား အတိုင်းအထွာက ဘယ်ညာ အနံထက် ပိုကြီးသည်။

    အဆိုပါ ရင်သားပုံသဏ္ဍာန်ပိုင်ရှင်များအတွက် plunge bra ကသင့်လျော်ပြီး padding ခေါ် ဘရာစီယာ အခုအခံ သုံးခြင်းဖြင့် ပိုမိုဆွဲဆောင်မှုရှိသော ရင်သားအလှကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

    ၆-ခေါင်းလောင်း

    သင်္ဘောသီးသဏ္ဍာန်ရင်သားနှင့် ခပ်ဆင်ဆင်တူသည်။ သို့သော် ခေါင်းလောင်းသဏ္ဍာန် ရင်သားသည် အောက်ပိုင်းတွင် ပိုမို ပြည့်တင်းသည်။ ယင်းသို့ အောက်ပိုင်းတွင် ပိုမိုပြည့်တင်းသည့် ရင်သားရှိခြင်းကြောင့် အထောက်အပံ့ ကောင်းကောင်းပေးသည့် ဘရာစီယာ ဝန်ဆင်ရန် သင့်လျော်သည်။

    ၇- မျက်ရည်စက်

    Third Love ၏ အဆိုအရ ဤ ရင်သားသဏ္ဍာန်သည် အကောင်းဆုံးဖြစ်သည်။ ဘရာစီယာသဏ္ဍာန် သိပ်မရွေးဘဲ မိမိ စိတ်ကြိုက် ဘရာစီယာကို ရွှေးချယ် ဝတ်ဆင်နိုင်သည်။ ကြိုးမဲ့ဘရာစီယာ ဝတ်ဆင်လျှင်လည်း ပြဿနာ သိပ်မရှိလှဟု ဆိုသည်။ ပုံသဏ္ဍာန်အားဖြင့် လုံးချောသဏ္ဍာန်ကဲ့သို့ ရင်သားတခုလုံး အညီအမျှ လုံးဝိုင်းခြင်းမဟုတ်ဘဲ အပေါ်ပိုင်းတွင် အနည်းငယ် လျော့၍ အောက်ပိုင်းတွင် လုံးဝိုင်း၍ စီးကျလာသော မျက်ရည်စက်ကဲ့သို့ ရှိသည်။

    Ref;DailyMail

    https://www.facebook.com/NewsWatchJournal/posts/995680240469777

  • ခင်ဇော်

    May 17, 2016 at 6:56 pm

    ?
    Copied
    Thazin Soe

    နေ့ခင်းနေ့လည် ပူတုန်းလေး ရယ်စရာအတွေ့အကြုံလေး ပြန်ပြောပြချင်တယ်ဗျာ။
    တစ်ခါသား ရွာတစ်ရွာမှာ မီးလောင်တော့ ရန်ကုန်က လှူထားသမျှတွေ ဝယ်ခြမ်းထားသမျှတွေကို သင်္ဘောကြီးပေါ်တင်ပြီး မောင်လူအေးနဲ့ ဘော်ဒါတစ်ယောက်တို့ သွားပို့ရသဗျ။
    ဟိုရောက်တော့ ဒုက္ခသည်စခန်း ဝေခြမ်းရေး နေရာ သုံးခုရှိတယ်။ တစ်ခုက ပြည်ခိုင်ဖြိုး၊ တစ်ခုက NLD ၊ တစ်ခုက ဘုန်းကြီးကျောင်း၊ စစ်သားတွေကတော့ ဘယ်စခန်းကို လှူလှူ သူတို့က လှေဆိပ်ကနေ ထမ်းပို့ရှာတယ်။
    ကျွန်တော်တို့က နိုင်ငံရေးသမားတွေကို အမှတ်ဝင်မရှာပေးချင်လို့ ဘုန်းကြီးကျောင်းကို ရွေးလိုက်တယ်။ ကိုယ်တော်တွေလည်း မနားရရှာပါဘူး။ ရိက္ခာ၊ အဝတ်အစား၊ ဆေး တွေ စီစဉ်ပေးနေရတာ။ မီးကလည်း တော်တော်ဆော်သွားတာကိုး။
    ကျွန်တော်တို့ ဝေခြမ်းရေး စတော့ ပြသနာတတ်တယ်။ တခြား အိမ်သုံး ပစ္စည်းတွေနဲ့အတူ ဘရာဇီယာ ဘော်လီ ထုပ်ကြီး အကြီးကြီး ပါလာတာကိုး။ အသစ်တွေရော အဟောင်းတွေရော ဆိုက်ကလည်း အစုံ။
    ဘယ်လိုစီမံပြီး ဘုန်းကြီးတွေဦးဆောင်ပြီး ဘရာဇီယာဝေရမလဲ မသိဘူး။ မီးလောင်လို့ အကုန်ပါသွားတဲ့ အဝတ်တစ်ထည်ကိုယ်တစ်ခု အမျိုးသမီးတွေကလည်း ဝေမယ့်စာရင်းထဲ ဘရာဇီယာပါတယ်ဆိုလို့ ပျော်နေကြတယ်။ ကိုယ်တော်တစ်ပါးက ဆူတယ်။
    မင်းတို့က လူပျိုဖြစ်ပြီး ဘရာဇီယာဆိုက်တောင် မခွဲတတ်ဘူးလားကွာ ညံ့ပါ့တဲ့။ ဒါနဲ့ ကိုယ်တော်တွေက ဘယ်လို လုပ်လိုက်လဲဆိုတော့ ဘူးသီး၊ ထောပတ်သီး၊ ကြက်ဥ ဆိုပြီး သုံးပုံ ပုံထားလိုက်တယ်။ ညနေ မီးလောင် မိသားစုတွေက အမျိုးသမီးတွေ ဝေခြမ်းရေးလာယူတော့ ဘရာဇီယာပုံနားမှာ ဘုန်းဘုန်း နှစ်ပါးက တာဝန်ကျတယ်။ တစ်ပါးက လာတဲ့ အမျိုးသမီးအယောက်ချင်းစီကို ကြည့်ပြီး တိုးတိုးလေး အော်တယ်။ ဘူးသီး၊ ထောပတ်သီး၊ ကြက်ဥ ဘာညာပေါ့လေ။ အောက်က ကိုယ်တော်က သူပြောတဲ့ အပုံထဲက တစ်ခုကို ယူယူပေးတယ်။ ကိုယ်တော်တွေ ဉာဏ်က မခေပါလား။ ဒါကြောင့်လည်း ငါတို့ ဆရာဖြစ်နေတာ။

    • kai

      May 18, 2016 at 2:59 am

      ဘုန်းကြီးတပါးပြောတာ ကြားဖူးတယ်..။ နိုင်ဂျံဂါးမှာမရှိတဲ့ ဆိုဒ်လားတော့မသိ..။
      ဘိန်းမုန့်ပေါ်ပဲပြုတ်တင်ထားတာတဲ့..။ ဝင်္ကဝုတ္တိအလင်္ကာမြောက်သလားတော့မသိ…။ ခွိ..။ :k:

      • ခင်ဇော်

        May 18, 2016 at 6:26 am

        ကြက်ဥကြော်နဲ့ စားတော်ပဲ ဆိုလား ကြားဖူးးတာ ခွိ…!!
        ??
        Cup ABCD ကို မြန်မာမှု ပြု
        Cup ကျွဲကောသီး
        Cup ထောပတ်သီးး စသည်ဖြင့်..
        ခွီးးခွီးးးး
        ???

Leave a Reply