​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း-၁၃

naywoon niApril 3, 20151min1024

ရှိ​တော့ရှိတယ်​ ရှားတယ်​

သည်​က​နေ့ ကိုယ်​့အလုပ်​နဲ့ ကိုယ်​ ရှုပ်​​နေတာမို့ အုပ်​ချုပ်​​ရေးမှူးနဲ့ ​နေ့လည်​​နေခင်​း အားလပ်​ချိန်​မရ ။ စကားလည်​းမ​ပြောဖြစ်​ ။ ဝန်​ခံရမယ်​ဆို သူ့အ​ပေါ်အမြင်​သိပ်​မကြည်​ခဲ့ ။ ဘယ်​့နဲ့ ဗျာ ​သွေးအမျိုးအစားခွဲတဲ့ လက်​မှတ်​ကိစ္စ ။ ရုံးက​တောင်​ နယ်​လှည်​့ မြို့နဲ့ အ​တော်​အတန်​ ​ဝေးတဲ့​နေရာ မို့ ​ဖြေ​လျော့ ထားတဲ့ကိစ္စ ။ သူက ​သွေးစစ်​ လက်​မှတ်​ပါမှ လုပ်​​ပေးပါတဲ့ ။ သူက စည်​းကမ်​းထုတ်​ထားတဲ့ ကိစ္စ ဖြစ်​​နေလို့ အဲ့ကိစ္စ ​ဖြေ​လျော့ ​ပေးလိုက်​ရင်​ ​နောက်​ သူထုတ်​မဲ့ စည်​းကမ်​း​တွေ လိုက်​နာမှု ​ပေါ့​လျော့မှာစိုးလို့ပါတဲ့ ။ ဟုတ်​​တော့လည်​း ဟုတ်​တယ်​ ။ ဗမာလူမျိုး သိတဲ့အတိုင်​း ။ ​ရှေ့ကတစ်​မျိုး​ပြောထား ။ ​နောက်​က ​ဖြေ​လျော့ လုပ်​သွား ။ ​ပြောသမျှလည်​းမဟုတ်​ပါဘူးကွာ ဆ်​ိုပြီး ​အောက်​​ခြေ က​ပြောတဲ့စကား ဆို ဂရု မစိုက်​တတ်​​တော့ဘူး ။ အဲ့ဒိ​တော့ သူ့အရပ်​ သူ့ဇာတ်​ အတိုင်​း က​, ပေ​ရော့ ။ တစ်​ချို့တစ်​​လေကျ​တော့ သနားစရာ ။ ရွာထဲက ဆိုင်​ကယ်​ ရှိတဲ့သူ အသနားခံ ကယ်​ရီသ​ဘောမျိုးနဲ့ ပို့ခိုင်​းရရှာ ။ ​သွေးစစ်​မဲ့ ကိစ္စ လူကြုံပါးလို့လဲမရ ။ တစ်​​ယောက်​ နှစ်​​ထောင်​နဲ့ သုံး​ထောင်​ကြား အပိုကုန်​ကြ​လေ​ရော ။ ဓာ​တ်​​သေ သာရိုက်​​နေရ ကိုယ်​က အပြင်​မှာထွက်​​နေတာဆို​တော့ အကုန်​ကြားရ သိ​နေရ စိတ်​မချမ်​းသာ ။ စာကြည်​့တိုက်​ထဲက နှစ်​​ယောက်​က​တော့ ဘာမှမသိ ။ သူတို့​ရှေ့​ရောက်​လာသမျှ ပြည်​့စုံလျှင်​ ပုံစံဖြည်​့​ပေး ။ မပြည်​့စုံလျှင်​ ပြည်​့စုံ​အောင်​လုပ်​ခိုင်​း ။ သူတို့စိတ်​ထဲ မသင်္ကာတဲ့သူ ထိုင်​ငိုချင်​​အောင်​ရစ်​ ။ မသင်္ကာရတာလည်​း မ​ပြောနဲ့ အသက်​က ​လေးဆယ်​​ကျော်​ ငါးဆယ်​ ။မှတ်​ပုံတင်​က တစ်​ခါမှ မလုပ်​ဖူး​သေးတဲ့ ။ ဟိုက ရစ်​ပြီ​ပေါ့ ။ ဒါ​တောင်​ စာ​ရေးက ငါးဦး​ကောမတီ ပုံစံ​တွေ သူတာဝန်​ယူပြီး လက်​မှတ်​ထိုး​ပေးပါ့မယ်​ တာဝန်​ယူထားလို့ ။ ရုံးကိုသာ အဲ့လို လာကြည်​့ သုံးလနဲ့လည်​း မှတ်​ပုံတင်​ရမှာမဟုတ်​ ။ အထူးစီမံချက်​နဲ့မို့သာ အားလုံးရသ​လောက်​ဆွဲယူ​နေတာ ။ မင်​းသား မင်​းသမီးများကလည်​း ဓာတ်​​သေပုံကို တစ်​ခါထဲနဲ့ ရိုက်​မရ ။ ​ခေါင်​း​စောင်​းသွားလိုက်​ မျက်​စ်​ိမှိတ်​ပြလိုက်​ ။ နှစ်​ခါသုံးခါရိုက်​​လေမှ အဆင်​​ပြေ ။ ဒုက္ခ အို……… ဒုက္ခ ။ ကင်​ဆယ်​လုပ်​ရတဲ ့ပုံ​တွေ ပြန်​ဖျက်​​နေရပြီမို့ ပုံအ​ရေအတွက်​ နဲနဲ များလာ​တော့ မှားမှာက ​ကြောက်​ ။ ကင်​မလာ SD နံပါတ်​နဲ့​ကောက်​ထားတာပဲ ဟုတ်​​သေး​တော့ ။ ဘာပဲဖြစ်​ဖြစ်​ အခက်​အခဲ အမျိုးမျိုးကြားထဲက လူ ​ခြောက်​ဆယ်​​လောက်​ပြီးတဲ့သကာလ ည​နေ အ​တော်​ ​မှောင်​သွားသမို့ ရပ်​နားလိုက်​ရပါတယ်​ ။ စာကြည်​့တိုက်​မှူး က​လေးလည်​း စာကြည်​့တိုက်​ဖွင်​့ချိနာ​ရောက်​ပြီမို့ သူ့အိမ်​ကလာပို့တဲ့ အဆာ​ပြေ မုန်​့​လေးစားပြီး ​နေဝန်​းနီတို့ အလုပ်​သိမ်​းပြန်​ချိန်​ ကျန်​​နေခဲ့​လေရဲ့ ။

​ဆောင်​းရာသီ ​တောရိပ်​ ​တောင်​ရိပ်​နဲ့ နီးတဲ့ ​နေရာ​ပေမို့ အ​အေးဓာတ်​က တန်​းဝင်​လာတာ ။ အုပ်​ချုပ်​​ရေးမှူး အိမ်​ပြန်​​ရောက်​တာနဲ့ မျက်​နှာ ကတန်​းကမန်​းသစ်​ ။ ကင်​မလာထဲက ဘက္ထရီ အားသွင်​းမယ်​ လုပ်​​တော့ သူအိမ်​က ဆိုလာဘက္ထရီက သက်​တမ်​းလွန်​​နေပြီမို့ မရပါတဲ့ ။ အုပ်​ချုပ်​​ရေးမှူးက သူ့ညီအိမ်​ကို ​ခေါ်သွားပါတယ်​ ။ သိပ်​​တော့မ​ဝေးပါဘူူး။ အဲ့အိမ်​​ရောက်​​တော့ ​ဘောလုံးပွဲ ရှိတာနဲ့ အင်​ဂျင်​နှိုးထားပါတယ်​ ။ တစ်​ဒုန်​းဒုန်​း ဆူညံ​နေတာ​ပေါ့ ။ အဲ့ လျှပ်​စစ်​ ဘုတ်​ခုံမှာ​တော့ ဖုန်​းအားသွင်​းထားတာ​တွေအပြည်​့ ။ ဒီရွာမှာ​ကော ဖုန်​းကို ဖွင်​့မကြည်​့ဖြစ်​ဘူး ။ လိုင်​းရသလားဆို​တော့ ……….. ။

အုပ်​ချုပ်​​ရေးမှူး အိမ်​မှာက မီးပဲထွန်​လို့ရတယ်​ ။ တီဗွီ ကြည်​့လို့မရဘူး။ ဖုန်​းအားသွင်​းလို့လည်​းမရဘူး ။ ဆို​တော့ ​နေဝန်​းနီက ထမင်​းစားပြီးတာနဲ ့ လမ်​းရှာပါတယ်​ ။ ဒီ​နေ့​ဘောလုံးပွဲ ​ကောင်​းတယ်​ ။ ​ဘောပွဲ သွားကြည်​့မယ်​​ပေါ့ ။ အဲ့​နေ့က မန်​ချက်​နဲ့ အာကြီး ပွဲစတာက ရှစ်​ခွဲလားမသိဘူး ။ ပွဲပြီး​တော့ ​တော်​​တော်​​နောက်​ကျ​နေပြီ​လေ အိပ်​ဖို့ ။ မနက်​ကျ​တော့ အိပ်​​နေကျ အိပ်​ယာမဟုတ်​​တော့​စော​စောနိုးသား ။ ​ရေအိမ်​က ဆင်​းပြီး ကိုယ်​လက်​လှုပ်​ရှား ​ချွေး​လေးနဲနဲစို့လာ​တော့ ​ရေချိုးချပလိုက်​တယ်​ ။ ​ရေအိမ်​ဆိုလို့ ​ပြောရအုံးမယ်​ ။ အုတ်​နံကပ်​နဲ့ ​ရေ​လောင်​း အိမ်​သာ​ပေမဲ့ သုံးတဲ့ ခွက်​​လေးက ​သေး​သေး​လေး။ နှ​မြောတာလည်​းလွန်​​ရော ။

​ရှေ့က ပို့​စ်​​တွေမယ်​​မေ့​နေလို့
🙂

Screenshot_2015-03-28-20-23-53

Screenshot_2015-03-28-20-24-53-1

Screenshot_2015-03-28-20-26-49-1

4 comments

  • Alinn Z

    April 3, 2015 at 11:58 am

    13 တောင် ရောက်လာပါပေါ့…
    ဆက်ဆွဲထား…ဆရာရေ့…

  • ခင်ဇော်

    April 4, 2015 at 7:44 pm

    ရေရှားလို့လား??
    :a:

    • naywoon ni

      April 5, 2015 at 1:44 am

      ဟုတ်​တယ်​ ။ အဲ့ရွာ​တွေက ​ချောင်​း​ဘေး​နေပြီး ​ရေရှားကြတယ်​ ။ ​ချောင်​းကို အထက်​က ပိတ်​ပြီး ၁၉၉၉ ခုနှစ်​က ဆင်​​သေဆည်​ ​ဆောက်​လိုက်​လို့ ။ ​ရေငုတ်​​တွေလည်​း ​ရေလိုက်​နည်​းသွားတယ်​ ။

  • uncle gyi

    April 5, 2015 at 11:07 pm

    လျှပ်စစ်ဖြင့်လောကနိဗန်တည်ဆောက်အံ့
    မြို့ရွာအနှံမီးလင်းစေရမည်
    လျှပ်စစ်တွေမြန်မာမှာသုံးမကုန်လို့ရောင်းရပါတယ်

    ကျွန်တော်ပြောတာဟုတ်ဖူးနော်

Leave a Reply