ရွာအပြင်​ ထုတ်​ချင်​ထုတ်​ပါ​စေ​လေ

naywoon niApril 5, 20151min21114

ရွာအပြင်​ထုတ်​ချင်​ထုတ်​ပါ​စေ​လေ

လူ​တွေကြားထဲမှာ​နေပြီး
လူ​တွေနဲ့ လိုက်​​လျောညီ​ထွေမရှိ​တော့
ဇကာတင်​စာရင်​းမှာ
ဂွစာ တဲ့​လေ ။
အလွဲကို လွဲ​နေမှန်​းသိသိနဲ့
မှား​နေတာ မှား​နေမှန်​းသိသိနဲ့​တော့
အားနာပါးနာ လက်​ခုပ်​လိုက်​မတီးနိုင်​တာနဲ့
ဂွစာ လို့ပဲ​ပြော​ပြော
လူ့ကန်​့လန်​့လိုပဲ​ခေါ်​ခေါ်
သူတို့စိတ်​ချမ်​းသာဖို့
အားလုံးကို ခွင်​့လွှတ်​ထားခဲ့သတဲ့ ။
မှန်​တာ​ပြောတတ်​တဲ့
​ဟော့သည်​့ ပါးစပ်​ကြီးနဲ့
ဖွားဖက်​​တော်​ ဖြစ်​​နေသမျှ​တော့
မှန်​တယ်​ထင်​ရင်​ တစ်​​ရွေးသားမှ မ​လျှော့
ဆက်​ပြီး​ပြော​နေမိဦးမှာ​ပေါ့ဗျာတဲ့ ။

​နေဝန်​းနီ
12:20AM
2015 Mar 5

14 comments

  • ကထူးဆန်း

    April 5, 2015 at 10:46 am

    ရွာအပြင် ထုတ်ခံ ရမှု မရှိတဲ့ ရွာပါဗ ျ…. :kwi:

  • Alinn Z

    April 5, 2015 at 10:58 am

    ဂွစာ ဂဇွက်ထဲ ရှိတာ ဆန်းသလား

    :k:

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    April 5, 2015 at 12:42 pm

    အစကတည်​းက ရွာပြင်​ထုတ်​ခံထားရတဲ့ ဂွဇာ​တွေ​ထောင်​ထားတဲ့ရွာပါခီညာ
    ငိငိ
    ရွာလယ်​​ခေါင်​မှာ ဂွကျသူများ ​နေတယ်​
    ရွာ​တောင်​ဘက်​ ​မြောက်​ဘက်​မှာ လစ်​ဘရယ်​ ကွန်​ဇာ​ဗေးတစ်​ ဂွကျသူများ တူရာစု​နေတယ်​
    သူတို့နဲ့မလှမ်​းမကမ်​းမှာ အလွန်​အင်​မတန်​ ဂွကျသူများ​နေတယ်​
    သူတို့နဲ့မနီးမ​ဝေးမှာ အဂ္ဂမဟာ ဂွကျသူများ​နေတယ်​
    သူတို့အားလုံးရဲ့အစွန်​မ​တော့ ဆိုင်​းဘုတ်​ချိတ်​ထားတဲ့ အိမ်​တလုံးရှိရဲ့
    ​ရေးထားတာက
    မာမူးစ်​့ခါအီ တဲ့
    ငိငိ

    • naywoon ni

      April 5, 2015 at 9:09 pm

      အဲ့ဒိ
      မာမူးစ်​့ခါအီ ဆိုတဲ့ အိမ်​ရဲ့ မျက်​​စောင်​းထိုးက ကွက်​လပ်​​လေးထဲမှာ ​နေဝန်​းနီ တဲထိုး​နေမယ်​ ​နော်​ ။ ဒီရွာမှာ ဘူရိုဇာ ​တော့မရှိ​လောက်​ပါဘူး ။ ​နေဝန်​းနီ ဆိုတဲ့သူက ဂွကျ ရုံတင်​မဟုတ်​ ဇီဇာ လည်​း​ကြောင်​တတ်​​သေး ။ 🙂

  • kai

    April 5, 2015 at 1:40 pm

    ကမ္ဘာကြီးမှာ.. လူ၂မျိုးရှိသတဲ့..။
    သဘာဝကိုလိုက်လျှောညီထွေနေတတ်သူနဲ့.. သဘာဝကိုအံတုနေတတ်သူ..
    လူ့ယဉ်ကျေးမှုဟာ.. ဒုတိယလူတွေကြောင့်တိုးတက်လာတယ်.. ဆိုပါတယ်..။

    ပုံ..။ မူးစ်မာခီအာ :k:

  • lu lu

    April 5, 2015 at 2:29 pm

    ဒီရွာက ဂွစာ တွေစုဝေး နေထိုင် တဲ့ရွာ
    :mrgreen:

  • Mike

    April 6, 2015 at 10:18 am

    .တယ်လည်းဂွကျသကိုး ကိုနေရဲ့
    .ဂွကျတော့လည်း ဖွားဘက်တော် ချောင်ချောင်ချိချိနေရသပေါ့ဗျာ..ခိခိ :k:

  • တောင်ပေါ်သား

    April 6, 2015 at 1:11 pm

    ဂွကျတတ်ဖို့ဆိုတာ လွယ် မှတ်လို့ 🙂

  • ခင်ဇော်

    April 6, 2015 at 1:19 pm

    ဂွကျကျ စိတ်တိုတို ဆို
    ဂွတို လို့
    နာမည်ပြောင်းပစ်!!!

    :kwi:

  • တောတွင်းပျော်

    April 6, 2015 at 9:27 pm

    ရွာ ့ အပြင် တောရှိသေးတယ်။ မပူပါနဲ ့။
    တောထဲမှာလည်း ကဗျာတွေရေးလို ့ရပါသေးတယ်။ အေးအေးဆေးဆေးပေါ ့။

  • Ma Ei

    April 10, 2015 at 2:44 pm

    တူတူဘဲ …မှန်တယ်ထင်မလျှော့ဘဲပြောချင်
    ပြောမရရင်လဲ ပြောကိုမပြောရုံမက…
    လှည့်ကို မကြည့်တာ…

  • အာဂ

    April 11, 2015 at 4:28 am

    တားဆို ရွာအပြင်နေတာကြာပေါ့။

  • kotun winlatt

    April 12, 2015 at 1:04 am

    ရွာပြင်ထုတ် မီးဖုတ်သတ်စေ ခ်ခ်

  • uncle gyi

    April 14, 2015 at 9:47 pm

    မြန်မာပြည်မှာအလွဲကိုလက်ခုပ်လိုက်တီးသူနည်းမှ
    တိုးတက်မှုရှိလာမှာ
    အခုလိုလက်ခုပ်လိုက်တီးသူများနေသမျှ
    အခုလိုအဆင့်ကတက်စရာမရှိပါ

Leave a Reply